သတင်းမှားများ နှင့် ဧရာဝတီပြည်သူများ (သီးသန့်အင်တာဗျူး)
222
သုတကျော် (NP News) - ဇန်နဝါရီ ၂၇
ယခုအခါ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်စပ်ဖြစ်သော ချောင်းသာ ဒေသဘက်တွင် AA နှင့်ပူးပေါင်းအဖွဲ့က စတင်ပြီး တိုက်ပွဲများဖော်ဆောင်ခဲ့သည်။ တိုက်ပွဲကိုထင်မထားခဲ့သော ဒေသခံများအတွက် စိုးရိမ် စိတ်မြင့်တက်ခဲ့သည်။ သို့သော် ပိုဆိုးသည်က အွန်လိုင်းထက်က သတင်းမှားများ၏ ဒဏ်ဖြစ်သည်။ သတင်းမှားများက ဒေသခံများ၏အပူမီးကို လောင်စာထိုးသကဲ့သို့ရှိသည်။ မြေပြင်အခြေအနေ တွင်မူ ထင်သလောက်ဆိုးရွားခြင်းမျိုး မရှိသေးပေ။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ချောင်းသာဒေသမှ ပြည်သူအချို့ထံ NP News မှ ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - လက်ရှိ ချောင်းသာနဲ့ ရွှေသောင်ယံအခြေ အနေက ဘယ်လိုရှိပါသလဲဗျ။
ဖြေ - မြေပြင်အခြေအနေကတော့ လက်ရှိ အေးအေးချမ်းချမ်းပါပဲ။ သူတို့က အင်တာနက်သတင်းတွေ လျှောက်ဖြန့် နေတာ။ သတင်းတွေပျံ့တာနဲ့ ဧည့်သည် တွေပြန်ကုန်ကြတာ။ ဒီဘက် ချောင်းသာဘက်မှာက ထူးခြားတာက ဘာမှမရှိ သေးပါဘူး။
မေး - တိုက်ပွဲဖြစ်တဲ့နေရာအခြေအနေကကော ဘယ်လိုမြင်ရ၊ ကြားရပါသလဲ။
ဖြေ - အဲဒီဘက်ကတော့ ရေတပ်ကသင်္ဘောတွေလည်း အများကြီးတွေ့တယ်။ တပ်မတော်ဘက်ကလည်း စစ်ကြောင်း တွေပို့ထားတယ်လို့သိရပါတယ်။ အမြောက်တွေရော ကြည်း၊ ရေ၊ လေနဲ့ ပိတ်ထား တယ်လို့လည်း သိရပါတယ်။
မေး - ပြည်သူတွေအနေနဲ့ လက်ရှိစီးပွားရေးက ဘယ်လိုဖြစ်သွားလဲ။
ဖြေ - စီးပွားရေးကတော့ ပုံမှန်ပါပဲ။ သတင်းတွေ လျှောက်ဖွတော့ နည်းနည်းပါးပါး ပြည်သူတွေက ပြောင်းသွားတာပေါ့။
မေး - အွန်လိုင်းပေါ်မှာတော့ ရွှေသောင်ယံကလည်း တဲတဲကလေးလိုတော့တယ်ဆိုတာမျိုး ပြောနေကြ တယ်လေ။ ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ - ခရီးသည်တွေလည်း ပုံမှန်လာလို့ရပါတယ်။ လုံခြုံရေးကလည်း စိတ်ချရပါတယ်။
မေး - ချောင်းသာဘက်လာမယ့်လမ်းပိုင်းကကော လုံခြုံရဲ့လား ခင်ဗျာ။
ဖြေ - ရပါတယ်။ လမ်းတွေ ပြုပြင်တယ်၊ ခင်းတယ်၊ လမ်းလုပ်တာတွေလည်း ရှိတယ်။ သွားလာနေကြတဲ့ သူတွေလည်း အေးအေးချမ်းချမ်းသွားလို့ရပါတယ်။
မေး - AA တိုက်ပွဲမဖော်ခင်က အဲဒီဘက်ကဒေသ ခံတွေဟာ ကြိုပြီးတွက်မိတာမျိုးရှိလား။
ဖြေ - သံသယတော့ဖြစ်နေကြတာပေါ့။ သို့လော သို့ လော သတင်းတွေအရလေ။
မေး - အခု အဲဒီဒေသအစွန်ပိုင်းမှာ တိုက်ပွဲတွေဖြစ် လာတော့ ဒေသခံတွေက ဘယ်လိုတုံ့ပြန် မှတ်ချက် ပြုကြလဲ။
ဖြေ - ဒေသခံတွေကမကြိုက်ဘူး။ သူတို့ အလုပ်အကိုင်တွေလည်းပျက်ကုန်တယ်။ ကလေးကျောင်းတွေ ရောပေါ့။ ဒေသခံတွေကတော့ မလာစေချင်ကြဘူး။
မေး - AA က အခုလို တိုက်ပွဲဖော်လာတော့ ဒေသခံ တွေအတွက် ဘယ်လောက်အခက်အခဲဖြစ်ကြရလဲ။
ဖြေ - အဓိကတော့ ကလေးတွေကျောင်းပေါ့။ နောက် ပုံမှန်လည်ပတ်နေတဲ့ ကမ်းခြေဈေးသည်တွေကတော့ တော်တော်ဒုက္ခရောက်သွားတယ်။
မေး - အွန်လိုင်းမှာတွေ့နေတာက ဟိုတယ်တွေက ဧည့်သည်တွေကို ပြန်လွှတ်တယ်လို့ပြောပါတယ် ဟုတ်ပါသလား ခင်ဗျ။
ဖြေ - မရှိပါဘူးခင်ဗျ။ ဟိုတယ်တွေကတော့ ဧည့်သည်တွေကို ‘အခန်းရှိသည်’ လို့ ဆိုင်းဘုတ်တွေတပ် ထားပြီး ဧည့်သည် တွေကိုမျှော်နေပါတယ်။
မေး - ချောင်းသာ၊ ရွှေသောင်ယံဒေသဟာ အရင်ကလည်း ခဏခဏသတင်းအဖွခံရတယ်လေ။ မလာကြနဲ့ ဘာညာဆိုတာမျိုးပေါ့။ အဲဒီဒဏ်ကို ဒေသခံတွေ ဘယ်လောက်အထိ ခံကြရပါသလဲ။
ဖြေ - အဲဒီတုန်းက ခံရတယ်။ သို့လော သို့လော စိတ်ဒုက္ခတွေရောက်ပြီး အလုပ်အကိုင်တွေ ပျက်၊ ပြောင်း ရမလို၊ မပြောင်း ရမလို ဖြစ်ကြတာ။
မေး - လက်ရှိ ဒါတွေဖြစ်လာတော့ လူတွေ စီးပွားရေးက အလွန်ကိုကျပ်သွားပါသလား။
ဖြေ - ကျပ်တယ်။ တအားကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ တချို့လုပ်ငန်းတွေတော့ ရပ်ကုန်တာပေါ့။ ကမ်းခြေဈေး သည်တွေအပါအဝင် အခြေခံလက်လုပ်လက် စားသမားတွေက အခက်အခဲဖြစ်သွားကြတယ်။
မေး - အခုလို တိုက်ပွဲဖြစ်သွားပြီတော့ လူတွေဟာလန့် ပြီး ချောင်းသာဘက်မလာတော့ဘူးဆိုတာမျိုးမြင်ရလား။
ဖြေ - နည်းသွားတာပေါ့။ စိုးရိမ်စိတ်တွေဖြစ်သွား ကြတယ်။ အမြန်ဆုံး ပြန်လည်စည်ကားစေချင်ကြတယ်။ ဒီမှာပဲ ငယ်မွေးခြံပေါက်တွေ၊ ဒီမှာပဲ လုပ်ကိုင် စားသောက်နေရတော့ ဒေသခံတွေက တပ်မတော်ကို အားကိုးတာပေါ့။
မေး - AA အုပ်စုအနေနဲ့ ရပ်မယ်ထင်လား၊ ရှေ့ ဆက်တိုးမယ်ထင်လား ဘယ်လိုသတင်းတွေ ကြားရ ပါသလဲ။
ဖြေ - မေးကြည့်တာတော့ သူတို့ ငြိမ်နေကြတယ်တဲ့။ ရှေ့ဆက်တိုးတာတော့ အခု(ဇန်နဝါရီလ ၂၁ ရက်) မရှိပါဘူး။
မေး - လက်ရှိ ဧရာဝတီတိုင်းဒေသကြီးရဲ့ နယ်မြေ တည်ငြိမ်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ - ကောင်းပါတယ်။ တစ်ပြည်လုံးထက်စာရင် တော်တော်လေး ကောင်းတယ်လို့ပြောရမယ်။ လှုပ်လှုပ်ခတ်ခတ်က နိုင်ငံရေးအပြောင်းအလဲအပြီး ပထမ ပိုင်းမှာတော့ရှိတာပေါ့။ နောက်ပိုင်း အလယ်လောက် ကစပြီး ငြိမ်သွားတယ်။ ပုံမှန်အတိုင်းပဲ။
မေး - လက်ရှိအခြေအနေမှာ တိုက်ပွဲတွေကပ်လာ တော့ ဧရာဝတီသားတွေရဲ့ စိုးရိမ်မှုကဘယ်လိုဖြစ် သွားလဲ။
ဖြေ - ခက်တာကလည်း ကျွန်တော်သိသလောက်က ဒီဘက်ထိုးစစ်မှာက ဧရာဝတီသားတွေလည်းပါတယ် လို့သိရတယ်။ ချောင်းသာကတော့ နည်းနည်းခြောက် သွားပြီပေါ့။ ငွေဆောင်မှာတော့ အနည်းအကျဉ်းတော့ ရှိသေးတယ်။ ခြောက်သွား ပြီဆိုတာက စစ်ရှောင်တာ မဟုတ်ဘူး။ ဧည့်သည်ခြောက်သွားတာ။ ရွှေသောင် ယံမှာတော့ တချို့က တက်ပြေးလာ ကြ တာပေါ့။
မေး - ဧရာဝတီမှာတိုက်ပွဲဖော်မယ်ဆိုရင် ဒေသခံတစ် ယောက်အနေနဲ့ လက်ခံနိုင်လား။
ဖြေ - ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် မဖြစ် ရင်ကောင်းတာပေါ့ဗျာ။ ဖြစ်ရင်တော့လည်း စစ်ကဖြစ် လာပြီလေ။ ဖြစ်လာပြီဆိုရင်တော့ အကုန်လုံးက ကြေ မှာပဲ။ မွေးရပ်မြေတွေ၊ အဆောက်အအုံတွေ ပျက်စီး မှာလေ။
မေး - ချောင်းသာနဲ့ပုသိမ်ဆိုတာက နီးတဲ့ခရီးပါ။ ပုသိမ်ကိုကော ဘယ်လိုရိုက်ခတ်လဲ။
ဖြေ - ပုသိမ်မှာတော့ မရှိပါဘူး။ အေးဆေးပဲ။ ညဦး ပိုင်း အသွားအလာပြတ်တာလောက်ပါပဲ။
မေး - အခုတိုက်ပွဲတွေက ဧရာဝတီအစပ်မှာ စလာ တယ်ဆိုတော့ စီးပွားရေးက ဘယ်လိုအခြေအနေတွေ ဖြစ်ကြပါသလဲ။ တစ်တိုင်းလုံးစာအတွက် မေးတာပါ။
ဖြေ - အဓိက ကုန်ဈေးနှုန်းပါ။ ဆေးတွေ ဘာတွေ ဈေးတက်တာဆိုးတာ။ အခု သွေးကျဆေးတစ်ကတ် တောင် လေးထောင့်ငါးရာတွေ ဘာတွေဖြစ်နေတယ်။ စက်သုံးဆီကတော့ ရနေသေးတယ် အေးဆေးပါပဲ။
မေး - ဧရာဝတီတိုင်းနဲ့ပတ်သက်လို့ သတင်းမှားတွေက မကြာခဏထွက်နေတာမြင်ရတယ်။ ဒေသခံ တစ်ယောက် အနေနဲ့ ဘာပြောချင်လဲ။
ဖြေ - ခက်တာက အဲဒီ Tik Tok တွေ ဘာတွေမှာက သတင်းလို့နာမည်တပ်လို့မရဘဲ ရမ်းသမ်းပြီး ချောင်း သာရောက်နေ ပြီတို့ ဘာတို့ပေါ့။ ကြည့်တဲ့သူတွေရဲ့ Knowledge လည်းပါတာပေါ့။ တချို့ ယုံတဲ့သူတွေ ကလည်းယုံတယ် အဲဒါမျိုး တွေပေါ့။ အဓိကတော့ သတင်းမှားတွေက တော်တော်ဆိုးတာ။
မေး - သတင်းမှားတွေက ပြည်သူတွေအပေါ် ဘယ်လောက်ရိုက်ခတ်တယ်ထင်လဲ။
ဖြေ - အစပိုင်းကတော့ နည်းနည်းလှုပ်တာပေါ့ဗျာ။ အခုနောက်ပိုင်းတော့ ဒါကြီးက မှားနေတယ်ဆိုတာ တချို့ကလည်း သတိထားလာတာပေါ့။
မေး - ရခိုင်နဲ့နီးတဲ့ ငါးသိုင်းချောင်းတို့၊ လေးမျက်နှာ တို့ စသည်ဖြင့် မြို့တွေကပြည်သူတွေရဲ့စိုးရိမ်မှုက ဘယ်လိုရှိလဲ။
ဖြေ - အဲဒီဘက်ကတော့ ပြောရမယ်ဆို သိပ်မရှိသေးဘူး။ ပုသိမ်ဘက်တက်လာတာက မကျီးဇင်၊ ဘောမိ။ ဘောမိဆို ရွာကြေသွားပြီလေ။ ဘောမိဘက်ကရွာသား တွေဆိုတက်လာတာ။ ဘုန်းကြီးကျောင်းမှာနေတာ လည်းရှိတယ် အိမ်ရှာ ဘာရှာပေါ့။
မေး - တိုက်ပွဲဖြစ်ရင်တော့ ရွာကြေတာပေါ့လေ။ လောလောလတ်လတ် စစ်ဘေးရှောင်တွေနဲ့ စကား ပြောဖြစ်တာရှိ လား။
ဖြေ - သူတို့ကလည်း အမှန်တကယ်က ရှောင်လာပြီ ဆိုတည်းက မဖြစ်ခင်တည်းက ရှောင်တာ။ ဘောမိ ကိုပဲကြည့်။ စစ်သားတွေသေတယ်တို့ ဆုတ်လာရပြီတို့ ဟိုကလည်း ဘာလုပ်သလဲဆိုတော့ အဆုတ်ပြတယ်။ ဟိုကောင်တွေ ဝင်လည်းဝင်ရော လေယာဉ်နဲ့ကြဲတာ။ ဒီဘက်ပြန်လုပ်တာကျတော့ စစ်ဘေးရှောင် တွေ မသိတော့ပြန်ဘူးပေါ့။ ဒါက ကိုယ်တွေ့မေးပြီး သိရတာ။ သူတို့ပြေးလာပြီးတော့ လေယာဉ်နဲ့ကြဲတော့ ဟိုကောင်တွေ အတုံးအရုံးသေတာပေါ့။ အဲဒါတွေကျတော့ သူတို့မသိတော့ဘူး။
မေး - ပြည်ပရောက် သတင်းဌာနတွေမှာ မြင်ရတယ်လေ။ ဧရာဝတီက ချက်ချင်းပဲ စစ်တလင်းဖြစ်တော့မ လိုပြောကြ တယ်။ ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာ ပြောချင်လဲ။
ဖြေ - အဲဒါက တော်တော်ခက်တယ်ဗျ။ လူတွေက လည်း ကြည့်စရာက ဒါတွေပဲကြည့်ကြတယ်။ အဲဒီ သတင်းကိုပဲ ယုံနေတာများတယ်။ ဒီဘက်ကလည်း ပြင်းပြင်းထန်ထန်ထိုးနှက်တာ အားနည်းနေတယ်။ အဲဒါကတစ်ချက်ပေါ့။ ခေတ်သစ်ဆို လိမ်တာပဲ။ အခု DVB မှာလုပ်တာ ပုသိမ်ကပါပဲ။ သူက အမေရိကား တောင်ရောက်သွားပြီ။ အမေရိကား ကနေ သတင်း လုပ်နေတယ်။ ဒီသတင်းက ဘယ်လိုမှန်မလဲ။ ပြည်သူ တွေကတော့ မသိဘူးလေ။ လူတွေကတော့ ယုံနေ တာပေါ့ဗျာ။
မေး - ဧရာဝတီသားတစ်ယောက်အနေနဲ့ ကိုယ်တိုင် စစ်ထဲကို ရောက်လာစေချင်လား။
ဖြေ - ဘယ်ရောက်စေချင်မလဲ။ ကိုယ့်အိုးကိုယ့်အိမ်တောင် စားဖို့မနည်းရှာနေရတာ။ ဖြစ်လာရင် ဘယ်သွားရမလဲ။ အခုတောင်မှ မငတ်ရုံတမယ်ဖြစ်နေတာ။ ဒါပေမဲ့ အိပ်ရေးတော့ဝဝအိပ်ရသေးတယ်ဗျာ။ တချို့ကျတော့လည်း လာပါ စေကွာ၊ လာတာကောင်းတယ် ဖြစ်ကြတာ။ သူတို့စိတ်ထဲမှာထင်နေတာက သူတို့လာ တိုက်မယ်။ သူတို့ အိမ်ထဲနေမယ် အဲဒီလိုနေလို့ရမယ် ထင်နေတာ။ လာပါစေ ဘယ်ကိုတော့ ရောက်နေပြီ။ ညာကိုတော့ ရောက်နေပြီဆိုတာ။ ဟိုက ဗုံးကြဲမှာမ ကြောက်ဘူး။ စစ်ခေါ်တဲ့သူတွေလည်းရှိတာပဲ။ ဖြစ် လာမယ့်ဟာ ကြိုမတွေးထားဘူးလေ။ တပ်ကလည်း ရှင်းတယ်လေ လက်ခံထားရင်လုပ်မှာပဲ။
မေး - စစ်ခေါ်တဲ့သူပေါ့လေ။ သူတို့အပေါ် ဘယ်လို မြင်လဲ။
ဖြေ - ကြိုမတွေးတာပေါ့။ ဖြစ်လာမယ့်ဟာကို မတွေး ဘူး။ ပေါ့ပေါ့တွေးလိုက်တာပေါ့။ တချို့ကျတော့လည်း ဖြစ်လာရင် ကျွန်တော့်လိုတွေးတဲ့သူလည်း အများ ကြီးရှိတာပဲ။ ခေါ်ပြီဆိုတည်းက တွေးမထားတာ။
မေး - အစ်ကိုကော ဒါမှမဟုတ် အစ်ကို့မိတ်ဆွေထဲ မှာကော တစ်ခုခုဖြစ်ရင် ဘယ်ကိုပြေးမယ်ဆိုတာမျိုး တွက်ထားတာ ရှိနေပြီလား။
ဖြေ - ပြေးစရာက ရန်ကုန်ပဲရှိတာပေါ့။
မေး - တိုက်ပွဲတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဧရာဝတီတိုင်းရဲ့ လူမှုစီးပွားဘဝကွဲပြားမှုကို နည်းနည်းလေး ပိုပြီးထပ် ပြောပေးလို့ရမလား။
ဖြေ - အခု ချောင်းသာဆိုသွားပြီဗျာ။ တစ်နှစ်လုံးမှာ တစ်ရာသီလုပ်တာ ကျန်တဲ့ရာသီ ထိုင်စားလို့ရတယ်။ အခုဆို အဲဒါကြီးကပျက်သွားပြီ။ ပုသိမ်လိုနေရာမျိုးတွေ ဘာတွေကတော့ တော်တော်တန်တန်သမားက မသိသာဘူး။ အောက် ခြေကတော့ အဓိက ကုန်ဈေး နှုန်းပေါ့။ တက်လာတဲ့ ဈေးနှုန်းနဲ့ရှာလို့ရတဲ့ပမာဏက တအားဟနေတယ် အဲဒီတော့ ကျပ်တာပေါ့။ တစ် ရက်ရှာလို့ တစ်သောင်းရတယ်ဆို ဈေးဝယ်လိုက်ရင် နှစ်သောင်းလောက်က ကုန်ချင်ကုန်တာ။ နောက်ထပ် ပူစရာ ရှိလာတာက ပညာရေးပေါ့။ Grade 12 လေးတွေ ဖြေရတော့မယ်လေ။ ဒါလည်း ပူစရာရှိတယ်။ ကျောင်းသားမိဘတွေ ပူကြတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Zawgyi Version:
သတင္းမွားမ်ား ႏွင့္ ဧရာဝတီျပည္သူမ်ား (သီးသန႔္အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၇
ယခုအခါ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ နယ္စပ္ျဖစ္ေသာ ေခ်ာင္းသာ ေဒသဘက္တြင္ AA ႏွင့္ပူးေပါင္းအဖြဲ႕က စတင္ၿပီး တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့သည္။ တိုက္ပြဲကိုထင္မထားခဲ့ေသာ ေဒသခံမ်ားအတြက္ စိုးရိမ္ စိတ္ျမင့္တက္ခဲ့သည္။ သို႔ေသာ္ ပိုဆိုးသည္က အြန္လိုင္းထက္က သတင္းမွားမ်ား၏ ဒဏ္ျဖစ္သည္။ သတင္းမွားမ်ားက ေဒသခံမ်ား၏အပူမီးကို ေလာင္စာထိုးသကဲ့သို႔ရွိသည္။ ေျမျပင္အေျခအေန တြင္မူ ထင္သေလာက္ဆိုး႐ြားျခင္းမ်ိဳး မရွိေသးေပ။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေခ်ာင္းသာေဒသမွ ျပည္သူအခ်ိဳ႕ထံ NP News မွ ဆက္သြယ္ ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - လက္ရွိ ေခ်ာင္းသာနဲ႔ ေ႐ႊေသာင္ယံအေျခ အေနက ဘယ္လိုရွိပါသလဲဗ်။
ေျဖ - ေျမျပင္အေျခအေနကေတာ့ လက္ရွိ ေအးေအးခ်မ္းခ်မ္းပါပဲ။ သူတို႔က အင္တာနက္သတင္းေတြ ေလွ်ာက္ျဖန႔္ ေနတာ။ သတင္းေတြပ်ံ႕တာနဲ႔ ဧည့္သည္ ေတြျပန္ကုန္ၾကတာ။ ဒီဘက္ ေခ်ာင္းသာဘက္မွာက ထူးျခားတာက ဘာမွမရွိ ေသးပါဘူး။
ေမး - တိုက္ပြဲျဖစ္တဲ့ေနရာအေျခအေနကေကာ ဘယ္လိုျမင္ရ၊ ၾကားရပါသလဲ။
ေျဖ - အဲဒီဘက္ကေတာ့ ေရတပ္ကသေဘၤာေတြလည္း အမ်ားႀကီးေတြ႕တယ္။ တပ္မေတာ္ဘက္ကလည္း စစ္ေၾကာင္း ေတြပို႔ထားတယ္လို႔သိရပါတယ္။ အေျမာက္ေတြေရာ ၾကည္း၊ ေရ၊ ေလနဲ႔ ပိတ္ထား တယ္လို႔လည္း သိရပါတယ္။
ေမး - ျပည္သူေတြအေနနဲ႔ လက္ရွိစီးပြားေရးက ဘယ္လိုျဖစ္သြားလဲ။
ေျဖ - စီးပြားေရးကေတာ့ ပုံမွန္ပါပဲ။ သတင္းေတြ ေလွ်ာက္ဖြေတာ့ နည္းနည္းပါးပါး ျပည္သူေတြက ေျပာင္းသြားတာေပါ့။
ေမး - အြန္လိုင္းေပၚမွာေတာ့ ေ႐ႊေသာင္ယံကလည္း တဲတဲကေလးလိုေတာ့တယ္ဆိုတာမ်ိဳး ေျပာေနၾက တယ္ေလ။ ေဒသခံတစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္လဲ။
ေျဖ - ခရီးသည္ေတြလည္း ပုံမွန္လာလို႔ရပါတယ္။ လုံၿခဳံေရးကလည္း စိတ္ခ်ရပါတယ္။
ေမး - ေခ်ာင္းသာဘက္လာမယ့္လမ္းပိုင္းကေကာ လုံၿခဳံရဲ႕လား ခင္ဗ်ာ။
ေျဖ - ရပါတယ္။ လမ္းေတြ ျပဳျပင္တယ္၊ ခင္းတယ္၊ လမ္းလုပ္တာေတြလည္း ရွိတယ္။ သြားလာေနၾကတဲ့ သူေတြလည္း ေအးေအးခ်မ္းခ်မ္းသြားလို႔ရပါတယ္။
ေမး - AA တိုက္ပြဲမေဖာ္ခင္က အဲဒီဘက္ကေဒသ ခံေတြဟာ ႀကိဳၿပီးတြက္မိတာမ်ိဳးရွိလား။
ေျဖ - သံသယေတာ့ျဖစ္ေနၾကတာေပါ့။ သို႔ေလာ သို႔ ေလာ သတင္းေတြအရေလ။
ေမး - အခု အဲဒီေဒသအစြန္ပိုင္းမွာ တိုက္ပြဲေတြျဖစ္ လာေတာ့ ေဒသခံေတြက ဘယ္လိုတုံ႔ျပန္ မွတ္ခ်က္ ျပဳၾကလဲ။
ေျဖ - ေဒသခံေတြကမႀကိဳက္ဘူး။ သူတို႔ အလုပ္အကိုင္ေတြလည္းပ်က္ကုန္တယ္။ ကေလးေက်ာင္းေတြ ေရာေပါ့။ ေဒသခံေတြကေတာ့ မလာေစခ်င္ၾကဘူး။
ေမး - AA က အခုလို တိုက္ပြဲေဖာ္လာေတာ့ ေဒသခံ ေတြအတြက္ ဘယ္ေလာက္အခက္အခဲျဖစ္ၾကရလဲ။
ေျဖ - အဓိကေတာ့ ကေလးေတြေက်ာင္းေပါ့။ ေနာက္ ပုံမွန္လည္ပတ္ေနတဲ့ ကမ္းေျခေဈးသည္ေတြကေတာ့ ေတာ္ေတာ္ဒုကၡေရာက္သြားတယ္။
ေမး - အြန္လိုင္းမွာေတြ႕ေနတာက ဟိုတယ္ေတြက ဧည့္သည္ေတြကို ျပန္လႊတ္တယ္လို႔ေျပာပါတယ္ ဟုတ္ပါသလား ခင္ဗ်။
ေျဖ - မရွိပါဘူးခင္ဗ်။ ဟိုတယ္ေတြကေတာ့ ဧည့္သည္ေတြကို ‘အခန္းရွိသည္’ လို႔ ဆိုင္းဘုတ္ေတြတပ္ ထားၿပီး ဧည့္သည္ ေတြကိုေမွ်ာ္ေနပါတယ္။
ေမး - ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံေဒသဟာ အရင္ကလည္း ခဏခဏသတင္းအဖြခံရတယ္ေလ။ မလာၾကနဲ႔ ဘာညာဆိုတာမ်ိဳးေပါ့။ အဲဒီဒဏ္ကို ေဒသခံေတြ ဘယ္ေလာက္အထိ ခံၾကရပါသလဲ။
ေျဖ - အဲဒီတုန္းက ခံရတယ္။ သို႔ေလာ သို႔ေလာ စိတ္ဒုကၡေတြေရာက္ၿပီး အလုပ္အကိုင္ေတြ ပ်က္၊ ေျပာင္း ရမလို၊ မေျပာင္း ရမလို ျဖစ္ၾကတာ။
ေမး - လက္ရွိ ဒါေတြျဖစ္လာေတာ့ လူေတြ စီးပြားေရးက အလြန္ကိုက်ပ္သြားပါသလား။
ေျဖ - က်ပ္တယ္။ တအားႀကီးေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ တခ်ိဳ႕လုပ္ငန္းေတြေတာ့ ရပ္ကုန္တာေပါ့။ ကမ္းေျခေဈး သည္ေတြအပါအဝင္ အေျခခံလက္လုပ္လက္ စားသမားေတြက အခက္အခဲျဖစ္သြားၾကတယ္။
ေမး - အခုလို တိုက္ပြဲျဖစ္သြားၿပီေတာ့ လူေတြဟာလန႔္ ၿပီး ေခ်ာင္းသာဘက္မလာေတာ့ဘူးဆိုတာမ်ိဳးျမင္ရလား။
ေျဖ - နည္းသြားတာေပါ့။ စိုးရိမ္စိတ္ေတြျဖစ္သြား ၾကတယ္။ အျမန္ဆုံး ျပန္လည္စည္ကားေစခ်င္ၾကတယ္။ ဒီမွာပဲ ငယ္ေမြးၿခံေပါက္ေတြ၊ ဒီမွာပဲ လုပ္ကိုင္ စားေသာက္ေနရေတာ့ ေဒသခံေတြက တပ္မေတာ္ကို အားကိုးတာေပါ့။
ေမး - AA အုပ္စုအေနနဲ႔ ရပ္မယ္ထင္လား၊ ေရွ႕ ဆက္တိုးမယ္ထင္လား ဘယ္လိုသတင္းေတြ ၾကားရ ပါသလဲ။
ေျဖ - ေမးၾကည့္တာေတာ့ သူတို႔ ၿငိမ္ေနၾကတယ္တဲ့။ ေရွ႕ဆက္တိုးတာေတာ့ အခု(ဇန္နဝါရီလ ၂၁ ရက္) မရွိပါဘူး။
ေမး - လက္ရွိ ဧရာဝတီတိုင္းေဒသႀကီးရဲ႕ နယ္ေျမ တည္ၿငိမ္မႈက ဘယ္လိုရွိပါသလဲ။
ေျဖ - ေကာင္းပါတယ္။ တစ္ျပည္လုံးထက္စာရင္ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ေျပာရမယ္။ လႈပ္လႈပ္ခတ္ခတ္က ႏိုင္ငံေရးအေျပာင္းအလဲအၿပီး ပထမ ပိုင္းမွာေတာ့ရွိတာေပါ့။ ေနာက္ပိုင္း အလယ္ေလာက္ ကစၿပီး ၿငိမ္သြားတယ္။ ပုံမွန္အတိုင္းပဲ။
ေမး - လက္ရွိအေျခအေနမွာ တိုက္ပြဲေတြကပ္လာ ေတာ့ ဧရာဝတီသားေတြရဲ႕ စိုးရိမ္မႈကဘယ္လိုျဖစ္ သြားလဲ။
ေျဖ - ခက္တာကလည္း ကြၽန္ေတာ္သိသေလာက္က ဒီဘက္ထိုးစစ္မွာက ဧရာဝတီသားေတြလည္းပါတယ္ လို႔သိရတယ္။ ေခ်ာင္းသာကေတာ့ နည္းနည္းေျခာက္ သြားၿပီေပါ့။ ေငြေဆာင္မွာေတာ့ အနည္းအက်ဥ္းေတာ့ ရွိေသးတယ္။ ေျခာက္သြား ၿပီဆိုတာက စစ္ေရွာင္တာ မဟုတ္ဘူး။ ဧည့္သည္ေျခာက္သြားတာ။ ေ႐ႊေသာင္ ယံမွာေတာ့ တခ်ိဳ႕က တက္ေျပးလာ ၾက တာေပါ့။
ေမး - ဧရာဝတီမွာတိုက္ပြဲေဖာ္မယ္ဆိုရင္ ေဒသခံတစ္ ေယာက္အေနနဲ႔ လက္ခံႏိုင္လား။
ေျဖ - ျပည္သူတစ္ေယာက္အေနနဲ႔ေျပာရရင္ မျဖစ္ ရင္ေကာင္းတာေပါ့ဗ်ာ။ ျဖစ္ရင္ေတာ့လည္း စစ္ကျဖစ္ လာၿပီေလ။ ျဖစ္လာၿပီဆိုရင္ေတာ့ အကုန္လုံးက ေၾက မွာပဲ။ ေမြးရပ္ေျမေတြ၊ အေဆာက္အအုံေတြ ပ်က္စီး မွာေလ။
ေမး - ေခ်ာင္းသာနဲ႔ပုသိမ္ဆိုတာက နီးတဲ့ခရီးပါ။ ပုသိမ္ကိုေကာ ဘယ္လို႐ိုက္ခတ္လဲ။
ေျဖ - ပုသိမ္မွာေတာ့ မရွိပါဘူး။ ေအးေဆးပဲ။ ညဦး ပိုင္း အသြားအလာျပတ္တာေလာက္ပါပဲ။
ေမး - အခုတိုက္ပြဲေတြက ဧရာဝတီအစပ္မွာ စလာ တယ္ဆိုေတာ့ စီးပြားေရးက ဘယ္လိုအေျခအေနေတြ ျဖစ္ၾကပါသလဲ။ တစ္တိုင္းလုံးစာအတြက္ ေမးတာပါ။
ေျဖ - အဓိက ကုန္ေဈးႏႈန္းပါ။ ေဆးေတြ ဘာေတြ ေဈးတက္တာဆိုးတာ။ အခု ေသြးက်ေဆးတစ္ကတ္ ေတာင္ ေလးေထာင့္ငါးရာေတြ ဘာေတြျဖစ္ေနတယ္။ စက္သုံးဆီကေတာ့ ရေနေသးတယ္ ေအးေဆးပါပဲ။
ေမး - ဧရာဝတီတိုင္းနဲ႔ပတ္သက္လို႔ သတင္းမွားေတြက မၾကာခဏထြက္ေနတာျမင္ရတယ္။ ေဒသခံ တစ္ေယာက္ အေနနဲ႔ ဘာေျပာခ်င္လဲ။
ေျဖ - ခက္တာက အဲဒီ Tik Tok ေတြ ဘာေတြမွာက သတင္းလို႔နာမည္တပ္လို႔မရဘဲ ရမ္းသမ္းၿပီး ေခ်ာင္း သာေရာက္ေန ၿပီတို႔ ဘာတို႔ေပါ့။ ၾကည့္တဲ့သူေတြရဲ႕ Knowledge လည္းပါတာေပါ့။ တခ်ိဳ႕ ယုံတဲ့သူေတြ ကလည္းယုံတယ္ အဲဒါမ်ိဳး ေတြေပါ့။ အဓိကေတာ့ သတင္းမွားေတြက ေတာ္ေတာ္ဆိုးတာ။
ေမး - သတင္းမွားေတြက ျပည္သူေတြအေပၚ ဘယ္ေလာက္႐ိုက္ခတ္တယ္ထင္လဲ။
ေျဖ - အစပိုင္းကေတာ့ နည္းနည္းလႈပ္တာေပါ့ဗ်ာ။ အခုေနာက္ပိုင္းေတာ့ ဒါႀကီးက မွားေနတယ္ဆိုတာ တခ်ိဳ႕ကလည္း သတိထားလာတာေပါ့။
ေမး - ရခိုင္နဲ႔နီးတဲ့ ငါးသိုင္းေခ်ာင္းတို႔၊ ေလးမ်က္ႏွာ တို႔ စသည္ျဖင့္ ၿမိဳ႕ေတြကျပည္သူေတြရဲ႕စိုးရိမ္မႈက ဘယ္လိုရွိလဲ။
ေျဖ - အဲဒီဘက္ကေတာ့ ေျပာရမယ္ဆို သိပ္မရွိေသးဘူး။ ပုသိမ္ဘက္တက္လာတာက မက်ီးဇင္၊ ေဘာမိ။ ေဘာမိဆို ႐ြာေၾကသြားၿပီေလ။ ေဘာမိဘက္က႐ြာသား ေတြဆိုတက္လာတာ။ ဘုန္းႀကီးေက်ာင္းမွာေနတာ လည္းရွိတယ္ အိမ္ရွာ ဘာရွာေပါ့။
ေမး - တိုက္ပြဲျဖစ္ရင္ေတာ့ ႐ြာေၾကတာေပါ့ေလ။ ေလာေလာလတ္လတ္ စစ္ေဘးေရွာင္ေတြနဲ႔ စကား ေျပာျဖစ္တာရွိ လား။
ေျဖ - သူတို႔ကလည္း အမွန္တကယ္က ေရွာင္လာၿပီ ဆိုတည္းက မျဖစ္ခင္တည္းက ေရွာင္တာ။ ေဘာမိ ကိုပဲၾကည့္။ စစ္သားေတြေသတယ္တို႔ ဆုတ္လာရၿပီတို႔ ဟိုကလည္း ဘာလုပ္သလဲဆိုေတာ့ အဆုတ္ျပတယ္။ ဟိုေကာင္ေတြ ဝင္လည္းဝင္ေရာ ေလယာဥ္နဲ႔ႀကဲတာ။ ဒီဘက္ျပန္လုပ္တာက်ေတာ့ စစ္ေဘးေရွာင္ ေတြ မသိေတာ့ျပန္ဘူးေပါ့။ ဒါက ကိုယ္ေတြ႕ေမးၿပီး သိရတာ။ သူတို႔ေျပးလာၿပီးေတာ့ ေလယာဥ္နဲ႔ႀကဲေတာ့ ဟိုေကာင္ေတြ အတုံးအ႐ုံးေသတာေပါ့။ အဲဒါေတြက်ေတာ့ သူတို႔မသိေတာ့ဘူး။
ေမး - ျပည္ပေရာက္ သတင္းဌာနေတြမွာ ျမင္ရတယ္ေလ။ ဧရာဝတီက ခ်က္ခ်င္းပဲ စစ္တလင္းျဖစ္ေတာ့မ လိုေျပာၾက တယ္။ ဆိုေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး ဘာ ေျပာခ်င္လဲ။
ေျဖ - အဲဒါက ေတာ္ေတာ္ခက္တယ္ဗ်။ လူေတြက လည္း ၾကည့္စရာက ဒါေတြပဲၾကည့္ၾကတယ္။ အဲဒီ သတင္းကိုပဲ ယုံေနတာမ်ားတယ္။ ဒီဘက္ကလည္း ျပင္းျပင္းထန္ထန္ထိုးႏွက္တာ အားနည္းေနတယ္။ အဲဒါကတစ္ခ်က္ေပါ့။ ေခတ္သစ္ဆို လိမ္တာပဲ။ အခု DVB မွာလုပ္တာ ပုသိမ္ကပါပဲ။ သူက အေမရိကား ေတာင္ေရာက္သြားၿပီ။ အေမရိကား ကေန သတင္း လုပ္ေနတယ္။ ဒီသတင္းက ဘယ္လိုမွန္မလဲ။ ျပည္သူ ေတြကေတာ့ မသိဘူးေလ။ လူေတြကေတာ့ ယုံေန တာေပါ့ဗ်ာ။
ေမး - ဧရာဝတီသားတစ္ေယာက္အေနနဲ႔ ကိုယ္တိုင္ စစ္ထဲကို ေရာက္လာေစခ်င္လား။
ေျဖ - ဘယ္ေရာက္ေစခ်င္မလဲ။ ကိုယ့္အိုးကိုယ့္အိမ္ေတာင္ စားဖို႔မနည္းရွာေနရတာ။ ျဖစ္လာရင္ ဘယ္သြားရမလဲ။ အခုေတာင္မွ မငတ္႐ုံတမယ္ျဖစ္ေနတာ။ ဒါေပမဲ့ အိပ္ေရးေတာ့ဝဝအိပ္ရေသးတယ္ဗ်ာ။ တခ်ိဳ႕က်ေတာ့လည္း လာပါ ေစကြာ၊ လာတာေကာင္းတယ္ ျဖစ္ၾကတာ။ သူတို႔စိတ္ထဲမွာထင္ေနတာက သူတို႔လာ တိုက္မယ္။ သူတို႔ အိမ္ထဲေနမယ္ အဲဒီလိုေနလို႔ရမယ္ ထင္ေနတာ။ လာပါေစ ဘယ္ကိုေတာ့ ေရာက္ေနၿပီ။ ညာကိုေတာ့ ေရာက္ေနၿပီဆိုတာ။ ဟိုက ဗုံးႀကဲမွာမ ေၾကာက္ဘူး။ စစ္ေခၚတဲ့သူေတြလည္းရွိတာပဲ။ ျဖစ္ လာမယ့္ဟာ ႀကိဳမေတြးထားဘူးေလ။ တပ္ကလည္း ရွင္းတယ္ေလ လက္ခံထားရင္လုပ္မွာပဲ။
ေမး - စစ္ေခၚတဲ့သူေပါ့ေလ။ သူတို႔အေပၚ ဘယ္လို ျမင္လဲ။
ေျဖ - ႀကိဳမေတြးတာေပါ့။ ျဖစ္လာမယ့္ဟာကို မေတြး ဘူး။ ေပါ့ေပါ့ေတြးလိုက္တာေပါ့။ တခ်ိဳ႕က်ေတာ့လည္း ျဖစ္လာရင္ ကြၽန္ေတာ့္လိုေတြးတဲ့သူလည္း အမ်ား ႀကီးရွိတာပဲ။ ေခၚၿပီဆိုတည္းက ေတြးမထားတာ။
ေမး - အစ္ကိုေကာ ဒါမွမဟုတ္ အစ္ကို႔မိတ္ေဆြထဲ မွာေကာ တစ္ခုခုျဖစ္ရင္ ဘယ္ကိုေျပးမယ္ဆိုတာမ်ိဳး တြက္ထားတာ ရွိေနၿပီလား။
ေျဖ - ေျပးစရာက ရန္ကုန္ပဲရွိတာေပါ့။
ေမး - တိုက္ပြဲေတြျဖစ္လာၿပီးတဲ့ေနာက္ပိုင္းမွာ ဧရာဝတီတိုင္းရဲ႕ လူမႈစီးပြားဘဝကြဲျပားမႈကို နည္းနည္းေလး ပိုၿပီးထပ္ ေျပာေပးလို႔ရမလား။
ေျဖ - အခု ေခ်ာင္းသာဆိုသြားၿပီဗ်ာ။ တစ္ႏွစ္လုံးမွာ တစ္ရာသီလုပ္တာ က်န္တဲ့ရာသီ ထိုင္စားလို႔ရတယ္။ အခုဆို အဲဒါႀကီးကပ်က္သြားၿပီ။ ပုသိမ္လိုေနရာမ်ိဳးေတြ ဘာေတြကေတာ့ ေတာ္ေတာ္တန္တန္သမားက မသိသာဘူး။ ေအာက္ ေျခကေတာ့ အဓိက ကုန္ေဈး ႏႈန္းေပါ့။ တက္လာတဲ့ ေဈးႏႈန္းနဲ႔ရွာလို႔ရတဲ့ပမာဏက တအားဟေနတယ္ အဲဒီေတာ့ က်ပ္တာေပါ့။ တစ္ ရက္ရွာလို႔ တစ္ေသာင္းရတယ္ဆို ေဈးဝယ္လိုက္ရင္ ႏွစ္ေသာင္းေလာက္က ကုန္ခ်င္ကုန္တာ။ ေနာက္ထပ္ ပူစရာ ရွိလာတာက ပညာေရးေပါ့။ Grade 12 ေလးေတြ ေျဖရေတာ့မယ္ေလ။ ဒါလည္း ပူစရာရွိတယ္။ ေက်ာင္းသားမိဘေတြ ပူၾကတယ္။
အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။