ရန်ကုန်၏လေထုညစ်ညမ်းမှုသည် သာမန်အခြေအနေတွင်ရှိနေသော်လည်း ပေါ့ဆ၍မရဟုဆို

 650

ချယ်ရီ( NP News)- ဇန်နဝါရီ ၂၇
လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် သာမန်အခြေအနေတွင် ရှိနေသော်လည်း ပေါ့ဆ၍မရကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က NP News မှ တစ်ဆင့် တိုက်တွန်းပြောကြားသည်။

“Air Pollution လေထုညစ်ညမ်းတာပေါ့နော်။ လေထုညစ်ညမ်းတာကတော့ ဆောင်းရာသီနဲ့ နွေရာသီထဲမှာ အဖြစ်များတယ်။ သူက(၂)မျိုးတော့ ခွဲထားလို့ ရတယ်။ လူလုပ်တာရယ်၊ သဘာဝကြောင့် ဖြစ်တာရယ်ပေါ့နော်။ များသောအားဖြင့်ကတော့ သဘာဝအလျောက်ဖြစ်တယ်ဆိုတာက တောမီးတွေလောင်တာတို့၊ ပြီးတော့ အခုချိန်မှာလေငြိမ်တယ်။ နောက်တစ်ခု သူက မနက်စောစောဆိုရင် အေးတဲ့အတွက် လေထုကအပေါ်ကိုတက်တာမရှိဘဲနဲ့ မြို့တွေ၊ ရပ်ကွက်တွေ၊ တောင်ကြားတွေအထဲကို ဝင်လာတာမျိုးတွေ။ ဒါကတော့ သဘာဝကြောင့်ဖြစ်တဲ့ဟာပေါ့။ လူတို့လုပ်တဲ့အပိုင်းမှာတော့ အများကြီးပဲ။ တောင်ယာမီးရှို့တာ၊ မနက်စောစောကို ဓလေ့တစ်ခုလို ဖြစ်နေပြီပေါ့နော်။ အမှိုက်တွေ မီးရှို့တာတွေရှိတယ်။ မော်တော်ယာဉ်တွေက ထွက်တဲ့ ဓာတ်ငွေ့တွေ စသည်ဖြင့်ပေါ့နော်။ အဲဒီလိုဟာတွေကြောင့် ဖြစ်တာပေါ့နော်။ ပြောမယ်ဆိုရင်တော့ သူ့ထက်စောပြီးတော့ အမှိုက်တွေမီးစရှို့တဲ့အချိန်ပေါ့။ ဆောင်းတွင်းပေါ့ အေးလာတဲ့အချိန်ကျရင် ဖြစ်တာပဲ။ အေးလာလေလေ၊ မနက်စောစောအပူချိန်ကျလာလေ၊ လေထဲမှာခိုနေတဲ့အမှုန်တွေကကြာလေဆိုတော့ ဒါတွေက ဖြစ်နေတာပဲ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လေထုညစ်ညမ်းမှုသည် ဆောင်းရာသီနှင့် နွေရာသီတို့တွင် အဖြစ်များသော ကိစ္စရပ်တစ်ခုဖြစ်ပြီး လာမည့်မတ်လအရောက်တွင် လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“များသောအားဖြင့် နေ့အပူချိန်တွေ(၃၀ ဒီဂရီ၊ ၃၅ ဒီဂရီ)အထက်ကို မြင့်တက်လာရင် နေ့လည်ဘက် (၁၂)နာရီလောက်က စပြီးတော့ (၂)နာရီလောက်မှာ နေ့အပူချိန်တွေ မြင့်တက်လာပြီဆိုရင်တော့ မြူဆိုင်းတာ၊ နောက်တစ်ခု လေထုညစ်ညမ်းတာတွေ တဖြည်းဖြည်းချင်းတော့ ပျောက်သွားမယ်။ ဆိုင်းမနေတော့ဘူးပေါ့။ မနက်ပိုင်းမှာတော့ ခဏ မှုန်တာတွေ၊ မြင်ကွင်းတွေ မကောင်းတာတွေ ရှိမယ်။ ပြီးလို့ရှိရင် နေထွက်လာပြီးတော့ မကြာဘူး။ ချက်ချင်းပျောက်သွားတာမျိုး ဖြစ်မယ်။ ဒါတော့ မတ်လလောက်ကျမှ ဒါမျိုးတွေက ရှင်းမယ်။တကယ်တမ်းကတော့ မိုးကျလာတဲ့အချိန်မှ ကောင်းကင်က ကြည်လင်ပြီးတော့ လေထဲမှာရှိတဲ့အမှုန်အမွှားတွေက တဖြည်းဖြည်းနဲ့ ကင်းစင်သွားတာ။ မိုးရွာလိုက်တော့မှ ဒါတွေက လျော့သွားတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိ မင်္ဂလာဒုံ Weather Station မှာ ပြနေသော အနေအထားတွင် လက်တလောလေထုအတွင်းမှာရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုအနေအထားမှာ အစိမ်းရောင်အဆင့်၌သာ ရှိနေ၍ ရန်ကုန်မြို့သည် အန္တရာယ်ကင်းသောအခြေအနေတွင်ရှိနေကြောင်း ၎င်းက ဆိုသည်။
သို့သော် ပြည်သူလူထုအနေဖြင့် ပေါ့ဆ၍ မနေဘဲ ဂရုပြုနေထိုင်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
“ဘာလုပ်ရမလဲဆိုတဲ့အခါကျတော့ လူတွေ အသိရှိဖို့ပဲ လိုတယ်။ နံပါတ်တစ်က အမှိုက်တွေ မီးမရှို့ဖို့။ ဒါက ရပ်ကွက်တိုင်းမှာ မနက်စောစောဆိုရင် ဓလေ့လိုဖြစ်နေပြီ။ တချို့တွေကျတော့လည်း အမှိုက်တွေကို လှဲကျင်းသိမ်းဆည်းပြီးသွားပြီးလို့ရှိရင် အမှိုက်ပါပါ၊ ဘာပါပါ၊ ပလက်စတစ်ပါပါ အကုန်မီးကောက်ရှို့တော့တာပဲ။ မီးရှို့နေတဲ့သူကိုယ်တိုင်လည်း ခံစားရတယ်။ ဘေးပတ်ဝန်းကျင်ကို လွင့်သွားတဲ့အခါကျတော့ ဘေးပတ်ဝန်းကျင်ကလူတွေလည်း ခံစားရတယ်ပေါ့နော်။ အခုကတော့ ပုံမှန်နှစ်စဉ် ဆောင်းတွင်းနဲ့ နွေရာသီဆိုလို့ရှိရင် ဒီလိုဟာတွေက ဖြစ်တတ်တယ်ပေါ့။ ဖြစ်တတ်တယ်ဆိုတော့ အဓိက အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါသမားတွေဆို မခံနိုင်ဘူး။ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာစသည်ဖြင့် တဖြည်းဖြည်းနဲ့မှ ဖြစ်လာပြီးတော့ ဒီဟာကနေ ကြာလာရင် ခံနိုင်ရည်အားလည်း လျော့လာပြီဆိုတဲ့အချိန်မှာ အသက်ပါဆုံးရှုံးရတဲ့အနေအထားမျိုးအထိ ရောက်တယ်။ အဲဒါကြောင့်လည်း Air Pollution က အသံတိတ် လူသတ်သမားပါပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း သိရသည်။

ရန္ကုန္၏ေလထုညစ္ညမ္းမႈသည္ သာမန္အေျခအေနတြင္ရွိေနေသာ္လည္း ေပါ့ဆ၍မရဟုဆို

ခ်ယ္ရီ( NP News)- ဇန္နဝါရီ ၂၇
လက္ရွိျဖစ္ေပၚေနသည့္ ရန္ကုန္ၿမိဳ႕၏ ေလထုညစ္ညမ္းမႈသည္ သာမန္အေျခအေနတြင္ ရွိေနေသာ္လည္း ေပါ့ဆ၍မရေၾကာင္း မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္က NP News မွ တစ္ဆင့္ တိုက္တြန္းေျပာၾကားသည္။

“Air Pollution ေလထုညစ္ညမ္းတာေပါ့ေနာ္။ ေလထုညစ္ညမ္းတာကေတာ့ ေဆာင္းရာသီနဲ႔ ေႏြရာသီထဲမွာ အျဖစ္မ်ားတယ္။ သူက(၂)မ်ိဳးေတာ့ ခြဲထားလို႔ ရတယ္။ လူလုပ္တာရယ္၊ သဘာဝေၾကာင့္ ျဖစ္တာရယ္ေပါ့ေနာ္။ မ်ားေသာအားျဖင့္ကေတာ့ သဘာဝအေလ်ာက္ျဖစ္တယ္ဆိုတာက ေတာမီးေတြေလာင္တာတို႔၊ ၿပီးေတာ့ အခုခ်ိန္မွာေလၿငိမ္တယ္။ ေနာက္တစ္ခု သူက မနက္ေစာေစာဆိုရင္ ေအးတဲ့အတြက္ ေလထုကအေပၚကိုတက္တာမရွိဘဲနဲ႔ ၿမိဳ႕ေတြ၊ ရပ္ကြက္ေတြ၊ ေတာင္ၾကားေတြအထဲကို ဝင္လာတာမ်ိဳးေတြ။ ဒါကေတာ့ သဘာဝေၾကာင့္ျဖစ္တဲ့ဟာေပါ့။ လူတို႔လုပ္တဲ့အပိုင္းမွာေတာ့ အမ်ားႀကီးပဲ။ ေတာင္ယာမီးရႈိ႕တာ၊ မနက္ေစာေစာကို ဓေလ့တစ္ခုလို ျဖစ္ေနၿပီေပါ့ေနာ္။ အမႈိက္ေတြ မီးရႈိ႕တာေတြရွိတယ္။ ေမာ္ေတာ္ယာဥ္ေတြက ထြက္တဲ့ ဓာတ္ေငြ႕ေတြ စသည္ျဖင့္ေပါ့ေနာ္။ အဲဒီလိုဟာေတြေၾကာင့္ ျဖစ္တာေပါ့ေနာ္။ ေျပာမယ္ဆိုရင္ေတာ့ သူ႔ထက္ေစာၿပီးေတာ့ အမႈိက္ေတြမီးစရႈိ႕တဲ့အခ်ိန္ေပါ့။ ေဆာင္းတြင္းေပါ့ ေအးလာတဲ့အခ်ိန္က်ရင္ ျဖစ္တာပဲ။ ေအးလာေလေလ၊ မနက္ေစာေစာအပူခ်ိန္က်လာေလ၊ ေလထဲမွာခိုေနတဲ့အမႈန္ေတြကၾကာေလဆိုေတာ့ ဒါေတြက ျဖစ္ေနတာပဲ” ဟု ၎က ရွင္းျပသည္။

အဆိုပါ ေလထုညစ္ညမ္းမႈသည္ ေဆာင္းရာသီႏွင့္ ေႏြရာသီတို႔တြင္ အျဖစ္မ်ားေသာ ကိစၥရပ္တစ္ခုျဖစ္ၿပီး လာမည့္မတ္လအေရာက္တြင္ ေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မ်ားေသာအားျဖင့္ ေန႔အပူခ်ိန္ေတြ(၃၀ ဒီဂရီ၊ ၃၅ ဒီဂရီ)အထက္ကို ျမင့္တက္လာရင္ ေန႔လည္ဘက္ (၁၂)နာရီေလာက္က စၿပီးေတာ့ (၂)နာရီေလာက္မွာ ေန႔အပူခ်ိန္ေတြ ျမင့္တက္လာၿပီဆိုရင္ေတာ့ ျမဴဆိုင္းတာ၊ ေနာက္တစ္ခု ေလထုညစ္ညမ္းတာေတြ တျဖည္းျဖည္းခ်င္းေတာ့ ေပ်ာက္သြားမယ္။ ဆိုင္းမေနေတာ့ဘူးေပါ့။ မနက္ပိုင္းမွာေတာ့ ခဏ မႈန္တာေတြ၊ ျမင္ကြင္းေတြ မေကာင္းတာေတြ ရွိမယ္။ ၿပီးလို႔ရွိရင္ ေနထြက္လာၿပီးေတာ့ မၾကာဘူး။ ခ်က္ခ်င္းေပ်ာက္သြားတာမ်ိဳး ျဖစ္မယ္။ ဒါေတာ့ မတ္လေလာက္က်မွ ဒါမ်ိဳးေတြက ရွင္းမယ္။တကယ္တမ္းကေတာ့ မိုးက်လာတဲ့အခ်ိန္မွ ေကာင္းကင္က ၾကည္လင္ၿပီးေတာ့ ေလထဲမွာရွိတဲ့အမႈန္အမႊားေတြက တျဖည္းျဖည္းနဲ႔ ကင္းစင္သြားတာ။ မိုး႐ြာလိုက္ေတာ့မွ ဒါေတြက ေလ်ာ့သြားတာေပါ့” ဟု ၎က ေျပာသည္။

လက္ရွိ မဂၤလာဒုံ Weather Station မွာ ျပေနေသာ အေနအထားတြင္ လက္တေလာေလထုအတြင္းမွာရွိသည့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ပါဝင္မႈအေနအထားမွာ အစိမ္းေရာင္အဆင့္၌သာ ရွိေန၍ ရန္ကုန္ၿမိဳ႕သည္ အႏၲရာယ္ကင္းေသာအေျခအေနတြင္ရွိေနေၾကာင္း ၎က ဆိုသည္။
သို႔ေသာ္ ျပည္သူလူထုအေနျဖင့္ ေပါ့ဆ၍ မေနဘဲ ဂ႐ုျပဳေနထိုင္သင့္ေၾကာင္း ၎က အႀကံျပဳေျပာၾကားသည္။
“ဘာလုပ္ရမလဲဆိုတဲ့အခါက်ေတာ့ လူေတြ အသိရွိဖို႔ပဲ လိုတယ္။ နံပါတ္တစ္က အမႈိက္ေတြ မီးမရႈိ႕ဖို႔။ ဒါက ရပ္ကြက္တိုင္းမွာ မနက္ေစာေစာဆိုရင္ ဓေလ့လိုျဖစ္ေနၿပီ။ တခ်ိဳ႕ေတြက်ေတာ့လည္း အမႈိက္ေတြကို လွဲက်င္းသိမ္းဆည္းၿပီးသြားၿပီးလို႔ရွိရင္ အမႈိက္ပါပါ၊ ဘာပါပါ၊ ပလက္စတစ္ပါပါ အကုန္မီးေကာက္ရႈိ႕ေတာ့တာပဲ။ မီးရႈိ႕ေနတဲ့သူကိုယ္တိုင္လည္း ခံစားရတယ္။ ေဘးပတ္ဝန္းက်င္ကို လြင့္သြားတဲ့အခါက်ေတာ့ ေဘးပတ္ဝန္းက်င္ကလူေတြလည္း ခံစားရတယ္ေပါ့ေနာ္။ အခုကေတာ့ ပုံမွန္ႏွစ္စဥ္ ေဆာင္းတြင္းနဲ႔ ေႏြရာသီဆိုလို႔ရွိရင္ ဒီလိုဟာေတြက ျဖစ္တတ္တယ္ေပါ့။ ျဖစ္တတ္တယ္ဆိုေတာ့ အဓိက အသက္ရႉလမ္းေၾကာင္းနဲ႔ပတ္သက္တဲ့ ေရာဂါသမားေတြဆို မခံႏိုင္ဘူး။ အသက္ရႉလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါေတြ၊ ကင္ဆာစသည္ျဖင့္ တျဖည္းျဖည္းနဲ႔မွ ျဖစ္လာၿပီးေတာ့ ဒီဟာကေန ၾကာလာရင္ ခံႏိုင္ရည္အားလည္း ေလ်ာ့လာၿပီဆိုတဲ့အခ်ိန္မွာ အသက္ပါဆုံးရႈံးရတဲ့အေနအထားမ်ိဳးအထိ ေရာက္တယ္။ အဲဒါေၾကာင့္လည္း Air Pollution က အသံတိတ္ လူသတ္သမားပါပဲ” ဟု ၎က ေျပာသည္။

ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းျဖစ္သည့္ ထိုင္းႏိုင္ငံတြင္ ေလထုညစ္ညမ္းမႈမ်ားေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းေပါင္း(၂၅၀)ေက်ာ္ကို ပိတ္ထားရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.