သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးရက်မှာပဲ ဒေါ်နယ်ထရမ့်က ဘယ်လိုစည်းကမ်းအမိန့်တွေကို လက်မှတ်ရေးထိုးခဲ့သလဲ (ဘာသာပြန်ဆောင်းပါး)
217
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇
(၂၀၂၄)ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ (၂၀)ရက်မှာ အမေရိကန်နိုင်ငံရဲ့ (၄၇)ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို လိုက်ပြီဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကမ္ဘာ့ခေါင်းဆောင်တွေ အပြင် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်အများအပြား တက်ရောက်ခဲ့ပေမယ့် ရုရှားသမ္မတပူတင်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ ကိုယ်တိုင်တက်ရောက်ခဲ့တာမျိုးမရှိပါဘူး။ အမေရိကန်သမ္မတဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အမေရိကန်ပဓာနဆိုတဲ့အယူအဆကို အခြေခံပြီး၊ အမေရိကန် ရွှေခေတ်ပြန်ရောက်ရမယ် ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုတွေကို ပထမဆုံးနေ့မှာပဲ စတင် အရေးယူဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတက “အမေရိကန်ရဲ့ ရွှေရောင် ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ ကစလို့ ကျွန်တော်တို့နိုင်ငံဟာ ပွင့်လင်းပြီး တစ်ကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါ့မယ်။ နိုင်ငံတိုင်းကအားကျရပြီး ကျွန်တော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေးယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ ကျွန်တော်ဦးဆောင်မယ့် အစိုးရလက် ထက်ရဲ့ နေ့စဉ်တိုင်းမှာ အမေရိကန်က သာ ပထမဦးစားပေးဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်ရပါမယ်” လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်က ကမ္ဘာကြီးမှာ အမေရိကန်အရေး ရှေ့တန်းတင်မှာဖြစ်သလို တစ်ဖက်မှာ ငြိမ်းချမ်းညီညွတ်ရေးအတွက် ဆောင်ရွက်လိုတဲ့ သူ့ဆန္ဒကိုလည်း ပြောခဲ့ပါသေးတယ်။သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကို အစဉ်အလာအတိုင်း လွှတ်တော်အနောက်ဘက်ခြမ်း စင်မြင့်မှာပြုလုပ်ရာကနေ ရာသီဥတု အခြေအနေကြောင့် လွှတ်တော်အတွင်း ခန်းမကြီးမှာလုပ်ခဲ့ရသလို သမ္မတကျမ်းသစ္စာဆိုတဲ့နေ့ ဂုဏ်ပြု ချီတက်ပွဲကိုလည်းဖျက်လိုက်ရပြီး အဲဒီအစား ဝါရှင်တန်ဒီစီမှာရှိတဲ့ Capital One ဖျော်ဖြေရေးခန်း မကြီးမှာ အစားထိုး ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် သမ္မတအဖြစ် ပထမဆုံးတာဝန်ယူတဲ့နေ့မှာပဲ အမေရိကန်အလံတွေ အပြည့်ပြန်တင်ဖို့အမိန့် အပါအဝင် အမိန့် အများ အပြားကို ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ အဖြစ်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် လက်မှတ်ရေး ထိုးခဲ့တဲ့အမိန့်တွေထဲမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက် ကထုတ်ပြန်ခဲ့ တဲ့ အမိန့်(၇၈)ခုကို ပြန်လည်ဖျက်သိမ်းတာပါဝင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုးခဲ့တဲ့ ဂျိုးဘိုင် ဒန်လက်ထက် အမိန့် (၇၈)ခုကို ဖျက်သိမ်းတဲ့အမိန့်ကြောင့် အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်၊ ခြိမ်းခြောက်၊ သိမ်းယူဖို့ ကြိုးစားတဲ့ဘယ်နိုင်ငံခြား သားကိုမဆို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခွင့်ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်အမိန့်ကို ဖျက်သိမ်းလိုက် တာဖြစ်ပါတယ်။ ဒေါ်နယ်ထ ရမ့်လက်မှတ်ရေးထိုးခဲ့တဲ့အမိန့်တွေထဲမှာ ရွေးကောက်ပွဲဝင်ရောက်စွက် ဖက်တဲ့ အစိုးရအဖွဲ့ဝင် ဟောင်းတွေကို တာဝန်ခံခိုင်းမယ်ဆိုတဲ့အမိန့်၊ အစိုးရ တရားဝင်ဌာနမဟုတ်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာ န (DOGE) စတင်ဆောင်ရွက်မယ့်အမိန့်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်မယ့်အမိန့်တွေ ပါဝင်ခဲ့ပါတယ်။ အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က “ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ဟာ ကျွန်တော်တို့ကို ဆုတ်ယုတ်စေတယ်။အဲဒီလို မျိုး ထပ်မံအဖြစ်မခံနိုင်ဘူး” လို့ ပြောပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ကမ္ဘာ့ကျန်းမာရေး ပြဿနာတွေကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တာမျိုးမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါ တယ်။ ဒါ့ပြင် (၂၀၂၁)ခုနှစ်တုန်းက ဖြစ်ပွားခဲ့ဖူးတဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံ ကိုစီးနင်းချိန် အတွင်း ဖမ်းဆီးခံရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အမိန့်နဲ့ ပဲရစ်ရာသီဥတု ပြောင်းလဲမှုသဘော တူညီမှုကနေနုတ်ထွက်မယ့် အ မိန့်တွေလည်းပါဝင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် အမေရိကန်လွှတ်တော် အဆောက်အအုံကိုစီးနင်းချိန်အတွင်း ဖမ်းဆီးစွဲချက် တင်ခံထား ရသူ (၁၅၀ဝ)ကျော် ပြန်လည်လွတ်မြောက်လာမှာလည်းဖြစ်ပါတယ်။ (၂၀၂၀)ပြည့်နှစ်ကကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွင်း မဲရလဒ်အငြင်းပွားမှုများဖြစ်ပွားခဲ့လို့ ဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေ ဟာ (၂၀၂၁)ခုနှစ် ဇန်နဝါရီ (၆)ရက်မှာ လွှတ် တော်အဆောက်အအုံတွေကိုစီးနင်းခဲ့ရာ လူပေါင်း (၁၅၀ဝ) ကျော် စွဲချက်တင်ဖမ်းဆီးခံခဲ့ရဖူးရာ လက် ရှိအချိန်မှာ ပြန်လည်လွတ်မြောက်တော့မှာလည်း ဖြစ်ပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင်သူကနေ အမေရိကန် နိုင်ငံအတွင်း မွေးဖွားခဲ့တဲ့ကလေးကို အလိုအလျောက် အမေရိကန်နိုင်ငံသားအဖြစ်ခွင့်ပြုမယ့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီအမိန့်ဟာ ဇန်နဝါရီ (၂၀) ရက်က ရက်ပေါင်း (၃၀)အတွင်း စတင်သွားမှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ (၂၀၁၅)ခုနှစ်တုန်းက ရရှိ ခဲ့ဖူးတဲ့ ပဲရစ် ရာသီဥတု ပြောင်းလဲမှုတိုက် ဖျက်ရေးဆိုင်ရာ သဘောတူညီမှုကနေနုတ်ထွက်မယ့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သလို အဲဒီဆုံးဖြတ် ချက်ကို ကုလ သမဂ္ဂအဖွဲ့ထံတင်ပြသွားမယ်လို့ဆိုပါတယ်။ ဒေါ်နယ် ထရမ့်က “အဲဒီသဘောတူညီချက် တွေက မျှတမှု မရှိဘူး။ မျှတမှုမရှိတဲ့အတွက် နုတ်ထွက်တာမျိုးဖြစ် တယ်” လို့ပြောပါတယ်။ ဒါ့ပြင် မက္ကဆီကိုပင်လယ် ကွေ့ကို အမည်ပြောင်းလဲမယ့်အမိန့်လည်း လက်မှတ် ရေးထိုးခဲ့သလို သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်မှတ် ရေးထိုးခဲ့တဲ့ EV ကားနဲ့ပတ်သက်တဲ့အမိန့်တွေကို ပြန်လည်ရုပ်သိမ်းမယ့်အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ဂျိုးဘိုင်ဒန်ဟာ (၂၀၃၀)ပြည့်နှစ်မှာ EV ကားအမျိုး အစားအသစ်အားလုံးရဲ့ တစ်ဝက် ကို ရောင်းချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြားဝင်စွက်ဖက်မှုမရှိတဲ့အမိန့်ကို ထုတ်ပြန်ခဲ့ဖူးရာ လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်က အဲဒီအမိန့်တွေကို ပြန်လည် ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော် တို့ဟာ ပြည်တွင်းမှာ ရှိတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်ပျက် စီးအောင်လုပ်ဆောင်မှာ မဟုတ်ဘူး” လို့ပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ လိင်နှစ်မျိုး၊ ကျားစစ်စစ် နဲ့မစစ်စစ်ဆိုတဲ့အချက်ကို သာအသိမှတ်ပြုမယ့် မူဝါဒကိုဖန်တီးမယ့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်က “ ကျား မရေးရာနဲ့ပတ်သက်ပြီး ဖက်ဒရယ်အစိုးရအဖွဲ့အစည်း၊ မူဝါဒ၊ ပုံစံတွေ ကိုပယ်ဖျက်သွားမှာဖြစ်တယ်။ကျား သို့မဟုတ် မ ဆိုတဲ့လိင်နှစ်မျိုးကိုသာ အသိမှတ် ပြုလက်ခံမယ့် မူဝါဒတွေကို အကောင်ထည်ဖော်မယ်။ အဲဒီမူဝါဒစည်းကမ်းအမိန့်တွေထဲမှာတော့ ကျားနဲ့မ နှစ်မျိုးသာ ရှိမယ်” လို့ပြောပါတယ်။ အမေရိကန် သမ္မတအသစ်ဟာ သတင်းများထွက်ပေါ်နေတဲ့အတိုင်း နိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသ အရေးအပေါ် အခြေအနေအမိန့်ကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရွှေ့ပြောင်းအလုပ်သမားများ အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင် ရောက်တာတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတောင်ပိုင်းနယ်စပ်ဒေသကို အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့တာမျိုးဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “တရားမဝင် ဝင်ရောက်သူတွေကို ချက်ချင်း တားဆီးသွားမယ်။ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်လေး မကြာခင်စတင်သွားတော့မယ်” လို့ပြောပါတယ်။ နယ်စပ်ဒေသတောင်ပိုင်း အရေးပေါ်အခြေနေ တွေအရ အမေရိကန်အစိုးရဟာ နယ်စပ်ဒေသတောင်ပိုင်းကို အမေရိကန်တပ်ဖွဲ့ တွေစေလွှတ်မှုအပြင် ရွှေ့ ပြောင်းသွားလာသူတွေနဲ့ပတ်သက်တဲ့မူဝါဒတွေကို ပိုမိုတင်းကြပ်သွား ဖွယ်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့အမိန့်တွေထဲမှာ ဖက်ဒရယ်အစိုးရအဖွဲ့တွေရဲ့ ဝန်ထမ်းခန့်အပ်မှုတွေကို တားမြစ် ကန့်သတ်မယ့်အမိန့်တွေလည်းပါဝင်ခဲ့သလို ကမ္ဘာကျော်လူမူ ကွန်ရက် TikTok ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုခွင့်ပိတ်ပင်မယ့်ဥပဒေ အကောင်အထည်ဖော် မှုကို ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့တယ် လို့သိရပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့အစိုးရအဖွဲ့လက်ထက်မှာ TikTok ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုခွင့် ပိတ်ပင်ဖို့နဲ့ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကိုပြန်လည်ရောင်းချဖို့ စည်းကမ်းသတ်မှတ်ချက်တွေရှိခဲ့ပြီး အမေရိကန်တရားရုံးကလည်း ဇန်နဝါရီ (၁၈) ရက် မှာအမိန့်သတ်မှတ်ခဲ့ပါတယ်။ TikTok ကို အမေရိ ကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မယ့် အချက်နဲ့ပတ်သက်ပြီး တရုတ်ကုမ္မဏီဟာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော့ ဒေါ်နယ်ထရမ့်ရဲ့အမိန့်ကြောင့် ကမ္ဘာကျော်လူမူ ကွန်ရက် TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မယ့်ဥပဒေ အကောင်ထည်ဖော်မှု ဟာ အနည်းဆုံး (၇၅) ရက်ကြာ နှောင့်နေးရဖွယ်ရှိနေပါ တယ်။ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတ အဖြစ် ပထမဆုံးတာဝန်ယူတဲ့နေ့မှာပဲ ရွေးကောက်ပွဲကာလ အတွင်းအကောင်ထည်ဖော်မယ်လို့ ကတိပေးခဲ့တဲ့ အရာတွေကို ဦးစားပေးထည့်သွင်းကာ အမိန့်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ အဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန် အတွင်း အမေရိကန်နိုင်ငံ ပဓာနဖြစ်ရေး အကောင်ထည်ဖော်မှုက ဘယ်လောက်အထိ တိုးတက် ကောင်း မွန်လာမလဲဆို တာ စိတ်ဝင်စားဖွယ်ကောင်းနေသလို ကနေဒါ၊ တရုတ်နဲ့ မက္ကဆီကိုနိုင်ငံတို့ကို ပစ်မှတ် ထားပြီး ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်တွေ လက်တွေ့ဖြစ်လာမှာလားဆိုတာလည်း စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ပထမဆုံး တာဝန်ယူတဲ့နေ့မှာပဲ သမ္မတ ဟောင်းဖြစ်သလို ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂျိုးဘိုင်ဒန်လက်ထက် ကသတ်မှတ်ထားတဲ့ စည်းကမ်းအမိန့်တွေကိုပယ်ဖျက်ခဲ့ရာ သမ္မတသက်တမ်းအတွင်း သမ္မတဟောင်းရဲ့ အမိန့်တွေထဲက ဘယ်လိုအမိန့်တွေ ကို ထပ်မံပယ်ဖျက်ဖွယ်ရှိသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်း နေပါတယ်။
Zawgyi Version:
သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ပထမဆုံးရက္မွာပဲ ေဒၚနယ္ထရမ့္က ဘယ္လိုစည္းကမ္းအမိန႔္ေတြကို လက္မွတ္ေရးထိုးခဲ့သလဲ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇
(၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလအတြင္းက်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီ (၂၀)ရက္မွာ အေမရိကန္ႏိုင္ငံရဲ႕ (၄၇)ဦးေျမာက္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆို လိုက္ၿပီျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို ကမာၻ႔ေခါင္းေဆာင္ေတြ အျပင္ ကမာၻေက်ာ္စီးပြားေရးလုပ္ငန္းရွင္အမ်ားအျပား တက္ေရာက္ခဲ့ေပမယ့္ ႐ုရွားသမၼတပူတင္၊ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္တို႔ ကိုယ္တိုင္တက္ေရာက္ခဲ့တာမ်ိဳးမရွိပါဘူး။ အေမရိကန္သမၼတဟာ က်မ္းသစၥာ က်ိန္ဆိုပြဲမွာ အေမရိကန္ပဓာနဆိုတဲ့အယူအဆကို အေျခခံၿပီး၊ အေမရိကန္ ေ႐ႊေခတ္ျပန္ေရာက္ရမယ္ ဆိုၿပီး ႀကဳံးဝါး ေျပာဆိုခဲ့ပါတယ္။ လူဝင္မႈႀကီးၾကပ္ေရးတင္းၾကပ္မႈေတြကို ပထမဆုံးေန႔မွာပဲ စတင္ အေရးယူေဆာင္႐ြက္ သြားမယ္လို႔ဆိုပါတယ္။ အေမရိကန္သမၼတက “အေမရိကန္ရဲ႕ ေ႐ႊေရာင္ ေခတ္ကို အခု ျပန္စပါၿပီ။ ဒီေန႔ ကစလို႔ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ပြင့္လင္းၿပီး တစ္ကမာၻလုံးက ေလးေလးစားစား ဆက္ဆံခံရတဲ့တိုင္းျပည္ ျပန္ျဖစ္လာပါ့မယ္။ ႏိုင္ငံတိုင္းကအားက်ရၿပီး ကြၽန္ေတာ္တို႔ကို ဘယ္လိုမွ အျမတ္ထုတ္ အခြင့္အေရးယူတာမ်ိဳး ခြင့္မျပဳႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္ဦးေဆာင္မယ့္ အစိုးရလက္ ထက္ရဲ႕ ေန႔စဥ္တိုင္းမွာ အေမရိကန္က သာ ပထမဦးစားေပးဆိုတာ ရွင္းရွင္းလင္းလင္းျဖစ္ရပါမယ္” လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္က ကမာၻႀကီးမွာ အေမရိကန္အေရး ေရွ႕တန္းတင္မွာျဖစ္သလို တစ္ဖက္မွာ ၿငိမ္းခ်မ္းညီၫြတ္ေရးအတြက္ ေဆာင္႐ြက္လိုတဲ့ သူ႔ဆႏၵကိုလည္း ေျပာခဲ့ပါေသးတယ္။သမၼတက်မ္းသစၥာ က်ိန္ဆိုပြဲကို အစဥ္အလာအတိုင္း လႊတ္ေတာ္အေနာက္ဘက္ျခမ္း စင္ျမင့္မွာျပဳလုပ္ရာကေန ရာသီဥတု အေျခအေနေၾကာင့္ လႊတ္ေတာ္အတြင္း ခန္းမႀကီးမွာလုပ္ခဲ့ရသလို သမၼတက်မ္းသစၥာဆိုတဲ့ေန႔ ဂုဏ္ျပဳ ခ်ီတက္ပြဲကိုလည္းဖ်က္လိုက္ရၿပီး အဲဒီအစား ဝါရွင္တန္ဒီစီမွာရွိတဲ့ Capital One ေဖ်ာ္ေျဖေရးခန္း မႀကီးမွာ အစားထိုး ျပဳလုပ္ခဲ့ရတယ္လို႔သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ သမၼတအျဖစ္ ပထမဆုံးတာဝန္ယူတဲ့ေန႔မွာပဲ အေမရိကန္အလံေတြ အျပည့္ျပန္တင္ဖို႔အမိန႔္ အပါအဝင္ အမိန႔္ အမ်ား အျပားကို ထုတ္ျပန္ခဲ့တယ္လို႔သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတ အျဖစ္က်မ္းသစၥာ က်ိန္ဆိုၿပီးေနာက္ လက္မွတ္ေရး ထိုးခဲ့တဲ့အမိန႔္ေတြထဲမွာ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္ ကထုတ္ျပန္ခဲ့ တဲ့ အမိန႔္(၇၈)ခုကို ျပန္လည္ဖ်က္သိမ္းတာပါဝင္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ လက္မွတ္ ေရးထိုးခဲ့တဲ့ ဂ်ိဳးဘိုင္ ဒန္လက္ထက္ အမိန႔္ (၇၈)ခုကို ဖ်က္သိမ္းတဲ့အမိန႔္ေၾကာင့္ အေနာက္ဘက္ကမ္းက ပါလက္စတိုင္းေတြရဲ႕ ပိုင္ဆိုင္မႈေတြကို တိုက္ခိုက္၊ ၿခိမ္းေျခာက္၊ သိမ္းယူဖို႔ ႀကိဳးစားတဲ့ဘယ္ႏိုင္ငံျခား သားကိုမဆို အေမရိကန္အစိုးရက အေရးယူပိတ္ဆို႔ခြင့္ရွိတယ္ဆိုတဲ့ လုပ္ပိုင္ခြင့္အမိန႔္ကို ဖ်က္သိမ္းလိုက္ တာျဖစ္ပါတယ္။ ေဒၚနယ္ထ ရမ့္လက္မွတ္ေရးထိုးခဲ့တဲ့အမိန႔္ေတြထဲမွာ ေ႐ြးေကာက္ပြဲဝင္ေရာက္စြက္ ဖက္တဲ့ အစိုးရအဖြဲ႕ဝင္ ေဟာင္းေတြကို တာဝန္ခံခိုင္းမယ္ဆိုတဲ့အမိန႔္၊ အစိုးရ တရားဝင္ဌာနမဟုတ္တဲ့ အစိုးရစြမ္းေဆာင္ရည္ဌာ န (DOGE) စတင္ေဆာင္႐ြက္မယ့္အမိန႔္၊ ကမာၻ႔ က်န္းမာေရးအဖြဲ႕ (WHO) ကေန အေမရိကန္ႏိုင္ငံ ႏုတ္ထြက္မယ့္အမိန႔္ေတြ ပါဝင္ခဲ့ပါတယ္။ အေမရိ ကန္သမၼတေဒၚနယ္ထရမ့္က “ကမာၻ႔က်န္းမာေရးအ ဖြဲ႕ဟာ ကြၽန္ေတာ္တို႔ကို ဆုတ္ယုတ္ေစတယ္။အဲဒီလို မ်ိဳး ထပ္မံအျဖစ္မခံႏိုင္ဘူး” လို႔ ေျပာပါတယ္။ ကမာၻ႔ က်န္းမာေရးအဖြဲ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ ကမာၻ႔က်န္းမာေရး ျပႆနာေတြကို ေအာင္ျမင္စြာ ကိုင္တြယ္ေျဖရွင္းႏိုင္တာမ်ိဳးမရွိဘူးလို႔ ေဒၚနယ္ထရမ့္က ေဝဖန္ခဲ့ပါ တယ္။ ဒါ့ျပင္ (၂၀၂၁)ခုႏွစ္တုန္းက ျဖစ္ပြားခဲ့ဖူးတဲ့ အေမရိကန္လႊတ္ေတာ္အေဆာက္အအုံ ကိုစီးနင္းခ်ိန္ အတြင္း ဖမ္းဆီးခံရသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့အမိန႔္နဲ႔ ပဲရစ္ရာသီဥတု ေျပာင္းလဲမႈသေဘာ တူညီမႈကေနႏုတ္ထြက္မယ့္ အ မိန႔္ေတြလည္းပါဝင္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန႔္ေၾကာင့္ အေမရိကန္လႊတ္ေတာ္ အေဆာက္အအုံကိုစီးနင္းခ်ိန္အတြင္း ဖမ္းဆီးစြဲခ်က္ တင္ခံထား ရသူ (၁၅၀ဝ)ေက်ာ္ ျပန္လည္လြတ္ေျမာက္လာမွာလည္းျဖစ္ပါတယ္။ (၂၀၂၀)ျပည့္ႏွစ္ကက်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း မဲရလဒ္အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့လို႔ ေဒၚနယ္ထရမ့္ကိုေထာက္ခံသူေတြ ဟာ (၂၀၂၁)ခုႏွစ္ ဇန္နဝါရီ (၆)ရက္မွာ လႊတ္ ေတာ္အေဆာက္အအုံေတြကိုစီးနင္းခဲ့ရာ လူေပါင္း (၁၅၀ဝ) ေက်ာ္ စြဲခ်က္တင္ဖမ္းဆီးခံခဲ့ရဖူးရာ လက္ ရွိအခ်ိန္မွာ ျပန္လည္လြတ္ေျမာက္ေတာ့မွာလည္း ျဖစ္ပါ တယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ေနထိုင္သူကေန အေမရိကန္ ႏိုင္ငံအတြင္း ေမြးဖြားခဲ့တဲ့ကေလးကို အလိုအေလ်ာက္ အေမရိကန္ႏိုင္ငံသားအျဖစ္ခြင့္ျပဳမယ့္အမိန႔္ကို လက္မွတ္ေရးထိုးခဲ့ၿပီး အဲဒီအမိန႔္ဟာ ဇန္နဝါရီ (၂၀) ရက္က ရက္ေပါင္း (၃၀)အတြင္း စတင္သြားမွာ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ (၂၀၁၅)ခုႏွစ္တုန္းက ရရွိ ခဲ့ဖူးတဲ့ ပဲရစ္ ရာသီဥတု ေျပာင္းလဲမႈတိုက္ ဖ်က္ေရးဆိုင္ရာ သေဘာတူညီမႈကေနႏုတ္ထြက္မယ့္အမိန႔္ကို လက္မွတ္ေရးထိုးခဲ့သလို အဲဒီဆုံးျဖတ္ ခ်က္ကို ကုလ သမဂၢအဖြဲ႕ထံတင္ျပသြားမယ္လို႔ဆိုပါတယ္။ ေဒၚနယ္ ထရမ့္က “အဲဒီသေဘာတူညီခ်က္ ေတြက မွ်တမႈ မရွိဘူး။ မွ်တမႈမရွိတဲ့အတြက္ ႏုတ္ထြက္တာမ်ိဳးျဖစ္ တယ္” လို႔ေျပာပါတယ္။ ဒါ့ျပင္ မကၠဆီကိုပင္လယ္ ေကြ႕ကို အမည္ေျပာင္းလဲမယ့္အမိန႔္လည္း လက္မွတ္ ေရးထိုးခဲ့သလို သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ လက္မွတ္ ေရးထိုးခဲ့တဲ့ EV ကားနဲ႔ပတ္သက္တဲ့အမိန႔္ေတြကို ျပန္လည္႐ုပ္သိမ္းမယ့္အမိန႔္ကို ထုတ္ျပန္ခဲ့ပါတယ္။ဂ်ိဳးဘိုင္ဒန္ဟာ (၂၀၃၀)ျပည့္ႏွစ္မွာ EV ကားအမ်ိဳး အစားအသစ္အားလုံးရဲ႕ တစ္ဝက္ ကို ေရာင္းခ်ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၾကားဝင္စြက္ဖက္မႈမရွိတဲ့အမိန႔္ကို ထုတ္ျပန္ခဲ့ဖူးရာ လက္ရွိအခ်ိန္မွာ ေဒၚနယ္ထရမ့္က အဲဒီအမိန႔္ေတြကို ျပန္လည္ ႐ုပ္သိမ္းခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ တို႔ဟာ ျပည္တြင္းမွာ ရွိတဲ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ပ်က္ စီးေအာင္လုပ္ေဆာင္မွာ မဟုတ္ဘူး” လို႔ေျပာပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၎အေနနဲ႔ လိင္ႏွစ္မ်ိဳး၊ က်ားစစ္စစ္ နဲ႔မစစ္စစ္ဆိုတဲ့အခ်က္ကို သာအသိမွတ္ျပဳမယ့္ မူဝါဒကိုဖန္တီးမယ့္အမိန႔္ကို လက္မွတ္ေရးထိုးခဲ့ပါ တယ္။ ေဒၚနယ္ထရမ့္က “ က်ား မေရးရာနဲ႔ပတ္သက္ၿပီး ဖက္ဒရယ္အစိုးရအဖြဲ႕အစည္း၊ မူဝါဒ၊ ပုံစံေတြ ကိုပယ္ဖ်က္သြားမွာျဖစ္တယ္။က်ား သို႔မဟုတ္ မ ဆိုတဲ့လိင္ႏွစ္မ်ိဳးကိုသာ အသိမွတ္ ျပဳလက္ခံမယ့္ မူဝါဒေတြကို အေကာင္ထည္ေဖာ္မယ္။ အဲဒီမူဝါဒစည္းကမ္းအမိန႔္ေတြထဲမွာေတာ့ က်ားနဲ႔မ ႏွစ္မ်ိဳးသာ ရွိမယ္” လို႔ေျပာပါတယ္။ အေမရိကန္ သမၼတအသစ္ဟာ သတင္းမ်ားထြက္ေပၚေနတဲ့အတိုင္း ႏိုင္ငံ ေတာင္ပိုင္းနယ္စပ္ေဒသ အေရးအေပၚ အေျခအေနအမိန႔္ကိုလည္းလက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား အေမရိကန္ႏိုင္ငံထဲကို တရားမဝင္ ဝင္ ေရာက္တာေတြကို တားဆီးဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံေတာင္ပိုင္းနယ္စပ္ေဒသကို အေရးေပၚအေျခအေန သတ္မွတ္ခဲ့တာမ်ိဳးျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “တရားမဝင္ ဝင္ေရာက္သူေတြကို ခ်က္ခ်င္း တားဆီးသြားမယ္။ တရားမဝင္ ဝင္ေရာက္လာသူေတြနဲ႔ ရာဇဝတ္မႈ က်ဴးလြန္သူေတြကို မိခင္ႏိုင္ငံကို ျပန္ပို႔မယ့္အစီအစဥ္ေလး မၾကာခင္စတင္သြားေတာ့မယ္” လို႔ေျပာပါတယ္။ နယ္စပ္ေဒသေတာင္ပိုင္း အေရးေပၚအေျခေန ေတြအရ အေမရိကန္အစိုးရဟာ နယ္စပ္ေဒသေတာင္ပိုင္းကို အေမရိကန္တပ္ဖြဲ႕ ေတြေစလႊတ္မႈအျပင္ ေ႐ႊ႕ ေျပာင္းသြားလာသူေတြနဲ႔ပတ္သက္တဲ့မူဝါဒေတြကို ပိုမိုတင္းၾကပ္သြား ဖြယ္ရွိေနပါတယ္။ ေဒၚနယ္ထရမ့္ လက္မွတ္ေရးထိုးခဲ့တဲ့အမိန႔္ေတြထဲမွာ ဖက္ဒရယ္အစိုးရအဖြဲ႕ေတြရဲ႕ ဝန္ထမ္းခန႔္အပ္မႈေတြကို တားျမစ္ ကန႔္သတ္မယ့္အမိန႔္ေတြလည္းပါဝင္ခဲ့သလို ကမာၻေက်ာ္လူမူ ကြန္ရက္ TikTok ကို အေမရိကန္ႏိုင္ငံအတြင္းအသုံးျပဳခြင့္ပိတ္ပင္မယ့္ဥပေဒ အေကာင္အထည္ေဖာ္ မႈကို ရပ္ဆိုင္းထားဖို႔ အမိန႔္ထုတ္ျပန္ခဲ့တယ္ လို႔သိရပါတယ္။ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕လက္ထက္မွာ TikTok ကို အေမရိကန္ႏိုင္ငံအတြင္းအသုံးျပဳခြင့္ ပိတ္ပင္ဖို႔နဲ႔ အေမရိကန္ႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္ကိုျပန္လည္ေရာင္းခ်ဖို႔ စည္းကမ္းသတ္မွတ္ခ်က္ေတြရွိခဲ့ၿပီး အေမရိကန္တရား႐ုံးကလည္း ဇန္နဝါရီ (၁၈) ရက္ မွာအမိန႔္သတ္မွတ္ခဲ့ပါတယ္။ TikTok ကို အေမရိ ကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္မယ့္ အခ်က္နဲ႔ပတ္သက္ၿပီး တ႐ုတ္ကုမၼဏီဟာ ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ့ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ေၾကာင့္ ကမာၻေက်ာ္လူမူ ကြန္ရက္ TikTok ကို အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္မယ့္ဥပေဒ အေကာင္ထည္ေဖာ္မႈ ဟာ အနည္းဆုံး (၇၅) ရက္ၾကာ ေႏွာင့္ေနးရဖြယ္ရွိေနပါ တယ္။ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတ အျဖစ္ ပထမဆုံးတာဝန္ယူတဲ့ေန႔မွာပဲ ေ႐ြးေကာက္ပြဲကာလ အတြင္းအေကာင္ထည္ေဖာ္မယ္လို႔ ကတိေပးခဲ့တဲ့ အရာေတြကို ဦးစားေပးထည့္သြင္းကာ အမိန႔္ေတြကို လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတ အျဖစ္ ဒုတိယအႀကိမ္တာဝန္ယူခ်ိန္ အတြင္း အေမရိကန္ႏိုင္ငံ ပဓာနျဖစ္ေရး အေကာင္ထည္ေဖာ္မႈက ဘယ္ေလာက္အထိ တိုးတက္ ေကာင္း မြန္လာမလဲဆို တာ စိတ္ဝင္စားဖြယ္ေကာင္းေနသလို ကေနဒါ၊ တ႐ုတ္နဲ႔ မကၠဆီကိုႏိုင္ငံတို႔ကို ပစ္မွတ္ ထားၿပီး ကုန္သြယ္ခြန္ တိုးျမႇင့္ေကာက္ခံမယ့္အစီအစဥ္ေတြ လက္ေတြ႕ျဖစ္လာမွာလားဆိုတာလည္း ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ ပထမဆုံး တာဝန္ယူတဲ့ေန႔မွာပဲ သမၼတ ေဟာင္းျဖစ္သလို ၿပိဳင္ဘက္ေဟာင္းျဖစ္ခဲ့ဖူးတဲ့ ဂ်ိဳးဘိုင္ဒန္လက္ထက္ ကသတ္မွတ္ထားတဲ့ စည္းကမ္းအမိန႔္ေတြကိုပယ္ဖ်က္ခဲ့ရာ သမၼတသက္တမ္းအတြင္း သမၼတေဟာင္းရဲ႕ အမိန႔္ေတြထဲက ဘယ္လိုအမိန႔္ေတြ ကို ထပ္မံပယ္ဖ်က္ဖြယ္ရွိသလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္း ေနပါတယ္။