“နာမည်ကို အသုံးချနေသူများကို ထက်ထက်မိုးဦး သတိပေးခြင်း နဲ့ ဇာတ်ကားရုံတင်ပြသမှု အပြောင်းအလဲ”
252
“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေ ကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် “နာမည်သုံး ပြောဆိုနေသူအားလုံးကို အရေးယူတော့မှာဖြစ်ကြောင်း ထက်ထက်မိုးဦး ကြေညာ၊
သင်ဇာဝင့်ကျော် ရေခဲတောင်မှာ ရိုက်ကူးခဲ့တဲ့ရုပ်ရှင် လူစိတ်ဝင်စားမှုများနေ၊ ရုပ်ရှင် ဂီတ သရုပ်ဆောင် ဒါရိုက်တာ ရွှေခြံသန်းမြင့် ကွယ်လွန်” အစရှိတဲ့ အနုပညာ ဆက်စပ် သတင်းတွေကို ဖော်ပြပေးပါမယ်။
နာမည်သုံး အင်တာဗျူးမေးသူ/ ဖြေသူအားလုံးကို တရားဥပဒေအရ အရေးယူတော့မှာဖြစ်ကြောင်း ထက်ထက်မိုးဦး ကြေညာ
အိဖြူ (NP News) - ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီး ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးက သူ့နာမည်ကို အင်တာဗျူးတွေ မှာ ထည့်သွင်းမေးမြန်းတာ၊ ဖြေကြားတာတွေမလုပ်ဆောင်ဖို့နဲ့ ဆိုရှယ်ပလက်ဖောင်းတွေမှာ သူ ကိုယ်တိုင်ခွင့်ပြု ထားခြင်းမျိုးမရှိဘဲ ပြောဆိုသုံးစွဲတာကိုခွင့်မပြုပါကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ အသိပေးပြောဆိုမှုအရ “ မီဒီယာများအားလုံးသိစေရန်... ကျွန်မ ထက်ထက်မိုးဦး နာမည် (သို့မဟုတ်) ကျွန်မနဲ့ ပတ်သက်တဲ့ထက်ထက်မိုးဦးရဲ့မည်သည့်အကြောင်းအရာမဆို ပြောဆိုမေးမြန်းထားသည်များကို ကျွန်မခွင့်ပြုချက် မပါဘဲ မည်သည့်ဆိုရှယ်ပလက်ဖောင်းများတွင်မျှ သုံးစွဲခွင့်မပြုပါ။ အသုံးပြုသူများကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” လို့ သူရဲ့ Blue Mark ရရှိထားတဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဖော်ပြကြေညာခဲ့တာဖြစ်ပါတယ်။
ဆိုရှယ်ပလက်ဖောင်းတွေမှာ မြင်တွေ့ချက်တွေအရ တချို့ဖေ့စ်ဘွတ်ခ်ဆယ်လီတွေက သူတို့ကို လူစိတ်ဝင်စားမှုများပြားလာစေဖို့အတွက် ရည်ရွယ်ချက်ရှိစွာပဲ ထိပ်တန်းမင်းသမီးတွေရဲ့ပုံစံအတိုင်း အတုခိုး သရုပ်ဆောင်တာ၊ ရင်းနှီးဟန်ပြုမူတာ၊ နာမည်ကြီးအနုပညာရှင်ရဲ့အမည်ကို အသုံးချပြောဆိုတာတွေ လုပ်ဆောင် လာကြပါတယ်။ လူတစ်ဦးချင်းစီရဲ့လွတ်လပ်ပိုင်ခွင့်အရ မေးတာ၊ ပြောတာ၊ ဖြေကြားတာတွေ လုပ်ဆောင်နိုင် ပေမယ့် ကာယကံရှင်ကိုယ်တိုင်မပါဝင်တဲ့စကားဝိုင်းမှာ အဆိုပါသူရဲ့အကြောင်းကို သတင်းလုပ်ပြောဆိုနေတာမျိုး က လုံးဝ မဖြစ်သင့်တဲ့ကိစ္စတစ်ခုသာဖြစ်ပါတယ်။ ဒီလိုအချက်ကို ကာယကံရှင်တွေကိုယ်တိုင်က မနှစ်သက် ကြောင်း ပြောဆိုလာပါက ရပ်တန့်သင့်ပြီ ထင်ပါတယ်။
ဒါ့ပြင် အနုပညာမီဒီယာသတင်းထောက်တွေကိုယ်တိုင်က သူတို့ရဲ့သတင်းဌာနပေ့ချ်တွေ ကြည့်ရှုနှုန်း မြင့်တက်စေဖို့ရည်ရွယ်ကာ ဖေ့စ်ဘွတ်ခ်ဆယ်လီတွေကို အရေးတယူလုပ် အင်တာဗျူး မေးမြန်းကြရင်း နှုတ်စည်း စောင့်ထိန်းမှုမရှိဘဲ တစ်ပါးသူနာမည်ကို ထည့်သွင်းမေးခွန်းထုတ်တာ၊ ဖြေကြားတာ၊ အဓိပ္ပာယ်လွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်တပ်ကာ ဖော်ပြတာတွေ လုပ်ဆောင်လျက်ရှိ ကြတာကိုတွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ် တွေက မင်းသမီးထက်ထက်မိုးဦးတစ်ဦးတည်းကိုလုပ်ဆောင်ကြခြင်းမဟုတ်ဘဲ တခြားအနုပညာရှင်တွေလည်း ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ မိမိနာမည်၊ မိမိအကြောင်းကို တစ်ပါးသူက အသုံးချပြောဆိုနေမှုတွေကို လုံးဝနှစ်သက်မှုမရှိကြောင်း အတိအလင်းကြေညာခဲ့တာမျိုးဖြစ်ပါတယ်။
သင်ဇာဝင့်ကျော် ရေခဲတောင်မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား လူစိတ်ဝင်စားမှုများနေ
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်လာတဲ့ ဇန်နဝါရီလအတွင်း သူပါဝင်ထားတဲ့ “နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို လွန်ခဲ့တဲ့ (၆) နှစ်က ရိုက်ကူးခဲ့ကြတာဖြစ်ပြီး တိုက်ဆိုင်စွာပဲ သင်ဇာဝင့်ကျော် အကျဉ်းထောင်က ပြန်လည်လွတ်မြောက် လာချိန်မှာ ရုံတင်ခွင့်ရရှိခဲ့တာပါ။ “နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီမြင့်မြတ်၊ JZ ဒေါင်လွဏ်း၊ ငြိမ်းသော်၊ ယုန်လေး၊ သင်ဇာဝင့်ကျော်၊ L ဘောက်နူး၊ K ညီ စတဲ့ သရုပ်ဆောင်တွေနဲ့အတူ ရဝမ်၊ လီဆူး တိုင်းရင်းသားတွေက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ညွှန်းကို ဒီရေလှိုင်းနဲ့ မယ်ခိုင်တို့က ရေးသားကာ ဇာတ်လမ်း/ဒါရိုက်တာ JZ ဒေါင်လွဏ်းက ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။
ဇာတ်ကားရိုက်ကူးစဉ်အချိန်က ရေခဲတောင်မှာ သင်ဇာဝင့်ကျော်က ကင်မရာကို ကျောပေးကာ အပေါ်ပိုင်း အင်္ကျီဗလာအတိုင်း ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေက လူမှုကွန်ရက်တစ်ခွင် ပျံ့နှံ့မှုမြင့်တက်ခဲ့ပြီး ပုရိသတွေရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့တဲ့အခိုက်အတန့်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဇာတ်သိမ်းခန်းကလည်း ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ့် ဇာတ်ဝင်ခန်းမျိုးဖြစ်ကြောင်း ဒါရိုက်တာကိုယ်တိုင်က ညွှန်းဆိုထားတာပါ။ “နှင်းပွင့်စေရာ” ရုပ်ရှင် ဇာတ်ကားက ဓာတ်ပုံဝါသနာရှင် လူငယ်တွေရဲ့ နှင်းတောင် ခရီးသွားစွန့်စားခန်း ဇာတ်ကားမျိုးဖြစ်ပြီး ကချင်ပြည်နယ်ရှိ ရေခဲတောင်အလှအပတွေ၊ ဒေသခံလူမျိုးတွေရဲ့ဓလေ့စရိုက်တွေ၊ လူငယ်တွေရဲ့စွန့်စားခန်းတွေ၊ ရိုမန့်တစ်ဇာတ်ဝင်ခန်းတွေအပါအဝင် ဇာတ်ကား အစ၊ အလယ်၊ အဆုံး စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ရုပ်ရှင် ဇာတ်ကားဖြစ်တာကြောင့် ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာ JZ ဒေါင်လွဏ်းအပါအဝင် အနုပညာရှင်တွေက ပရိသတ်တွေရဲ့မှတ်ချက်စကားတွေကိုစောင့်မျှော်လျက်ရှိကြပါတယ်။ ဒါရိုက်တာ၊ သရုပ်ဆောင် JZ ဒေါင်လွဏ်း ဟာ “မနောမြေမှ ကျောက် စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားနဲ့ အထူးဆုကို ရရှိထားသူဖြစ်ပါတယ်။
“နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကို (၂၀၁၉) ခုနှစ်က ရိုက်ကူးခဲ့ကြတာဖြစ်ပြီး လာမယ့် (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၃၁) ရက်မှာ ရုံတင်ပြသခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ သို့သော် “နှင်းပွင့်စေရာ”ရုပ်ရှင် ရုံတင် မပြခင် ဇန်နဝါရီလ (၂၄) ရက် (သောကြာနေ့)မှာ ရုံတင်ဖို့စီစဉ်ကြေညာထားတဲ့ “ခြေဆယ့် တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကို တော့ ရုံမတင်မီ (၁) ရက်အလိုမှာ မပြသဖြစ်တော့ကြောင်း သရုပ်ဆောင် အလင်းရောင်က ဇန်နဝါရီလ (၂၂) ရက် ညနေပိုင်းမှာ သူရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှတစ်ဆင့် အသိပေးကြေညာခဲ့ပေမယ့်အကြောင်းရင်းကို ထုတ်ဖော် ပြောကြားခဲ့တာမျိုးမရှိခဲ့ပါ။ ဒါပေမဲ့ အဆိုပါဇာတ်ကားမှာ နိုင်ငံရေးဥပဒေပုဒ်မနဲ့ ငြိစွန်းလျက်ရှိသူ အကယ်ဒမီ ကျော်သူ ပါဝင်ထားတာကို သတိပြုမိပါတယ်။
ရုပ်ရှင် ဂီတ သရုပ်ဆောင် ဒါရိုက်တာ ရွှေခြံသန်းမြင့် ကွယ်လွန်
ရုပ်ရှင်ဂီတ သရုပ်ဆောင် ဒါရိုက်တာ ရွှေခြံသန်းမြင့်ဟာ ဇန်နဝါရီလ (၂၀) ရက် နံနက် (၅) နာရီ (၄၅) မိနစ်အချိန်က အဆုတ်ရောဂါကြောင့် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါပြီ။ ဒါရိုက်တာ ရွှေခြံသန်းမြင့်ဟာ ငယ်စဉ်ကတည်းက ပန်းနာရင်ကြပ်ရောဂါရှိခဲ့သူဖြစ်ကာ (၂၀၁၃)ခုနှစ်ကစတင်ကာအဆုတ်ရောဂါ ဝေဒနာကို ခံစားခဲ့ရပြီး (၂၀၂၄) ခုနှစ်အတွင်းမှာ အဆုတ်ထဲပိုးဝင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ မိသားစုဝင်တွေက ဒါရိုက်တာရွှေခြံသန်းမြင့်ရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ (၂၂) ရက် မွန်းလွဲ (၁) နာရီအချိန် ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြပြီး၊ နောက်ဆုံးခရီး နာရေးအခမ်းအနားသို့ အနုပညာ ညီအစ်ကို မောင်နှမတချို့လည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင် ဂီတ သရုပ်ဆောင် ဒါရိုက်တာ ရွှေခြံသန်းမြင့်အတွက်ရည်စူးပြုလုပ်တဲ့ ရက်လည်ဆွမ်းသွတ်တရားနာ ရေစက်ချအလှူကို ဇန်နဝါရီလ (၂၆) ရက် (တနင်္ဂနွေနေ့) မနက် (၇) နာရီမှ (၁၂) နာရီအထိ ပြုလုပ်သွားမှာဖြစ်ကြောင်း ဆွေမျိုးမိတ်ဆွေ များကို အသိပေးထားတာတွေ့ရပါတယ်။ ရွှေခြံသန်းမြင့်ဟာ အသက် (၄၂) နှစ်အရွယ်မှ အနုပညာအလုပ် တွေကို စတင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကာ ကက်ဆက်ဇာတ်လမ်းပေါင်း (၁၂၀ဝ ) ကျော်နဲ့ ဗီဒီယိုဇာတ် လမ်းပေါင်း (၇၀ဝ)ကျော်အထိ အသံသွင်းသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ရွှေခြံသန်းမြင့်ကို ပရိသတ် အများစုက တော်လှန်ရေးဇာတ်ကား၊ ဘုန်းကြီးဇာတ်ရုပ်တွေနဲ့ မှတ်မိလေ့ရှိပါတယ်။ သူဟာ အနုပညာ ကို ချစ်မြတ်နိုးတန်ဖိုးထားသူတစ်ဦးဖြစ်ကြောင်းသိရကာ ]]ကျန်းမာရေးကောင်းလာရင် ပြည်သူလူထုကို ပြန်ဖျော်ဖြေဦးမှာ” လို့ ဖခင်ဖြစ်သူ ရွှေခြံသန်းမြင့်က အမြဲပြောလေ့ရှိကြောင်း မိသားစုဝင်တွေရဲ့ပြောပြ ချက်တွေအရ သိရပါတယ်။ သူဟာ တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက် အနှိုင်းမဲ့နာရေးကူညီမှုအသင်းမှာ နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးရုံမက ရပ်ရွာအကျိုးစီးပွားတွေကိုထမ်းဆောင်သူ တစ်ဦးဖြစ် တယ်လို့လည်း သိရပါတယ်။
ရုပ်ရှင် ဂီတ သရုပ်ဆောင် ဒါရိုက်တာ ရွှေခြံသန်းမြင့် ကွယ်လွန်ချိန်မှာ အသက် (၈၃)နှစ်ရှိပြီဖြစ်ပြီး အသက်အရွယ်အရသော်လည်းကောင်း၊ ရောဂါအခံတွေကြောင့်သော်လည်းကောင်း သူချစ်တဲ့မိသားစုနဲ့ တန်ဖိုး ထားတဲ့ အနုပညာအလုပ်တွေကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။
ဒီတစ်ပတ် အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။
Zawgyi Version:
“နာမည္ကို အသုံးခ်ေနသူမ်ားကို ထက္ထက္မိုးဦး သတိေပးျခင္းနဲ႔ ဇာတ္ကား႐ုံတင္ျပသမႈ အေျပာင္းအလဲ”
“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြ ကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ “နာမည္သုံး ေျပာဆိုေနသူအားလုံးကို အေရးယူေတာ့မွာျဖစ္ေၾကာင္း ထက္ထက္မိုးဦး ေၾကညာ၊
သင္ဇာဝင့္ေက်ာ္ ေရခဲေတာင္မွာ ႐ိုက္ကူးခဲ့တဲ့႐ုပ္ရွင္ လူစိတ္ဝင္စားမႈမ်ားေန၊ ႐ုပ္ရွင္ ဂီတ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္ ကြယ္လြန္” အစရွိတဲ့ အႏုပညာ ဆက္စပ္ သတင္းေတြကို ေဖာ္ျပေပးပါမယ္။
နာမည္သုံး အင္တာဗ်ဴးေမးသူ/ ေျဖသူအားလုံးကို တရားဥပေဒအရ အေရးယူေတာ့မွာျဖစ္ေၾကာင္း ထက္ထက္မိုးဦး ေၾကညာ
အိျဖဴ (NP News) - ဇန္နဝါရီ ၂၇
ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီး ထပ္ဆင့္အကယ္ဒမီ ထက္ထက္မိုးဦးက သူ႔နာမည္ကို အင္တာဗ်ဴးေတြ မွာ ထည့္သြင္းေမးျမန္းတာ၊ ေျဖၾကားတာေတြမလုပ္ေဆာင္ဖို႔နဲ႔ ဆိုရွယ္ပလက္ေဖာင္းေတြမွာ သူ ကိုယ္တိုင္ခြင့္ျပဳ ထားျခင္းမ်ိဳးမရွိဘဲ ေျပာဆိုသုံးစြဲတာကိုခြင့္မျပဳပါေၾကာင္း တရားဝင္ေၾကညာခဲ့တာျဖစ္ပါတယ္။ ထက္ထက္မိုးဦးရဲ႕ အသိေပးေျပာဆိုမႈအရ “ မီဒီယာမ်ားအားလုံးသိေစရန္... ကြၽန္မ ထက္ထက္မိုးဦး နာမည္ (သို႔မဟုတ္) ကြၽန္မနဲ႔ ပတ္သက္တဲ့ထက္ထက္မိုးဦးရဲ႕မည္သည့္အေၾကာင္းအရာမဆို ေျပာဆိုေမးျမန္းထားသည္မ်ားကို ကြၽန္မခြင့္ျပဳခ်က္ မပါဘဲ မည္သည့္ဆိုရွယ္ပလက္ေဖာင္းမ်ားတြင္မွ် သုံးစြဲခြင့္မျပဳပါ။ အသုံးျပဳသူမ်ားကို တရားဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း” လို႔ သူရဲ႕ Blue Mark ရရွိထားတဲ့ တရားဝင္ေဖ့စ္ဘြတ္ခ္အေကာင့္မွာ ေဖာ္ျပေၾကညာခဲ့တာျဖစ္ပါတယ္။
ဆိုရွယ္ပလက္ေဖာင္းေတြမွာ ျမင္ေတြ႕ခ်က္ေတြအရ တခ်ိဳ႕ေဖ့စ္ဘြတ္ခ္ဆယ္လီေတြက သူတို႔ကို လူစိတ္ဝင္စားမႈမ်ားျပားလာေစဖို႔အတြက္ ရည္႐ြယ္ခ်က္ရွိစြာပဲ ထိပ္တန္းမင္းသမီးေတြရဲ႕ပုံစံအတိုင္း အတုခိုး သ႐ုပ္ေဆာင္တာ၊ ရင္းႏွီးဟန္ျပဳမူတာ၊ နာမည္ႀကီးအႏုပညာရွင္ရဲ႕အမည္ကို အသုံးခ်ေျပာဆိုတာေတြ လုပ္ေဆာင္ လာၾကပါတယ္။ လူတစ္ဦးခ်င္းစီရဲ႕လြတ္လပ္ပိုင္ခြင့္အရ ေမးတာ၊ ေျပာတာ၊ ေျဖၾကားတာေတြ လုပ္ေဆာင္ႏိုင္ ေပမယ့္ ကာယကံရွင္ကိုယ္တိုင္မပါဝင္တဲ့စကားဝိုင္းမွာ အဆိုပါသူရဲ႕အေၾကာင္းကို သတင္းလုပ္ေျပာဆိုေနတာမ်ိဳး က လုံးဝ မျဖစ္သင့္တဲ့ကိစၥတစ္ခုသာျဖစ္ပါတယ္။ ဒီလိုအခ်က္ကို ကာယကံရွင္ေတြကိုယ္တိုင္က မႏွစ္သက္ ေၾကာင္း ေျပာဆိုလာပါက ရပ္တန႔္သင့္ၿပီ ထင္ပါတယ္။
ဒါ့ျပင္ အႏုပညာမီဒီယာသတင္းေထာက္ေတြကိုယ္တိုင္က သူတို႔ရဲ႕သတင္းဌာနေပ့ခ်္ေတြ ၾကည့္ရႈႏႈန္း ျမင့္တက္ေစဖို႔ရည္႐ြယ္ကာ ေဖ့စ္ဘြတ္ခ္ဆယ္လီေတြကို အေရးတယူလုပ္ အင္တာဗ်ဴး ေမးျမန္းၾကရင္း ႏႈတ္စည္း ေစာင့္ထိန္းမႈမရွိဘဲ တစ္ပါးသူနာမည္ကို ထည့္သြင္းေမးခြန္းထုတ္တာ၊ ေျဖၾကားတာ၊ အဓိပၸာယ္လြဲမွားေစႏိုင္တဲ့ သတင္းေခါင္းစဥ္တပ္ကာ ေဖာ္ျပတာေတြ လုပ္ေဆာင္လ်က္ရွိ ၾကတာကိုေတြ႕ျမင္ေနရဆဲျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္ ေတြက မင္းသမီးထက္ထက္မိုးဦးတစ္ဦးတည္းကိုလုပ္ေဆာင္ၾကျခင္းမဟုတ္ဘဲ တျခားအႏုပညာရွင္ေတြလည္း ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတဲ့ ကိစၥရပ္ေတြပဲျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ မိမိနာမည္၊ မိမိအေၾကာင္းကို တစ္ပါးသူက အသုံးခ်ေျပာဆိုေနမႈေတြကို လုံးဝႏွစ္သက္မႈမရွိေၾကာင္း အတိအလင္းေၾကညာခဲ့တာမ်ိဳးျဖစ္ပါတယ္။
သင္ဇာဝင့္ေက်ာ္ ေရခဲေတာင္မွာ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကား လူစိတ္ဝင္စားမႈမ်ားေန
႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ ျပန္လည္လြတ္ေျမာက္လာတဲ့ ဇန္နဝါရီလအတြင္း သူပါဝင္ထားတဲ့ “ႏွင္းပြင့္ေစရာ” ႐ုပ္ရွင္ဇာတ္ကားကို မၾကာခင္မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ အဲဒီဇာတ္ကားကို လြန္ခဲ့တဲ့ (၆) ႏွစ္က ႐ိုက္ကူးခဲ့ၾကတာျဖစ္ၿပီး တိုက္ဆိုင္စြာပဲ သင္ဇာဝင့္ေက်ာ္ အက်ဥ္းေထာင္က ျပန္လည္လြတ္ေျမာက္ လာခ်ိန္မွာ ႐ုံတင္ခြင့္ရရွိခဲ့တာပါ။ “ႏွင္းပြင့္ေစရာ” ႐ုပ္ရွင္ဇာတ္ကားမွာ အကယ္ဒမီျမင့္ျမတ္၊ JZ ေဒါင္လြဏ္း၊ ၿငိမ္းေသာ္၊ ယုန္ေလး၊ သင္ဇာဝင့္ေက်ာ္၊ L ေဘာက္ႏူး၊ K ညီ စတဲ့ သ႐ုပ္ေဆာင္ေတြနဲ႔အတူ ရဝမ္၊ လီဆူး တိုင္းရင္းသားေတြက ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ဇာတ္ၫႊန္းကို ဒီေရလႈိင္းနဲ႔ မယ္ခိုင္တို႔က ေရးသားကာ ဇာတ္လမ္း/ဒါ႐ိုက္တာ JZ ေဒါင္လြဏ္းက ႐ိုက္ကူး ပုံေဖာ္ထားတာျဖစ္ပါတယ္။
ဇာတ္ကား႐ိုက္ကူးစဥ္အခ်ိန္က ေရခဲေတာင္မွာ သင္ဇာဝင့္ေက်ာ္က ကင္မရာကို ေက်ာေပးကာ အေပၚပိုင္း အက်ႌဗလာအတိုင္း ႐ိုက္ကူးခဲ့တဲ့ဓာတ္ပုံေတြက လူမႈကြန္ရက္တစ္ခြင္ ပ်ံ႕ႏွံ႔မႈျမင့္တက္ခဲ့ၿပီး ပုရိသေတြရဲ႕စိတ္ကို ဖမ္းစားႏိုင္ခဲ့တဲ့အခိုက္အတန႔္ေလးတစ္ခုျဖစ္ခဲ့ပါတယ္။ ဇာတ္ကားရဲ႕ဇာတ္သိမ္းခန္းကလည္း ၾကည့္ရႈသူေတြကို ဖမ္းစားႏိုင္မယ့္ ဇာတ္ဝင္ခန္းမ်ိဳးျဖစ္ေၾကာင္း ဒါ႐ိုက္တာကိုယ္တိုင္က ၫႊန္းဆိုထားတာပါ။ “ႏွင္းပြင့္ေစရာ” ႐ုပ္ရွင္ ဇာတ္ကားက ဓာတ္ပုံဝါသနာရွင္ လူငယ္ေတြရဲ႕ ႏွင္းေတာင္ ခရီးသြားစြန႔္စားခန္း ဇာတ္ကားမ်ိဳးျဖစ္ၿပီး ကခ်င္ျပည္နယ္ရွိ ေရခဲေတာင္အလွအပေတြ၊ ေဒသခံလူမ်ိဳးေတြရဲ႕ဓေလ့စ႐ိုက္ေတြ၊ လူငယ္ေတြရဲ႕စြန႔္စားခန္းေတြ၊ ႐ိုမန႔္တစ္ဇာတ္ဝင္ခန္းေတြအပါအဝင္ ဇာတ္ကား အစ၊ အလယ္၊ အဆုံး စိတ္လႈပ္ရွားစြာၾကည့္ရႈရမယ့္ ႐ုပ္ရွင္ ဇာတ္ကားျဖစ္တာေၾကာင့္ ႐ိုက္ကူးပုံေဖာ္ထားတဲ့ ဒါ႐ိုက္တာ JZ ေဒါင္လြဏ္းအပါအဝင္ အႏုပညာရွင္ေတြက ပရိသတ္ေတြရဲ႕မွတ္ခ်က္စကားေတြကိုေစာင့္ေမွ်ာ္လ်က္ရွိၾကပါတယ္။ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္ JZ ေဒါင္လြဏ္း ဟာ “မေနာေျမမွ ေက်ာက္ စိမ္းကမာၻ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အထူးဆုကို ရရွိထားသူျဖစ္ပါတယ္။
“ႏွင္းပြင့္ေစရာ” ႐ုပ္ရွင္ဇာတ္ကားကို (၂၀၁၉) ခုႏွစ္က ႐ိုက္ကူးခဲ့ၾကတာျဖစ္ၿပီး လာမယ့္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၃၁) ရက္မွာ ႐ုံတင္ျပသခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။ သို႔ေသာ္ “ႏွင္းပြင့္ေစရာ”႐ုပ္ရွင္ ႐ုံတင္ မျပခင္ ဇန္နဝါရီလ (၂၄) ရက္ (ေသာၾကာေန႔)မွာ ႐ုံတင္ဖို႔စီစဥ္ေၾကညာထားတဲ့ “ေျခဆယ့္ တစ္လွမ္း” ႐ုပ္ရွင္ဇာတ္ကားကို ေတာ့ ႐ုံမတင္မီ (၁) ရက္အလိုမွာ မျပသျဖစ္ေတာ့ေၾကာင္း သ႐ုပ္ေဆာင္ အလင္းေရာင္က ဇန္နဝါရီလ (၂၂) ရက္ ညေနပိုင္းမွာ သူရဲ႕ေဖ့စ္ဘြတ္ခ္ေပ့ခ်္မွတစ္ဆင့္ အသိေပးေၾကညာခဲ့ေပမယ့္အေၾကာင္းရင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့တာမ်ိဳးမရွိခဲ့ပါ။ ဒါေပမဲ့ အဆိုပါဇာတ္ကားမွာ ႏိုင္ငံေရးဥပေဒပုဒ္မနဲ႔ ၿငိစြန္းလ်က္ရွိသူ အကယ္ဒမီ ေက်ာ္သူ ပါဝင္ထားတာကို သတိျပဳမိပါတယ္။
႐ုပ္ရွင္ ဂီတ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္ ကြယ္လြန္
႐ုပ္ရွင္ဂီတ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္ဟာ ဇန္နဝါရီလ (၂၀) ရက္ နံနက္ (၅) နာရီ (၄၅) မိနစ္အခ်ိန္က အဆုတ္ေရာဂါေၾကာင့္ ကြယ္လြန္အနိစၥ ေရာက္သြားခဲ့ပါၿပီ။ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္ဟာ ငယ္စဥ္ကတည္းက ပန္းနာရင္ၾကပ္ေရာဂါရွိခဲ့သူျဖစ္ကာ (၂၀၁၃)ခုႏွစ္ကစတင္ကာအဆုတ္ေရာဂါ ေဝဒနာကို ခံစားခဲ့ရၿပီး (၂၀၂၄) ခုႏွစ္အတြင္းမွာ အဆုတ္ထဲပိုးဝင္မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါ တယ္။ မိသားစုဝင္ေတြက ဒါ႐ိုက္တာေ႐ႊၿခံသန္းျမင့္ရဲ႕႐ုပ္အေလာင္းကို ဇန္နဝါရီလ (၂၂) ရက္ မြန္းလြဲ (၁) နာရီအခ်ိန္ က်ီစုသုသာန္မွာ မီးသၿဂႋဳဟ္ခဲ့ၾကၿပီး၊ ေနာက္ဆုံးခရီး နာေရးအခမ္းအနားသို႔ အႏုပညာ ညီအစ္ကို ေမာင္ႏွမတခ်ိဳ႕လည္း လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။ ႐ုပ္ရွင္ ဂီတ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္အတြက္ရည္စူးျပဳလုပ္တဲ့ ရက္လည္ဆြမ္းသြတ္တရားနာ ေရစက္ခ်အလႉကို ဇန္နဝါရီလ (၂၆) ရက္ (တနဂၤေႏြေန႔) မနက္ (၇) နာရီမွ (၁၂) နာရီအထိ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း ေဆြမ်ိဳးမိတ္ေဆြ မ်ားကို အသိေပးထားတာေတြ႕ရပါတယ္။ ေ႐ႊၿခံသန္းျမင့္ဟာ အသက္ (၄၂) ႏွစ္အ႐ြယ္မွ အႏုပညာအလုပ္ ေတြကို စတင္လုပ္ကိုင္ခဲ့သူတစ္ဦးျဖစ္ကာ ကက္ဆက္ဇာတ္လမ္းေပါင္း (၁၂၀ဝ ) ေက်ာ္နဲ႔ ဗီဒီယိုဇာတ္ လမ္းေပါင္း (၇၀ဝ)ေက်ာ္အထိ အသံသြင္းသ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ ေ႐ႊၿခံသန္းျမင့္ကို ပရိသတ္ အမ်ားစုက ေတာ္လွန္ေရးဇာတ္ကား၊ ဘုန္းႀကီးဇာတ္႐ုပ္ေတြနဲ႔ မွတ္မိေလ့ရွိပါတယ္။ သူဟာ အႏုပညာ ကို ခ်စ္ျမတ္ႏိုးတန္ဖိုးထားသူတစ္ဦးျဖစ္ေၾကာင္းသိရကာ ]]က်န္းမာေရးေကာင္းလာရင္ ျပည္သူလူထုကို ျပန္ေဖ်ာ္ေျဖဦးမွာ” လို႔ ဖခင္ျဖစ္သူ ေ႐ႊၿခံသန္းျမင့္က အၿမဲေျပာေလ့ရွိေၾကာင္း မိသားစုဝင္ေတြရဲ႕ေျပာျပ ခ်က္ေတြအရ သိရပါတယ္။ သူဟာ ေတာင္ဒဂုံၿမိဳ႕နယ္ (၁၈)ရပ္ကြက္ အႏႈိင္းမဲ့နာေရးကူညီမႈအသင္းမွာ နာယကအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ဖူး႐ုံမက ရပ္႐ြာအက်ိဳးစီးပြားေတြကိုထမ္းေဆာင္သူ တစ္ဦးျဖစ္ တယ္လို႔လည္း သိရပါတယ္။
႐ုပ္ရွင္ ဂီတ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ေ႐ႊၿခံသန္းျမင့္ ကြယ္လြန္ခ်ိန္မွာ အသက္ (၈၃)ႏွစ္ရွိၿပီျဖစ္ၿပီး အသက္အ႐ြယ္အရေသာ္လည္းေကာင္း၊ ေရာဂါအခံေတြေၾကာင့္ေသာ္လည္းေကာင္း သူခ်စ္တဲ့မိသားစုနဲ႔ တန္ဖိုး ထားတဲ့ အႏုပညာအလုပ္ေတြကို အၿပီးတိုင္ ႏႈတ္ဆက္ထြက္ခြာသြားရၿပီပဲျဖစ္ပါတယ္။
ဒီတစ္ပတ္ အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။