ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ငွေကြေးတောင်းခံခဲ့သော ရဲမှူး နှင့် ပါဝင်သူများကို အရေးယူ

 2224

သုတကျော် (NP News) - ဇန်နဝါရီ ၂၇

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ငွေကြေးတောင်းခံခဲ့သော ရဲမှူး နှင့် ပါဝင်ခဲ့သူများကို အရေးယူခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၆ ရက်၌ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်ဟု စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြေပြင်သတင်းစိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄) နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟု ဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့် အစား အခြားသူတစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

ဆက်လက် စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက် က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ပန်ကြားထားသည်။

Zawgyi Version:
ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးႏွင့္ပတ္သက္၍ ေငြေၾကးေတာင္းခံခဲ့ေသာ ရဲမႉး ႏွင့္ ပါဝင္သူမ်ားကို အေရးယူ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၇

ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးႏွင့္ပတ္သက္၍ ေငြေၾကးေတာင္းခံခဲ့ေသာ ရဲမႉး ႏွင့္ ပါဝင္ခဲ့သူမ်ားကို အေရးယူခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီ ၂၆ ရက္၌ တာဝန္သိျပည္သူတစ္ဦး၏ သတင္းေပးပို႔မႈအရ ေ႐ႊဘိုၿမိဳ႕နယ္အတြင္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚမႈႏွင့္ပတ္သက္၍ ေငြေၾကးအလြဲသုံးစားမႈ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္ဟု စာတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ေျမျပင္သတင္းစိစစ္ေဖာ္ထုတ္ခဲ့ရာ ဇန္နဝါရီ ၂၄ ရက္ ည ၇ နာရီခန႔္ တြင္ ေ႐ႊဘိုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ႏိုင္၊ ၿမိဳ႕နယ္ရဲမႉး သန္းေဇာ္တို႔ ဦးေဆာင္သည့္ ဧည့္စာရင္းစစ္ေဆးေရးအဖြဲ႕သည္ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္အတြင္း ဧည့္စာရင္းလိုက္လံစစ္ေဆးခဲ့ေၾကာင္း၊ စစ္ေဆးစဥ္ ေမာင္ေက်ာ္မင္းခန႔္၊ အသက္(၂၄) ႏွစ္၊ အဘ ဦးကိုကိုေလး၊ ေက်ာက္ျမစ္ေက်း႐ြာေနထိုင္သူသည္ ဧည့္စာရင္းတိုင္ၾကားထားျခင္းမရွိဘဲ ေရာက္ရွိေနထိုင္လ်က္ရွိသျဖင့္ ျပည္သူ႔စစ္မႈထမ္းစာရင္းသြင္းမည္ဟု ဆိုကာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ထို႔ေနာက္ ေမာင္ေက်ာ္မင္းခန႔္၏မိဘမ်ားထံသို႔ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွ အငယ္တန္းစာေရး သူရိန္ၫြန႔္က ေငြက်ပ္သိန္း ၁၃၀ ေပးပါက ေမာင္ေက်ာ္မင္းခန႔္ အစား အျခားသူတစ္ဦးအား လူစားလဲလွယ္ေပးမည္ဟု ဆက္သြယ္ေျပာဆိုလာခဲ့သျဖင့္ ဇန္နဝါရီ ၂၅ ရက္ မြန္းလြဲ ၃ နာရီခန႔္တြင္ ေမာင္ေက်ာ္မင္းခန႔္၏ ဖခင္ျဖစ္သူ ဦးကိုကိုေလးက သြားေရာက္ေပးေဆာင္ခဲ့ရေၾကာင္း သိရွိရသည္။

ဆက္လက္ စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ အဆိုပါ ေငြက်ပ္သိန္း ၁၃၀ အား ေ႐ႊဘိုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး သန္းေဇာ္ က ၂၅ သိန္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး မွ အႀကီးတန္းစာေရး ေက်ာ္ခိုင္လတ္ က ၂၅ သိန္း၊ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး မွ အငယ္တန္းစာေရး သူရိန္ၫြန႔္ က ၃၀ သိန္း၊ ေမာင္ေက်ာ္မင္းခန႔္အစား လူစားထိုးလဲလွယ္မည့္ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၁၀)ရပ္ကြက္တြင္ ေနထိုင္သူ သန္းစိုးထိုက္ က ၅၀ သိန္း စသည္ျဖင့္ အသီးသီးခြဲယူခဲ့ၾကေၾကာင္း ေဖာ္ထုတ္ရရွိခဲ့သည္။

ျဖစ္စဥ္တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အလြဲသုံးစားျပဳလုပ္၍ ေငြေၾကးရယူ ေဆာင္႐ြက္ခဲ့ၾကသူမ်ားအား တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ၎တို႔ရယူခဲ့ၾကသည့္ ေငြက်ပ္သိန္း ၁၃၀ ကိုလည္း ေမာင္ေက်ာ္မင္းခန႔္၏ မိသားစုမ်ားထံသို႔ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဇန္နဝါရီ ၂၆ ရက္ ည ၉ နာရီခြဲတြင္ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ားအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းမ်ားအားဆင့္ေခၚရာတြင္ သတ္မွတ္ျပ႒ာန္းထားသည့္ ဥပေဒသတ္မွတ္ခ်က္မ်ားအတိုင္းသာ ဆင့္ေခၚသြားရန္ႏွင့္ ေငြေၾကးမ်ား ေတာင္းခံျခင္း၊ လူစားထိုးလဲလွယ္ျခင္းမ်ား မရွိေစေရး တာဝန္ရွိသူမ်ားမွ အသိပညာေပးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္လည္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚမႈႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီဆင့္ေခၚမႈမရွိပါက သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံသို႔ ဆက္သြယ္သတင္းေပးပို႔ျခင္းျဖင့္ ပူးေပါင္းေဆာင္႐ြက္ေပးရန္ ထုတ္ျပန္ခ်က္တြင္ ပန္ၾကားထားသည္။

Related news

© 2021. All rights reserved.