တရုတ်မင်းသမီး ကျန်းလူစီ ဆေးရုံက ဆင်းပြီးနောက် ပရိသတ်ရှေ့ ပေါ်ထွက်လာ
689
ရောင်နီ (NP News) - ဇန်နဝါရီ ၂၈
နာမည်ကျော်တရုတ်မင်းသမီး ကျန်းလူစီဟာ ဆေးရုံက ဆင်းလာပြီးနောက် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်ရှေ့ ထွက်ပေါ်လာခဲ့ပါတယ်။
မင်းသမီးကျန်းလူစီဟာ အလုပ်ခွင်တွင်း စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကြောင့် စိတ်ကျရောဂါနဲ့ အခြား ကျန်းမာရေးပြဿနာတွေ ခံစားနေရပြီး ဆေးရုံတက်ခဲ့ရသူပါ။ အသက် ၂၆ နှစ်အရွယ် မင်းသမီးချော ကျန်းလူစီဟာ ဇန်နဝါရီ ၂၅ ရက်က တရုတ်နိုင်ငံ ချန်ဒူရှိ တရုတ် အဖျော်ယမကာ အမှတ်တံဆိပ် Viee အတွက် ပရိုမိုးရှင်းပွဲတစ်ခုမှာ ပရိသတ်ရှေ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ကျန်း ဟာ အနက်ရောင်ခြေအိတ်နဲ့ အနီရောင် ဝတ်စုံဝတ်ဆင်ထားပြီး ကျန်းမာနေပြီ ဖြစ်ပေမယ့် လမ်းလျှောက်တုတ်ကို အသုံးပြုနေရဆဲဆိုတာ မြင်တွေ့ရပါတယ်။
The Romance Of Tiger And Rose (2020)၊ Love Like The Galaxy (2022) ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီး ရေပန်းစားခဲ့တဲ့ ကျန်းဟာ မကြာခဏဆိုသလို စိတ်ကျရောဂါခံစားရတဲ့ dissociative disorder ရောဂါ ခံစားနေရ တယ်လို့ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။
ကျန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တု့ ဘီးတပ်ကုလားထိုင်ပေါ်က ပုံတွေကြောင့် သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေက စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။
Zawgyi Version:
တ႐ုတ္မင္းသမီး က်န္းလူစီ ေဆး႐ုံက ဆင္းၿပီးေနာက္ ပရိသတ္ေရွ႕ ေပၚထြက္လာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၈
နာမည္ေက်ာ္တ႐ုတ္မင္းသမီး က်န္းလူစီဟာ ေဆး႐ုံက ဆင္းလာၿပီးေနာက္ ဇန္နဝါရီလ ၁ ရက္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပရိသတ္ေရွ႕ ထြက္ေပၚလာခဲ့ပါတယ္။
မင္းသမီးက်န္းလူစီဟာ အလုပ္ခြင္တြင္း စိတ္ပိုင္းဆိုင္ရာ၊ ကိုယ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရျခင္းေၾကာင့္ စိတ္က်ေရာဂါနဲ႔ အျခား က်န္းမာေရးျပႆနာေတြ ခံစားေနရၿပီး ေဆး႐ုံတက္ခဲ့ရသူပါ။ အသက္ ၂၆ ႏွစ္အ႐ြယ္ မင္းသမီးေခ်ာ က်န္းလူစီဟာ ဇန္နဝါရီ ၂၅ ရက္က တ႐ုတ္ႏိုင္ငံ ခ်န္ဒူရွိ တ႐ုတ္ အေဖ်ာ္ယမကာ အမွတ္တံဆိပ္ Viee အတြက္ ပ႐ိုမိုးရွင္းပြဲတစ္ခုမွာ ပရိသတ္ေရွ႕ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြမွာ က်န္း ဟာ အနက္ေရာင္ေျခအိတ္နဲ႔ အနီေရာင္ ဝတ္စုံဝတ္ဆင္ထားၿပီး က်န္းမာေနၿပီ ျဖစ္ေပမယ့္ လမ္းေလွ်ာက္တုတ္ကို အသုံးျပဳေနရဆဲဆိုတာ ျမင္ေတြ႕ရပါတယ္။
The Romance Of Tiger And Rose (2020)၊ Love Like The Galaxy (2022) ဇာတ္လမ္းတြဲေတြနဲ႔ နာမည္ႀကီး ေရပန္းစားခဲ့တဲ့ က်န္းဟာ မၾကာခဏဆိုသလို စိတ္က်ေရာဂါခံစားရတဲ့ dissociative disorder ေရာဂါ ခံစားေနရ တယ္လို႔ ထုတ္ေဖာ္ေျပာခဲ့ဖူးပါတယ္။
က်န္းကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ခဲ့တု႔ ဘီးတပ္ကုလားထိုင္ေပၚက ပုံေတြေၾကာင့္ သူမရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက စိုးရိမ္ခဲ့ၾကတာျဖစ္ပါတယ္။