ဆေးဝါး အပါအဝင် နယ်စပ်မှတင်သွင်းသည့်ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်နေ
621
ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၂၈
နယ်စပ်မှသွင်းကုန်လိုင်စင်ကန့်သတ်ချက်ကြောင့် နာတာရှည်ရောဂါများအတွက် ဆေးဝါးပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
သွင်းကုန်လိုင်စင်ပါမစ်အသစ်များကိုသက်ဆိုင်ရာက ကန့်သတ်ထားသည့်အတွက်ကြောင့် တရားမဝင် လမ်းကြောင်းမှတစ်ဆင့် တင်သွင်းနေရကြောင်းနှင့် ဈေးကွက်အတွင်းစားသုံးသူများအနေ ဖြင့် ကုန်ပစ္စည်း ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြုံတွေ့နေရကြောင်း နယ်စပ်ကုန်သည်များ ထံမှသိရသည်။ “လိုင်စင်ချ မပေးတော့အခုဆိုရင် ပစ္စည်းတွေသွင်းဖို့အဆင်မပြေဘူး ပေါ့။ အဲဒါကြောင့် ဈေးကွက်ထဲမှာ ပစ္စည်းခဏခဏ ပြတ်နေတာ၊ အထူးသဖြင့် ထိုင်းဘက်က ကုန်စည်တွေပေါ့ တော်တော်လေးအဆင်မပြေဖြစ်နေတယ်” ဟု မြဝတီမြို့ခံသွင်းကုန် လုပ်ငန်းရှင် တစ်ဦးကပြောသည်။ နယ်စပ်မှတင်သွင်းသောကုန်စည်အားလုံးကို တရားမဝင်ကုန်စည်အဖြစ် ဖမ်းဆီးနေကြောင်း၊ ပြည်တွင်းအတွက်လိုအပ်သော ဆေးဝါးနှင့်စား သောက်ကုန်အပါအဝင် ယာဉ်အပိုပစ္စည်းများလည်း ဈေး ကွက်အတွင်းပြတ်လပ်မှုကြုံ တွေ့နေရကြောင်း၊ ဈေးကွက်အတွင်းဒေါ်လာငွေလိုအပ်ချက်အကြောင်း ပြချက်ဖြင့် သွင်းကုန်လိုင်စင် သစ်များမထုတ်ပေးခြင်း သည်လည်း ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်စေကြောင်း သိရ သည်။
“ အဓိကလိုအပ်တာကဆေးဝါးပဲ။ ပန်းနာရင်ကျပ်သမားတွေအတွက်မရှိမဖြစ် ရှူဆေးက အရင်က ငါးထောင် ဝန်းကျင်ကနေ အခုဆိုလေးသောင်းကျော်အထိ ပေါက်ဈေးဖြစ်နေတယ်” ဟု စားသုံးသူတစ်ဦး ကပြောသည်။ ကုန်သည်များအနေဖြင့်နယ်စပ်မှကုန် စည်မတင်သွင်းရဲခြင်းကြောင့် လက်ကျန် ကုန်စည်များကိုသာ ဈေးမြင့်ရောင်းချနေကြောင်း၊ မြန်မာ ငွေနှင့်ဒေါ်လာ ငွေလဲနှုန်းပေါ် မှုတည်ကာ အမြတ်ကျန် ရန်ဈေးတင်ရောင်းနေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
zawgyi version
ေဆးဝါး အပါအဝင္ နယ္စပ္မွတင္သြင္းသည့္ကုန္ပစၥည္းမ်ား ေစ်းႏႈန္းျမင့္တက္ေန
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၂၈
နယ္စပ္မွသြင္းကုန္လိုင္စင္ကန႔္သတ္ခ်က္ေၾကာင့္ နာတာရွည္ေရာဂါမ်ားအတြက္ ေဆးဝါးျပတ္ လပ္ေနေၾကာင္း ေဈးကြက္အတြင္းမွစုံစမ္းသိရွိရသည္။
သြင္းကုန္လိုင္စင္ပါမစ္အသစ္မ်ားကိုသက္ဆိုင္ရာက ကန႔္သတ္ထားသည့္အတြက္ေၾကာင့္ တရားမဝင္ လမ္းေၾကာင္းမွတစ္ဆင့္ တင္သြင္းေနရေၾကာင္းႏွင့္ ေဈးကြက္အတြင္းစားသုံးသူမ်ားအေန ျဖင့္ ကုန္ပစၥည္း ျပတ္လပ္ျခင္း၊ ကုန္ေဈးႏႈန္း အဆမတန္ျမင့္တက္ျခင္းတို႔ႀကဳံေတြ႕ေနရေၾကာင္း နယ္စပ္ကုန္သည္မ်ား ထံမွသိရသည္။ “လိုင္စင္ခ် မေပးေတာ့အခုဆိုရင္ ပစၥည္းေတြသြင္းဖို႔အဆင္မေျပဘူး ေပါ့။ အဲဒါေၾကာင့္ ေဈးကြက္ထဲမွာ ပစၥည္းခဏခဏ ျပတ္ေနတာ၊ အထူးသျဖင့္ ထိုင္းဘက္က ကုန္စည္ေတြေပါ့ ေတာ္ေတာ္ေလးအဆင္မေျပျဖစ္ေနတယ္” ဟု ျမဝတီၿမိဳ႕ခံသြင္းကုန္ လုပ္ငန္းရွင္ တစ္ဦးကေျပာသည္။ နယ္စပ္မွတင္သြင္းေသာကုန္စည္အားလုံးကို တရားမဝင္ကုန္စည္အျဖစ္ ဖမ္းဆီးေနေၾကာင္း၊ ျပည္တြင္းအတြက္လိုအပ္ေသာ ေဆးဝါးႏွင့္စား ေသာက္ကုန္အပါအဝင္ ယာဥ္အပိုပစၥည္းမ်ားလည္း ေဈး ကြက္အတြင္းျပတ္လပ္မႈႀကဳံ ေတြ႕ေနရေၾကာင္း၊ ေဈးကြက္အတြင္းေဒၚလာေငြလိုအပ္ခ်က္အေၾကာင္း ျပခ်က္ျဖင့္ သြင္းကုန္လိုင္စင္ သစ္မ်ားမထုတ္ေပးျခင္း သည္လည္း ကုန္စည္ျပတ္လပ္မႈျဖစ္ေပၚေစေၾကာင္း သိရ သည္။
“ အဓိကလိုအပ္တာကေဆးဝါးပဲ။ ပန္းနာရင္က်ပ္သမားေတြအတြက္မရွိမျဖစ္ ရႉေဆးက အရင္က ငါးေထာင္ ဝန္းက်င္ကေန အခုဆိုေလးေသာင္းေက်ာ္အထိ ေပါက္ေဈးျဖစ္ေနတယ္” ဟု စားသုံးသူတစ္ဦး ကေျပာသည္။ ကုန္သည္မ်ားအေနျဖင့္နယ္စပ္မွကုန္ စည္မတင္သြင္းရဲျခင္းေၾကာင့္ လက္က်န္ ကုန္စည္မ်ားကိုသာ ေဈးျမင့္ေရာင္းခ်ေနေၾကာင္း၊ ျမန္မာ ေငြႏွင့္ေဒၚလာ ေငြလဲႏႈန္းေပၚ မႈတည္ကာ အျမတ္က်န္ ရန္ေဈးတင္ေရာင္းေနရေၾကာင္း နယ္စပ္ကုန္သည္မ်ားထံမွ သိရသည္။