မြန်မာစာပေပညာရှင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
738
ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၂၈
မြန်မာစာပေပညာရှင်အဖြစ် ထင်ရှားတဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ဟာ ဇန်နဝါရီ ၂၈ ရက် နံနက်အစောပိုင်း ၁၂ နာရီခွဲအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
အမည်ရင်း ဦးခင်အေးဖြစ်သည့် ဆရာကြီးမောင်ခင်မင်(ဓနုဖြူဟာ) ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာစာပေနှင့် ပတ်သက်သော စာအုပ်နှင့် ဆောင်းပါးပေါင်းများစွာကို ရေးသားခဲ့သူဖြစ်သည်။
“ကျန်းမာရေးမကောင်းတာကကြာပါပြီ ၊ ဒီရက်ပိုင်းမှာဆုံးမယ်လို့မထင်ထားဘူး၊ မထင်ထားဘဲဆုံးသွားတာတော့ အရမ်းနှမြောမိပါတယ်”ဟု စာနယ်ဇင်းလောကမှ ဝါရင့်ဂျာနယ်လစ် တစ်ဦးကပြောသည်။
ဆရာကြီးကို ၁၉၄၂ ခုနှစ် ၊ ဇန်နဝါရီ ၂ ရက်တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ ကျုံတနီးကျေးရွာ၌မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီဖြစ်သည်။ ဆရာကြီးမောင်ခင်မင်၏ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်သည် ထင်ရှားသည့်စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရသော စာအုပ်အဖြစ်ထင်ရှားကြောင်း သိရသည်။ မြန်မာစာပေနှင့် မြန်မာကဗျာအပါအဝင် မြန်မာစာအသုံးပြုပုံနှင့်ပတ်သက်၍ ရေးသားခဲ့သော အကြောင်းအရာများ၌ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာစသည့် စာအုပ်တွေများမှာ ထင်ရှားကျော်ကြားသည်။
ဆရာကြီးသည် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုများအပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့များကိုချီးမြှင့်ခံထားရသူတစ်ဦးဖြစ်သည်။
zawgyi version
ျမန္မာစာေပပညာရွင္ စာေရးဆရာေမာင္ခင္မင္(ဓႏုျဖဴ) ကြယ္လြန္
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၂၈
ျမန္မာစာေပပညာရွင္အျဖစ္ ထင္ရွားတဲ့ စာေရးဆရာေမာင္ခင္မင္(ဓႏုျဖဴ)ဟာ ဇန္နဝါရီ ၂၈ ရက္ နံနက္အေစာပိုင္း ၁၂ နာရီခြဲအခ်ိန္တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း မိသားစုဝင္မ်ားထံမွသိရသည္။
အမည္ရင္း ဦးခင္ေအးျဖစ္သည့္ ဆရာႀကီးေမာင္ခင္မင္(ဓႏုျဖဴဟာ) ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာန၏ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ျမန္မာစာေပႏွင့္ ပတ္သက္ေသာ စာအုပ္ႏွင့္ ေဆာင္းပါးေပါင္းမ်ားစြာကို ေရးသားခဲ့သူျဖစ္သည္။
“က်န္းမာေရးမေကာင္းတာကၾကာပါၿပီ ၊ ဒီရက္ပိုင္းမွာဆုံးမယ္လို႔မထင္ထားဘူး၊ မထင္ထားဘဲဆုံးသြားတာေတာ့ အရမ္းႏွေျမာမိပါတယ္”ဟု စာနယ္ဇင္းေလာကမွ ဝါရင့္ဂ်ာနယ္လစ္ တစ္ဦးကေျပာသည္။
ဆရာႀကီးကို ၁၉၄၂ ခုႏွစ္ ၊ ဇန္နဝါရီ ၂ ရက္တြင္ ဧရာဝတီတိုင္း၊ ဓႏုျဖဴၿမိဳ႕ က်ဳံတနီးေက်း႐ြာ၌ေမြးဖြားခဲ့ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၃ ႏွစ္ရွိၿပီျဖစ္သည္။ ဆရာႀကီးေမာင္ခင္မင္၏ စကားေျပသေဘာတရား၊ စကားေျပအတတ္ပညာ စာအုပ္သည္ ထင္ရွားသည့္စာအုပ္ျဖစ္ၿပီး ျမန္မာစာအတြက္ က်မ္းကိုးျပဳရေသာ စာအုပ္အျဖစ္ထင္ရွားေၾကာင္း သိရသည္။ ျမန္မာစာေပႏွင့္ ျမန္မာကဗ်ာအပါအဝင္ ျမန္မာစာအသုံးျပဳပုံႏွင့္ပတ္သက္၍ ေရးသားခဲ့ေသာ အေၾကာင္းအရာမ်ား၌ စကားေျပသေဘာတရား၊ စကားေျပအတတ္ပညာ၊ ျမန္မာစကား၊ ျမန္မာစာ႐ုပ္ပုံလႊာ၊ စာေပသမုဒၵရာ၌လက္ပစ္ကူးျခင္း၊ စကားသမုဒၵရာ-စာသမုဒၵရာစသည့္ စာအုပ္ေတြမ်ားမွာ ထင္ရွားေက်ာ္ၾကားသည္။
ဆရာႀကီးသည္ အမ်ိဳးသားစာေပဆု၊ စာေပဗိမာန္စာေပဆုမ်ားအပါအဝင္ ဂုဏ္ထူးေဆာင္ စာေပပါရဂူဘြဲ႕မ်ားကိုခ်ီးျမႇင့္ခံထားရသူတစ္ဦးျဖစ္သည္။