အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းတင်ပို့မှု စံချိန်တင်အမြင့်ဆုံးကိုရောက်ရှိ
1574
Pika (NP News) - ဇန်နဝါရီ ၂၈
ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုတွေလုပ်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံအများအပြားဟာ ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းသိုလှောင်မှုတွေကို ပြန်လည်ဖြည့်တင်းမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားတွေ မြင့်တက်လာခဲ့ပြီး အမေရိကန်ရဲ့လက်နက်တင်ပို့မှုဟာ (၂၀၂၄)ခုနှစ် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ရဲ့လက်နက်တင်ပို့မှုစုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၃၁၈ ဒသမ ၇)ဘီလျံထိရောက်ရှိခဲ့ပြီး (၂၀၂၃)ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်(၂၉)ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်ကုမ္ပဏီတွေရဲ့ စစ်ဘက်ဆိုင်ရာတိုက်ရိုက်ရောင်းချမှုဟာ (၂၀၂၃)ခုနှစ်မှာ အမေရိကန်ဒေါ်လာ(၁၅၇ ဒသမ ၅)ဘီလျံကနေ အမေရိကန်ဒေါ်လာ(၂၀၀ ဒသမ ၈)ဘီလျံထိ မြင့်တက်လာခဲ့တယ်လို့ ဒေတာအချက်အလက်တွေအရ သိရပါတယ်။
အမေရိကန်အစိုးရက စီစဉ်ပေးတဲ့ စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ အမေရိကန်ဒေါ်လာ(၁၁၇ ဒသမ ၉)ဘီလျံထိမြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ(၈၀ ဒသမ ၉)ဘီလျံ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ အစီရင်ခံစာအရ ဥရောပနိုင်ငံတွေဟာ (၂၀၂၄)ခုနှစ်မှာ အမေရိကန်စစ်လက်နက်ပစ္စည်းတွေကို အဓိကဝယ်ယူတဲ့နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ရောင်းချမှုမှာ ရိုမေးနီးယားနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၇ ဒသမ ၂)ဘီလျံတန်ဖိုးရှိ F-35 တိုက်လေယာဉ်တွေ၊ ဂျာမနီအတွက် အမေရိကန်ဒေါ်လာ(၅)ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ဒုံးကျည်တွေအပြင် နော်ဝေး၊ ပိုလန်၊ စပိန်၊ ဩစတြီးယားနဲ့ အခြားနိုင်ငံတွေအတွက် ဒုံးကျည်တွေ၊ ခဲယမ်းမီးကျည်တွေနဲ့ သံချပ်ကာယာဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ရောင်းချမှုမှာ အစ္စရေးနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁၈ ဒသမ ၈)ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်တွေပါဝင်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်ကနေစတင်ပြီး အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ အဆမတန်တိုးလာခဲ့တာဖြစ်တယ်လို့ လေ့လာသူအများအပြားက မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။(၂၀၂၃)ခုနှစ်မှာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းရောင်းချမှု စုစုပေါင်းရဲ့(၄၂)ရာခိုင်နှုန်းခန့်ရှိတယ်လို့ Stockholm International Peace Research Institute က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
zawgyi version
အေမရိကန္ရဲ႕ စစ္လက္နက္ပစၥည္းတင္ပို႔မႈ စံခ်ိန္တင္အျမင့္ဆုံးကိုေရာက္ရွိ
Pika (NP News) - ဇန္နဝါရီ ၂၈
ယူကရိန္းႏိုင္ငံကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ေပးခဲ့ၿပီးေနာက္ ႏိုင္ငံအမ်ားအျပားဟာ ၎တို႔ရဲ႕စစ္လက္နက္ပစၥည္းသိုေလွာင္မႈေတြကို ျပန္လည္ျဖည့္တင္းမႈနဲ႔အတူ ကမာၻလုံးဆိုင္ရာဝယ္လိုအားေတြ ျမင့္တက္လာခဲ့ၿပီး အေမရိကန္ရဲ႕လက္နက္တင္ပို႔မႈဟာ (၂၀၂၄)ခုႏွစ္ ဘ႑ာႏွစ္အတြင္း စံခ်ိန္တင္အျမင့္ဆုံးကို ေရာက္ရွိခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အတြင္း အေမရိကန္ရဲ႕လက္နက္တင္ပို႔မႈစုစုေပါင္းတန္ဖိုးဟာ အေမရိကန္ေဒၚလာ(၃၁၈ ဒသမ ၇)ဘီလ်ံထိေရာက္ရွိခဲ့ၿပီး (၂၀၂၃)ခုႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္(၂၉)ရာခိုင္ႏႈန္းျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ကုမၸဏီေတြရဲ႕ စစ္ဘက္ဆိုင္ရာတိုက္႐ိုက္ေရာင္းခ်မႈဟာ (၂၀၂၃)ခုႏွစ္မွာ အေမရိကန္ေဒၚလာ(၁၅၇ ဒသမ ၅)ဘီလ်ံကေန အေမရိကန္ေဒၚလာ(၂၀၀ ဒသမ ၈)ဘီလ်ံထိ ျမင့္တက္လာခဲ့တယ္လို႔ ေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။
အေမရိကန္အစိုးရက စီစဥ္ေပးတဲ့ စစ္လက္နက္ပစၥည္းေရာင္းခ်မႈဟာ အေမရိကန္ေဒၚလာ(၁၁၇ ဒသမ ၉)ဘီလ်ံထိျမင့္တက္လာၿပီး ၿပီးခဲ့တဲ့ႏွစ္နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ အေမရိကန္ေဒၚလာ(၈၀ ဒသမ ၉)ဘီလ်ံ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ အစီရင္ခံစာအရ ဥေရာပႏိုင္ငံေတြဟာ (၂၀၂၄)ခုႏွစ္မွာ အေမရိကန္စစ္လက္နက္ပစၥည္းေတြကို အဓိကဝယ္ယူတဲ့ႏိုင္ငံေတြထဲမွာ ပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေရာင္းခ်မႈမွာ ႐ိုေမးနီးယားႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ(၇ ဒသမ ၂)ဘီလ်ံတန္ဖိုးရွိ F-35 တိုက္ေလယာဥ္ေတြ၊ ဂ်ာမနီအတြက္ အေမရိကန္ေဒၚလာ(၅)ဘီလ်ံတန္ဖိုးရွိ ပက္ထရီေယာ့ဒုံးက်ည္ေတြအျပင္ ေနာ္ေဝး၊ ပိုလန္၊ စပိန္၊ ဩစႀတီးယားနဲ႔ အျခားႏိုင္ငံေတြအတြက္ ဒုံးက်ည္ေတြ၊ ခဲယမ္းမီးက်ည္ေတြနဲ႔ သံခ်ပ္ကာယာဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕ေရာင္းခ်မႈမွာ အစၥေရးႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ(၁၈ ဒသမ ၈)ဘီလ်ံတန္ဖိုးရွိ တိုက္ေလယာဥ္ေတြပါဝင္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းပဋိပကၡ ျပင္းထန္လာခ်ိန္ကေနစတင္ၿပီး အေမရိကန္ရဲ႕ စစ္လက္နက္ပစၥည္းေရာင္းခ်မႈဟာ အဆမတန္တိုးလာခဲ့တာျဖစ္တယ္လို႔ ေလ့လာသူအမ်ားအျပားက မွတ္ခ်က္ျပဳေျပာဆိုခဲ့ၾကပါတယ္။(၂၀၂၃)ခုႏွစ္မွာ အေမရိကန္ရဲ႕ စစ္လက္နက္ပစၥည္းေရာင္းခ်မႈဟာ ကမာၻလုံးဆိုင္ရာ စစ္လက္နက္ပစၥည္းေရာင္းခ်မႈ စုစုေပါင္းရဲ႕(၄၂)ရာခိုင္ႏႈန္းခန္႔ရွိတယ္လို႔ Stockholm International Peace Research Institute က မၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာတစ္ခုအရ သိရပါတယ္။