နယ်မြေအငြင်းပွားနေသည့် မုံးဝီးဒေသတွင် KIA နှင့် TNLA အကြား ရှုံးသူနယ်မြေ ဆုတ်စတမ်းကတိဖြင့် လက်သီးထိုးပွဲ ဖြစ်
2189
သုတကျော် (NP News) - ဇန်နဝါရီ ၂၈
လက်ရှိတွင် နယ်မြေ အငြင်းပွားမှု ဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးဝီးဒေသတွင် KIA နှင့် TNLA အကြား ရှုံးသူ နယ်မြေဆုတ်စတမ်းကတိဖြင့် လက်သီးထိုးပွဲ ဖြစ်ပွားခဲ့ကြောင်း ထွက်ပေါ်နေသော ရုပ်သံမှတ်တမ်း နှင့် ဒေသခံအချို့ထံ မေးမြန်းထားချက်အရ သိရသည်။
KIA နှင့် TNLA တို့ အကြား နယ်မြေ အငြင်းပွားမှု ဖြစ်ပွားနေသော နေရာများမှာ နမ့်ဖတ်ကာ၊ မုံးဝီး၊ နမ့်အွန်၊ ပန်ခါးလေး ဒေသတို့တွင်ဖြစ်ပြီး အများအလှန် အခြေအတင်ပြောခြင်းမှသည် ယခုအခါ နှစ်ဖက်ချိန်းဆို လက်သီးထိုးသည်အထိပင် ဖြစ်ပွားလာခြင်းဖြစ်သည်။ အဆိုပါ လက်သီးထိုးပွဲမှာ ဇန်နဝါရီလ ၂၇ ရက်၊ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းထားချက်များအရ သိရသည်။
နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ရုပ်သံဖိုင်များ ထွက်ပေါ်နေရာ ယခုလက်သီးထိုးပွဲပါ ရုပ်သံဖိုင်မှာ အဆိုးဆုံးအခြေအနေဖြစ်ပြီး TNLA ကိုယ်စားပြုတပ်ဖွဲ့ဝင်တစ်ဦး နှင့် KIA ကိုယ်စားပြု တပ်ဖွဲ့ဝင်တစ်ဦးတို့က ကိုယ်စားပြုထိုးကြိတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ လက်သီးထိုးပွဲကိုလည်း နှစ်ဖက်တပ်ဖွဲ့ဝင်များက အော်ဟစ်အားပေးခဲ့ကြပြီး အချင်းချင်းစကားများ၊ ရန်ဖြစ်နေသည်ကိုလည်း တွေ့မြင်ရသည်။ “သိရတာက အဲဒီလို ထိုးကြတယ်။ ထိုးတော့ TNLA ဘက်က ရှုံးပေမယ့် ပြန်မဆုတ်ဘူးလို့ ပြောတယ်။ အခုထိတော့ တင်းမာနေသေးတယ်လို့ သိရပါတယ်” ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
zawgyi version
နယ္ေျမအျငင္းပြားေနသည့္ မုံးဝီးေဒသတြင္ KIA ႏွင့္ TNLA အၾကား ရႈံးသူနယ္ေျမ ဆုတ္စတမ္း ကတိျဖင့္ လက္သီးထိုးပြဲ ျဖစ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၈
လက္ရွိတြင္ နယ္ေျမ အျငင္းပြားမႈ ျဖစ္ပြားေနေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္းက မုံးဝီးေဒသတြင္ KIA ႏွင့္ TNLA အၾကား ရႈံးသူ နယ္ေျမဆုတ္စတမ္းကတိျဖင့္ လက္သီးထိုးပြဲ ျဖစ္ပြားခဲ့ေၾကာင္း ထြက္ေပၚေနေသာ ႐ုပ္သံမွတ္တမ္း ႏွင့္ ေဒသခံအခ်ိဳ႕ထံ ေမးျမန္းထားခ်က္အရ သိရသည္။
KIA ႏွင့္ TNLA တို႔ အၾကား နယ္ေျမ အျငင္းပြားမႈ ျဖစ္ပြားေနေသာ ေနရာမ်ားမွာ နမ့္ဖတ္ကာ၊ မုံးဝီး၊ နမ့္အြန္၊ ပန္ခါးေလး ေဒသတို႔တြင္ျဖစ္ၿပီး အမ်ားအလွန္ အေျခအတင္ေျပာျခင္းမွသည္ ယခုအခါ ႏွစ္ဖက္ခ်ိန္းဆို လက္သီးထိုးသည္အထိပင္ ျဖစ္ပြားလာျခင္းျဖစ္သည္။ အဆိုပါ လက္သီးထိုးပြဲမွာ ဇန္နဝါရီလ ၂၇ ရက္၊ ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
နယ္ေျမအျငင္းပြားမႈႏွင့္ပတ္သက္၍ ႐ုပ္သံဖိုင္မ်ား ထြက္ေပၚေနရာ ယခုလက္သီးထိုးပြဲပါ ႐ုပ္သံဖိုင္မွာ အဆိုးဆုံးအေျခအေနျဖစ္ၿပီး TNLA ကိုယ္စားျပဳတပ္ဖြဲ႕ဝင္တစ္ဦး ႏွင့္ KIA ကိုယ္စားျပဳ တပ္ဖြဲ႕ဝင္တစ္ဦးတို႔က ကိုယ္စားျပဳထိုးႀကိတ္ခဲ့ၾကျခင္းျဖစ္သည္။ အဆိုပါ လက္သီးထိုးပြဲကိုလည္း ႏွစ္ဖက္တပ္ဖြဲ႕ဝင္မ်ားက ေအာ္ဟစ္အားေပးခဲ့ၾကၿပီး အခ်င္းခ်င္းစကားမ်ား၊ ရန္ျဖစ္ေနသည္ကိုလည္း ေတြ႕ျမင္ရသည္။ “သိရတာက အဲဒီလို ထိုးၾကတယ္။ ထိုးေတာ့ TNLA ဘက္က ရႈံးေပမယ့္ ျပန္မဆုတ္ဘူးလို႔ ေျပာတယ္။ အခုထိေတာ့ တင္းမာေနေသးတယ္လို႔ သိရပါတယ္” ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။