ကျောက်ဖြူ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး လာမည့် မတ်လတွင် စတင်နိုင်ရန် ခန့်မှန်း

1996

နာမူ (NP News) - ဇန်နဝါရီ ၂၉
မြန်မာအစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို လာမည့် (၂၀၂၅) ခုနှစ်၊ မတ်လပတ်ဝန်းကျင်တွင် စတင်နိုင်ရန် ကျောက်ဖြူမြို့ခံများက ခန့်မှန်းထားကြောင်း သိရသည်။
နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်၏ မြို့များအနက် ပြည် နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့သာ နစက၏ ထိန်းချုပ်မှုအောက် ကျန်ရှိနေချိန် တွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ နှစ်ဖက်အစိုးရများက အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို ပူးပေါင်းပြင်ဆင်နေကြကြောင်း ကျောက်ဖြူမြို့ခံ သတင်းအရင်းအမြစ်ထံမှ သိရသည်။
'အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့အတွက် မြန်မာရော တရုတ်ရော နှစ်ဖက်စလုံးက ပြင် ဆင်နေတယ်လေ။ အကြမ်းဖျင်းတော့ မတ်လ ပတ်ဝန်းကျင်လောက်မှာ စတင်နိုင်မယ်လို့ ခန့်မှန်း ကြတာပေါ့' ဟု အထက်ပါ သတင်းရင်းမြစ်က NP News ကို ပြောပြသည်။ မြို့တွင်း လုံခြုံရေးအပိုင်းတွင်လည်း မြန်မာ့တပ်မတော်က လက်လှမ်းမီသေးသည့်အတွက် ထိန်းချုပ်ထားနိုင်ဆဲ အခြေအနေတွင် ရှိနေသေးကြောင်း ၎င်းကပြောသည်။
ထို့ပြင် ကျောက်ဖြူမြို့တွင် စစ်မက်ဖြစ် ပွားလာမည်ဟု မျှော်လင့်ထားခြင်းမရှိသည့်အတွက် ကျောက်ဖြူမြို့သူ၊ မြို့သားများမှာ ပုံမှန်အနေအထားတွင်ရှိသော်လည်း စီးပွားရေးနှင့် စားဝတ်နေရေးတွင် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့ထားသည့်အတွက် အခက်အခဲများရှိနေပြီး ကုန်ဈေးနှုန်းများ လည်း နှစ်ဆမြင့်တက်နေကြောင်း သိရသည်။
'လမ်းတွေပိတ်ထားတော့ ကုန်စည်စီးဆင်းမှုခက်ခဲနေပြီး အခုပြည်သူတွေက ဘာမှ မ တတ်နိုင်တဲ့အတွက် လမ်းတွေ ပြန်ဖွင့်တဲ့အထိ စောင့်ရတော့မှာပေါ့'ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့တွင် စစ်မက်မဖြစ်ပွားလာနိုင်ဟု ကျောက်ဖြူမြို့သူ၊ မြို့သားများ ခန့်မှန်း ကြခြင်းမှာ AA အဖွဲ့ကိုယ်တိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နှောင့်ယှက်မည်မဟုတ်ကြောင်း နှင့် ကူညီကာကွယ်ပေးမည်ဟု ကြေညာထားခြင်းကြောင့် ဖြစ်သော်လည်း ထိုကြေ ညာချက်ကို ရာခိုင်နှုန်းမည်မျှထိ ယုံကြည်နိုင်သည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူ စာချုပ်ကို ၂၀၂၀ ခု နှစ်၊ နိုဝင်ဘာလ (၅) ရက်တွင် စတင်ချုပ်ဆိုခဲ့ပြီး ၎င်းသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်တွင် ချုပ်ဆိုခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၁) ရက်က မြန်မာဘက်နှင့် CITIC ဘက်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။
zawgyi version
ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္တည္ေဆာက္ေရး လာမည့္ မတ္လတြင္ စတင္ႏိုင္ရန္ ခန႔္မွန္း
နာမူ (NP News) - ဇန္နဝါရီ ၂၉
ျမန္မာအစိုးရႏွင့္ တ႐ုတ္ႏိုင္ငံအစိုးရတို႔ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္သည့္ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးကို လာမည့္ (၂၀၂၅) ခုႏွစ္၊ မတ္လပတ္ဝန္းက်င္တြင္ စတင္ႏိုင္ရန္ ေက်ာက္ျဖဴၿမိဳ႕ခံမ်ားက ခန႔္မွန္းထားေၾကာင္း သိရသည္။
ႏိုင္ငံတဝန္း လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနၿပီး ရခိုင္ျပည္နယ္၏ ၿမိဳ႕မ်ားအနက္ ျပည္ နယ္ၿမိဳ႕ေတာ္ျဖစ္သည့္ စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔သာ နစက၏ ထိန္းခ်ဳပ္မႈေအာက္ က်န္ရွိေနခ်ိန္ တြင္ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္း စစ္မက္ျဖစ္ပြားျခင္းမရွိဘဲ ႏွစ္ဖက္အစိုးရမ်ားက အထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးကို ပူးေပါင္းျပင္ဆင္ေနၾကေၾကာင္း ေက်ာက္ျဖဴၿမိဳ႕ခံ သတင္းအရင္းအျမစ္ထံမွ သိရသည္။
'အထူးစီးပြားေရးဇုန္ တည္ေဆာက္ဖို႔အတြက္ ျမန္မာေရာ တ႐ုတ္ေရာ ႏွစ္ဖက္စလုံးက ျပင္ ဆင္ေနတယ္ေလ။ အၾကမ္းဖ်င္းေတာ့ မတ္လ ပတ္ဝန္းက်င္ေလာက္မွာ စတင္ႏိုင္မယ္လို႔ ခန႔္မွန္း ၾကတာေပါ့' ဟု အထက္ပါ သတင္းရင္းျမစ္က NP News ကို ေျပာျပသည္။ ၿမိဳ႕တြင္း လုံၿခဳံေရးအပိုင္းတြင္လည္း ျမန္မာ့တပ္မေတာ္က လက္လွမ္းမီေသးသည့္အတြက္ ထိန္းခ်ဳပ္ထားႏိုင္ဆဲ အေျခအေနတြင္ ရွိေနေသးေၾကာင္း ၎ကေျပာသည္။
ထို႔ျပင္ ေက်ာက္ျဖဴၿမိဳ႕တြင္ စစ္မက္ျဖစ္ ပြားလာမည္ဟု ေမွ်ာ္လင့္ထားျခင္းမရွိသည့္အတြက္ ေက်ာက္ျဖဴၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားမွာ ပုံမွန္အေနအထားတြင္ရွိေသာ္လည္း စီးပြားေရးႏွင့္ စားဝတ္ေနေရးတြင္ လမ္းပန္းဆက္သြယ္ေရးမ်ား ပိတ္ဆို႔ထားသည့္အတြက္ အခက္အခဲမ်ားရွိေနၿပီး ကုန္ေဈးႏႈန္းမ်ား လည္း ႏွစ္ဆျမင့္တက္ေနေၾကာင္း သိရသည္။
'လမ္းေတြပိတ္ထားေတာ့ ကုန္စည္စီးဆင္းမႈခက္ခဲေနၿပီး အခုျပည္သူေတြက ဘာမွ မ တတ္ႏိုင္တဲ့အတြက္ လမ္းေတြ ျပန္ဖြင့္တဲ့အထိ ေစာင့္ရေတာ့မွာေပါ့'ဟု ၎က ေျပာသည္။
ေက်ာက္ျဖဴၿမိဳ႕တြင္ စစ္မက္မျဖစ္ပြားလာႏိုင္ဟု ေက်ာက္ျဖဴၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား ခန႔္မွန္း ၾကျခင္းမွာ AA အဖြဲ႕ကိုယ္တိုင္က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ေႏွာင့္ယွက္မည္မဟုတ္ေၾကာင္း ႏွင့္ ကူညီကာကြယ္ေပးမည္ဟု ေၾကညာထားျခင္းေၾကာင့္ ျဖစ္ေသာ္လည္း ထိုေၾက ညာခ်က္ကို ရာခိုင္ႏႈန္းမည္မွ်ထိ ယုံၾကည္ႏိုင္သည္ကို မခန႔္မွန္းႏိုင္ေၾကာင္း ၎က ဆိုသည္။ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ေရနက္ဆိပ္ကမ္းစီမံကိန္း လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူ စာခ်ဳပ္ကို ၂၀၂၀ ခု ႏွစ္၊ ႏိုဝင္ဘာလ (၅) ရက္တြင္ စတင္ခ်ဳပ္ဆိုခဲ့ၿပီး ၎သေဘာတူစာခ်ဳပ္၏ ေနာက္ဆက္တြဲစာခ်ဳပ္ကို (၂၀၂၃) ခုႏွစ္၊ ဒီဇင္ဘာ (၂၆) ရက္တြင္ ခ်ဳပ္ဆိုခဲ့ကာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၁) ရက္က ျမန္မာဘက္ႏွင့္ CITIC ဘက္မွ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ ပတ္သက္၍ ႏွစ္ဖက္ႀကိဳတင္ျဖည့္ဆည္းရမည့္ အခ်က္မ်ားႏွင့္ စပ္လ်ဥ္းသည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေနျပည္ေတာ္တြင္ က်င္းပခဲ့သည္။