မူဆယ်တွင်နယ်စပ်ဖြတ်ကျော်သွားလာခွင့်လက်မှတ်တစ်အုပ်လျှင် သိန်း(၉၀)ထက် မနည်းပေးရသော ဈေးကွက်တစ်ခု ပေါ်ပေါက်နေ
1651
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၉
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် တရုတ် နိုင်ငံသို့သွားရောက်အလုပ်လုပ်မည့်သူများအတွက် မြန်မာ-တရုတ်သွားလာခွင့်လက်မှတ် စာအုပ်အနီတစ်အုပ်လျှင် သိန်း (၉၀) ထက်မနည်း ပေးရသည့် ဈေးကွက်ပေါ်ပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ မူဆယ်မြို့သည် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများ အတွက် တရုတ်နိုင်ငံသို့ဝင်ခွင့်ရရန် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ရှိရာ မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ဟုခေါ်သော စာအုပ်အနီနှင့် တစ်ပတ်တာသက်တမ်းရှိ (TBP၊ BP) စတဲ့ ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် စောင့်ဆိုင်းနေသူများစွာရှိနေကြောင်း သိရသည်။
“ဒီမှာက ရွှေလီထဲကိုဝင်ဖို့အတွက် (၁၃) မျဉ်း စောင်းတွေဖြစ်တဲ့ ပန်ခမ်း၊ နမ့်ခမ်း၊ မူဆယ်အိမ်ထောင် စုပဲဝင်လို့ရတယ်ဆိုတာကကျတော့ တရုတ်အစိုးရက သတ်မှတ်ထားတာ မဟုတ်ဘူး။ မြန်မာအစိုးရက တရားဝင်စာအုပ်အနီလုပ်ပိုင်ခွင့်ရှိတာက (၁၃) မျဉ်း စောင်း မူဆယ်အိမ်ထောင်စု၊ နမ့်ခမ်းအိမ်ထောင်စုနဲ့ ပန်ခမ်းအိမ်ထောင်စု ဒါပေမဲ့ တခြား မျဉ်းစောင်းဖြစ်နေ ပေမယ့်လည်း မူဆယ်အိမ်ထောင်စုဆိုရင် စာအုပ်အနီလုပ်ပေးပိုင်ခွင့်ရှိပါတယ်။ အဲဒီ စာအုပ်အနီက ဘာ တွေအသုံးဝင်လဲဆိုတော့ စာအုပ်အနီရှိရင် မူဆယ်ကို တစ်ပတ်တစ်ခေါက်ထွက်လို့ရတယ်။ တစ် ပတ်တစ်ခေါက် မထွက်ချင်ရင်လည်း တစ်လတစ် ခေါက်ထွက်လို့ရတယ်။ နောက်ပြီးတော့ ရွှေလီ မြို့ထဲမှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုရွေးပြီး ကိုယ်လုပ်ချင်တဲ့ဆိုင်မှာပဲ လုပ်လို့ရတယ်။ အဲဒီ စာအုပ် အနီကိုင်ပြီးတော့ ဆိုင်ခန်းငှားပြီးဈေးရောင်းလို့လည်း ရတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
သို့သော် အထက်ပါ အိမ်ထောင်စုစာရင်း မရှိသူ များက စာအုပ်အနီရရှိရန်အတွက် မူဆယ်အိမ်ထောင် စုစာရင်းပြောင်းပြီးစာအုပ်အနီလုပ်ရန် ငွေကျပ်သိန်း (၉၀) အထိပေါက်ဈေးရှိနေသော ဈေးကွက်တစ်ခုပေါ် ပေါက်နေကြောင်း အထက်ပါဒေသခံက ဆိုသည်။
“တချို့တွေက ကိုယ့်အိမ်ကနေ အိမ်ထောင်စု တွေ ခွဲထွက်ပြီးတော့ မူဆယ်မှာလုပ်ကြတာ။ မူဆယ် မှာက ပထမတော့ ဈေးချိုတယ်။ နောက်ပိုင်းကျတော့ အိမ်ထောင်စုတစ်စုဆိုရင် ကျပ်(၅)သိန်း၊(၈)သိန်း၊ (၁၀)သိန်းနဲ့ (၁၃)သိန်းနဲ့ သိန်း(၂၀)တို့ အခုဆို သိန်း (၂၅) နဲ့ သိန်း (၅၀)ကနေ သိန်း (၉၀) အထက် အဲဒီ လောက်တွေဖြစ်ပြီးတော့ အိမ်ထောင်စုပွားတွေနဲ့ စာအုပ်တွေက အဲဒီလောက်ထိတန်ကြေးရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အိမ်ထောင်စုစာရင်းပြောင်းရွှေ့ ရာ၌ နေရာဒေသအလိုက် ငွေကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းထိသာ ပေးဆောင်ရကြောင်းလည်း လဝကရုံးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။ “ အိမ်ထောင်စုဇယား ဒီမှာလုပ်ရင်တော့ ထောက်ခံစာ အဆင့်ဆင့်တောင်းပြီးလုပ်ရင် အများဆုံးမှ ကျပ်(၁၀ဝဝဝ)မကျော်ဘူးပေးရတာ။ ဒါက အများဆုံးပမာဏ ပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
သို့သော် တရုတ်နိုင်ငံတွင် စာအုပ်အနီဖြင့် သွား ရောက်အလုပ်လုပ်မည့်သူအချို့အတွက် မူဆယ် အိမ်ထောင်ပြောင်းလဲလျှောက်ထားရာတွင် မူဆယ်အိမ် ထောင်စုစာရင်းအစစ်အတွင်း လူဦးရေပေါင်းထည့် ကာ အထောက်အထားခိုင်ခိုင်မာမာမရှိသည့် အိမ် ထောင်စာရင်းများဖန်တီး၍ စာအုပ်အနီလုပ်ဆောင် ပေးနေခြင်းများလည်းရှိနေကြောင်း အခြားသော မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။
ထို့ပြင် မူဆယ်မြို့မှ တစ်ပတ်တာသက်တမ်းရှိ (TBP၊ BP) စတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက် မှတ်ဖြင့် တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ် ကိုင်ရန် စောင့်ဆိုင်းနေသူများလည်း များစွာရှိနေပြီး တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်းများစွာ မူဆယ်မြို့တွင် သောင်တင်ကာ ရရာအလုပ်များလုပ်ကိုင်နေရကြောင်း လည်း အထက်ပါဒေသခံကဆိုသည်။ တစ်ပတ် ကတ်ရရှိရန်လည်း တရုတ်နိုင်ငံ၏ အလုပ်ခေါ်စာပါရှိ မှသာ ဝင်ခွင့်ရရှိမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ သို့သွားရောက်အလုပ်လုပ်ကိုင်ရန် အနယ်နယ်အရပ်ရပ်မှ မူဆယ်မြို့သို့ရောက်ရှိနေသူဦးရေ (၆၀ဝဝ)ကျော်ထိပင်ရှိနေသေးကြောင်း သိရသည်။
“(၂၀၂၄) နှစ်ကုန်ထိ မူဆယ်မှာ လူပေါင်း (၁၀ဝဝဝ)နီးပါထိကျန်ခဲ့တယ်။ အခုနောက်ပိုင်းမှာ တော့ တစ်ရက်ကို လူပေါင်း (၂၀ဝ) နဲ့ ဝင်သွားတာ ဆိုတော့ လူပေါင်း(၃၀ဝဝ)ကျော်တော့ဝင်သွားပြီ။ တချို့လည်း ပြန်သွားနေတာနဲ့ဆိုတော့ တော်တော် များများကျန်သေးတယ်။ အဲဒီလူတွေကိုက ဆင်ဖြူ ပေါက်နဲ့ နန်တော်ပေါက်ကပဲ ဝင်ခွင့်ပြုတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News သို့ ပြောသည်။
ထို့ပြင် မူဆယ်တွင် တစ်ပတ်ကတ်မရရှိသေးသည့်လူပေါင်းများစွာမှာ အိမ်ငှားခအပြင် စားဝတ်နေ ရေးအခက်အခဲများကြောင့် ရရာအလုပ်ပင် ဝင် ရောက်လုပ်ကိုင်နေကြရသူများလည်း များစွာရှိနေကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“မူဆယ်မှာသောင်တင်နေတဲ့ လူတချို့က ရရာအလုပ်တွေဝင်လုပ်ကြတယ်။ နောက်တစ်ခုကတော့ ခိုးပေါက်တွေကနေ ဝင်ကြတယ်။ အဖမ်းခံရတယ်။ တချို့ကကျတော့ တရုတ်သူဌေးတွေကနေပြီးတော့ ကြိုငွေအမြန်ကြေးတွေကို ထုတ်ပေးပြီးတော့ သူတို့လစာထဲကနေနုတ်တာတွေရှိတယ်။ အဲဒီကျတော့ အခြေခံစားလူတန်းစားအလုပ်သွားလုပ် ချင်တဲ့လူတွေက (၉၀) ရာခိုင်နှုန်းလောက် အဆင်မပြေကြဘူး”ဟု ၎င်းကဆိုသည်။
မူဆယ်မြို့တွင် သောင်တင်နေသူများအနက် ကျေးလက်ဒေသမှ လယ်ယာအိုးအိမ်များရောင်းချကာ တရုတ်နိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်မည့်သူများလည်း များစွာပါဝင်နေပြီး ၎င်းတို့ကို ခေါ် ဆောင်လာခဲ့သည့် ပွဲစားများ၏ လိမ်လည်မှုကြောင့် ဒုက္ခရောက်နေကြကြောင်း အခြားသော ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
zawgyi version
မူဆယ္တြင္နယ္စပ္ျဖတ္ေက်ာ္သြားလာခြင့္လက္မွတ္တစ္အုပ္လွ်င္ သိန္း(၉၀)ထက္မနည္းေပးရေသာ ေဈးကြက္တစ္ခု ေပၚေပါက္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၉
ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕တြင္ တ႐ုတ္ ႏိုင္ငံသို႔သြားေရာက္အလုပ္လုပ္မည့္သူမ်ားအတြက္ ျမန္မာ-တ႐ုတ္သြားလာခြင့္လက္မွတ္ စာအုပ္အနီတစ္အုပ္လွ်င္ သိန္း (၉၀) ထက္မနည္း ေပးရသည့္ ေဈးကြက္ေပၚေပါက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ မူဆယ္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ ျမန္မာလုပ္သားမ်ား အတြက္ တ႐ုတ္ႏိုင္ငံသို႔ဝင္ခြင့္ရရန္ နန္းေတာ္ဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔ရွိရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ဟုေခၚေသာ စာအုပ္အနီႏွင့္ တစ္ပတ္တာသက္တမ္းရွိ (TBP၊ BP) စတဲ့ ယာယီ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ျဖင့္ ေစာင့္ဆိုင္းေနသူမ်ားစြာရွိေနေၾကာင္း သိရသည္။
“ဒီမွာက ေ႐ႊလီထဲကိုဝင္ဖို႔အတြက္ (၁၃) မ်ဥ္း ေစာင္းေတြျဖစ္တဲ့ ပန္ခမ္း၊ နမ့္ခမ္း၊ မူဆယ္အိမ္ေထာင္ စုပဲဝင္လို႔ရတယ္ဆိုတာကက်ေတာ့ တ႐ုတ္အစိုးရက သတ္မွတ္ထားတာ မဟုတ္ဘူး။ ျမန္မာအစိုးရက တရားဝင္စာအုပ္အနီလုပ္ပိုင္ခြင့္ရွိတာက (၁၃) မ်ဥ္း ေစာင္း မူဆယ္အိမ္ေထာင္စု၊ နမ့္ခမ္းအိမ္ေထာင္စုနဲ႔ ပန္ခမ္းအိမ္ေထာင္စု ဒါေပမဲ့ တျခား မ်ဥ္းေစာင္းျဖစ္ေန ေပမယ့္လည္း မူဆယ္အိမ္ေထာင္စုဆိုရင္ စာအုပ္အနီလုပ္ေပးပိုင္ခြင့္ရွိပါတယ္။ အဲဒီ စာအုပ္အနီက ဘာ ေတြအသုံးဝင္လဲဆိုေတာ့ စာအုပ္အနီရွိရင္ မူဆယ္ကို တစ္ပတ္တစ္ေခါက္ထြက္လို႔ရတယ္။ တစ္ ပတ္တစ္ေခါက္ မထြက္ခ်င္ရင္လည္း တစ္လတစ္ ေခါက္ထြက္လို႔ရတယ္။ ေနာက္ၿပီးေတာ့ ေ႐ႊလီ ၿမိဳ႕ထဲမွာ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကိုေ႐ြးၿပီး ကိုယ္လုပ္ခ်င္တဲ့ဆိုင္မွာပဲ လုပ္လို႔ရတယ္။ အဲဒီ စာအုပ္ အနီကိုင္ၿပီးေတာ့ ဆိုင္ခန္းငွားၿပီးေဈးေရာင္းလို႔လည္း ရတယ္” ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
သို႔ေသာ္ အထက္ပါ အိမ္ေထာင္စုစာရင္း မရွိသူ မ်ားက စာအုပ္အနီရရွိရန္အတြက္ မူဆယ္အိမ္ေထာင္ စုစာရင္းေျပာင္းၿပီးစာအုပ္အနီလုပ္ရန္ ေငြက်ပ္သိန္း (၉၀) အထိေပါက္ေဈးရွိေနေသာ ေဈးကြက္တစ္ခုေပၚ ေပါက္ေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“တခ်ိဳ႕ေတြက ကိုယ့္အိမ္ကေန အိမ္ေထာင္စု ေတြ ခြဲထြက္ၿပီးေတာ့ မူဆယ္မွာလုပ္ၾကတာ။ မူဆယ္ မွာက ပထမေတာ့ ေဈးခ်ိဳတယ္။ ေနာက္ပိုင္းက်ေတာ့ အိမ္ေထာင္စုတစ္စုဆိုရင္ က်ပ္(၅)သိန္း၊(၈)သိန္း၊ (၁၀)သိန္းနဲ႔ (၁၃)သိန္းနဲ႔ သိန္း(၂၀)တို႔ အခုဆို သိန္း (၂၅) နဲ႔ သိန္း (၅၀)ကေန သိန္း (၉၀) အထက္ အဲဒီ ေလာက္ေတြျဖစ္ၿပီးေတာ့ အိမ္ေထာင္စုပြားေတြနဲ႔ စာအုပ္ေတြက အဲဒီေလာက္ထိတန္ေၾကးရွိတယ္”ဟု ၎က ဆက္ေျပာသည္။
လက္ရွိတြင္ အိမ္ေထာင္စုစာရင္းေျပာင္းေ႐ႊ႕ ရာ၌ ေနရာေဒသအလိုက္ ေငြက်ပ္ေထာင္ဂဏန္းမွ ေသာင္းဂဏန္းထိသာ ေပးေဆာင္ရေၾကာင္းလည္း လဝက႐ုံးႏွင့္နီးစပ္သူတစ္ဦးကဆိုသည္။ “ အိမ္ေထာင္စုဇယား ဒီမွာလုပ္ရင္ေတာ့ ေထာက္ခံစာ အဆင့္ဆင့္ေတာင္းၿပီးလုပ္ရင္ အမ်ားဆုံးမွ က်ပ္(၁၀ဝဝဝ)မေက်ာ္ဘူးေပးရတာ။ ဒါက အမ်ားဆုံးပမာဏ ေပါ့”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
သို႔ေသာ္ တ႐ုတ္ႏိုင္ငံတြင္ စာအုပ္အနီျဖင့္ သြား ေရာက္အလုပ္လုပ္မည့္သူအခ်ိဳ႕အတြက္ မူဆယ္ အိမ္ေထာင္ေျပာင္းလဲေလွ်ာက္ထားရာတြင္ မူဆယ္အိမ္ ေထာင္စုစာရင္းအစစ္အတြင္း လူဦးေရေပါင္းထည့္ ကာ အေထာက္အထားခိုင္ခိုင္မာမာမရွိသည့္ အိမ္ ေထာင္စာရင္းမ်ားဖန္တီး၍ စာအုပ္အနီလုပ္ေဆာင္ ေပးေနျခင္းမ်ားလည္းရွိေနေၾကာင္း အျခားေသာ မူဆယ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕မွ တစ္ပတ္တာသက္တမ္းရွိ (TBP၊ BP) စတဲ့ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္ မွတ္ျဖင့္ တ႐ုတ္ႏိုင္ငံတြင္ သြားေရာက္ အလုပ္လုပ္ ကိုင္ရန္ ေစာင့္ဆိုင္းေနသူမ်ားလည္း မ်ားစြာရွိေနၿပီး တ႐ုတ္ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္မည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေပါင္းမ်ားစြာ မူဆယ္ၿမိဳ႕တြင္ ေသာင္တင္ကာ ရရာအလုပ္မ်ားလုပ္ကိုင္ေနရေၾကာင္း လည္း အထက္ပါေဒသခံကဆိုသည္။ တစ္ပတ္ ကတ္ရရွိရန္လည္း တ႐ုတ္ႏိုင္ငံ၏ အလုပ္ေခၚစာပါရွိ မွသာ ဝင္ခြင့္ရရွိမည္ျဖစ္ၿပီး လက္ရွိတြင္ တ႐ုတ္ႏိုင္ငံ သို႔သြားေရာက္အလုပ္လုပ္ကိုင္ရန္ အနယ္နယ္အရပ္ရပ္မွ မူဆယ္ၿမိဳ႕သို႔ေရာက္ရွိေနသူဦးေရ (၆၀ဝဝ)ေက်ာ္ထိပင္ရွိေနေသးေၾကာင္း သိရသည္။
“(၂၀၂၄) ႏွစ္ကုန္ထိ မူဆယ္မွာ လူေပါင္း (၁၀ဝဝဝ)နီးပါထိက်န္ခဲ့တယ္။ အခုေနာက္ပိုင္းမွာ ေတာ့ တစ္ရက္ကို လူေပါင္း (၂၀ဝ) နဲ႔ ဝင္သြားတာ ဆိုေတာ့ လူေပါင္း(၃၀ဝဝ)ေက်ာ္ေတာ့ဝင္သြားၿပီ။ တခ်ိဳ႕လည္း ျပန္သြားေနတာနဲ႔ဆိုေတာ့ ေတာ္ေတာ္ မ်ားမ်ားက်န္ေသးတယ္။ အဲဒီလူေတြကိုက ဆင္ျဖဴ ေပါက္နဲ႔ နန္ေတာ္ေပါက္ကပဲ ဝင္ခြင့္ျပဳတာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ မူဆယ္တြင္ တစ္ပတ္ကတ္မရရွိေသးသည့္လူေပါင္းမ်ားစြာမွာ အိမ္ငွားခအျပင္ စားဝတ္ေန ေရးအခက္အခဲမ်ားေၾကာင့္ ရရာအလုပ္ပင္ ဝင္ ေရာက္လုပ္ကိုင္ေနၾကရသူမ်ားလည္း မ်ားစြာရွိေနေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။
“မူဆယ္မွာေသာင္တင္ေနတဲ့ လူတခ်ိဳ႕က ရရာအလုပ္ေတြဝင္လုပ္ၾကတယ္။ ေနာက္တစ္ခုကေတာ့ ခိုးေပါက္ေတြကေန ဝင္ၾကတယ္။ အဖမ္းခံရတယ္။ တခ်ိဳ႕ကက်ေတာ့ တ႐ုတ္သူေဌးေတြကေနၿပီးေတာ့ ႀကိဳေငြအျမန္ေၾကးေတြကို ထုတ္ေပးၿပီးေတာ့ သူတို႔လစာထဲကေနႏုတ္တာေတြရွိတယ္။ အဲဒီက်ေတာ့ အေျခခံစားလူတန္းစားအလုပ္သြားလုပ္ ခ်င္တဲ့လူေတြက (၉၀) ရာခိုင္ႏႈန္းေလာက္ အဆင္မေျပၾကဘူး”ဟု ၎ကဆိုသည္။
မူဆယ္ၿမိဳ႕တြင္ ေသာင္တင္ေနသူမ်ားအနက္ ေက်းလက္ေဒသမွ လယ္ယာအိုးအိမ္မ်ားေရာင္းခ်ကာ တ႐ုတ္ႏိုင္ငံတြင္သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားလည္း မ်ားစြာပါဝင္ေနၿပီး ၎တို႔ကို ေခၚ ေဆာင္လာခဲ့သည့္ ပြဲစားမ်ား၏ လိမ္လည္မႈေၾကာင့္ ဒုကၡေရာက္ေနၾကေၾကာင္း အျခားေသာ ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။