Pika (NP News) - ဇန်နဝါရီ ၂၉
တူရကီအမျိုးသမီးတစ်ဦးသည် ၎င်း၏ပေါင်တံများကိုအသုံးပြုကာ အချိန်စက္ကန့်(၆၀) အတွင်း ဖရဲသီး(၅)လုံးကို ခြေမွှပစ်ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဂင်း နစ်စံချိန်မှတ်တမ်းအဖွဲ့သည် အဆိုပါစံချိန်ကို ပြီး မြောက်အောင်ကြိုးပမ်းနေသည့် ဂေါ့ဇ်ဒီဒိုဂန်ဆိုသည့် အမျိုးသမီး၏ ဗီဒီယိုဖိုင်ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် မျှဝေခဲ့ကြောင်းလည်းသိရသည်။
အဆိုပါဗီဒီယိုဖိုင်အတွင်းတွင် ဂေါ့ဇ်ဒီဒိုဂန်သည် ဖရဲသီးများစီတန်းထားသည့် အတန်းနှစ်ခု ကြားတွင်ထိုင်နေပြီး ဖရဲသီးများကို ပေါင်တံဖြင့် ခြေမွှပစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ပြင် ဂေါ့ဇ် ဒီဒိုဂန်သည် နောက်ထပ်ဖရဲသီးများကို ဆက်လက် ခြေမွှပစ်ရန်အတွက် ယခင်ခြေမွှပစ်ထားသော ဖရဲသီးများ၏အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းပစ် နေသည်ကိုလည်း အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။
ထို့နောက် ဂေါ့ဇ်ဒီဒိုဂန်သည် ပေါင်တံများကိုအသုံးပြုကာ စက္ကန့်(၆၀)အတွင်း ဖရဲသီး အလုံးရေ အများဆုံးခြေမွပစ်သည့်အမျိုးသမီး ဂင်းနစ်စံချိန်မှတ် တမ်းလက်မှတ်ကို လက်ခံရယူနေသည့်ဓာတ်ပုံများကိုလည်း တွေ့မြင်ခဲ့ရသည်။ ဂေါ့ဇ်ဒီဒိုဂန်က 'ဒီဂင်းနစ်စံချိန်မှတ်တမ်းကို ရရှိခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ပြီးတော့ ပေါင်တံကိုအသုံးပြုပြီး ဖရဲသီးတွေကို အများဆုံးခြေမွပြနိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့တာက အရမ်းကိုအံ့ဩဖို့ကောင်း ပါတယ်'ဟုပြောဆိုခဲ့သည်။
(၂၀၁၇)ခုနှစ်တွင် အီရန်အမျိုးသားတစ်ဦး သည် ဖရဲသီးသုံးလုံးကို အမြန်ဆုံးခြေမွှပြနိုင်ခြင်း အတွက် ဂင်းနစ်စံချိန်တစ်ခုတင်ခဲ့ဖူးကြောင်းသိရသည်။
zawgyi version
တူရကီအမ်ိဳးသမီးတစ္ဦးက ေပါင္တံမ်ားကိုအသုံးျပဳၿပီး ဖရဲသီးအလုံးေရ အမ်ားဆုံး ေျခမႊျပႏိုင္တဲ့ ဂင္းနစ္စံခ်ိန္တင္
Pika (NP News) - ဇန္နဝါရီ ၂၉
တူရကီအမ်ိဳးသမီးတစ္ဦးသည္ ၎၏ေပါင္တံမ်ားကိုအသုံးျပဳကာ အခ်ိန္စကၠန႔္(၆၀) အတြင္း ဖရဲသီး(၅)လုံးကို ေျခမႊပစ္ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ကမာၻ႔ဂင္း နစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သည္ အဆိုပါစံခ်ိန္ကို ၿပီး ေျမာက္ေအာင္ႀကိဳးပမ္းေနသည့္ ေဂါ့ဇ္ဒီဒိုဂန္ဆိုသည့္ အမ်ိဳးသမီး၏ ဗီဒီယိုဖိုင္ကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ မွ်ေဝခဲ့ေၾကာင္းလည္းသိရသည္။
အဆိုပါဗီဒီယိုဖိုင္အတြင္းတြင္ ေဂါ့ဇ္ဒီဒိုဂန္သည္ ဖရဲသီးမ်ားစီတန္းထားသည့္ အတန္းႏွစ္ခု ၾကားတြင္ထိုင္ေနၿပီး ဖရဲသီးမ်ားကို ေပါင္တံျဖင့္ ေျခမႊပစ္ေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။ ထို႔ျပင္ ေဂါ့ဇ္ ဒီဒိုဂန္သည္ ေနာက္ထပ္ဖရဲသီးမ်ားကို ဆက္လက္ ေျခမႊပစ္ရန္အတြက္ ယခင္ေျခမႊပစ္ထားေသာ ဖရဲသီးမ်ား၏အစိတ္အပိုင္းမ်ားကို ဖယ္ရွားရွင္းလင္းပစ္ ေနသည္ကိုလည္း အဆိုပါဗီဒီယိုဖိုင္ထဲတြင္ ေတြ႕ျမင္ခဲ့ရသည္။
ထို႔ေနာက္ ေဂါ့ဇ္ဒီဒိုဂန္သည္ ေပါင္တံမ်ားကိုအသုံးျပဳကာ စကၠန႔္(၆၀)အတြင္း ဖရဲသီး အလုံးေရ အမ်ားဆုံးေျခမြပစ္သည့္အမ်ိဳးသမီး ဂင္းနစ္စံခ်ိန္မွတ္ တမ္းလက္မွတ္ကို လက္ခံရယူေနသည့္ဓာတ္ပုံမ်ားကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ေဂါ့ဇ္ဒီဒိုဂန္က 'ဒီဂင္းနစ္စံခ်ိန္မွတ္တမ္းကို ရရွိခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ ၿပီးေတာ့ ေပါင္တံကိုအသုံးျပဳၿပီး ဖရဲသီးေတြကို အမ်ားဆုံးေျခမြျပႏိုင္တဲ့ ပထမဆုံးအမ်ိဳးသမီးျဖစ္လာခဲ့တာက အရမ္းကိုအံ့ဩဖို႔ေကာင္း ပါတယ္'ဟုေျပာဆိုခဲ့သည္။
(၂၀၁၇)ခုႏွစ္တြင္ အီရန္အမ်ိဳးသားတစ္ဦး သည္ ဖရဲသီးသုံးလုံးကို အျမန္ဆုံးေျခမႊျပႏိုင္ျခင္း အတြက္ ဂင္းနစ္စံခ်ိန္တစ္ခုတင္ခဲ့ဖူးေၾကာင္းသိရသည္။
Related news
© 2021. All rights reserved.