ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ကနေဒါဓာတ်ပုံဆရာနှင့်မော်ဒယ်

 837

Pika (NP News) - ဇန်နဝါရီ ၂၉

ဓာတ်ပုံဆရာတစ်ဦးနှင့် မော်ဒယ်တစ်ဦး တို့သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းလွန် ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် ဓာတ်ပုံ ရိုက်ခြင်းများကိုလုပ်ဆောင်ကာ ၎င်းတို့၏ကိုယ်ပိုင် ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ကြောင်း သိရသည်။

အဆိုပါဓာတ်ပုံဆရာနှင့်မော်ဒယ်တို့သည် ရေငုပ်ကျွမ်းကျင်သူတစ်ဦး၏ အကူအညီနှင့်အတူ ရေအောက်တွင် ဓာတ်ပုံရိုက်ခြင်းများကို လုပ်ဆောင် ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ကနေဒါနိုင်ငံသား များဖြစ်ကြသော စတီဗင်ဟိုင်းနင်းနှင့် ဆီရာအန်တိုစကီတို့သည် အမေရိကန် ရေငုပ်နှင့်ဘေးကင်း ရေးကျွမ်းကျင်သူ ဝိန်းဖရွိုင်းမန်း၏အကူအညီနှင့် အတူ ရေအောက်အနက်ဆုံးတွင် မော်ဒယ်ဓာတ်ပုံ ရိုက်ကူးမှု ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် (၂၀၂၁)ခုနှစ်တွင် ရေအောက်အနက်(၂၁)ပေ၌ ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ရေအောက်အနက်ဆုံးတွင်မော်ဒယ်ဓာတ်ပုံရိုက်ကူးမှုအတွက် ဂင်းနစ်စံချိန်ကို ယခင်ကတင်ခဲ့ဖူးကြောင်းသိရသည်။

စတီဗင်ဟိုင်းနင်းနှင့် ဆီရာအန်တိုစကီတို့ သည် Boca Raton မြို့ ကမ်းလွန်ရှိ Hydro Atlantic သင်္ဘောပျက်တွင် ဓာတ်ပုံရိုက်ခြင်းဖြင့် ၎င်းတို့၏ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ရေငုပ်ခြင်းဆိုင်ရာလေ့ကျင့်ခန်းများကို လပေါင်းများစွာကြာအောင်လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ ထို့နောက် စီတီဗင်ဟိုင်းနင်းသည် ဆီရာအန်တိုစကီက ရေအောက်အနက်(၁၆၃ ဒသမ ၃၈)ပေတွင် မော်ဒယ်အဖြစ် ပို့စ်အမျိုးမျိုးပေးနေချိန်တွင် ဓာတ်ပုံများကို ရိုက်ကူးခဲ့ပြီးနောက် ၎င်းတို့၏ကိုယ်ပိုင်ဂင်းနစ် စံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ကြောင်းသိရသည်။

zawgyi version
ေရေအာက္အနက္(၁၆၃ ဒသမ ၃၈)ေပတြင္ ဓာတ္ပုံ႐ိုက္ကူးခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ကေနဒါဓာတ္ပုံဆရာႏွင့္ေမာ္ဒယ္
Pika (NP News) - ဇန္နဝါရီ ၂၉

ဓာတ္ပုံဆရာတစ္ဦးႏွင့္ ေမာ္ဒယ္တစ္ဦး တို႔သည္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါကမ္းလြန္ ေရေအာက္အနက္(၁၆၃ ဒသမ ၃၈)ေပတြင္ ဓာတ္ပုံ ႐ိုက္ျခင္းမ်ားကိုလုပ္ေဆာင္ကာ ၎တို႔၏ကိုယ္ပိုင္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။

အဆိုပါဓာတ္ပုံဆရာႏွင့္ေမာ္ဒယ္တို႔သည္ ေရငုပ္ကြၽမ္းက်င္သူတစ္ဦး၏ အကူအညီႏွင့္အတူ ေရေအာက္တြင္ ဓာတ္ပုံ႐ိုက္ျခင္းမ်ားကို လုပ္ေဆာင္ ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ ကေနဒါႏိုင္ငံသား မ်ားျဖစ္ၾကေသာ စတီဗင္ဟိုင္းနင္းႏွင့္ ဆီရာအန္တိုစကီတို႔သည္ အေမရိကန္ ေရငုပ္ႏွင့္ေဘးကင္း ေရးကြၽမ္းက်င္သူ ဝိန္းဖ႐ြိဳင္းမန္း၏အကူအညီႏွင့္ အတူ ေရေအာက္အနက္ဆုံးတြင္ ေမာ္ဒယ္ဓာတ္ပုံ ႐ိုက္ကူးမႈ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ၎တို႔ႏွစ္ဦးသည္ (၂၀၂၁)ခုႏွစ္တြင္ ေရေအာက္အနက္(၂၁)ေပ၌ ဓာတ္ပုံ ႐ိုက္ကူးခဲ့ၿပီးေနာက္ ေရေအာက္အနက္ဆုံးတြင္ေမာ္ဒယ္ဓာတ္ပုံ႐ိုက္ကူးမႈအတြက္ ဂင္းနစ္စံခ်ိန္ကို ယခင္ကတင္ခဲ့ဖူးေၾကာင္းသိရသည္။

စတီဗင္ဟိုင္းနင္းႏွင့္ ဆီရာအန္တိုစကီတို႔ သည္ Boca Raton ၿမိဳ႕ ကမ္းလြန္ရွိ Hydro Atlantic သေဘၤာပ်က္တြင္ ဓာတ္ပုံ႐ိုက္ျခင္းျဖင့္ ၎တို႔၏ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ေရငုပ္ျခင္းဆိုင္ရာေလ့က်င့္ခန္းမ်ားကို လေပါင္းမ်ားစြာၾကာေအာင္ေလ့က်င့္ခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ စီတီဗင္ဟိုင္းနင္းသည္ ဆီရာအန္တိုစကီက ေရေအာက္အနက္(၁၆၃ ဒသမ ၃၈)ေပတြင္ ေမာ္ဒယ္အျဖစ္ ပို႔စ္အမ်ိဳးမ်ိဳးေပးေနခ်ိန္တြင္ ဓာတ္ပုံမ်ားကို ႐ိုက္ကူးခဲ့ၿပီးေနာက္ ၎တို႔၏ကိုယ္ပိုင္ဂင္းနစ္ စံခ်ိန္ကို ျပန္လည္ခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.