ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊မြို့နယ်အဖွဲ့များ ငွေကြေးမသမာမှုများမရှိစေရန် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ရန်လိုဟု ဆို

 555

နာမူ (NP News) - ဇန်နဝါရီ ၂၉

ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်၊ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ငွေကြေးမသမာမှုမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဇန်နဝါရီလ ၂၈ ရက်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့် ပက်သက်၍ ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်လျက်ရှိနေပြီး ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့်၏ အားနည်းချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထိုသို့ ပြောဆိုမှုများတွင် အများစုသည် သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပြည်သူလူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းများသာဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာ အရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်းရှိနေပြီး ပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ပြည်သူနှင့်ဆက်ဆံရေးကောင်းမွန်စေရန်၊ ငွေကြေးဆိုင်ရာမသမာမှုများမရှိစေရန်၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရန်တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့်လည်း ပြည်သူများတင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုလျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ စာရင်းဇယားမှန်ကန်ရန်နှင့်ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ၿမိဳ႕နယ္အဖြဲ႕မ်ား ေငြေၾကးမသမာမႈမ်ားမရွိေစရန္ တာဝန္ရွိသူမ်ားက စိစစ္ၾကပ္မတ္ရန္လိုဟု ဆို
နာမူ (NP News) - ဇန္နဝါရီ ၂၉

ျပည္သူႏွင့္တိုက္႐ိုက္ထိေတြ႕ဆက္ဆံရသည့္ ရပ္၊ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ၿမိဳ႕နယ္အဖြဲ႕မ်ားအေနျဖင့္ ေငြေၾကးမသမာမႈမရွိေစရန္ တာဝန္ရွိသူအဆင့္ဆင့္က စိစစ္ၾကပ္မတ္ရန္လိုေၾကာင္း ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးဗဟိုအဖြဲ႕ဥကၠ႒က အသိေပးေျပာၾကားထားသည္။

ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးဗဟိုအဖြဲ႕ဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ဇန္နဝါရီလ ၂၈ ရက္တြင္ ျပဳလုပ္သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚျခင္းႏွင့္ ပက္သက္၍ ျပည္သူလူထုအၾကား သတင္းမွန္၊ သတင္းမွား ေျမာက္ျမားစြာ ျဖစ္ေပၚလ်က္ရွိေနၿပီး ရပ္ကြက္၊ ေက်း႐ြာအဆင့္မွစ၍ ၿမိဳ႕နယ္၊ ခ႐ိုင္စသည့္ အဆင့္ဆင့္၏ အားနည္းခ်က္မ်ားကို မီဒီယာမ်ားသာမက ပုဂၢလိကတစ္ဦးခ်င္းကပါ ေထာက္ျပေျပာဆိုမႈမ်ား ရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ထိုသို႔ ေျပာဆိုမႈမ်ားတြင္ အမ်ားစုသည္ သတင္းမွန္အနည္းငယ္ကိုအေျခခံၿပီး ျပည္သူလူထုအထင္အျမင္မွားေစရန္၊ စစ္မႈထမ္းဆင့္ေခၚမႈပုံရိပ္ ထိခိုက္က်ဆင္းေစရန္ ပုံႀကီးခ်ဲ႕ေဆာင္႐ြက္ျခင္းမ်ားသာျဖစ္ၿပီး တာဝန္ရွိသူမ်ားအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအေပၚ မမွန္မကန္ေဆာင္႐ြက္မႈမ်ားရွိေၾကာင္း ေတြ႕ရွိပါက ထိေရာက္စြာအေရးယူသြားရန္ လိုအပ္မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။ မတရားျပဳလုပ္ေၾကာင္း မွန္ကန္သည့္အတြက္ ထိေရာက္စြာ အေရးယူသြားရန္၊ အေရးယူၿပီး၊ အေရးယူဆဲအမႈမ်ားလည္းရွိေနၿပီး ျပည္သူ႔စစ္မႈထမ္းရန္ကိစၥႏွင့္ ပတ္သက္၍ မွန္ကန္မႈမရွိဘဲ လုပ္ႀကံေျပာဆိုဝါဒျဖန႔္ျခင္း၊ မမွန္မကန္တိုင္ၾကားျခင္းမ်ားရွိပါက တိက်စြာေဖာ္ထုတ္၍ အေရးယူသြားရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ထို႔ျပင္ ျပည္သူႏွင့္ တိုက္႐ိုက္ထိေတြ႕ဆက္ဆံရသည့္ ရပ္၊ ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ ၿမိဳ႕နယ္အဖြဲ႕မ်ားအေနျဖင့္ ျပည္သူႏွင့္ဆက္ဆံေရးေကာင္းမြန္ေစရန္၊ ေငြေၾကးဆိုင္ရာမသမာမႈမ်ားမရွိေစရန္၊ သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္မႈရွိေစရန္တို႔အတြက္ တာဝန္ရွိသူအဆင့္ဆင့္က စိစစ္ၾကပ္မတ္ရန္လိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ျပည္သူ႔စစ္မႈထမ္းဗဟိုအဖြဲ႕အေနျဖင့္လည္း ျပည္သူမ်ားတင္ျပလာသည့္ ကင္းလြတ္၊ ေလွ်ာ့ေပါ့၊ ေ႐ႊ႕ဆိုင္းခြင့္မ်ားႏွင့္စပ္လ်ဥ္း၍ စိစစ္ခြင့္ျပဳလ်က္ရွိၿပီး ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕မွ စာရင္းဇယားမွန္ကန္ရန္ႏွင့္ေရရွည္တြင္ မွတ္တမ္းထည့္သြင္းမႈ လြယ္ကူေစရန္အတြက္ ျပည္သူ႔စစ္မႈထမ္း ကိုယ္ေရးအခ်က္အလက္စီမံခန႔္ခြဲမႈစနစ္ (National Service Information Management System-NSIMS)ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Picture

Aung Aung

30/01/2025 19:59

‌ောက်ကောင်တွေလုပ်လို့ ‌ောက်ပိုတွေ လုပ်နေရတယ်

Related news

© 2021. All rights reserved.