ပြည်တွင်းဘိလပ်မြေလိုအပ်ချက် ပြည့်မီစေရန်အတွက် ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့်ပေးထား

3190

ယွန်း(NP News)- ဇန်နဝါရီ ၂၉
ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်အတွက် ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့်ပေးထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိကာလသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ ဆောက် လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အတွက် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက် ပြည့်မီစေရန်နှင့် ပြည်တွင်းဘိလပ်မြေထုတ်လုပ်မှုများကို အားဖြည့်ရန် ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့တင်သွင်းရာတွင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများကို ယခု ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ပထမခြောက်လအတွင်း၌ ဘိလပ်မြေတစ်အိတ်၏အမြင့်ဆုံးဈေးသည် ကျပ်(၁၅၀ဝဝ)ခန့်သာရှိသော်လည်း နောက်ထပ်(၆)လကြာချိန် (၂၀၂၅) ခုနှစ် ဇန်နဝါရီ၌ ကျပ် (၃၀ဝဝဝ)ကျော်အထိ ရှိလာခဲ့သည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်ဘိလပ်မြေလိုအပ်ချက်သည် တန်(၁၀)သန်းကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန်(၈)သန်းအောက်တွင်ရှိနေရာ နေ့စဉ်ဘိလပ်မြေလိုအပ်ချက်မှာ အိတ်ရေ(၅)သိန်းအထက်တွင်ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
zawgyi version
ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ ျပည့္မီေစရန္အတြက္ ဘိလပ္ေျမမ်ားကို ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းခြင့္ေပးထား
ယြန္း(NP News)- ဇန္နဝါရီ ၂၉
ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္အတြက္ ဘိလပ္ေျမမ်ားကို ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းခြင့္ေပးထားေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းအသိုင္းအဝိုင္းမွ သိရသည္။
လက္ရွိကာလသည္ ပြင့္လင္းရာသီသို႔ ေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ ႏိုင္ငံတစ္ဝန္းရွိ ေဆာက္ လုပ္ေရးလုပ္ငန္းမ်ား အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္း အတြက္ မရွိမျဖစ္လိုအပ္သည့္ ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ ျပည့္မီေစရန္ႏွင့္ ျပည္တြင္းဘိလပ္ေျမထုတ္လုပ္မႈမ်ားကို အားျဖည့္ရန္ ဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳထားေၾကာင္း သိရသည္။
ထိုသို႔တင္သြင္းရာတြင္ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွလည္းေကာင္း၊ ပင္လယ္ေရေၾကာင္းမွလည္းေကာင္း ဘိလပ္ေျမမ်ားကို ယခု ဇန္နဝါရီလ ေနာက္ဆုံးပတ္မွစတင္၍ တင္သြင္းခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ပထမေျခာက္လအတြင္း၌ ဘိလပ္ေျမတစ္အိတ္၏အျမင့္ဆုံးေဈးသည္ က်ပ္(၁၅၀ဝဝ)ခန႔္သာရွိေသာ္လည္း ေနာက္ထပ္(၆)လၾကာခ်ိန္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ၌ က်ပ္ (၃၀ဝဝဝ)ေက်ာ္အထိ ရွိလာခဲ့သည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ဘိလပ္ေျမလိုအပ္ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈသည္ တန္(၈)သန္းေအာက္တြင္ရွိေနရာ ေန႔စဥ္ဘိလပ္ေျမလိုအပ္ခ်က္မွာ အိတ္ေရ(၅)သိန္းအထက္တြင္ရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။