ဆိပ်ကြီးခနောင်တို-ဒလတံတားသစ် တည်ဆောက်ရေးစီမံကိန်း မြေယာလျော်ကြေးသိန်း ၃၈၀၀ ကျော် ပေးအပ်
524
NP News - ဇန်န၀ါရီ ၂၇
တွံတေးတူးမြောင်းကို ကျော်ဖြတ်ပြီး ဆိပ်ကြီးခနောင်တို - ဒလတံတားသစ်တည်ဆောက်ရေးစီမံကိန်း မြေဧရိယာ ပါ မြေကွက်ပိုင်ရှင်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြေယာလျော်ကြေး သိန်း ၃၈၀၀ ကျော် ပေးချေလျက် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
“မြေယာလျော်ကြေးပေးအပ်တာကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာပြုလုပ်ခဲ့ပါတယ်။ စီမံကိန်းဧရိယာမှာပါတာက စုစုပေါင်း မြေကွက် ၆၄ ကွက်နဲ့ အိမ် ၃ လုံးရှိပါတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒလတံတားသစ်စီမံကိန်းဧရိယာအတွင်းရှိ မြေကွက်နှင့် အိမ်များအနက်မှ သတ်မှတ် အထောက်အထားများနှင့် အညီတင်ပြနိုင်သည့် မြေကွက် ၂၉ ကွက်နှင့် အိမ် ၂ လုံးတို့၏ ပိုင်ရှင်များအား လျော်ကြေး ငွေပေးအပ်ခြင်းဖြစ် ကြောင်း၊ စုစုပေါင်း မြေယာလျော်ကြေးငွေကျပ် သိန်း ၃၈၈၀ ကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့်မြေကွက် ပိုင်ရှင်များလည်း မြို့နယ်မြေယာလျော်ကြေးပေးအပ်ရေးအဖွဲ့သို့ လာရောက်ဆက်သွယ်နိုင်ပြီး သတ်မှတ် အထောက်အထားများနှင့်အညီ မြေယာလျော်ကြေးများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တို - ဒလတံတားသစ်ကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၃၄ ဘီလီယံဖြင့် ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလ (၈) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ် မတ်လပိုင်းတွင် တံတား တည်ဆောက်ခြင်းလုပ်ငန်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ယင်း တံတားသည် မြန်မာ – ကိုရီးယား ချစ်ကြည်ရေးတံတားဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဆိပ်ကြီးခနောင်တိုမှ ရန်ကုန်မြို့အတွင်းသို့ မိနစ် ၂၀ ဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် တံတားအရှည်မှာ ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိပေါင် ခုံးတံတားဖြစ်၍ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ၁ ပေ ၆ လက်မ၊ ရေကြောင်းကင်းလွတ်အမြင့် ၄၉ ပေ နှင့် ယာဉ်တစ်စီးချင်းခံနိုင်ဝန် ၇၅ တန်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ဆိပ္ႀကီးခေနာင္တို-ဒလတံတားသစ္ တည္ေဆာက္ေရးစီမံကိန္း ေျမယာေလ်ာ္ေၾကးသိန္း ၃၈၀၀ ေက်ာ္ ေပးအပ္
NP News - ဇန္န၀ါရီ ၂၇
တြံေတးတူးေျမာင္းကို ေက်ာ္ျဖတ္ၿပီး ဆိပ္ႀကီးခေနာင္တို - ဒလတံတားသစ္တည္ေဆာက္ေရးစီမံကိန္း ေျမဧရိယာ ပါ ေျမကြက္ပိုင္ရွင္မ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ေျမယာေလ်ာ္ေၾကး သိန္း ၃၈၀၀ ေက်ာ္ ေပးေခ်လ်က္ ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
“ေျမယာေလ်ာ္ေၾကးေပးအပ္တာကို သက္ဆိုင္ရာၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာျပဳလုပ္ခဲ့ပါတယ္။ စီမံကိန္းဧရိယာမွာပါတာက စုစုေပါင္း ေျမကြက္ ၆၄ ကြက္နဲ႔ အိမ္ ၃ လုံးရွိပါတယ္” လို႔ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဒလတံတားသစ္စီမံကိန္းဧရိယာအတြင္းရွိ ေျမကြက္ႏွင့္ အိမ္မ်ားအနက္မွ သတ္မွတ္ အေထာက္အထားမ်ားႏွင့္ အညီတင္ျပႏိုင္သည့္ ေျမကြက္ ၂၉ ကြက္ႏွင့္ အိမ္ ၂ လုံးတို႔၏ ပိုင္ရွင္မ်ားအား ေလ်ာ္ေၾကး ေငြေပးအပ္ျခင္းျဖစ္ ေၾကာင္း၊ စုစုေပါင္း ေျမယာေလ်ာ္ေၾကးေငြက်ပ္ သိန္း ၃၈၈၀ ကို ေပးအပ္ျခင္းျဖစ္ေၾကာင္း၊ က်န္ရွိသည့္ေျမကြက္ ပိုင္ရွင္မ်ားလည္း ၿမိဳ႕နယ္ေျမယာေလ်ာ္ေၾကးေပးအပ္ေရးအဖြဲ႕သို႔ လာေရာက္ဆက္သြယ္ႏိုင္ၿပီး သတ္မွတ္ အေထာက္အထားမ်ားႏွင့္အညီ ေျမယာေလ်ာ္ေၾကးမ်ားကို ဆက္လက္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဆိပ္ႀကီးခေနာင္တို - ဒလတံတားသစ္ကို ျပည္ေထာင္စု ေငြလုံးေငြရင္းရန္ပုံေငြ က်ပ္ ၃၄ ဘီလီယံျဖင့္ ၂၀၂၀ ျပည့္ ႏွစ္၊ စက္တင္ဘာလ (၈) ရက္မွ စတင္ေဆာင္႐ြက္ခဲ့ၿပီး လာမည့္ ၂၀၂၅ ခုႏွစ္ မတ္လပိုင္းတြင္ တံတား တည္ေဆာက္ျခင္းလုပ္ငန္း ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။
ယင္း တံတားသည္ ျမန္မာ – ကိုရီးယား ခ်စ္ၾကည္ေရးတံတားျဖင့္ ခ်ိတ္ဆက္ႏိုင္မည္ျဖစ္၍ ဆိပ္ႀကီးခေနာင္တိုမွ ရန္ကုန္ၿမိဳ႕အတြင္းသို႔ မိနစ္ ၂၀ ျဖင့္ သြားေရာက္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ တံတားအရွည္မွာ ၇၄၀ မီတာရွိၿပီး ႏွစ္လမ္းသြား သံမဏိေပါင္ ခုံးတံတားျဖစ္၍ ယာဥ္သြားလမ္းအက်ယ္ ၂၈ ေပ၊ လူသြားလမ္းအက်ယ္ ၁ ေပ ၆ လက္မ၊ ေရေၾကာင္းကင္းလြတ္အျမင့္ ၄၉ ေပ ႏွင့္ ယာဥ္တစ္စီးခ်င္းခံႏိုင္ဝန္ ၇၅ တန္ျဖစ္ေၾကာင္း သိရသည္။