မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော (၅)နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့

 1361

ချယ်ရီ(NP News)- ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော အသက်(၅)နှစ်အရွယ်ရှိ ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ ပိတ်ဆို့ကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ (ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်)၊ ညနေပိုင်း ၅ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က မုံရွာမြို့ ၊ သလ္လာရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါရပ်ကွက်ရှိ နေအိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေစဉ် ယာဉ်အက္ခရာစိစစ်ဆဲဖြစ်သည့် ယာဉ်နံပါတ် (.... /၆၃၆၂) ပါ Toyota van အမျိုးအစားအဖြူရောင် ယာဉ်ပေါ်မှ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ လူငယ်(၄)ဦးက လက်နက်ငယ်(၂)လက် ကိုင်ဆောင်၍ ဆင်းလာပြီးနောက် ကလေးငယ်ကိုပွေ့ချီ၍ ကားပေါ်ဆွဲတင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ကလေးငယ်၏ အဖွားဖြစ်သူက တွေ့မြင်သောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံ ခဲ့ပြီးနောက် ကလေး၏ မိခင်က သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် သတင်း ပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ချက်ခြင်းပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အကြမ်းဖက်သမားများက ကလေးငယ်ကို အောင်ချမ်းသာရပ်ကွက်၊ သီရိလမ်းမဘေးတွင် စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ပေးဆွဲခံရသော ကလေးငယ်ကို ထိခိုက်မှုမရှိ၊ ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည် ကယ်ဆောင်နိုင်ခဲ့ပြီး မိဘများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မုံ႐ြာၿမိဳ႕၌ အိမ္ေရွ႕လမ္းေဘးတြင္ စက္ဘီးစီးေနေသာ (၅)ႏွစ္အ႐ြယ္ကေလးကို ျပန္ေပးဆြဲမႈျဖစ္ပြားခဲ့ေသာ္လည္း အခ်ိန္မီကယ္တင္ႏိုင္ခဲ့
ခ်ယ္ရီ(NP News)- ဇန္နဝါရီ ၃၀

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၌ အိမ္ေရွ႕လမ္းေဘးတြင္ စက္ဘီးစီးေနေသာ အသက္(၅)ႏွစ္အ႐ြယ္ရွိ ကေလးကို ျပန္ေပးဆြဲမႈျဖစ္ပြားခဲ့ေသာ္လည္း အခ်ိန္မီ ပိတ္ဆို႔ကယ္တင္ႏိုင္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
အဆိုပါ ျပန္ေပးဆြဲမႈျဖစ္စဥ္မွာ (ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၅ ရက္)၊ ညေနပိုင္း ၅ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က မုံ႐ြာၿမိဳ႕ ၊ သလႅာရပ္ကြက္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါရပ္ကြက္ရွိ ေနအိမ္ေရွ႕လမ္းေဘးတြင္ စက္ဘီးစီးေနစဥ္ ယာဥ္အကၡရာစိစစ္ဆဲျဖစ္သည့္ ယာဥ္နံပါတ္ (.... /၆၃၆၂) ပါ Toyota van အမ်ိဳးအစားအျဖဴေရာင္ ယာဥ္ေပၚမွ အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ လူငယ္(၄)ဦးက လက္နက္ငယ္(၂)လက္ ကိုင္ေဆာင္၍ ဆင္းလာၿပီးေနာက္ ကေလးငယ္ကိုေပြ႕ခ်ီ၍ ကားေပၚဆြဲတင္ကာ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ကို ကေလးငယ္၏ အဖြားျဖစ္သူက ေတြ႕ျမင္ေသာေၾကာင့္ ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္အကူအညီေတာင္းခံ ခဲ့ၿပီးေနာက္ ကေလး၏ မိခင္က သမီးျဖစ္သူ ျပန္ေပးဆြဲခံရသည့္အေၾကာင္းကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံ ဖုန္းျဖင့္ သတင္း ေပးပို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားမွ ခ်က္ျခင္းပိတ္ဆို႔ ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ရာ ျပန္ေပးဆြဲေခၚေဆာင္သြားေသာ အၾကမ္းဖက္သမားမ်ားက ကေလးငယ္ကို ေအာင္ခ်မ္းသာရပ္ကြက္၊ သီရိလမ္းမေဘးတြင္ စြန္႔ပစ္၍ ထြက္ေျပးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပန္ေပးဆြဲခံရေသာ ကေလးငယ္ကို ထိခိုက္မႈမရွိ၊ ေဘးအႏၲရာယ္ကင္းစြာျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားမွ ျပန္လည္ ကယ္ေဆာင္ႏိုင္ခဲ့ၿပီး မိဘမ်ား၏ လက္ဝယ္သို႔ ျပန္လည္အပ္ႏွံေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.