မူဆယ် နဲ့ မန္တလေး အလှမ်းဝေးခဲ့ပြီကွယ်

 87

သုတကျော် (NP News) - ဇန်နဝါရီ ၃၁

တစ်ချိန်ကဆိုလျှင် မန္တလေးမြို့ နှင့် မူဆယ်မြို့ သို့ သွားရသည့် ခရီးလမ်း ကြာချိန်က (၉) နာရီ ကျော်သာရှိခဲ့သည်ဆိုခြင်းမှာ ယုံတမ်းစကားသဖွယ်ပင် ဖြစ် နေသည်။ အထက်ပါခရီးသို့သွားရန်အတွက် ယခင်က မန္တလေး-လားရှိုး-မူဆယ်အဝေးပြေးလမ်းမကြီးကို အသုံးပြုရသည်။

အဆိုပါ လမ်းမကြီးသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှစတင်ပြီး ပြင်ဦးလွင်မြို့ နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယု တို့ကိုဖြတ်၍ မူဆယ် အထိဖောက်ထားသောလမ်းဖြစ်ကာ သက်သောင့်သက်သာအခြေအနေမျိုးဖြင့် လိုရာခရီးသို့ မြန် မြန်ဆန်ဆန်ရောက်နိုင်ခဲ့သည်။ “အရင်တုန်းက မန္တလေး - မူဆယ်ဆိုရင် အနည်းဆုံး ကျပ် (၁၂၀ဝဝ)ရှိ တယ်။ မူဆယ်နဲ့ နေပြည်တော်မှ (၁၂၀ဝဝ) (၁၅၀ဝ၀ )ပဲရှိတာ”ဟု အဆိုပါ လမ်းပိုင်းကို အသုံးပြုသွား လာခဲ့ဖူးသူ မူဆယ်မြို့ခံတစ်ဦးကဆိုသည်။

သို့သော် အဆိုပါလမ်းမကြီးဖြတ်သန်းရာ မြို့တစ်လျှောက်တွင် MNDAA ၊ TNLA ၊ KIA တို့ ရောက်ရှိကာ တိုက်ပွဲဖော်ဆောင်၊ ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် မန္တလေး - မူဆယ် ခရီးလမ်းမှာ တမျှော်တခေါ် ဖြစ်သွားခဲ့သည်။ (၂၉၁ ဒသမ ၈၇၅) မိုင်ရှိ မန္တလေး-လားရှိုး-မူဆယ်ကားလမ်းမကြီးသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက လမ်းမကြီးတစ်ခုဖြစ်ခဲ့ပြီး လမ်းမကြီး ဖြတ်သန်းရာ ဒေသ၏အကျိုးစီးပွားအတွက်လည်း ကောင်းစွာအထောက်အကူပြုခဲ့သည်။ သို့သော် တစ်ချိန်က ဖြစ် သည်။

မန္တလေး-လားရှိုး-မူဆယ်အဝေးပြေးလမ်းမကြီးပေါ်တွင် ခရီးသည်တင် အိတ်စ်ပက်ကားများ ဥဒ ဟို သွားလာနေသည့်မြင်ကွင်းမှာ ယခုအခါ ဖြစ်ပင် ဖြစ်ခဲ့ပါ၏လောဟု မေးခွန်းထုတ်ဖွယ်ရာ အခြေအနေ ရောက်သွားခဲ့ပြီဖြစ်သည်။ အထက်ပါ လက်နက်ကိုင်အဖွဲ့များက တိုက်ပွဲများဖော်ဆောင်ပြီးနောက် ခရီး သွားများ၏အခြေအနေမှာ နေ့ချင်းညချင်းပင် အတိတ်ကာလများဆီက ခရီးသွားခဲ့ရသည့် အခြေအနေ မျိုး ပြန်ဆိုက်သွားခဲ့သည်။ လမ်းခရီးကိုမသွားမီ ဦးဆုံး ဒုက္ခရောက်ရသည်မှာ ခရီးတွင်ရှိနေသည့် လက် နက်ကိုင်များကြောင့် ဖြစ်သည်။ ယခင်က စိတ်အေးလက်အေးသွားနိုင်ခဲ့သော်လည်း ယခုအခါ ကန့်သတ် ချက်အချို့က ကာဆီးထားသည်။ အစိုးရ၏ ဂိတ်များ မဟုတ်သောကြောင့် ဥပဒေဖြင့် လုပ်မည်ဆိုခြင်းကို မျှော်မှန်း၍ မရနိုင်ပါ။

“၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားရင်တော့ အစစ်အဆေးမရှိ သွားလို့ရတယ်။ မဟုတ်ဘဲ တခြားမျဉ်းစောင်းဆိုရင် တရုတ်ပြည်စက်ရုံက အလုပ်ခေါ်လို့ သွားမှာပါဆိုတဲ့ ထောက်ခံတဲ့စာရွက်ပါမှ သွားလို့ရတယ်။ ကိုယ့်ဘာသာကိုယ် အရင်ကလည်း ရောက်ဖူးလို့ တက်လာမယ်ဆိုရင်တော့ ကားသမားက ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကဖြစ်ဖြစ် ထောက်ခံပေးရတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရ ဂိတ်များက မှတ်ပုံတင်ကို စစ်သည်။ ပြီးလျှင် လူကိုစစ်သည်။ သို့သော် စိတ်အနှောက် အယှက် ဖြစ်လောက်အောင် စစ်ဆေးခြင်းမျိုးတော့ မဟုတ်ပါ။ သို့သော် မူဆယ်ခရီးတွင်မူ ထိုသို့ မဟုတ် ပေ။ “လက်ရှိကာလပြောမယ်ဆိုရင် ပစ္စည်းကို အဓိကစစ်တယ်။ လူကိုတော့ အဲဒီလောက်မစစ်ဘူး။ မသင်္ကာတဲ့ လူလောက်ပဲပေါ့။ အခန့်မသင့်ရင် ဆွဲစိတာရှိတယ်။ တရုတ်နိုင်ငံသားတွေပေါ့ ပိုက်ဆံညှစ်လို့ ကောင်းမယ့်ဟာတွေဆို ပိုက်ဆံညှစ်တာ ရှိတယ်။ ဦးပိုင်က ထုတ် တဲ့ ထုတ်ကုန်တွေပါလား စစ်တယ်။ ဒါကတော့ သူတို့ ပေါ်လစီပေါ့” ဟု အထက်ပါလမ်းပိုင်းတွင် သွားလာခဲ့ဖူးသူတစ်ဦးက ဆိုသည်။

အဆိုပါ ခရီးသည် အမှန်တကယ်ပင် ရင်တထိတ်ထိတ်ဖြင့်သွားရသော ရင်သိမ့်တုန်ခရီးပင်။ တနည်းအားဖြင့် ရိုလာကိုစတာခရီးဟုပင် ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော ရံဖန်ရံခါ စစ်ဆေး၍ မကျေနပ်သူများကို လက်နက်ကိုင်အဖွဲ့များက ခေါ်ထားတတ်လေ့ရှိသောကြောင့်ပင်။ ခေါ်ပြီး မည်သို့ ဆောင်ရွက်မည်ဆိုခြင်းမှာ မည်သူမျှ မမှန်းနိုင်သော ကိစ္စဖြစ်သည်။ “အခြေအနေမကောင်းရင် အပစ်ခံ ရတာမျိုးရှိနိုင်တယ်။ တချို့ကားသမားတွေကျတော့ ပို့မပေးချင်တော့ဘူးလေ” ဟု ရှမ်းပြည်နယ်မြောက် ပိုင်းမှ ဒေသခံတစ်ဦးကဆိုသည်။ နမ္မတူဘက်မှသွားသော ကွင်းလမ်းကို ယခုနောက်ပိုင်းတွင် အများဆုံး အသုံးပြုလာပြီး အများဆုံးမှာ မြေသားလမ်းများဖြစ် ကြောင်းသိရသည်။ “အခုမန္တလေးကိုဆင်းမယ်ဆိုရင် မူဆယ်ကနေ နမ့်ခမ်းကိုသွားမယ်။ နမ့်ခမ်းကနေပြီးတော့မှ နမ့်ဖက်ကာကို တောလမ်းအတိုင်းဖြတ်ပြီး ကွင်းလမ်းတွေကနေ သွားရတာ။ လမ်းကတော့ သုံး လေးလမ်းရှိတယ်။ လမ်းနာမည်ကတော့ သေချာ မသိဘူး” ဟု မူဆယ်မြို့ခံ တစ်ဦးကဆိုသည်။ ကွေ့ ပတ်သွားလာရသည့်အတွက် ကြာမြင့်ချိန်ကလည်း ပြောင်းသွားသည်။ တချိန်က ဥတုသုံးပါးစလုံး စိတ်အေးလက်သာ သွားနိုင်ခဲ့သော ခရီးမှသည် ယခုအခါ မိုးညိုလာလျှင်ပင် စိုးရိမ်နေရသည်။ လမ်းခရီးအခြေအနေပေါ်မူတည်ကာ တစ်ရက်ကြာမှ ငါးရက်အတွင်း ကြာနိုင်သည်။ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားသည့် အခြေအနေမျိုးကြုံပါက ထိုထက်ပင် ပိုကြာသေးသည်။

ထိုသို့ ဝေးကွာသွားသည့်အတွက် စာရှုသူများ တွေးထင်ထားသည့်အတိုင်းပင် ခရီးလမ်းအတွက် ကုန်ကျစရိတ်ကလည်း ယခင်နှုန်းထားထက် များစွာ ဝေးကွာသွားခဲ့သည်။ ဈေးနှုန်းယူရာတွင်လည်း သတ်မှတ်ချက်အပေါ်မူတည်ကာ ဈေးနှုန်းက အစားအစားရှိနေသည်။ “ ဥပမာ တစ်ပတ်ကတ်တွေနဲ့ ဝင်လို့ စက်ရုံကခေါ်လို့ မန္တလေးကနေမူဆယ်ကို တက်လာတဲ့လူဆိုရင် (၁၃) မျဉ်းစောင်း မှတ်ပုံတင် ကိုင်ထားတဲ့ မူဆယ်အိမ်ထောင်စုက တစ်ဈေး။ ကျန်တဲ့မျဉ်းစောင်းတွေဆိုရင် (၆)သိန်း၊ (၇)သိန်း အဲဒီလို ရှိတယ်။ ဒီက အဆင်းဆိုရင်တော့ ဈေးချိုတယ်။ (၃)သိန်းခွဲ ကားရှိတယ်။ (၅)သိန်းကားရှိတယ်။ ကား အမျိုးအစားပေါ် လိုက်လို့ပေါ့” ဟု အထက်ပါ ဒေသခံကဆိုသည်။

ကွင်းလမ်း ဆိုသည်မှာ ကျေးရွာချင်းဆက် လမ်းများကို ဆက်လက်အသုံးပြုရခြင်းမျိုးဖြစ်ပြီး မိုးရာသီတွင် သွားလာရ ခက်ခဲကာ တော်ရုံကားများ ဖြတ်သန်းရန်မလွယ်ပေ။ လမ်းကြမ်းသောကြောင့် ကားငယ်များကို အများဆုံး သွားကြရသည်။ တောင်များကိုလည်း ဖြတ်သန်းရသောကြောင့် မိုးတွင်း ကာလတွင် ကားဘီးချော်ကာ ချောက်တွင်းကျခြင်းများလည်း ရှိနိုင်သည်။

“တချို့ကားတွေက ခရီးသည်ကို ကန့်သတ်တင် တာမျိုးလည်းရှိတယ်။ သူက ကားလည်း ကောင်းမယ်ဆို ဈေးမြင့်တာပေါ့။ ကား ဘော်ဒီကမြင့်တော့ ရုန်း အားကောင်းတယ်လေ။ နောက်ပြီးတော့ (၁၀) ယောက်၊ (၁၅) ယောက်ဆံ့တဲ့ ကားမျိုးကျတော့ နည်းနည်းဈေးသက်သာတယ်။ သူက ဆင်း လျှောက်ဆိုလည်း လျှောက်ရတယ်။ ရက်လည်း ခုနက ကားမျိုးထက် ပိုကြာတာပေါ့” ဟု ၎င်းက ဆို သည်။

အဆိုပါ လမ်းပိုင်းတွင် ခရီးသည်တင်ကားများဖြင့် အများဆုံးသွားလာကြသည့်အတွက် ကိုယ်ပိုင် ကားများဖြင့် သွားလာလျှင် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရှိသည်။ ကိုယ်ပိုင်ကားများဖြင့် သွား လာသူ ပမာဏမှာ အလွန်နည်းပါးကြောင်း အ ထက်ပါ မူဆယ်မြို့ခံကဆိုသည်။ “ ကြားမိသလောက် ကတော့ ကိုယ်ပိုင်ကားနဲ့ မသွားကြဘူး။ ကားပိုင် ရှိတဲ့ သူဌေးတွေတောင် ကိုယ်ပိုင်ကားနဲ့ မသွားရဲဘူး။ လားရှိုးနဲ့ မူဆယ်ဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားချင်သွား မယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကိုယ်ပိုင်ကားနဲ့ သွားမယ် ဆိုတဲ့ သူက ရှားရှားပါးပါးပဲ” ဟု ၎င်းကဆိုသည်။ လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အဘက်ဘက်မှ ယိုယွင်းသွားရသည့်အခြေအနေတွင် မန္တလေး - မူဆယ် လမ်းပိုင်းတစ်ခုတည်းက အဆိုး ဆုံး မဟုတ်သေးပါ။ သို့သော် အဆိုပါ လမ်းပိုင်းကို အသုံးပြုရသူများအတွက်မူ အကြီးမားဆုံး အခက်အခဲ တစ်ခုဖြစ်သည်။ တစ်နေ့တွင် ယခင်ကဲ့သို့ လမ်းကောင်းလမ်းမွန်ဖြင့် အေးအေးလူလူ ခရီးသွားနိုင်လိမ့် မည်ဟု ဒေသခံများတွေးကြ၊ မျှော်လင့်ကြမည်မှာ မလွဲမုချပင် ဖြစ်ပေလိမ့်မည်။

zawgyi version
မူဆယ္ နဲ႔ မႏၲေလး အလွမ္းေဝးခဲ့ၿပီကြယ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၃၁

တစ္ခ်ိန္ကဆိုလွ်င္ မႏၲေလးၿမိဳ႕ ႏွင့္ မူဆယ္ၿမိဳ႕ သို႔ သြားရသည့္ ခရီးလမ္း ၾကာခ်ိန္က (၉) နာရီ ေက်ာ္သာရွိခဲ့သည္ဆိုျခင္းမွာ ယုံတမ္းစကားသဖြယ္ပင္ ျဖစ္ ေနသည္။ အထက္ပါခရီးသို႔သြားရန္အတြက္ ယခင္က မႏၲေလး-လားရႈိး-မူဆယ္အေဝးေျပးလမ္းမႀကီးကို အသုံးျပဳရသည္။

အဆိုပါ လမ္းမႀကီးသည္ မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္မွစတင္ၿပီး ျပင္ဦးလြင္ၿမိဳ႕ နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ လာရႈိး၊ သိႏၷီ၊ ကြတ္ခိုင္၊ မိုင္းယု တို႔ကိုျဖတ္၍ မူဆယ္ အထိေဖာက္ထားေသာလမ္းျဖစ္ကာ သက္ေသာင့္သက္သာအေျခအေနမ်ိဳးျဖင့္ လိုရာခရီးသို႔ ျမန္ ျမန္ဆန္ဆန္ေရာက္ႏိုင္ခဲ့သည္။ “အရင္တုန္းက မႏၲေလး - မူဆယ္ဆိုရင္ အနည္းဆုံး က်ပ္ (၁၂၀ဝဝ)ရွိ တယ္။ မူဆယ္နဲ႔ ေနျပည္ေတာ္မွ (၁၂၀ဝဝ) (၁၅၀ဝ၀ )ပဲရွိတာ”ဟု အဆိုပါ လမ္းပိုင္းကို အသုံးျပဳသြား လာခဲ့ဖူးသူ မူဆယ္ၿမိဳ႕ခံတစ္ဦးကဆိုသည္။

သို႔ေသာ္ အဆိုပါလမ္းမႀကီးျဖတ္သန္းရာ ၿမိဳ႕တစ္ေလွ်ာက္တြင္ MNDAA ၊ TNLA ၊ KIA တို႔ ေရာက္ရွိကာ တိုက္ပြဲေဖာ္ေဆာင္၊ ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ မႏၲေလး - မူဆယ္ ခရီးလမ္းမွာ တေမွ်ာ္တေခၚ ျဖစ္သြားခဲ့သည္။ (၂၉၁ ဒသမ ၈၇၅) မိုင္ရွိ မႏၲေလး-လားရႈိး-မူဆယ္ကားလမ္းမႀကီးသည္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးအတြက္ အဓိက လမ္းမႀကီးတစ္ခုျဖစ္ခဲ့ၿပီး လမ္းမႀကီး ျဖတ္သန္းရာ ေဒသ၏အက်ိဳးစီးပြားအတြက္လည္း ေကာင္းစြာအေထာက္အကူျပဳခဲ့သည္။ သို႔ေသာ္ တစ္ခ်ိန္က ျဖစ္ သည္။

မႏၲေလး-လားရႈိး-မူဆယ္အေဝးေျပးလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ အိတ္စ္ပက္ကားမ်ား ဥဒ ဟို သြားလာေနသည့္ျမင္ကြင္းမွာ ယခုအခါ ျဖစ္ပင္ ျဖစ္ခဲ့ပါ၏ေလာဟု ေမးခြန္းထုတ္ဖြယ္ရာ အေျခအေန ေရာက္သြားခဲ့ၿပီျဖစ္သည္။ အထက္ပါ လက္နက္ကိုင္အဖြဲ႕မ်ားက တိုက္ပြဲမ်ားေဖာ္ေဆာင္ၿပီးေနာက္ ခရီး သြားမ်ား၏အေျခအေနမွာ ေန႔ခ်င္းညခ်င္းပင္ အတိတ္ကာလမ်ားဆီက ခရီးသြားခဲ့ရသည့္ အေျခအေန မ်ိဳး ျပန္ဆိုက္သြားခဲ့သည္။ လမ္းခရီးကိုမသြားမီ ဦးဆုံး ဒုကၡေရာက္ရသည္မွာ ခရီးတြင္ရွိေနသည့္ လက္ နက္ကိုင္မ်ားေၾကာင့္ ျဖစ္သည္။ ယခင္က စိတ္ေအးလက္ေအးသြားႏိုင္ခဲ့ေသာ္လည္း ယခုအခါ ကန႔္သတ္ ခ်က္အခ်ိဳ႕က ကာဆီးထားသည္။ အစိုးရ၏ ဂိတ္မ်ား မဟုတ္ေသာေၾကာင့္ ဥပေဒျဖင့္ လုပ္မည္ဆိုျခင္းကို ေမွ်ာ္မွန္း၍ မရႏိုင္ပါ။

“၁၃ မ်ဥ္းေစာင္း မွတ္ပုံတင္ကိုင္ထားရင္ေတာ့ အစစ္အေဆးမရွိ သြားလို႔ရတယ္။ မဟုတ္ဘဲ တျခားမ်ဥ္းေစာင္းဆိုရင္ တ႐ုတ္ျပည္စက္႐ုံက အလုပ္ေခၚလို႔ သြားမွာပါဆိုတဲ့ ေထာက္ခံတဲ့စာ႐ြက္ပါမွ သြားလို႔ရတယ္။ ကိုယ့္ဘာသာကိုယ္ အရင္ကလည္း ေရာက္ဖူးလို႔ တက္လာမယ္ဆိုရင္ေတာ့ ကားသမားက ျဖစ္ျဖစ္၊ တစ္ေယာက္ေယာက္ကျဖစ္ျဖစ္ ေထာက္ခံေပးရတယ္” ဟု ၎က ဆိုသည္။

အစိုးရ ဂိတ္မ်ားက မွတ္ပုံတင္ကို စစ္သည္။ ၿပီးလွ်င္ လူကိုစစ္သည္။ သို႔ေသာ္ စိတ္အေႏွာက္ အယွက္ ျဖစ္ေလာက္ေအာင္ စစ္ေဆးျခင္းမ်ိဳးေတာ့ မဟုတ္ပါ။ သို႔ေသာ္ မူဆယ္ခရီးတြင္မူ ထိုသို႔ မဟုတ္ ေပ။ “လက္ရွိကာလေျပာမယ္ဆိုရင္ ပစၥည္းကို အဓိကစစ္တယ္။ လူကိုေတာ့ အဲဒီေလာက္မစစ္ဘူး။ မသကၤာတဲ့ လူေလာက္ပဲေပါ့။ အခန႔္မသင့္ရင္ ဆြဲစိတာရွိတယ္။ တ႐ုတ္ႏိုင္ငံသားေတြေပါ့ ပိုက္ဆံညႇစ္လို႔ ေကာင္းမယ့္ဟာေတြဆို ပိုက္ဆံညႇစ္တာ ရွိတယ္။ ဦးပိုင္က ထုတ္ တဲ့ ထုတ္ကုန္ေတြပါလား စစ္တယ္။ ဒါကေတာ့ သူတို႔ ေပၚလစီေပါ့” ဟု အထက္ပါလမ္းပိုင္းတြင္ သြားလာခဲ့ဖူးသူတစ္ဦးက ဆိုသည္။

အဆိုပါ ခရီးသည္ အမွန္တကယ္ပင္ ရင္တထိတ္ထိတ္ျဖင့္သြားရေသာ ရင္သိမ့္တုန္ခရီးပင္။ တနည္းအားျဖင့္ ႐ိုလာကိုစတာခရီးဟုပင္ ဆိုႏိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ ရံဖန္ရံခါ စစ္ေဆး၍ မေက်နပ္သူမ်ားကို လက္နက္ကိုင္အဖြဲ႕မ်ားက ေခၚထားတတ္ေလ့ရွိေသာေၾကာင့္ပင္။ ေခၚၿပီး မည္သို႔ ေဆာင္႐ြက္မည္ဆိုျခင္းမွာ မည္သူမွ် မမွန္းႏိုင္ေသာ ကိစၥျဖစ္သည္။ “အေျခအေနမေကာင္းရင္ အပစ္ခံ ရတာမ်ိဳးရွိႏိုင္တယ္။ တခ်ိဳ႕ကားသမားေတြက်ေတာ့ ပို႔မေပးခ်င္ေတာ့ဘူးေလ” ဟု ရွမ္းျပည္နယ္ေျမာက္ ပိုင္းမွ ေဒသခံတစ္ဦးကဆိုသည္။ နမၼတူဘက္မွသြားေသာ ကြင္းလမ္းကို ယခုေနာက္ပိုင္းတြင္ အမ်ားဆုံး အသုံးျပဳလာၿပီး အမ်ားဆုံးမွာ ေျမသားလမ္းမ်ားျဖစ္ ေၾကာင္းသိရသည္။ “အခုမႏၲေလးကိုဆင္းမယ္ဆိုရင္ မူဆယ္ကေန နမ့္ခမ္းကိုသြားမယ္။ နမ့္ခမ္းကေနၿပီးေတာ့မွ နမ့္ဖက္ကာကို ေတာလမ္းအတိုင္းျဖတ္ၿပီး ကြင္းလမ္းေတြကေန သြားရတာ။ လမ္းကေတာ့ သုံး ေလးလမ္းရွိတယ္။ လမ္းနာမည္ကေတာ့ ေသခ်ာ မသိဘူး” ဟု မူဆယ္ၿမိဳ႕ခံ တစ္ဦးကဆိုသည္။ ေကြ႕ ပတ္သြားလာရသည့္အတြက္ ၾကာျမင့္ခ်ိန္ကလည္း ေျပာင္းသြားသည္။ တခ်ိန္က ဥတုသုံးပါးစလုံး စိတ္ေအးလက္သာ သြားႏိုင္ခဲ့ေသာ ခရီးမွသည္ ယခုအခါ မိုးညိဳလာလွ်င္ပင္ စိုးရိမ္ေနရသည္။ လမ္းခရီးအေျခအေနေပၚမူတည္ကာ တစ္ရက္ၾကာမွ ငါးရက္အတြင္း ၾကာႏိုင္သည္။ ရံဖန္ရံခါ တိုက္ပြဲျဖစ္ပြားသည့္ အေျခအေနမ်ိဳးႀကဳံပါက ထိုထက္ပင္ ပိုၾကာေသးသည္။

ထိုသို႔ ေဝးကြာသြားသည့္အတြက္ စာရႈသူမ်ား ေတြးထင္ထားသည့္အတိုင္းပင္ ခရီးလမ္းအတြက္ ကုန္က်စရိတ္ကလည္း ယခင္ႏႈန္းထားထက္ မ်ားစြာ ေဝးကြာသြားခဲ့သည္။ ေဈးႏႈန္းယူရာတြင္လည္း သတ္မွတ္ခ်က္အေပၚမူတည္ကာ ေဈးႏႈန္းက အစားအစားရွိေနသည္။ “ ဥပမာ တစ္ပတ္ကတ္ေတြနဲ႔ ဝင္လို႔ စက္႐ုံကေခၚလို႔ မႏၲေလးကေနမူဆယ္ကို တက္လာတဲ့လူဆိုရင္ (၁၃) မ်ဥ္းေစာင္း မွတ္ပုံတင္ ကိုင္ထားတဲ့ မူဆယ္အိမ္ေထာင္စုက တစ္ေဈး။ က်န္တဲ့မ်ဥ္းေစာင္းေတြဆိုရင္ (၆)သိန္း၊ (၇)သိန္း အဲဒီလို ရွိတယ္။ ဒီက အဆင္းဆိုရင္ေတာ့ ေဈးခ်ိဳတယ္။ (၃)သိန္းခြဲ ကားရွိတယ္။ (၅)သိန္းကားရွိတယ္။ ကား အမ်ိဳးအစားေပၚ လိုက္လို႔ေပါ့” ဟု အထက္ပါ ေဒသခံကဆိုသည္။

ကြင္းလမ္း ဆိုသည္မွာ ေက်း႐ြာခ်င္းဆက္ လမ္းမ်ားကို ဆက္လက္အသုံးျပဳရျခင္းမ်ိဳးျဖစ္ၿပီး မိုးရာသီတြင္ သြားလာရ ခက္ခဲကာ ေတာ္႐ုံကားမ်ား ျဖတ္သန္းရန္မလြယ္ေပ။ လမ္းၾကမ္းေသာေၾကာင့္ ကားငယ္မ်ားကို အမ်ားဆုံး သြားၾကရသည္။ ေတာင္မ်ားကိုလည္း ျဖတ္သန္းရေသာေၾကာင့္ မိုးတြင္း ကာလတြင္ ကားဘီးေခ်ာ္ကာ ေခ်ာက္တြင္းက်ျခင္းမ်ားလည္း ရွိႏိုင္သည္။

“တခ်ိဳ႕ကားေတြက ခရီးသည္ကို ကန႔္သတ္တင္ တာမ်ိဳးလည္းရွိတယ္။ သူက ကားလည္း ေကာင္းမယ္ဆို ေဈးျမင့္တာေပါ့။ ကား ေဘာ္ဒီကျမင့္ေတာ့ ႐ုန္း အားေကာင္းတယ္ေလ။ ေနာက္ၿပီးေတာ့ (၁၀) ေယာက္၊ (၁၅) ေယာက္ဆံ့တဲ့ ကားမ်ိဳးက်ေတာ့ နည္းနည္းေဈးသက္သာတယ္။ သူက ဆင္း ေလွ်ာက္ဆိုလည္း ေလွ်ာက္ရတယ္။ ရက္လည္း ခုနက ကားမ်ိဳးထက္ ပိုၾကာတာေပါ့” ဟု ၎က ဆို သည္။

အဆိုပါ လမ္းပိုင္းတြင္ ခရီးသည္တင္ကားမ်ားျဖင့္ အမ်ားဆုံးသြားလာၾကသည့္အတြက္ ကိုယ္ပိုင္ ကားမ်ားျဖင့္ သြားလာလွ်င္ ျဖစ္ႏိုင္ပါမည္ေလာဟု ေမးခြန္းထုတ္ဖြယ္ရွိသည္။ ကိုယ္ပိုင္ကားမ်ားျဖင့္ သြား လာသူ ပမာဏမွာ အလြန္နည္းပါးေၾကာင္း အ ထက္ပါ မူဆယ္ၿမိဳ႕ခံကဆိုသည္။ “ ၾကားမိသေလာက္ ကေတာ့ ကိုယ္ပိုင္ကားနဲ႔ မသြားၾကဘူး။ ကားပိုင္ ရွိတဲ့ သူေဌးေတြေတာင္ ကိုယ္ပိုင္ကားနဲ႔ မသြားရဲဘူး။ လားရႈိးနဲ႔ မူဆယ္ဆိုရင္ ကိုယ္ပိုင္ကားနဲ႔ သြားခ်င္သြား မယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာ ကိုယ္ပိုင္ကားနဲ႔ သြားမယ္ ဆိုတဲ့ သူက ရွားရွားပါးပါးပဲ” ဟု ၎ကဆိုသည္။ လက္နက္ကိုင္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အဘက္ဘက္မွ ယိုယြင္းသြားရသည့္အေျခအေနတြင္ မႏၲေလး - မူဆယ္ လမ္းပိုင္းတစ္ခုတည္းက အဆိုး ဆုံး မဟုတ္ေသးပါ။ သို႔ေသာ္ အဆိုပါ လမ္းပိုင္းကို အသုံးျပဳရသူမ်ားအတြက္မူ အႀကီးမားဆုံး အခက္အခဲ တစ္ခုျဖစ္သည္။ တစ္ေန႔တြင္ ယခင္ကဲ့သို႔ လမ္းေကာင္းလမ္းမြန္ျဖင့္ ေအးေအးလူလူ ခရီးသြားႏိုင္လိမ့္ မည္ဟု ေဒသခံမ်ားေတြးၾက၊ ေမွ်ာ္လင့္ၾကမည္မွာ မလြဲမုခ်ပင္ ျဖစ္ေပလိမ့္မည္။

Related news

© 2021. All rights reserved.