သတင်းတု သတင်းမှားလား conspiracy theory လား

 86

သန်းထိုက်စိုး (NP News) - ဇန်နဝါရီ ၃၁

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသတွင် တောမီးလောင်မှုဖြစ်ပွားရသည့်အ ကြောင်းအရင်းကို လေ့လာသူများကစုံစမ်းနေစဉ်မှာပင် တောမီးလောင်မှုနှင့်ပတ်သက်သည့် လျှို့ဝှက် ပူးပေါင်း ကြံစည်မှုသီအိုရီများမှာ လူမှုကွန်ရက်ပေါ်တွင် တောထနေခဲ့သည်။ နာမည်ကျော်ဆယ်လီများ၏ နေ အိမ်များမီးလောင်ခြင်းမှသည် အစိုးရက လျှို့ဝှက်လက်နက်များအသုံးပြုခဲ့သည်ဟုဆိုသော ပြောဆို ချက်များ၊ conspiracy theory များ လူမှုကွန်ရက် ပလက်ဖောင်းများတွင်ပျံ့နှံ့ခဲ့ရာ သန်းပေါင်းများစွာ သောကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ် တိုင်းတွဲ၍ပါလာတတ် သည်မှာ သတင်းတု၊ သတင်းမှားများ ပျံ့နှံ့ခြင်းပင်ဖြစ် သည်။ ကောလာဟလများ၊ အမှန်တစ်ဝက် အမှား တစ်ဝက်များ၊ conspiracy theories များ၊ လုံးဝ အခြေအမြစ်မဲ့အလိမ်အညာများ စသည်အားဖြင့် စုံလင် သည်။ သဘာဝဘေးအန္တရာယ်တစ်ခုပြီးချိန်တွင် မည်သည့်အတွက်ကြောင့်ဖြစ်ရသည်၊ မည်သို့သောအရာ များက အတားအဆီးဖြစ်ခဲ့သည်၊ မည်သူ့ကိုအပြစ်တင်ရမည် စသည့် မသိကိန်းများမှာလည်း အများအပြားပင် ရှိတတ်သည်။

သတင်းတု၊ သတင်းမှားများသည် အလွန်ကြီးမားသည့်အကျိုးဆက်များကို ဖြစ်စေနိုင်သည်။ ပြည်သူများသည် အရေးပေါ်ကာလတွင် ကိုယ်တိုင်အတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ မှန်ကန် သည့်ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်အတွက် မှန်ကန် တိကျသည့်သတင်းအချက်အလက်များအပေါ်တွင် အားထားကြရသည်။ သို့ရာတွင် သတင်းအချက်အလက် ဂေဟစနစ်ပျက်ပြားသွားချိန်တွင် ပြည်သူများအ နေဖြင့် မှန်ကန်ထိရောက်သည့် ဆုံးဖြတ်ချက်များချ မှတ်နိုင်ခြင်းမပြုလုပ်နိုင်တော့ကြောင်း သဘာဝဘေး တုံ့ပြန်မှုအကြောင်းလေ့လာခဲ့သူ မန်ဆာချူးဆက် ရေကြောင်းအကယ်ဒမီရှိ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ Samantha Montano က ပြောဆိုသည်။

အချက်အလက်စစ်ဆေးမှု fact checking မည်မျှပင်ပြုလုပ်သည်ဖြစ်စေ တောမီးအကြီးအကျယ် လောင်ပြီးတိုင်း conspiracy theory များ ပုံမှန်ပေါ်ထွက်လေ့ရှိသည်ဟု သုတေသီများကဆိုသည်။ ယခု ပေါ်ထွက်လာသည့် conspiracy theory မှာ အစိုးရက directed energy weapon (DEWs) များအသုံး ပြုသည်ဟု စွပ်စွဲပြောဆိုခြင်းပင်ဖြစ်သည်။ အဆိုပါ လက်နက်များသည် မီးတောက်ကို ပိုမိုကြီးမားစေ သည်ဟုဆိုသည်။ အစိုးရ သို့မဟုတ် လျှို့ဝှက်အဖွဲ့အစည်းများသည် မီးတောက်ပိုကြီးလာစေရန် လေဆာ သို့မဟုတ် မိုက်ခရိုဝေ့စနစ်များကို အသုံးပြုနေခြင်းဖြစ်သည်ဟု conspiracy theory ကဆိုထားသည်။ တောအုပ်များ၊ လွင်ပြင်များတွင်တွေ့ရသည့် သဘာဝတောမီးလောင်သည့်ပုံစံမျိုးမဟုတ်ဘဲ မူမမှန်သည့် တောမီးလောင်မှုမျိုးဖြစ်သည်ဟု ပြောဆိုချက်များသည် မှန်ကန်မှုမရှိဟု ကျွမ်းကျင်သူများက ထပ်ဖန် တလဲလဲ ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံသည် စစ်ဆင်ရေးအတွက် DEWs များကို စမ်းသပ်အောင်မြင်ခဲ့ပြီးဖြစ်သည်။ အဆိုပါ လက်နက်များသည် ရန်သူများ၏ မောင်းသူမဲ့ယာဉ်များနှင့် မစ်ဆိုင်းဒုံးကျည်များကို အသက်မဲ့ အောင် ပြုလုပ်နိုင်စွမ်းရှိသည်ဟုလည်း ဆိုသည်။ သို့သော် အမေရိကန်အစိုးရသည် တောမီးလောင်ကျွမ်း မှု ပိုမိုကြီးမားလာအောင်ပြုလုပ်ခြင်း အပါအဝင် အရပ်ဘက်နယ်ပယ်များတွင် DEWs များအသုံးပြုနေ သည်ဆိုသည့် ခိုင်မာသောအထောက်အထား တစ်စုံတစ်ရာမတွေ့ရသေးဟုလည်း လေ့လာသူများက ဆိုသည်။

DEWs နှင့်ပတ်သက်သည့် သီအိုရီများသည် (၂၀ဝ၈)ခုနှစ် ကယ်လီဖိုးနီးယား တောမီး လောင် ကျွမ်းစဉ်ကလည်း ထွက်ပေါ်ခဲ့ဖူးသည်။ ထိုစဉ် ကလည်း တောမီးလောင်ကျွမ်းမှုမှာ အာကာသမှ လာ သည့် လေဆာများကြောင့်ဖြစ်သည်ဟု လူမှုမီဒီယာများတွင်ပျံ့နှံ့ခဲ့သည်။ လူမှုမီဒီယာ အသုံးပြုသူများ ကလည်း (၂၀၂၃) ခုနှစ် Canadian နှင့် Maui မီးလောင်မှု၊ (၂၀၂၄) ခုနှစ် Texas Smokehouse Creek တောမီးလောင်မှုစသည့် အခြားသောကပ်ဘေးများ ဖြစ်ပွားစဉ်ကာလများတွင် conspiracy များဖြန့် ဝေခဲ့သည်။ တောမီးလောင်မှုနှင့်ပတ်သက်၍ ရိုးရိုးသားသားရှုမြင်သူများရှိသကဲ့သို့ conspiracy မှန် ဘီလူးနှင့် ရှုမြင်သူများလည်းရှိသည်။ အစိုးရအနေဖြင့် လော့စ်အိန်ဂျလိစ်တောမီးကိုရပ်တန့်ရန် geoen­gineer နည်းပညာဖြင့် မိုးရွာသွန်းပြီး ရပ်တန့်နိုင်သည်ဆိုသည့် ပြောဆိုချက်များလည်း လူမှု မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် သဘာဝကပ်ဘေးအမျိုးမျိုးအပါအဝင် ရာသီဥတုကိုပါ ထိန်းချုပ် နိုင်စွမ်းရှိသည်ဟု သီအိုရီများကဆိုသည်။ National Oceanic and Atmospheric Administration အပါအဝင် ရာသီဥတုပညာရှင်များနှင့် အေဂျင်စီများကမူ အဆိုပါပြောဆိုချက်များမှာ မှန်ကန်မှုမရှိဟု တုံ့ ပြန်ခဲ့ကြသည်။ အမေရိကန်အစိုးရ Accounta bility Office က ဒီဇင်ဘာလအတွင်းထုတ်ပြန်သည့် အချက်အလက်များအရ အနည်းဆုံး ပြည်နယ် (၉) ခုတွင် cloud seeding နည်းပညာအသုံးပြုပြီး မိုးရွာ သွန်းမှုပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ လော့စ်အိန်ဂျလိစ်ဒေသတွင် cloud seeding နည်း ပညာ အသုံးပြုမည်ဆိုပါက ရေငွေ့ကို အရည်ဖြစ်စေရန်အတွက် တိမ်ထုအတွင်း အစိုဓာတ်များ ပိုမိုလို အပ်ကြောင်း Colorado တက္ကသိုလ် ပါမောက္ခလည်းဖြစ်၊ cloud physics ပညာရှင်တစ်ဦးလည်းဖြစ်သူ Katja Friedrich က ဆိုသည်။ လော့စ်အိန်ဂျလိစ်ဒေသသည် ယခုအခါ အလွန်အမင်းခြောက်သွေ့နေပြီး အရည်ဖြစ်စေနိုင်သည့်ရေငွေ့အလုံအလောက်မရှိပါဟုလည်း Katja Friedrich က ထောက်ပြသည်။

အခြေအမြစ်မရှိသည့် အခြားသောပြောဆိုချက်မှာ တောင်ပိုင်းကာရိုလိုင်းနားတောမီးသည် ကုလသမဂ္ဂရည်မှန်းချက်များနှင့်အညီ “Smart City” တည်ဆောက်နိုင်ရေးအတွက် မြေရ ရှင်းလင်း ခြင်းဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်။ ကုလသမဂ္ဂ ၏အာဂျင်ဒါတွင် မြို့များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှုများ ဖြတ်တောက်လျှော့ချရန်ဖြစ်သည်။ လော့စ်အိန်ဂျလိစ် ဒေသ၏ Smart လော့စ်အိန်ဂျလိစ် (၂၀၂၈) စီမံချက်တွင် မြို့တော်ကို ပိုမိုစိမ်းလန်း လာစေရန်အတွက် သယ်ယူပို့ဆောင်ရေးစနစ်များအပါအဝင် အခြားသော နည်းပညာဆိုင်ရာ အပြောင်း အလဲများပြုလုပ်ရမည်ဟု အကြံပြုထားသည်။ သို့သော် အဆိုပါစီမံချက်တွင် မြို့ကို အသစ်ကနေစပြီး ပြန်လည်တည်ဆောက်ရမည်ဟု ဖော်ပြထားခြင်းမရှိပေ။

ဟာဝိုင်အီအုပ်ချုပ်ရေးမှူးက ရုပ်သံဖိုင်တစ်ခုကိုလွှင့်တင်လိုက်ချိန်တွင် အဆိုပါ conspiracy သီအိုရီမှာ လူအများစု၏ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သည်။ အစိုးရအနေဖြင့် ပူပြင်းလွန်းလှသည့် အဆိုပါ မြေပေါ်တွင် Smart City တစ်ခုတည်ဆောက်ရန် ရည်ရွယ်ထားသည်ဆိုသည့် မှားယွင်းသောပြောဆို ချက်များကို ပိုမိုကျယ်ပြန့်စွာ မျှဝေခဲ့ကြသည်။ အလား တူသီအိုရီများသည် စပိန်နိုင်ငံ Canary ကျွန်း များနှင့် ကနေဒါနိုင်ငံတို့တွင် တောမီးများလောင်ကျွမ်းအပြီးတွင်လည်း ထွက်ပေါ်ခဲ့ဖူးသည်။ တောမီး လောင်ကျွမ်းမှုသည် အမေရိကန်ရက်ပါ အဆိုကျော်တစ်ဦးဖြစ်သူ Sean John Combs ကျူးလွန်ထား သည့် လိင်မှောင်ခိုကူးမှုအထောက်အထားများ ဖျောက်ဖျက်ရန်အတွက် ရည်ရွယ်ဖန်တီးထားခြင်းဖြစ် သည်ဆိုသည့် မှားယွင်းသည့်စွပ်စွဲချက်များမှာလည်း Tit Tok လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ရာ သန်းနှင့်ချီသည့် အွန်လိုင်းအသုံးပြုသူများထံ ရောက်ရှိခဲ့သည်။ မြေပြင်တွင်မူ Sean John Combs ၏ နေအိမ်မှာ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ပါ။ ၎င်း၏နေအိမ်ကို (၂၀၂၄) ခုနှစ် မတ်လအတွင်းတွင် ဖက်ဒရယ်ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး အထောက်အထားများကိုရယူခဲ့ပြီးဖြစ်သည်။ နာမည် ကျော်များ၏နေအိမ်များနှင့်ပတ်သက်၍ မှားယွင်းသည့်ပြောဆိုချက်များမှာ Maui တောမီးလောင် ကျွမ်း မှုဖြစ်စဉ်အပြီးတွင်လည်း ထွက်ပေါ်ခဲ့ဖူးသည်။ အမေရိကန် talk show host ၊ သရုပ်ဆောင်၊ ရုပ်သံ ထုတ်လုပ်သူ၊ စာရေးဆရာဖြစ်သူ Oprah Winfrey သည် အဆိုပါ တောမီးလောင်ကျွမ်းမှုဖြစ်စေရန်အကူ အညီပေးခဲ့သည်ဆိုသည့် အခြေအမြစ်မဲ့ပြောဆိုချက် များကို အွန်လိုင်းသုံးစွဲသူအချို့က ပြန်လည် မျှဝေခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟုပင် ဆိုရမည်ဖြစ်သည်။ အဆိုပါ တောမီးလောင်ကျွမ်းသည့်နေ့က မူဝါဒချိုးဖောက်ပါက အလိုအလျောက်ဖျက်သည့်စနစ်ကို ဖြေလျှော့ပြီး တတိယအဖွဲ့အစည်းများ၏ အချက်အလက် စစ်ဆေးသည့်စနစ်များကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း Facebook က ကြေညာ ခဲ့သည်။ ထိုသို့ပြုလုပ်မည့်အစား အရေးမယူမီတွင် အွန်လိုင်းသုံးစွဲသူများက ကိစ္စရပ်တစ်ခုချင်းအပေါ် တင်ပြချက်များအပေါ်တွင်သာ ဆုံးဖြတ်သွားမည်ဟုလည်း ကြေညာချက်တွင်ထည့်သွင်းပြောဆိုခဲ့သည်။ Facebook ပလက်ဖောင်းသည် အီလွန်မတ်စ်၏ Twitter (X) ကဲ့သို့ အရင်းအမြစ်စုံသည့် community notes ပုံစံ ချမှတ်ကျင့်သုံးသွားမည်ဟုလည်း ပြောဆိုခဲ့သည်။

Conspiracy သီအိုရီဖန်ဆင်းရှင်များသည် ကျွန်တော်တို့နေထိုင်ကြသည့် သတင်းအချက် အလက် တော်လှန်ရေးခေတ်ကြီးကနေ အကျိုးအမြတ်များစွာ ရရှိနေကြကြောင်း၊ အများ၏ အာရုံစိုက် ရှာသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Con­spiracy သီအိုရီသည် အများ၏အာရုံစိုက်မှုကို ရရှိခဲ့ ကြောင်း Toronto တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Geoff Dancy က CBS သတင်းဌာနကို ပြော ဆိုခဲ့သည်။ ထိလွယ်ရှလွယ်ဖြစ်သည့်အကြောင်းအရာများကို ဦးစားပေးနေသည့် လူမှုမီဒီယာအဲဂိုရက် သမ်များကို ထိန်းကျောင်းရန်လိုအပ်ကြောင်းလည်း Geoff Dancy က အကြံပြုခဲ့သည်။

“ခင်ဗျားတို့ဟာ အကျိုးအမြတ်အတွက် ဒီဇိုင်းဆင်ထားသည့် အဲဂိုရက်သမ်များကို တိုက်ခိုက် နေရခြင်းဖြစ်ပြီး သတင်းအချက်အလက်များပြည့်ဝပြီး ကြံ့ခိုင်သန်စွမ်းသည့် လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးဖို့ တိုက်ပွဲဝင်နေခြင်း မဟုတ်ပါ” ဟု Tik Tok ပေါ်တွင် ပျံ့နှံ့နေသည့် climate conspiracy theories များ နှင့်ပတ်သက်၍ စာတမ်းတစ်စောင်ရေးသားခဲ့သည့် Richards ကလည်း သဘောတူ ကြောင်း ထောက်ခံပြောကြားခဲ့သည်။

The Federal Emergency Management Agency သည် လော့စ်အိန်ဂျလိစ်ဒေသတွင် တောမီးလောင်မှုနှင့်ပတ်သက်၍ ကောလာဟလ တုံ့ပြန်ရေးစာမျက်နှာ (ongoing rumor response page) တစ်ခုဖွင့်လှစ်ပြီး မှန်ကန်တိကျသည့် အချက်အလက်များကိုလွှင့်တင်ပေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။ တကယ့်ပြဿနာမှာ သဘာဝဘေးဆိုင်ရာ အသိပညာချို့တဲ့ခြင်းပင်ဖြစ်သည်ဟု မန်ဆာချူးဆက် ရေကြောင်းအကယ်ဒမီရှိ အရေးပေါ် စီမံခန့် ခွဲမှုဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ Samantha Montano က ဆိုသည်။ ပြည်သူများအနေဖြင့် The Federal Emergency Management Agency (FEMA) ဘာလုပ်နိုင်သည်၊ သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်ရေးဆို သည်မှာ မည်သည့်အရာနှင့်တူသည်ဆိုသည်ကို မသိကြဟုဆိုသည်။ ထိုသို့ မသိခြင်းနေရာတွင် သတင်း တု၊ သတင်းမှားများ အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟုလည်း Samantha Montano ကပြော သည်။ အမေရိကန်သည် ယနေ့အထိ စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သတင်းတု၊ သတင်းမှားများ၏အကျိုးဆက်နှင့် conspiracy theory တို့၏ရိုက်ခတ်မှုများကို အမေရိကန်တို့လည်း ခံစားနေရပြီဟု ကောက်ချက်ဆွဲလိုကြောင်းတင်ပြရသည်။

zawgyi version
သတင္းတု သတင္းမွားလား conspiracy theory လား
သန္းထိုက္စိုး (NP News) - ဇန္နဝါရီ ၃၁

ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္ေဒသတြင္ ေတာမီးေလာင္မႈျဖစ္ပြားရသည့္အ ေၾကာင္းအရင္းကို ေလ့လာသူမ်ားကစုံစမ္းေနစဥ္မွာပင္ ေတာမီးေလာင္မႈႏွင့္ပတ္သက္သည့္ လွ်ိဳ႕ဝွက္ ပူးေပါင္း ႀကံစည္မႈသီအိုရီမ်ားမွာ လူမႈကြန္ရက္ေပၚတြင္ ေတာထေနခဲ့သည္။ နာမည္ေက်ာ္ဆယ္လီမ်ား၏ ေန အိမ္မ်ားမီးေလာင္ျခင္းမွသည္ အစိုးရက လွ်ိဳ႕ဝွက္လက္နက္မ်ားအသုံးျပဳခဲ့သည္ဟုဆိုေသာ ေျပာဆို ခ်က္မ်ား၊ conspiracy theory မ်ား လူမႈကြန္ရက္ ပလက္ေဖာင္းမ်ားတြင္ပ်ံ႕ႏွံ႔ခဲ့ရာ သန္းေပါင္းမ်ားစြာ ေသာၾကည့္ရႈသူမ်ားကို အံ့အားသင့္ေစခဲ့သည္။ သဘာဝေဘးအႏၲရာယ္တစ္ခုျဖစ္ တိုင္းတြဲ၍ပါလာတတ္ သည္မွာ သတင္းတု၊ သတင္းမွားမ်ား ပ်ံ႕ႏွံ႔ျခင္းပင္ျဖစ္ သည္။ ေကာလာဟလမ်ား၊ အမွန္တစ္ဝက္ အမွား တစ္ဝက္မ်ား၊ conspiracy theories မ်ား၊ လုံးဝ အေျခအျမစ္မဲ့အလိမ္အညာမ်ား စသည္အားျဖင့္ စုံလင္ သည္။ သဘာဝေဘးအႏၲရာယ္တစ္ခုၿပီးခ်ိန္တြင္ မည္သည့္အတြက္ေၾကာင့္ျဖစ္ရသည္၊ မည္သို႔ေသာအရာ မ်ားက အတားအဆီးျဖစ္ခဲ့သည္၊ မည္သူ႔ကိုအျပစ္တင္ရမည္ စသည့္ မသိကိန္းမ်ားမွာလည္း အမ်ားအျပားပင္ ရွိတတ္သည္။

သတင္းတု၊ သတင္းမွားမ်ားသည္ အလြန္ႀကီးမားသည့္အက်ိဳးဆက္မ်ားကို ျဖစ္ေစႏိုင္သည္။ ျပည္သူမ်ားသည္ အေရးေပၚကာလတြင္ ကိုယ္တိုင္အတြက္ျဖစ္ေစ၊ မိသားစုအတြက္ျဖစ္ေစ မွန္ကန္ သည့္ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ႏိုင္ရန္အတြက္ မွန္ကန္ တိက်သည့္သတင္းအခ်က္အလက္မ်ားအေပၚတြင္ အားထားၾကရသည္။ သို႔ရာတြင္ သတင္းအခ်က္အလက္ ေဂဟစနစ္ပ်က္ျပားသြားခ်ိန္တြင္ ျပည္သူမ်ားအ ေနျဖင့္ မွန္ကန္ထိေရာက္သည့္ ဆုံးျဖတ္ခ်က္မ်ားခ် မွတ္ႏိုင္ျခင္းမျပဳလုပ္ႏိုင္ေတာ့ေၾကာင္း သဘာဝေဘး တုံ႔ျပန္မႈအေၾကာင္းေလ့လာခဲ့သူ မန္ဆာခ်ဴးဆက္ ေရေၾကာင္းအကယ္ဒမီရွိ အေရးေပၚစီမံခန႔္ခြဲမႈဆိုင္ရာ ပါေမာကၡတစ္ဦးျဖစ္သူ Samantha Montano က ေျပာဆိုသည္။

အခ်က္အလက္စစ္ေဆးမႈ fact checking မည္မွ်ပင္ျပဳလုပ္သည္ျဖစ္ေစ ေတာမီးအႀကီးအက်ယ္ ေလာင္ၿပီးတိုင္း conspiracy theory မ်ား ပုံမွန္ေပၚထြက္ေလ့ရွိသည္ဟု သုေတသီမ်ားကဆိုသည္။ ယခု ေပၚထြက္လာသည့္ conspiracy theory မွာ အစိုးရက directed energy weapon (DEWs) မ်ားအသုံး ျပဳသည္ဟု စြပ္စြဲေျပာဆိုျခင္းပင္ျဖစ္သည္။ အဆိုပါ လက္နက္မ်ားသည္ မီးေတာက္ကို ပိုမိုႀကီးမားေစ သည္ဟုဆိုသည္။ အစိုးရ သို႔မဟုတ္ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းမ်ားသည္ မီးေတာက္ပိုႀကီးလာေစရန္ ေလဆာ သို႔မဟုတ္ မိုက္ခ႐ိုေဝ့စနစ္မ်ားကို အသုံးျပဳေနျခင္းျဖစ္သည္ဟု conspiracy theory ကဆိုထားသည္။ ေတာအုပ္မ်ား၊ လြင္ျပင္မ်ားတြင္ေတြ႕ရသည့္ သဘာဝေတာမီးေလာင္သည့္ပုံစံမ်ိဳးမဟုတ္ဘဲ မူမမွန္သည့္ ေတာမီးေလာင္မႈမ်ိဳးျဖစ္သည္ဟု ေျပာဆိုခ်က္မ်ားသည္ မွန္ကန္မႈမရွိဟု ကြၽမ္းက်င္သူမ်ားက ထပ္ဖန္ တလဲလဲ ေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံသည္ စစ္ဆင္ေရးအတြက္ DEWs မ်ားကို စမ္းသပ္ေအာင္ျမင္ခဲ့ၿပီးျဖစ္သည္။ အဆိုပါ လက္နက္မ်ားသည္ ရန္သူမ်ား၏ ေမာင္းသူမဲ့ယာဥ္မ်ားႏွင့္ မစ္ဆိုင္းဒုံးက်ည္မ်ားကို အသက္မဲ့ ေအာင္ ျပဳလုပ္ႏိုင္စြမ္းရွိသည္ဟုလည္း ဆိုသည္။ သို႔ေသာ္ အေမရိကန္အစိုးရသည္ ေတာမီးေလာင္ကြၽမ္း မႈ ပိုမိုႀကီးမားလာေအာင္ျပဳလုပ္ျခင္း အပါအဝင္ အရပ္ဘက္နယ္ပယ္မ်ားတြင္ DEWs မ်ားအသုံးျပဳေန သည္ဆိုသည့္ ခိုင္မာေသာအေထာက္အထား တစ္စုံတစ္ရာမေတြ႕ရေသးဟုလည္း ေလ့လာသူမ်ားက ဆိုသည္။

DEWs ႏွင့္ပတ္သက္သည့္ သီအိုရီမ်ားသည္ (၂၀ဝ၈)ခုႏွစ္ ကယ္လီဖိုးနီးယား ေတာမီး ေလာင္ ကြၽမ္းစဥ္ကလည္း ထြက္ေပၚခဲ့ဖူးသည္။ ထိုစဥ္ ကလည္း ေတာမီးေလာင္ကြၽမ္းမႈမွာ အာကာသမွ လာ သည့္ ေလဆာမ်ားေၾကာင့္ျဖစ္သည္ဟု လူမႈမီဒီယာမ်ားတြင္ပ်ံ႕ႏွံ႔ခဲ့သည္။ လူမႈမီဒီယာ အသုံးျပဳသူမ်ား ကလည္း (၂၀၂၃) ခုႏွစ္ Canadian ႏွင့္ Maui မီးေလာင္မႈ၊ (၂၀၂၄) ခုႏွစ္ Texas Smokehouse Creek ေတာမီးေလာင္မႈစသည့္ အျခားေသာကပ္ေဘးမ်ား ျဖစ္ပြားစဥ္ကာလမ်ားတြင္ conspiracy မ်ားျဖန႔္ ေဝခဲ့သည္။ ေတာမီးေလာင္မႈႏွင့္ပတ္သက္၍ ႐ိုး႐ိုးသားသားရႈျမင္သူမ်ားရွိသကဲ့သို႔ conspiracy မွန္ ဘီလူးႏွင့္ ရႈျမင္သူမ်ားလည္းရွိသည္။ အစိုးရအေနျဖင့္ ေလာ့စ္အိန္ဂ်လိစ္ေတာမီးကိုရပ္တန႔္ရန္ geoen­gineer နည္းပညာျဖင့္ မိုး႐ြာသြန္းၿပီး ရပ္တန႔္ႏိုင္သည္ဆိုသည့္ ေျပာဆိုခ်က္မ်ားလည္း လူမႈ မီဒီယာမ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

အေမရိကန္အစိုးရအေနျဖင့္ သဘာဝကပ္ေဘးအမ်ိဳးမ်ိဳးအပါအဝင္ ရာသီဥတုကိုပါ ထိန္းခ်ဳပ္ ႏိုင္စြမ္းရွိသည္ဟု သီအိုရီမ်ားကဆိုသည္။ National Oceanic and Atmospheric Administration အပါအဝင္ ရာသီဥတုပညာရွင္မ်ားႏွင့္ ေအဂ်င္စီမ်ားကမူ အဆိုပါေျပာဆိုခ်က္မ်ားမွာ မွန္ကန္မႈမရွိဟု တုံ႔ ျပန္ခဲ့ၾကသည္။ အေမရိကန္အစိုးရ Accounta bility Office က ဒီဇင္ဘာလအတြင္းထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ အနည္းဆုံး ျပည္နယ္ (၉) ခုတြင္ cloud seeding နည္းပညာအသုံးျပဳၿပီး မိုး႐ြာ သြန္းမႈျပဳလုပ္ခဲ့သည္ဟု သတင္းထုတ္ျပန္ခဲ့သည္။ ေလာ့စ္အိန္ဂ်လိစ္ေဒသတြင္ cloud seeding နည္း ပညာ အသုံးျပဳမည္ဆိုပါက ေရေငြ႕ကို အရည္ျဖစ္ေစရန္အတြက္ တိမ္ထုအတြင္း အစိုဓာတ္မ်ား ပိုမိုလို အပ္ေၾကာင္း Colorado တကၠသိုလ္ ပါေမာကၡလည္းျဖစ္၊ cloud physics ပညာရွင္တစ္ဦးလည္းျဖစ္သူ Katja Friedrich က ဆိုသည္။ ေလာ့စ္အိန္ဂ်လိစ္ေဒသသည္ ယခုအခါ အလြန္အမင္းေျခာက္ေသြ႕ေနၿပီး အရည္ျဖစ္ေစႏိုင္သည့္ေရေငြ႕အလုံအေလာက္မရွိပါဟုလည္း Katja Friedrich က ေထာက္ျပသည္။

အေျခအျမစ္မရွိသည့္ အျခားေသာေျပာဆိုခ်က္မွာ ေတာင္ပိုင္းကာ႐ိုလိုင္းနားေတာမီးသည္ ကုလသမဂၢရည္မွန္းခ်က္မ်ားႏွင့္အညီ “Smart City” တည္ေဆာက္ႏိုင္ေရးအတြက္ ေျမရ ရွင္းလင္း ျခင္းျဖစ္သည္ဆိုသည့္အခ်က္ျဖစ္သည္။ ကုလသမဂၢ ၏အာဂ်င္ဒါတြင္ ၿမိဳ႕မ်ားကို စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးေရး အပါအဝင္ ကမာၻလုံးဆိုင္ရာ ကာဗြန္ထုတ္လုပ္မႈမ်ား ျဖတ္ေတာက္ေလွ်ာ့ခ်ရန္ျဖစ္သည္။ ေလာ့စ္အိန္ဂ်လိစ္ ေဒသ၏ Smart ေလာ့စ္အိန္ဂ်လိစ္ (၂၀၂၈) စီမံခ်က္တြင္ ၿမိဳ႕ေတာ္ကို ပိုမိုစိမ္းလန္း လာေစရန္အတြက္ သယ္ယူပို႔ေဆာင္ေရးစနစ္မ်ားအပါအဝင္ အျခားေသာ နည္းပညာဆိုင္ရာ အေျပာင္း အလဲမ်ားျပဳလုပ္ရမည္ဟု အႀကံျပဳထားသည္။ သို႔ေသာ္ အဆိုပါစီမံခ်က္တြင္ ၿမိဳ႕ကို အသစ္ကေနစၿပီး ျပန္လည္တည္ေဆာက္ရမည္ဟု ေဖာ္ျပထားျခင္းမရွိေပ။

ဟာဝိုင္အီအုပ္ခ်ဳပ္ေရးမႉးက ႐ုပ္သံဖိုင္တစ္ခုကိုလႊင့္တင္လိုက္ခ်ိန္တြင္ အဆိုပါ conspiracy သီအိုရီမွာ လူအမ်ားစု၏ အာ႐ုံစိုက္မႈကို ပိုမိုရရွိခဲ့သည္။ အစိုးရအေနျဖင့္ ပူျပင္းလြန္းလွသည့္ အဆိုပါ ေျမေပၚတြင္ Smart City တစ္ခုတည္ေဆာက္ရန္ ရည္႐ြယ္ထားသည္ဆိုသည့္ မွားယြင္းေသာေျပာဆို ခ်က္မ်ားကို ပိုမိုက်ယ္ျပန႔္စြာ မွ်ေဝခဲ့ၾကသည္။ အလား တူသီအိုရီမ်ားသည္ စပိန္ႏိုင္ငံ Canary ကြၽန္း မ်ားႏွင့္ ကေနဒါႏိုင္ငံတို႔တြင္ ေတာမီးမ်ားေလာင္ကြၽမ္းအၿပီးတြင္လည္း ထြက္ေပၚခဲ့ဖူးသည္။ ေတာမီး ေလာင္ကြၽမ္းမႈသည္ အေမရိကန္ရက္ပါ အဆိုေက်ာ္တစ္ဦးျဖစ္သူ Sean John Combs က်ဴးလြန္ထား သည့္ လိင္ေမွာင္ခိုကူးမႈအေထာက္အထားမ်ား ေဖ်ာက္ဖ်က္ရန္အတြက္ ရည္႐ြယ္ဖန္တီးထားျခင္းျဖစ္ သည္ဆိုသည့္ မွားယြင္းသည့္စြပ္စြဲခ်က္မ်ားမွာလည္း Tit Tok လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ရာ သန္းႏွင့္ခ်ီသည့္ အြန္လိုင္းအသုံးျပဳသူမ်ားထံ ေရာက္ရွိခဲ့သည္။ ေျမျပင္တြင္မူ Sean John Combs ၏ ေနအိမ္မွာ ထိခိုက္ပ်က္စီးမႈ တစ္စုံတစ္ရာမရွိခဲ့ပါ။ ၎၏ေနအိမ္ကို (၂၀၂၄) ခုႏွစ္ မတ္လအတြင္းတြင္ ဖက္ဒရယ္ရဲတပ္ဖြဲ႕မ်ားက ဝင္ေရာက္စီးနင္းၿပီး အေထာက္အထားမ်ားကိုရယူခဲ့ၿပီးျဖစ္သည္။ နာမည္ ေက်ာ္မ်ား၏ေနအိမ္မ်ားႏွင့္ပတ္သက္၍ မွားယြင္းသည့္ေျပာဆိုခ်က္မ်ားမွာ Maui ေတာမီးေလာင္ ကြၽမ္း မႈျဖစ္စဥ္အၿပီးတြင္လည္း ထြက္ေပၚခဲ့ဖူးသည္။ အေမရိကန္ talk show host ၊ သ႐ုပ္ေဆာင္၊ ႐ုပ္သံ ထုတ္လုပ္သူ၊ စာေရးဆရာျဖစ္သူ Oprah Winfrey သည္ အဆိုပါ ေတာမီးေလာင္ကြၽမ္းမႈျဖစ္ေစရန္အကူ အညီေပးခဲ့သည္ဆိုသည့္ အေျခအျမစ္မဲ့ေျပာဆိုခ်က္ မ်ားကို အြန္လိုင္းသုံးစြဲသူအခ်ိဳ႕က ျပန္လည္ မွ်ေဝခဲ့ၾကသည္။ တိုက္တိုက္ဆိုင္ဆိုင္ဟုပင္ ဆိုရမည္ျဖစ္သည္။ အဆိုပါ ေတာမီးေလာင္ကြၽမ္းသည့္ေန႔က မူဝါဒခ်ိဳးေဖာက္ပါက အလိုအေလ်ာက္ဖ်က္သည့္စနစ္ကို ေျဖေလွ်ာ့ၿပီး တတိယအဖြဲ႕အစည္းမ်ား၏ အခ်က္အလက္ စစ္ေဆးသည့္စနစ္မ်ားကို အဆုံးသတ္ေတာ့မည္ျဖစ္ေၾကာင္း Facebook က ေၾကညာ ခဲ့သည္။ ထိုသို႔ျပဳလုပ္မည့္အစား အေရးမယူမီတြင္ အြန္လိုင္းသုံးစြဲသူမ်ားက ကိစၥရပ္တစ္ခုခ်င္းအေပၚ တင္ျပခ်က္မ်ားအေပၚတြင္သာ ဆုံးျဖတ္သြားမည္ဟုလည္း ေၾကညာခ်က္တြင္ထည့္သြင္းေျပာဆိုခဲ့သည္။ Facebook ပလက္ေဖာင္းသည္ အီလြန္မတ္စ္၏ Twitter (X) ကဲ့သို႔ အရင္းအျမစ္စုံသည့္ community notes ပုံစံ ခ်မွတ္က်င့္သုံးသြားမည္ဟုလည္း ေျပာဆိုခဲ့သည္။

Conspiracy သီအိုရီဖန္ဆင္းရွင္မ်ားသည္ ကြၽန္ေတာ္တို႔ေနထိုင္ၾကသည့္ သတင္းအခ်က္ အလက္ ေတာ္လွန္ေရးေခတ္ႀကီးကေန အက်ိဳးအျမတ္မ်ားစြာ ရရွိေနၾကေၾကာင္း၊ အမ်ား၏ အာ႐ုံစိုက္ ရွာသည့္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေၾကာင္း၊ Con­spiracy သီအိုရီသည္ အမ်ား၏အာ႐ုံစိုက္မႈကို ရရွိခဲ့ ေၾကာင္း Toronto တကၠသိုလ္မွ ႏိုင္ငံေရးသိပၸံ ပါေမာကၡ Geoff Dancy က CBS သတင္းဌာနကို ေျပာ ဆိုခဲ့သည္။ ထိလြယ္ရွလြယ္ျဖစ္သည့္အေၾကာင္းအရာမ်ားကို ဦးစားေပးေနသည့္ လူမႈမီဒီယာအဲဂိုရက္ သမ္မ်ားကို ထိန္းေက်ာင္းရန္လိုအပ္ေၾကာင္းလည္း Geoff Dancy က အႀကံျပဳခဲ့သည္။

“ခင္ဗ်ားတို႔ဟာ အက်ိဳးအျမတ္အတြက္ ဒီဇိုင္းဆင္ထားသည့္ အဲဂိုရက္သမ္မ်ားကို တိုက္ခိုက္ ေနရျခင္းျဖစ္ၿပီး သတင္းအခ်က္အလက္မ်ားျပည့္ဝၿပီး ႀကံ့ခိုင္သန္စြမ္းသည့္ လူ႔အဖြဲ႕အစည္းတစ္ခု ဖန္တီးဖို႔ တိုက္ပြဲဝင္ေနျခင္း မဟုတ္ပါ” ဟု Tik Tok ေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ climate conspiracy theories မ်ား ႏွင့္ပတ္သက္၍ စာတမ္းတစ္ေစာင္ေရးသားခဲ့သည့္ Richards ကလည္း သေဘာတူ ေၾကာင္း ေထာက္ခံေျပာၾကားခဲ့သည္။

The Federal Emergency Management Agency သည္ ေလာ့စ္အိန္ဂ်လိစ္ေဒသတြင္ ေတာမီးေလာင္မႈႏွင့္ပတ္သက္၍ ေကာလာဟလ တုံ႔ျပန္ေရးစာမ်က္ႏွာ (ongoing rumor response page) တစ္ခုဖြင့္လွစ္ၿပီး မွန္ကန္တိက်သည့္ အခ်က္အလက္မ်ားကိုလႊင့္တင္ေပးေနသည္ဟု သတင္း ထုတ္ျပန္ထားသည္။ တကယ့္ျပႆနာမွာ သဘာဝေဘးဆိုင္ရာ အသိပညာခ်ိဳ႕တဲ့ျခင္းပင္ျဖစ္သည္ဟု မန္ဆာခ်ဴးဆက္ ေရေၾကာင္းအကယ္ဒမီရွိ အေရးေပၚ စီမံခန႔္ ခြဲမႈဆိုင္ရာ ပါေမာကၡတစ္ဦးျဖစ္သူ Samantha Montano က ဆိုသည္။ ျပည္သူမ်ားအေနျဖင့္ The Federal Emergency Management Agency (FEMA) ဘာလုပ္ႏိုင္သည္၊ သဘာဝေဘးအႏၲရာယ္မွ ျပန္လည္ထူေထာင္ေရးႏွင့္ တုံ႔ျပန္ေရးဆို သည္မွာ မည္သည့္အရာႏွင့္တူသည္ဆိုသည္ကို မသိၾကဟုဆိုသည္။ ထိုသို႔ မသိျခင္းေနရာတြင္ သတင္း တု၊ သတင္းမွားမ်ား အစားထိုးဝင္ေရာက္လာျခင္းျဖစ္သည္ဟုလည္း Samantha Montano ကေျပာ သည္။ အေမရိကန္သည္ ယေန႔အထိ စူပါပါဝါႏိုင္ငံအျဖစ္ ရပ္တည္ေနဆဲျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ သတင္းတု၊ သတင္းမွားမ်ား၏အက်ိဳးဆက္ႏွင့္ conspiracy theory တို႔၏႐ိုက္ခတ္မႈမ်ားကို အေမရိကန္တို႔လည္း ခံစားေနရၿပီဟု ေကာက္ခ်က္ဆြဲလိုေၾကာင္းတင္ျပရသည္။

Related news

© 2021. All rights reserved.