(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) ပွဲ ကြိုသုံးသပ်ချက်များ
383
ရဲထက် (NP News) - ဇန်နဝါရီ ၃၁
ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)မှာတော့ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာအကောင်းဆုံး သော ပွဲကောင်းတွေကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို သိသိသာသာ အမှတ်ဖြတ်ထားပေမယ့် ရာသီဝက်ကျော်လာချိန်မှာ ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထား မျိုးလည်းရှိလာနိုင်သလို အမှတ်ပေးဇယားမှာဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲလည်းရှိနေပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက်လည်း အကြိတ်အနယ်ရှိလာဦးမယ့်ရက်သတ္တပတ် ဖြစ်လာဖို့ရှိနေပါတယ်။ အထူးသဖြင့် အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ နော်တင်ဖောရက်စ် အသင်းတို့ရဲ့ပြိုင်ဆိုင်မှုတွေဟာ တစ်ပွဲ ထက်တစ်ပွဲ ပြင်းထန်လာဖို့ရှိနေသလို အမှားမခံတဲ့ပွဲစဉ်တွေမှာ ဘယ်အသင်းက ခြေချော်သွားမလဲ ဆိုတာကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် ပွဲစဉ်(၂၃)ရဲ့ အကောင်းဆုံးပွဲကောင်း တစ်ပွဲဖြစ် လာဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလည်း အမှတ်ပေး ဖယားမှာ ရလဒ်ပိုင်းအပြောင်းအလဲတွေ ဖြစ်လာဖို့ရှိနေတာကြောင့် မဖြစ်မနေစောင့်ကြည့်သွားရဖို့ရှိ နေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
အာဆင်နယ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၂ - ၂ အာဆင်နယ် (၂၂-၉-၂၀၂၄)
မန်စီးတီး ဝ - ဝ အာဆင်နယ် (၃၁-၃-၂၀၂၄)
အာဆင်နယ် ၄ - ၄ မန်စီးတီး (၈-၁၀-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ မန်စီးတီး
အာဆင်နယ် ၁ - ၁ မန်စီးတီး
အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အရေးကြီးတဲ့ပွဲစဉ်ဖြစ်သလို မန်စီးတီးအသင်းအတွက် လည်း ဒီပွဲစဉ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ပြန်လည်ရယူဖို့အတွက် အာရုံစိုက်ကစားလာဖို့ရှိနေ တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဒါကြောင့် နှစ်သင်းလုံးအတွက် ဖိအားများနိုင်မယ့်အနေအထားမျိုးဖြစ်နိုင် သလို နိုင်ဖို့ခက်ခဲတဲ့ပွဲစဉ်လည်းဖြစ်လာနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ မန်ယူအသင်းနဲ့ အက်စ တွန်ဗီလာ အသင်းတွေကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ ရှုံးပွဲမရှိတော့တာဖြစ်ပြီး နိုင်ပွဲတွေအများဆုံးရရှိလာ နိုင်ခဲ့တာကြောင့် ခြေစွမ်းပိုင်းတည်ငြိမ်လာပြီလို့ ပြောလို့ရနေပါတယ်။ နည်းပြ ဂွာဒီယိုလာလက်ထက်မှာ အဆိုးရွားဆုံးရာသီတစ်ခုကိုဖြတ်သန်းနေရတဲ့ မန်စီးတီးအသင်းအတွက် ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့မဖြစ်နိုင်တဲ့အနေအထားမျိုးကိုရောက်ရှိနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရရှိရေးအတွက်ကတော့ မဖြစ်မနေ အားထုတ်လာဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ ခြေစွမ်းပိုင်းမှာ ပြောစရာမလိုသလို အသင်းတိုင်းအနိုင်ယူနိုင်စွမ်းရှိတဲ့အနေအထားမျိုးဆိုပေမယ့် ရလဒ် ပိုင်းမတည်ငြိမ်မှုတွေက အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုလိုဖြစ်နေပါတယ်။ ပရီးမီးယား လိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အခွင့်အရေးရှိနေတယ်လို့ပြောလို့ရနေပေမယ့် နောက်လာမယ့်ပြိုင်ပွဲ တိုင်းမှာ အာဆင်နယ်အသင်း အနိုင်ရပါ့မလားဆိုတဲ့မေးခွန်းအပြင် လီဗာပူးလ် အသင်းကလည်း (၃)ပွဲ ဆက်ရှုံးပါ့မလားဆိုတဲ့ အဖြေတစ်ခုက ရှိနေပြန်ပါတယ်။ ဒီရာသီပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ အာဆင်နယ်အသင်းနဲ့ မန်စီးတီးက နှစ်ဂိုးစီနဲ့ သရေကျထားတာကိုတွေ့ရပြီး နောက်ဆုံးထိပ်တိုက် တွေ့ဆုံမှု (၃)ပွဲမှာ အာဆင်နယ်အသင်းက (၁)ပွဲအနိုင်ရထားပြီး (၂)ပွဲ သရေကျထားတာကြောင့် ခြေစွမ်း ပိုင်းအရ အာဆင်နယ်အသင်းက အသာရနေတာတွေ့ရပါတယ်။ ဒါ့ပြင် အိမ်ကွင်းဖြစ် တာကြောင့်လည်း ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် ဖိအားကင်းကင်းနဲ့ကစားလာနိုင်ဖို့ရှိနေပါတယ်။ ဒါပေမဲ့ ပြိုင် ဘက်အသင်းက မန်စီးတီးအသင်းဖြစ်နေ တာကြောင့် ဒီပွဲစဉ်က သရေလည်းကျသွားနိုင်သလို နိုင်ပွဲ အနေနဲ့ဆိုရင်တော့ အာဆင်နယ်က(၁)ဂိုးအကွာ နဲ့ကပ်နိုင်သွားပါမယ်။
ဘုန်းမောက် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၃ - ဝ ဘုန်းမောက် (၂၁-၉-၂၀၂၄)
ဘုန်းမောက် ဝ - ၄ လီဗာပူးလ် (၂၁-၁-၂၀၂၄)
လီဗာပူးလ် ၃ - ၁ ဘုန်းမောက် (၁၉-၈-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက် ၂ - ၃ လီဗာပူးလ်
ဘုန်းမောက် ၂ - ၄ လီဗာပူးလ်
လီဗာပူးလ်အသင်းရဲ့ ချန်ပီယံခြေစွမ်း ဘယ်လောက်ရှိသလဲဆိုတာကို ဒီပွဲစဉ်မှာထပ်မံ သက် သေပြရဖို့ရှိနေပြီး ဘုန်းမောက်အသင်းကိုသာအနိုင်ရခဲ့ရင် လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ဖလားရရှိဖို့လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိနေပြီလို့ပြောလို့ရနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်း မောက်အသင်းဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူ၊ စပါးအသင်းတွေ ကိုအနိုင်ကစားထားသလို ချဲလ်ဆီးအသင်းကိုလည်း သရေရအောင်စွမ်းဆောင်ထားနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေပြီး နော်တင်ဖောရက်စ်အသင်းနဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို စိန်ခေါ်နိုင်ဖို့ ရှိနေတဲ့အသင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ နော်တင်ဖောရက်စ် ကိုရှုံးပြီးကတည်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားနိုင်မှုတွေက တကယ်ကို ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုးဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရကြည့်ရင် ဘုန်းမောက် အသင်းက အသင်းကြီးအများစုကိုအနိုင်ရထားတယ်ဆိုပေမယ့် လီဗာပူးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ ဒီရာသီထိပ်တိုက်တွေ့ဆုံမှုမှာ ရှုံးနိမ့်ထားခဲ့တယ်။ ဒါ့ပြင် ဘုန်းမောက်အသင်းက လီဗာပူးလ်အသင်း အတွက် ငယ်နိုင်အသင်းလို့တောင်ပြောလို့ရနေပြီး (၂၀၁၇) ခုနှစ်ကနေ (၂၀၂၄)ခုနှစ်ဆိုတဲ့ (၇)နှစ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု(၁၃)ပွဲလုံးကို လီဗာပူးလ်အသင်းကသာ အနိုင်ရထားကိုတွေ့ရပါတယ်။ ဒါကြောင့် ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းရောအဝေးကွင်းမှာပါ လီဗာပူးလ်အသင်းကပဲ အနိုင်ယူထားတာဖြစ်ပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဘုန်းမောက်အသင်းက ဒီမှတ်တမ်းကို ချေဖျက်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကအပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိပြီး သရေကျ သွားဖို့များသလို နိုင်ပွဲအနေနဲ့ကတော့ လီဗာပူးလ်ဘက်မှာနေချင်ပါတယ်။
ချဲလ်ဆီး Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်း ဝ - ၃ ချဲလ်ဆီး (၂၁-၉-၂၀၂၄)
ချဲလ်ဆီး ၅ - ဝ ဝက်စ်ဟမ်း (၅-၃-၂၀၂၄)
ဝက်စ်ဟမ်း ၃ - ၁ ချဲလ်ဆီး (၂၀-၈-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ဝ ဝက်စ်ဟမ်း
ချဲလ်ဆီး ၂ - ဝ ဝက်စ်ဟမ်း
ချဲလ်ဆီးအသင်းဟာ နောက်ပိုင်းမှာ နိုင်ပွဲပျောက်ဆုံးမှုတွေရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ် နေရာကို ရယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုဖိအားတွေနဲ့ရင်ဆိုင်လာရပြီလို့ ပြောလို့ရနေပါတယ်။ ရာသီ အစမှာ နည်းပြသစ်လက်ထက်ဖြစ်သလို ကစားသမားတွေရဲ့ အသားမကျသေးမှုတွေကြောင့်လို့ပြောလို့ မရတော့တဲ့အနေအထားမှာ ချဲလ်ဆီးအသင်းအတွက် ဒီပွဲစဉ်က နိုင်ပွဲရဖို့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ် လာဖို့ရှိနေပါတယ်။ ရွေးချယ်ရခက်လောက်အောင် ကစားသမားများပြားမှုကလည်း ချဲလ်ဆီးအသင်းကို အကျပ်ရိုက် စေတဲ့အနေအထားမျိုးပါရှိနေပြီး နည်းပြ မာရက်စကာအနေနဲ့လည်း နှစ်သင်းစာလောက် လူစာရင်းကို လက်ရှိအချိန်အထိ စမ်းသပ်နေရသေးတဲ့အနေအထားမျိုးကို မြင်တွေ့နေရပါတယ်။ ဝက်စ် ဟမ်း အသင်းကတော့ ဒီရာသီမှာ ရလဒ်ပိုင်းသိသိသာသာကျဆင်းနေတဲ့အသင်းဖြစ်ပြီး ပုံမှန်ခြေစွမ်း အောက်ကိုရောက်ရှိနေခဲ့ပြီဖြစ်သလို တန်းဆင်းဇုန်နဲ့ အနီးဆုံးနေရာကိုပါ ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ပြန်ကြည့်ရင်လည်း ဝက်စ်ဟမ်းက ချဲလ်ဆီးအသင်းကို နောက်ဆုံး တွေ့ဆုံမှု နှစ်ပွဲလုံးမှာ (၃)ပွဲနဲ့အထက် ဂိုးပြတ်ရလဒ်တွေနဲ့ရှုံးနိမ့်ထားခဲ့တာကြောင့် ဒီတစ်ကြိမ်ချဲလ်ဆီး အသင်းရဲ့အိမ်ကွင်းမှာ နိုင်ပွဲရဖို့ မဖြစ်နိုင်သလောက်ရှိနေပါတယ်။ ဒါကြောင့် မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်နေတဲ့အနေအထားမှာ ချဲလ်ဆီးအသင်းကပဲ(၂)ဂိုးအထက်နဲ့ အနိုင်ရယူသွားနိုင်ပါတယ်။
မန်ယူ Vs ပဲလေ့စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပဲလေ့စ် ဝ - ဝ မန်ယူ (၂၁-၉-၂၀၂၄)
ပဲလေ့စ် ၄ - ဝ မန်ယူ (၇-၅-၂၀၂၄)
မန်ယူ ဝ - ၁ ပဲလေ့စ် (၃၀-၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၁ - ၁ ပဲလေ့စ်
မန်ယူ ၂ - ၂ ပဲလေ့စ်
မန်ယူအသင်းအတွက်တော့ ဒီပွဲစဉ်မှာသာ နိုင်ပွဲမရခဲ့ရင် နည်းပြအမ်မိုရင်အတွက် ထိုးနှက်ချက် တစ်ခုဖြစ်လာဖို့ရှိနေသလို ကစားသမားတွေအတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ မန် ယူအသင်းဟာ တစ်ချိန်ကလို အရှိန်အဝါ ကြီးမားတဲ့အသင်းကြီးတစ်သင်းရဲ့ပုံစံမျိုးတွေ ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်ပါတယ်။ နည်းပြ မော်ရင် ဟိုလက်ထက်မှာ အကောင်းဘက်ကို ပြန်လှည့်လာနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ကစားသမားတွေနဲ့ အသင်းပိုင်ရှင်တွေရဲ့ စိတ်မရှည်မှုတွေကပဲ နောက်ပြန်ဆွဲချစေခဲ့သလိုဖြစ်စေခဲ့ပါတယ်။ လက်ရှိနည်းပြ အမ်မိုရင်လက်ထက်မှာလည်း နည်းပြကစားချင်တဲ့ကစားကွက်အတိုင်း လိုက်ပါကစားနိုင်မှုမရှိတဲ့ ကစား သမားအများစုအပြင် ပုံမှန်ထက်ပိုညံ့တဲ့ခြေစွမ်းမျိုးတွေရှိနေတဲ့ ကစားသ မားတွေကြောင့်လည်း နိုင်ပွဲ တွေရဖို့ လိုအပ်ချက်တွေ ကြီးမားနေခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ရက်စ်ဖို့ဒ်ကို နေရာမပေး တော့တဲ့ အနေအထားမျိုးမှာ အာမက်တစ်ယောက်လောက်သာ သုံးလို့ရနေတဲ့အနေအထားမျိုးက မန်ယူ လိုအသင်းကြီးအတွက် တကယ်ကို ရှက်စရာအနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင်အသင်းရဲ့ လူငယ်တိုက် စစ် ကစားသမား ဂါနာချိုကလည်း အသင်းပြောင်းဖို့အလားအလာရှိနေခဲ့ပြီဖြစ်တာကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ မန်ယူအသင်း ဘယ်လိုရှေ့ဆက်မလဲဆိုတာက ရင်လေးစရာပဲဖြစ်ပါတယ်။ ခရစ္စတယ် ပဲ့လေ့စ် အသင်းကလည်း မန်ယူအသင်းနဲ့ ဒီရာသီပထမဆုံးတွေ့ဆုံမှုမှာ သရေကျထားသလို နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု(၃)ပွဲမှာ (၂)ပွဲနိုင်ပြီး တစ်ပွဲသရေကျအောင်ကစားထားနိုင်ခဲ့တာကြောင့် မန်ယူ အသင်းအနေနဲ့ အနိုင်ရရှိဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အပြန်အလှန်သွင်းဂိုးအများကြီး မရှိဘဲ သရေရလဒ်နဲ့ ပွဲပြီးဖို့များပါတယ်။
၁ - ၂ -၂၀၂၅ (စနေနေ့ ညပိုင်း)
ည(၇း ဝဝ) နော်တင်ဖောရက်စ် Vs ဘရိုက်တန်
ည(၉း ၃၀) ဘုန်းမောက် Vs လီဗာပူးလ်
၂ - ၂ -၂၀၂၅ (တနင်္ဂနွေနေ့ ညပိုင်း)
ည(၈း၃၀) မန်ယူ Vs ခရစ္စတယ်ပဲလေ့စ်
ည(၁၁းဝဝ) အာဆင်နယ် Vs မန်စီးတီး
၃ - ၂ -၂၀၂၅ (တနင်္လာနေ့ ညပိုင်း)
နံနက်(၂း၃၀) ချဲလ်ဆီး Vs ဝက်စ်ဟမ်း
zawgyi version
(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ္ပြဲစဥ္ (၂၄) ပြဲ ႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဇန္နဝါရီ ၃၁
ပရီးမီးယားလိဂ္ပြဲစဥ္(၂၄)မွာေတာ့ ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံး ေသာ ပြဲေကာင္းေတြကို ၾကည့္ရႈရေတာ့မွာပဲျဖစ္ပါတယ္။ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို သိသိသာသာ အမွတ္ျဖတ္ထားေပမယ့္ ရာသီဝက္ေက်ာ္လာခ်ိန္မွာ ဘာမဆိုျဖစ္သြားႏိုင္တဲ့အေနအထား မ်ိဳးလည္းရွိလာႏိုင္သလို အမွတ္ေပးဇယားမွာဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲလည္းရွိေနၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္လည္း အႀကိတ္အနယ္ရွိလာဦးမယ့္ရက္သတၱပတ္ ျဖစ္လာဖို႔ရွိေနပါတယ္။ အထူးသျဖင့္ အာဆင္နယ္၊ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ ေနာ္တင္ေဖာရက္စ္ အသင္းတို႔ရဲ႕ၿပိဳင္ဆိုင္မႈေတြဟာ တစ္ပြဲ ထက္တစ္ပြဲ ျပင္းထန္လာဖို႔ရွိေနသလို အမွားမခံတဲ့ပြဲစဥ္ေတြမွာ ဘယ္အသင္းက ေျခေခ်ာ္သြားမလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ပြဲစဥ္(၂၃)ရဲ႕ အေကာင္းဆုံးပြဲေကာင္း တစ္ပြဲျဖစ္ လာဖို႔ ရွိေနတဲ့ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကိုလည္း အမွတ္ေပး ဖယားမွာ ရလဒ္ပိုင္းအေျပာင္းအလဲေတြ ျဖစ္လာဖို႔ရွိေနတာေၾကာင့္ မျဖစ္မေနေစာင့္ၾကည့္သြားရဖို႔ရွိ ေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၄) အတြက္ ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။
အာဆင္နယ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၂ - ၂ အာဆင္နယ္ (၂၂-၉-၂၀၂၄)
မန္စီးတီး ဝ - ဝ အာဆင္နယ္ (၃၁-၃-၂၀၂၄)
အာဆင္နယ္ ၄ - ၄ မန္စီးတီး (၈-၁၀-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၁ မန္စီးတီး
အာဆင္နယ္ ၁ - ၁ မန္စီးတီး
အာဆင္နယ္အသင္းအတြက္ ဒီပြဲစဥ္က အေရးႀကီးတဲ့ပြဲစဥ္ျဖစ္သလို မန္စီးတီးအသင္းအတြက္ လည္း ဒီပြဲစဥ္က ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို ျပန္လည္ရယူဖို႔အတြက္ အာ႐ုံစိုက္ကစားလာဖို႔ရွိေန တဲ့ပြဲစဥ္တစ္ပြဲျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွစ္သင္းလုံးအတြက္ ဖိအားမ်ားႏိုင္မယ့္အေနအထားမ်ိဳးျဖစ္ႏိုင္ သလို ႏိုင္ဖို႔ခက္ခဲတဲ့ပြဲစဥ္လည္းျဖစ္လာႏိုင္ပါတယ္။ မန္စီးတီးအသင္းကေတာ့ မန္ယူအသင္းနဲ႔ အက္စ တြန္ဗီလာ အသင္းေတြကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္းမွာ ရႈံးပြဲမရွိေတာ့တာျဖစ္ၿပီး ႏိုင္ပြဲေတြအမ်ားဆုံးရရွိလာ ႏိုင္ခဲ့တာေၾကာင့္ ေျခစြမ္းပိုင္းတည္ၿငိမ္လာၿပီလို႔ ေျပာလို႔ရေနပါတယ္။ နည္းျပ ဂြာဒီယိုလာလက္ထက္မွာ အဆိုး႐ြားဆုံးရာသီတစ္ခုကိုျဖတ္သန္းေနရတဲ့ မန္စီးတီးအသင္းအတြက္ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔မျဖစ္ႏိုင္တဲ့အေနအထားမ်ိဳးကိုေရာက္ရွိေနေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာ ရရွိေရးအတြက္ကေတာ့ မျဖစ္မေန အားထုတ္လာဖို႔ရွိေနပါတယ္။ အာဆင္နယ္အသင္းကေတာ့ ေျခစြမ္းပိုင္းမွာ ေျပာစရာမလိုသလို အသင္းတိုင္းအႏိုင္ယူႏိုင္စြမ္းရွိတဲ့အေနအထားမ်ိဳးဆိုေပမယ့္ ရလဒ္ ပိုင္းမတည္ၿငိမ္မႈေတြက အာဆင္နယ္အသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုလိုျဖစ္ေနပါတယ္။ ပရီးမီးယား လိဂ္ဖလားကို စိန္ေခၚႏိုင္ဖို႔အတြက္ အခြင့္အေရးရွိေနတယ္လို႔ေျပာလို႔ရေနေပမယ့္ ေနာက္လာမယ့္ၿပိဳင္ပြဲ တိုင္းမွာ အာဆင္နယ္အသင္း အႏိုင္ရပါ့မလားဆိုတဲ့ေမးခြန္းအျပင္ လီဗာပူးလ္ အသင္းကလည္း (၃)ပြဲ ဆက္ရႈံးပါ့မလားဆိုတဲ့ အေျဖတစ္ခုက ရွိေနျပန္ပါတယ္။ ဒီရာသီပထမအႀကိမ္ ထိပ္တိုက္ေတြ႕ဆုံမႈမွာ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးက ႏွစ္ဂိုးစီနဲ႔ သေရက်ထားတာကိုေတြ႕ရၿပီး ေနာက္ဆုံးထိပ္တိုက္ ေတြ႕ဆုံမႈ (၃)ပြဲမွာ အာဆင္နယ္အသင္းက (၁)ပြဲအႏိုင္ရထားၿပီး (၂)ပြဲ သေရက်ထားတာေၾကာင့္ ေျခစြမ္း ပိုင္းအရ အာဆင္နယ္အသင္းက အသာရေနတာေတြ႕ရပါတယ္။ ဒါ့ျပင္ အိမ္ကြင္းျဖစ္ တာေၾကာင့္လည္း ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ ဖိအားကင္းကင္းနဲ႔ကစားလာႏိုင္ဖို႔ရွိေနပါတယ္။ ဒါေပမဲ့ ၿပိဳင္ ဘက္အသင္းက မန္စီးတီးအသင္းျဖစ္ေန တာေၾကာင့္ ဒီပြဲစဥ္က သေရလည္းက်သြားႏိုင္သလို ႏိုင္ပြဲ အေနနဲ႔ဆိုရင္ေတာ့ အာဆင္နယ္က(၁)ဂိုးအကြာ နဲ႔ကပ္ႏိုင္သြားပါမယ္။
ဘုန္းေမာက္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၃ - ဝ ဘုန္းေမာက္ (၂၁-၉-၂၀၂၄)
ဘုန္းေမာက္ ဝ - ၄ လီဗာပူးလ္ (၂၁-၁-၂၀၂၄)
လီဗာပူးလ္ ၃ - ၁ ဘုန္းေမာက္ (၁၉-၈-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္ ၂ - ၃ လီဗာပူးလ္
ဘုန္းေမာက္ ၂ - ၄ လီဗာပူးလ္
လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံေျခစြမ္း ဘယ္ေလာက္ရွိသလဲဆိုတာကို ဒီပြဲစဥ္မွာထပ္မံ သက္ ေသျပရဖို႔ရွိေနၿပီး ဘုန္းေမာက္အသင္းကိုသာအႏိုင္ရခဲ့ရင္ လီဗာပူးလ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ ဖလားရရွိဖို႔လုံေလာက္တဲ့ စြမ္းေဆာင္ရည္ရွိေနၿပီလို႔ေျပာလို႔ရေနပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘုန္း ေမာက္အသင္းဟာ ဒီရာသီမွာ အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္၊ မန္စီးတီး၊ မန္ယူ၊ စပါးအသင္းေတြ ကိုအႏိုင္ကစားထားသလို ခ်ဲလ္ဆီးအသင္းကိုလည္း သေရရေအာင္စြမ္းေဆာင္ထားႏိုင္တဲ့ ေျခစြမ္းမ်ိဳး ရွိေနၿပီး ေနာ္တင္ေဖာရက္စ္အသင္းနဲ႔အတူ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို စိန္ေခၚႏိုင္ဖို႔ ရွိေနတဲ့အသင္းျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကလည္း ဒီရာသီပရီးမီးယားလိဂ္မွာ ေနာ္တင္ေဖာရက္စ္ ကိုရႈံးၿပီးကတည္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ထားႏိုင္မႈေတြက တကယ္ကို ေက်နပ္စရာေကာင္းတဲ့ ရလဒ္မ်ိဳးျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရၾကည့္ရင္ ဘုန္းေမာက္ အသင္းက အသင္းႀကီးအမ်ားစုကိုအႏိုင္ရထားတယ္ဆိုေပမယ့္ လီဗာပူးလ္အသင္းကို (၃)ဂိုးျပတ္နဲ႔ ဒီရာသီထိပ္တိုက္ေတြ႕ဆုံမႈမွာ ရႈံးနိမ့္ထားခဲ့တယ္။ ဒါ့ျပင္ ဘုန္းေမာက္အသင္းက လီဗာပူးလ္အသင္း အတြက္ ငယ္ႏိုင္အသင္းလို႔ေတာင္ေျပာလို႔ရေနၿပီး (၂၀၁၇) ခုႏွစ္ကေန (၂၀၂၄)ခုႏွစ္ဆိုတဲ့ (၇)ႏွစ္အတြင္း ထိပ္တိုက္ေတြ႕ဆုံမႈ(၁၃)ပြဲလုံးကို လီဗာပူးလ္အသင္းကသာ အႏိုင္ရထားကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဘုန္းေမာက္အသင္းရဲ႕ အိမ္ကြင္းေရာအေဝးကြင္းမွာပါ လီဗာပူးလ္အသင္းကပဲ အႏိုင္ယူထားတာျဖစ္ၿပီး ဒီတစ္ႀကိမ္ေတြ႕ဆုံမႈမွာေတာ့ ဘုန္းေမာက္အသင္းက ဒီမွတ္တမ္းကို ေခ်ဖ်က္ျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကအျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိၿပီး သေရက် သြားဖို႔မ်ားသလို ႏိုင္ပြဲအေနနဲ႔ကေတာ့ လီဗာပူးလ္ဘက္မွာေနခ်င္ပါတယ္။
ခ်ဲလ္ဆီး Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝက္စ္ဟမ္း ဝ - ၃ ခ်ဲလ္ဆီး (၂၁-၉-၂၀၂၄)
ခ်ဲလ္ဆီး ၅ - ဝ ဝက္စ္ဟမ္း (၅-၃-၂၀၂၄)
ဝက္စ္ဟမ္း ၃ - ၁ ခ်ဲလ္ဆီး (၂၀-၈-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ဝ ဝက္စ္ဟမ္း
ခ်ဲလ္ဆီး ၂ - ဝ ဝက္စ္ဟမ္း
ခ်ဲလ္ဆီးအသင္းဟာ ေနာက္ပိုင္းမွာ ႏိုင္ပြဲေပ်ာက္ဆုံးမႈေတြရွိလာၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ ေနရာကို ရယူႏိုင္ပါ့မလားဆိုတဲ့ စိုးရိမ္မႈဖိအားေတြနဲ႔ရင္ဆိုင္လာရၿပီလို႔ ေျပာလို႔ရေနပါတယ္။ ရာသီ အစမွာ နည္းျပသစ္လက္ထက္ျဖစ္သလို ကစားသမားေတြရဲ႕ အသားမက်ေသးမႈေတြေၾကာင့္လို႔ေျပာလို႔ မရေတာ့တဲ့အေနအထားမွာ ခ်ဲလ္ဆီးအသင္းအတြက္ ဒီပြဲစဥ္က ႏိုင္ပြဲရဖို႔အေရးႀကီးတဲ့ပြဲစဥ္တစ္ပြဲျဖစ္ လာဖို႔ရွိေနပါတယ္။ ေ႐ြးခ်ယ္ရခက္ေလာက္ေအာင္ ကစားသမားမ်ားျပားမႈကလည္း ခ်ဲလ္ဆီးအသင္းကို အက်ပ္႐ိုက္ ေစတဲ့အေနအထားမ်ိဳးပါရွိေနၿပီး နည္းျပ မာရက္စကာအေနနဲ႔လည္း ႏွစ္သင္းစာေလာက္ လူစာရင္းကို လက္ရွိအခ်ိန္အထိ စမ္းသပ္ေနရေသးတဲ့အေနအထားမ်ိဳးကို ျမင္ေတြ႕ေနရပါတယ္။ ဝက္စ္ ဟမ္း အသင္းကေတာ့ ဒီရာသီမွာ ရလဒ္ပိုင္းသိသိသာသာက်ဆင္းေနတဲ့အသင္းျဖစ္ၿပီး ပုံမွန္ေျခစြမ္း ေအာက္ကိုေရာက္ရွိေနခဲ့ၿပီျဖစ္သလို တန္းဆင္းဇုန္နဲ႔ အနီးဆုံးေနရာကိုပါ ေရာက္ရွိသြားခဲ့ၿပီလည္းျဖစ္ပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရ ျပန္ၾကည့္ရင္လည္း ဝက္စ္ဟမ္းက ခ်ဲလ္ဆီးအသင္းကို ေနာက္ဆုံး ေတြ႕ဆုံမႈ ႏွစ္ပြဲလုံးမွာ (၃)ပြဲနဲ႔အထက္ ဂိုးျပတ္ရလဒ္ေတြနဲ႔ရႈံးနိမ့္ထားခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္ခ်ဲလ္ဆီး အသင္းရဲ႕အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ မျဖစ္ႏိုင္သေလာက္ရွိေနပါတယ္။ ဒါေၾကာင့္ မျဖစ္မေန ႏိုင္ပြဲရယူဖို႔ လိုအပ္ေနတဲ့အေနအထားမွာ ခ်ဲလ္ဆီးအသင္းကပဲ(၂)ဂိုးအထက္နဲ႔ အႏိုင္ရယူသြားႏိုင္ပါတယ္။
မန္ယူ Vs ပဲေလ့စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ပဲေလ့စ္ ဝ - ဝ မန္ယူ (၂၁-၉-၂၀၂၄)
ပဲေလ့စ္ ၄ - ဝ မန္ယူ (၇-၅-၂၀၂၄)
မန္ယူ ဝ - ၁ ပဲေလ့စ္ (၃၀-၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၁ - ၁ ပဲေလ့စ္
မန္ယူ ၂ - ၂ ပဲေလ့စ္
မန္ယူအသင္းအတြက္ေတာ့ ဒီပြဲစဥ္မွာသာ ႏိုင္ပြဲမရခဲ့ရင္ နည္းျပအမ္မိုရင္အတြက္ ထိုးႏွက္ခ်က္ တစ္ခုျဖစ္လာဖို႔ရွိေနသလို ကစားသမားေတြအတြက္လည္း စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ထိခိုက္မႈေတြ အမ်ားႀကီးရွိလာႏိုင္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ မန္ ယူအသင္းဟာ တစ္ခ်ိန္ကလို အရွိန္အဝါ ႀကီးမားတဲ့အသင္းႀကီးတစ္သင္းရဲ႕ပုံစံမ်ိဳးေတြ ေပ်ာက္ဆုံးေနခဲ့တာၾကာၿပီျဖစ္ပါတယ္။ နည္းျပ ေမာ္ရင္ ဟိုလက္ထက္မွာ အေကာင္းဘက္ကို ျပန္လွည့္လာႏိုင္ခဲ့တယ္ဆိုေပမယ့္လည္း ကစားသမားေတြနဲ႔ အသင္းပိုင္ရွင္ေတြရဲ႕ စိတ္မရွည္မႈေတြကပဲ ေနာက္ျပန္ဆြဲခ်ေစခဲ့သလိုျဖစ္ေစခဲ့ပါတယ္။ လက္ရွိနည္းျပ အမ္မိုရင္လက္ထက္မွာလည္း နည္းျပကစားခ်င္တဲ့ကစားကြက္အတိုင္း လိုက္ပါကစားႏိုင္မႈမရွိတဲ့ ကစား သမားအမ်ားစုအျပင္ ပုံမွန္ထက္ပိုညံ့တဲ့ေျခစြမ္းမ်ိဳးေတြရွိေနတဲ့ ကစားသ မားေတြေၾကာင့္လည္း ႏိုင္ပြဲ ေတြရဖို႔ လိုအပ္ခ်က္ေတြ ႀကီးမားေနခဲ့တာျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာလည္း ရက္စ္ဖို႔ဒ္ကို ေနရာမေပး ေတာ့တဲ့ အေနအထားမ်ိဳးမွာ အာမက္တစ္ေယာက္ေလာက္သာ သုံးလို႔ရေနတဲ့အေနအထားမ်ိဳးက မန္ယူ လိုအသင္းႀကီးအတြက္ တကယ္ကို ရွက္စရာအေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္အသင္းရဲ႕ လူငယ္တိုက္ စစ္ ကစားသမား ဂါနာခ်ိဳကလည္း အသင္းေျပာင္းဖို႔အလားအလာရွိေနခဲ့ၿပီျဖစ္တာေၾကာင့္ ေနာက္ပိုင္း ပြဲစဥ္ေတြမွာ မန္ယူအသင္း ဘယ္လိုေရွ႕ဆက္မလဲဆိုတာက ရင္ေလးစရာပဲျဖစ္ပါတယ္။ ခရစၥတယ္ ပဲ့ေလ့စ္ အသင္းကလည္း မန္ယူအသင္းနဲ႔ ဒီရာသီပထမဆုံးေတြ႕ဆုံမႈမွာ သေရက်ထားသလို ေနာက္ဆုံး ထိပ္တိုက္ေတြ႕ဆုံမႈ(၃)ပြဲမွာ (၂)ပြဲႏိုင္ၿပီး တစ္ပြဲသေရက်ေအာင္ကစားထားႏိုင္ခဲ့တာေၾကာင့္ မန္ယူ အသင္းအေနနဲ႔ အႏိုင္ရရွိဖို႔ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္အျပန္အလွန္သြင္းဂိုးအမ်ားႀကီး မရွိဘဲ သေရရလဒ္နဲ႔ ပြဲၿပီးဖို႔မ်ားပါတယ္။
၁ - ၂ -၂၀၂၅ (စေနေန႔ ညပိုင္း)
ည(ရး ဝဝ) ေနာ္တင္ေဖာရက္စ္ Vs ဘ႐ိုက္တန္
ည(၉း ၃၀) ဘုန္းေမာက္ Vs လီဗာပူးလ္
၂ - ၂ -၂၀၂၅ (တနဂၤေႏြေန႔ ညပိုင္း)
ည(၈း၃၀) မန္ယူ Vs ခရစၥတယ္ပဲေလ့စ္
ည(၁၁းဝဝ) အာဆင္နယ္ Vs မန္စီးတီး
၃ - ၂ -၂၀၂၅ (တနလၤာေန႔ ညပိုင္း)
နံနက္(၂း၃၀) ခ်ဲလ္ဆီး Vs ဝက္စ္ဟမ္း