တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ ပြီးစီးပါက စုစုပေါင်း တပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ထွက်ရှိမည်
1720
ချယ်ရီ(NP News)- ဇန်နဝါရီ ၃၁
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ ပြီးစီးပါက စုစုပေါင်း တပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ထွက်ရှိမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေးနှင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုး တက်လာခြင်းဖြင့် အခြေခံအဆောက်အအုံလိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ နိုင်ငံ တော်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၇) ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ရုံ၊ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိပြီး အဆိုပါ ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂)ရုံမှာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးခြင်းသွားရာ လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိကြောင်း ဥက္ကဋ္ဌက ရှင်းပြသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy - RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အထက်အကြီးအကဲကလည်း Renewable Energy – RE အလေးထား အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၄)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃)ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင် (၁)ခု စုစုပေါင်း တပ်ဆင်အင်အား (၅၃၀) မဂ္ဂါဝပ်ရှိပြီး ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးတွင် (၁)ခုနှင့် မကွေးတိုင်းဒေသကြီးတွင်(၁)ခု စုစုပေါင်းတပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
လက်ရှိတည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် Hybrid (Gas Engine + Solar) စီမံကိန်းများတွင် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို မိမိတို့၏လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည့် အကြောင်းရင်းများကိုလည်း ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြပေးပြီး ကုမ္ပဏီတို့၏ တင်ပြချက်များကို ဆက်စပ်ဝန်ကြီးဌာနများမှ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပြုသုံးသပ် တင်ပြပေးစေလိုကြောင်း ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
zawgyi version
တည္ေဆာက္ဆဲ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ား ၿပီးစီးပါက စုစုေပါင္း တပ္ဆင္အင္အား (၁၀၂၆)မဂၢါဝပ္ထြက္ရွိမည္
ခ်ယ္ရီ(NP News)- ဇန္နဝါရီ ၃၁
တည္ေဆာက္ဆဲ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ား ၿပီးစီးပါက စုစုေပါင္း တပ္ဆင္အင္အား (၁၀၂၆)မဂၢါဝပ္ထြက္ရွိမည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေျပာသည္။ အဆိုပါလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ျပည္သူမ်ား၏ ေန႔စဥ္လူေနမႈဘဝတိုးတက္ျမင့္မားေရးႏွင့္ ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုတိုး တက္လာျခင္းျဖင့္ အေျခခံအေဆာက္အအုံလိုအပ္ခ်က္ကို ျဖည့္ဆည္းတည္ေဆာက္ႏိုင္ၿပီး လွ်ပ္စစ္ႏွင့္ စြမ္းအင္က႑ (၂) ခုလုံး၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစားေပးေဆာင္႐ြက္ႏိုင္ေစေရးကို ရည္႐ြယ္၍ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိ ႏိုင္ငံ ေတာ္၏လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈတြင္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ (၂၈) ႐ုံ၊ အပူစြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ (၂၇) ႐ုံႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ (၈)႐ုံ၊ စုစုေပါင္း တပ္ဆင္အင္အား ၆၃၇၁ မဂၢါဝပ္ရွိၿပီး အဆိုပါ ေရအားလွ်ပ္စစ္ႏွင့္ အပူစြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ အခ်ိဳ႕ဓာတ္အားေပးစက္႐ုံ (၁၂)႐ုံမွာ ဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံရမႈႏွင့္ သဘာဝေဘးဒဏ္တို႔ေၾကာင့္ ပ်က္စီးျခင္းသြားရာ လက္ရွိတြင္ ဓာတ္အားထုတ္လုပ္မႈမွာ က်ဆင္းလ်က္ရွိေၾကာင္း ဥကၠ႒က ရွင္းျပသည္။
လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္၏လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ပမာဏ ပိုမိုျမင့္မားလ်က္ရွိေနေၾကာင္း၊ ျပည့္ၿဖိဳးၿမဲစြမ္းအင္ (Renewable Energy - RE) ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း စီမံကိန္းမ်ားကို အျမန္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ အထက္အႀကီးအကဲကလည္း Renewable Energy – RE အေလးထား အေကာင္အထည္ေဖာ္ရန္ ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။ တည္ေဆာက္ဆဲ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံစီမံကိန္းကို ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတြင္ (၄)ခု၊ မႏၲေလးတိုင္းေဒသႀကီးတြင္ (၃)ခု၊ ပဲခူးတိုင္းေဒသႀကီးတြင္(၁)ခု၊ ရွမ္းျပည္နယ္တြင္ (၁)ခု စုစုေပါင္း တပ္ဆင္အင္အား (၅၃၀) မဂၢါဝပ္ရွိၿပီး ေဆာက္႐ြက္ဆဲ Hybrid (Gas Engine + Solar) စီမံကိန္းကို မႏၲေလးတိုင္းေဒသႀကီးတြင္ (၁)ခုႏွင့္ မေကြးတိုင္းေဒသႀကီးတြင္(၁)ခု စုစုေပါင္းတပ္ဆင္အင္အား (၄၉၆) မဂၢါဝပ္ရွိေၾကာင္း သိရသည္။
လက္ရွိတည္ေဆာက္ဆဲ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားႏွင့္ Hybrid (Gas Engine + Solar) စီမံကိန္းမ်ားတြင္ ျပည္တြင္း/ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို မိမိတို႔၏လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ စီမံကိန္းလုပ္ငန္းမ်ား ေႏွာင့္ေႏွးၾကန႔္ၾကာေနရသည့္ အေၾကာင္းရင္းမ်ားကိုလည္း ကုမၸဏီတစ္ခုခ်င္းစီအလိုက္ ရွင္းလင္းတင္ျပေပးၿပီး ကုမၸဏီတို႔၏ တင္ျပခ်က္မ်ားကို ဆက္စပ္ဝန္ႀကီးဌာနမ်ားမွ ေျဖရွင္းႏိုင္မည့္ နည္းလမ္းမ်ားကို အႀကံျပဳသုံးသပ္ တင္ျပေပးေစလိုေၾကာင္း ဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။