ထားဝယ်မြို့တွင် အခြေခံပညာကျောင်းများ၏ စာမေးပွဲများဖြေဆိုပြီးပါက တိုက်ပွဲဖြစ်လာနိုင်သည့်အရိပ်အယောင်များကြောင့် ဒေသခံများ စိုးရိမ်နေ

 51

သန့်ဇင် NP News - ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အခြေခံပညာကျောင်းများ၏ စာမေးပွဲများဖြေဆိုပြီးပါက တိုက်ပွဲဖြစ်လာနိုင် သည့် အရိပ်အယောင်များကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း ထားဝယ်မြို့ခံများက NP News သို့ပြောသည်။
နိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းများက Grade-5နှင့် Grade-12 အတန်းမှအပ အခြားအတန်းများ၏ နှစ်ကုန် စာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၂ဝ ရက်မှစတင်ကာ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်မြိုတွင်လည်း အခြေခံပညာကျောင်းများဖွင့်လစ်သင်ကြားနေလျက်ရှိပြီး အဆိုပါစာမေးပွဲများပြီးပါက တိုက်ပွဲ များ ဖော်ဆောင်လာနိုင်သည့် အရိပ်အယောင်များမြင်တွေ့နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ထားဝယ်အခြေအနေကို ကျွန်တော်သတင်းကြားရသလောက်ဆိုရင် (၂)လပိုင်းထဲက စာမေးပွဲတွေပြီးသွားရင် တိုက်ပွဲ တွေ စဖြစ်မယ့်သဘောရှိတယ်။ ကြားရသလောက်ဆိုရင် အဲဒီသဘောဖြစ်နေတယ်” ဟု ထားဝယ်ခံတစ်ဦးက ပြောသည်။
ထို့နောက် ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ အစိုးရရုံးစိုက်ရာမြို့ဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားပါက ဒေသခံများ၏ စီးပွားရေး၊ လူမှုရေးနှင့်အခြားသောအခက်အခဲများများစွာဖြစ်နိုင်သည့်အတွက် စိုးရိမ်မှုများလည်းရှိနေ ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“အခုနောက်ပိုင်းမှာ ဒေသခံတော်တော်များများပြောလာတဲ့အသံကတော့ (၂)ဖက်ညှိနှိုင်းစေချင်ကြတယ်။ အဲဒီလိုလည်း ပွင့်ပွင့်လင်းလင်း ပြောလို့မရဲဘူး” ဟု အထက်ပါဒေသခံက ပြောသည်။
ထားဝယ်မြို့တွင် တိုက်ပွဲမဖြစ်ပွားစေလို့သည့် ဒေသခံများက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား (၂)ဖက် ညှိနှိုင်းစေလိုသော်လည်း ကြားဝင်စေ့စပ်သူအချို့အား PDF လက်နက်ကိုင်များမှ သတ်ဖြတ်ခဲ့သည့် သာဓကများရှိခဲ့သည့် အတွက် အများစုမှာ နှုတ်ဆိတ်နေကြရကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“(၂)ဖက်ညှိနှိုင်းဖို့ပြောတဲ့လူက ဒီမှာပစ်သတ်ခံရတာများတယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆိုရင် ရော်ဘာခြံပိုင်ရှင် ရှိတယ်။ အဲဒီရွာမှာ အလှူရှိလို့သွားတာ။ သူကတော့ အခြားရွာသားပေါ့။ သီတင်းကျွတ်လောက်ရှိမယ်ထင်တယ်။ အဲဒီအလှူကိုသွားတာနေမယ်။ PDF တွေ လည်း တိုက်လာတာ နှစ်နဲ့ချီလာပြီ။ ငါတို့ပြည်သူတွေလည်း လုပ်ကိုင်စားရတာ ခက်ခဲတယ်ပေါ့။ (၂)ဖက်ညှိနှိုင်းရင်လည်း အဆင်ပြေမှာပဲ။ ငါတို့ပြည်သူတွေလည်း အဆင်ပြေချင်တယ်ပြေတယ်။ အဲဒီလိုပြောလို့တဲ့ ပြောရမလားဆိုပြီးတော့ သူ့ခြံထဲက တဲကိုလည်းရောက်ကော PDF (၆)ယောက်က ရောက်လာ ပြီးတော့ သုသန်ကိုခေါ်ပြီး ပစ်သတ်သွားတာ” ဟု ၎င်းကပြောသည်။
လက်ရှိ ထားဝယ်မြို့တွင် ဒေသတွင်းတိုက်ပွဲများကြောင့် ပြောင်းရွေ့နေထိုင်သူများစွာရောက်ရှိနေကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
“ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ သွားနေလာနေကြတာ လောင်းလုံရွာရှိတယ်လေ။ အဲဒီရွာမှာလည်း အထက်တန်း ကျောင်းရှိတယ်။ အဲဒီရွာက အိမ်တော်တော်များများ မီးရှို့ခံထားရတယ်။ အခုထားဝယ်မြို့အဝင် ဆိုင်းဘုတ်နားက ကျောက်ရပ်နားက ဂိတ်ဘေးနားမှာ မြေကွက်တစ်ကွက်လုပ်ပေးပြီးတော့ အဲဒီလူတွေကို အဲဒီမှာဝယ်နေနေကြရတယ်” ဟု အထက်ပါသတင်းရင်းမြစ်က‌ ပြောသည်။
ပြီးခဲသည့် ဇန်နဝါရီလ(၂၈)ရက်ကလည်း ထားဝယ်မြို့အနီးရှိ တပ်မတော်လုံခြုံရေးဂိတ်တစ်ခုဖြစ်သော ပေါက်တိုင်းဂိတ် ကို PDF အဖွဲ့က Droneဖြင့် Dropbome ချတိုက်ခိုက်ခဲ့သည့်အပြင် ဇန်နဝါရီလ (၂၉)ရက်ကလည်း ထားဝယ်- သရက် ချောင်းလမ်းပိုင်းပေါ်ရှိ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းတို့အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ထားဝယ်မြို့သို့ လာရောက်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအတွင် ကရင်လက်နက်ကိုင်အဖွဲ့ အချို့ အပါအဝင် ရေဖြူ PDF နှင့် ကျောက်လှေကား PDF အဖွဲ့တို့ ပါဝင်နေကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆို သည်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာကို PDF လက်နက်ကိုင်အဖွဲ့က တိုက်ပွဲ စတင်ဖော်ဆောင်ကာ ရွာသူ၊ ရွာသားများကို ကျေးရွာအတွင်းမှနှင်ထုတ်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
ထားဝယ္ၿမိဳ႕တြင္ အေျခခံပညာေက်ာင္းမ်ား၏ စာေမးပြဲမ်ားေျဖဆိုၿပီးပါက တိုက္ပြဲျဖစ္လာႏိုင္သည့္အရိပ္အေယာင္မ်ား ေၾကာင့္ ေဒသခံမ်ား စိုးရိမ္ေန
သန႔္ဇင္ NP News - ေဖေဖာ္ဝါရီ ၁

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕တြင္ အေျခခံပညာေက်ာင္းမ်ား၏ စာေမးပြဲမ်ားေျဖဆိုၿပီးပါက တိုက္ပြဲျဖစ္လာႏိုင္ သည့္ အရိပ္အေယာင္မ်ားေၾကာင့္ ေဒသခံမ်ား စိုးရိမ္ေနေၾကာင္း ထားဝယ္ၿမိဳ႕ခံမ်ားက NP News သို႔ေျပာသည္။
ႏိုင္ငံတဝန္းရွိ အေျခခံပညာေက်ာင္းမ်ားက Grade-5ႏွင့္ Grade-12 အတန္းမွအပ အျခားအတန္းမ်ား၏ ႏွစ္ကုန္ စာေမးပြဲကို လာမည့္ ေဖေဖာ္ဝါရီလ ၂ဝ ရက္မွစတင္ကာ ၂၈ ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ထားဝယ္ၿမိဳတြင္လည္း အေျခခံပညာေက်ာင္းမ်ားဖြင့္လစ္သင္ၾကားေနလ်က္ရွိၿပီး အဆိုပါစာေမးပြဲမ်ားၿပီးပါက တိုက္ပြဲ မ်ား ေဖာ္ေဆာင္လာႏိုင္သည့္ အရိပ္အေယာင္မ်ားျမင္ေတြ႕ေနရေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“ထားဝယ္အေျခအေနကို ကြၽန္ေတာ္သတင္းၾကားရသေလာက္ဆိုရင္ (၂)လပိုင္းထဲက စာေမးပြဲေတြၿပီးသြားရင္ တိုက္ပြဲ ေတြ စျဖစ္မယ့္သေဘာရွိတယ္။ ၾကားရသေလာက္ဆိုရင္ အဲဒီသေဘာျဖစ္ေနတယ္” ဟု ထားဝယ္ခံတစ္ဦးက ေျပာသည္။
ထို႔ေနာက္ ထားဝယ္ၿမိဳ႕သည္ တနသၤာရီတိုင္းေဒသႀကီး၏ အစိုးရ႐ုံးစိုက္ရာၿမိဳ႕ျဖစ္ေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားပါက ေဒသခံမ်ား၏ စီးပြားေရး၊ လူမႈေရးႏွင့္အျခားေသာအခက္အခဲမ်ားမ်ားစြာျဖစ္ႏိုင္သည့္အတြက္ စိုးရိမ္မႈမ်ားလည္းရွိေန ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“အခုေနာက္ပိုင္းမွာ ေဒသခံေတာ္ေတာ္မ်ားမ်ားေျပာလာတဲ့အသံကေတာ့ (၂)ဖက္ညႇိႏႈိင္းေစခ်င္ၾကတယ္။ အဲဒီလိုလည္း ပြင့္ပြင့္လင္းလင္း ေျပာလို႔မရဲဘူး” ဟု အထက္ပါေဒသခံက ေျပာသည္။
ထားဝယ္ၿမိဳ႕တြင္ တိုက္ပြဲမျဖစ္ပြားေစလို႔သည့္ ေဒသခံမ်ားက တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား (၂)ဖက္ ညႇိႏႈိင္းေစလိုေသာ္လည္း ၾကားဝင္ေစ့စပ္သူအခ်ိဳ႕အား PDF လက္နက္ကိုင္မ်ားမွ သတ္ျဖတ္ခဲ့သည့္ သာဓကမ်ားရွိခဲ့သည့္ အတြက္ အမ်ားစုမွာ ႏႈတ္ဆိတ္ေနၾကရေၾကာင္း အျခားေဒသခံတစ္ဦးက ဆိုသည္။
“(၂)ဖက္ညႇိႏႈိင္းဖို႔ေျပာတဲ့လူက ဒီမွာပစ္သတ္ခံရတာမ်ားတယ္။ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္က ဆိုရင္ ေရာ္ဘာၿခံပိုင္ရွင္ ရွိတယ္။ အဲဒီ႐ြာမွာ အလႉရွိလို႔သြားတာ။ သူကေတာ့ အျခား႐ြာသားေပါ့။ သီတင္းကြၽတ္ေလာက္ရွိမယ္ထင္တယ္။ အဲဒီအလႉကိုသြားတာေနမယ္။ PDF ေတြ လည္း တိုက္လာတာ ႏွစ္နဲ႔ခ်ီလာၿပီ။ ငါတို႔ျပည္သူေတြလည္း လုပ္ကိုင္စားရတာ ခက္ခဲတယ္ေပါ့။ (၂)ဖက္ညႇိႏႈိင္းရင္လည္း အဆင္ေျပမွာပဲ။ ငါတို႔ျပည္သူေတြလည္း အဆင္ေျပခ်င္တယ္ေျပတယ္။ အဲဒီလိုေျပာလို႔တဲ့ ေျပာရမလားဆိုၿပီးေတာ့ သူ႔ၿခံထဲက တဲကိုလည္းေရာက္ေကာ PDF (၆)ေယာက္က ေရာက္လာ ၿပီးေတာ့ သုသန္ကိုေခၚၿပီး ပစ္သတ္သြားတာ” ဟု ၎ကေျပာသည္။
လက္ရွိ ထားဝယ္ၿမိဳ႕တြင္ ေဒသတြင္းတိုက္ပြဲမ်ားေၾကာင့္ ေျပာင္းေ႐ြ႕ေနထိုင္သူမ်ားစြာေရာက္ရွိေနေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
“ဝင္ေပါက္၊ ထြက္ေပါက္ေတြမွာ သြားေနလာေနၾကတာ ေလာင္းလုံ႐ြာရွိတယ္ေလ။ အဲဒီ႐ြာမွာလည္း အထက္တန္း ေက်ာင္းရွိတယ္။ အဲဒီ႐ြာက အိမ္ေတာ္ေတာ္မ်ားမ်ား မီးရႈိ႕ခံထားရတယ္။ အခုထားဝယ္ၿမိဳ႕အဝင္ ဆိုင္းဘုတ္နားက ေက်ာက္ရပ္နားက ဂိတ္ေဘးနားမွာ ေျမကြက္တစ္ကြက္လုပ္ေပးၿပီးေတာ့ အဲဒီလူေတြကို အဲဒီမွာဝယ္ေနေနၾကရတယ္” ဟု အထက္ပါသတင္းရင္းျမစ္က‌ ေျပာသည္။
ၿပီးခဲသည့္ ဇန္နဝါရီလ(၂၈)ရက္ကလည္း ထားဝယ္ၿမိဳ႕အနီးရွိ တပ္မေတာ္လုံၿခဳံေရးဂိတ္တစ္ခုျဖစ္ေသာ ေပါက္တိုင္းဂိတ္ ကို PDF အဖြဲ႕က Droneျဖင့္ Dropbome ခ်တိုက္ခိုက္ခဲ့သည့္အျပင္ ဇန္နဝါရီလ (၂၉)ရက္ကလည္း ထားဝယ္- သရက္ ေခ်ာင္းလမ္းပိုင္းေပၚရွိ ေ႐ႊဂူတံတားစစ္ေဆးေရးဂိတ္ႏွင့္ စခန္းကုန္းတို႔အား တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိ ထားဝယ္ၿမိဳ႕သို႔ လာေရာက္တိုက္ခိုက္ေနေသာ လက္နက္ကိုင္အဖြဲ႕မ်ားအတြင္ ကရင္လက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕ အပါအဝင္ ေရျဖဴ PDF ႏွင့္ ေက်ာက္ေလွကား PDF အဖြဲ႕တို႔ ပါဝင္ေနေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆို သည္။
အလားတူ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလကလည္း ထားဝယ္ၿမိဳ႕နယ္၊ သေျပေခ်ာင္းေက်း႐ြာကို PDF လက္နက္ကိုင္အဖြဲ႕က တိုက္ပြဲ စတင္ေဖာ္ေဆာင္ကာ ႐ြာသူ၊ ႐ြာသားမ်ားကို ေက်း႐ြာအတြင္းမွႏွင္ထုတ္ခဲ့သည့္ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.