KIA နှင့် TNLA တို့၏ နယ်မြေအငြင်းပွားမှုများကြောင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ကုန်သွယ်ရေးအခက်အခဲများဖြစ်လာ
73
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ် နှင့် မုံးဝီးဒေသတို့တွင် KIA နှင့် TNLA တို့၏ နယ်မြေ အငြင်းပွားမှုများကြောင့် ဒေသခံများ စားနပ်ရိက္ခာနှင့်ကုန်သွယ်ရေးအခက်ခဲများဖြစ်လာနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
အဆိုပါနယ်မြေအငြင်းပွားမှုများသည် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးနောက်ပိုင်းကာလများတွင် ပိုမိုကြီးထွားလာ ပြီး လက်ရှိတွင် KIA လက်နက်ကိုင်အဖွဲ့ နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ကြား အောက်ခြေပွတ်တိုက်မှုများ အရှိန်မြင့် လာပြီဖြစ်ကြောင်း သိရသည်။
“လက်ရှိမုံးဝီးဒေသမှာတော့ KIA နဲ့ TNLA တို့တွေ့မှုက အောက်ခြေမှာပိုပြီးများတယ်ပေါ့။ အခုစကားများရာကနေပြီး တော့ တစ်နေ့ကဆိုရင် KIA ရုံးစခန်းကို TNLAက အင်အားနဲ့ဝင်ပြီးတော့ သိမ်းတဲ့အနေအထားတွေထိဖြစ်ကြတယ်။ နမ္မတူမှာလည်း ရွှေလီတံတားမှာ ဒီဘက်က KIA က ပိတ်တယ်။ ဟိုဘက်က TNLAကပိတ်တယ်။ တံတားတွေအပြိုင် အဆိုင်ပိတ်ကြတော့ ဒေသခံပြည်သူတွေသွားလာရာမှာ အင်မတန်ခက်ခဲတယ်။ ဒီဘက်ကပိတ်ရင် ဟိုဘက်ကလည်း လိုက်ပိတ်တယ်။ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုတွေလည်း တွေ့ရတယ်။ ဒီနယ်မြေအငြင်းပွားမှုတွေကလည်း ၁၀၂၇ နောက်ပိုင်းမှာ ပိုပြီးပြင်းထန်လာတယ်။ သူ့နယ်မြေ ငါ့နယ်မြေလုပ်ကြရာကနေဖြစ်တာပေါ့။ နောက်ပိုင်းမှာ ပိုပြီးတော့ အခြေအနေတွေ ဆိုးလာနိုင်ခြေရှိတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့်ရုပ်သံဖိုင်အရ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် KIA နှင့် TNLA လက်နက်ကိုင်အဖွဲ့တိုအကြား နယ်မြေအငြင်းပွားမှုဖြစ်ကာ အပြန်အလှန်ထိုးကြိတ်နေကြသည်ကို တွေ့မြင်ရ သည်။
ထို့ပြင် မူဆယ်မြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင်လည်း နယ်မြေအငြင်းပွားမှုများဖြစ်ပေါ်နေပြီး အဆိုပါလက်နက်ကိုင် (၂)ဖွဲ့ အကြား ထိတွေ့ပွတ်တိုက်မှုများဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်(၂)ဖွဲ့၏ နယ်မြေအငြင်းပွားမှုများကြောင့် လမ်းတံတားများအပြန်အလှန်ပိတ်ဆို့ရာမှ ဒေသခံများ အနေဖြင့် စားနပ်ရိက္ခာရှားပါးခြင်းနှင့် ကုန်သွယ်ရေးများလုပ်ဆောင်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်စေကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
“သူတို့ရဲ့ပွတ်တိုက်မှုတွေက ဒေသခံတွေအပေါ် စားနပ်ရိက္ခာနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါမှာ အပြိုင်အဆိုင်တံတားတွေ ပိတ်ကျတဲ့အတွက် အခက်အခဲလေးတွေရှိတာပေါ့လေ။ ထိပ်ပိုင်းအနေအထားနဲ့ကြည့်ရင် နယ်မြေစစ်ပွဲအနေအထား ဖြစ်လာနိုင်တယ်။ အရင်နေ့က အနေအထားကိုကြည့်ရရင် KIA က ပြောရေးဆိုခွင့်ရှိသူ ပြောသွားတာကတော့ ညှိုနှိုင်း မှုတွေတော့ ဆောင်ရွက်နေတယ်ပေါ့။ ညှိုင်နှိုင်း တယ် လို့ပြောတာ တစ်ပတ်ကျော်လောက်ရှိပြီ။ အောက်ခြေမှာ ကတော့ နပန်းလုံးကျတဲ့အခြေအနေထိဖြစ်လာပြီ။ သေနတ်မဖောက်ရုံတမယ်ပဲ ရှိတော့တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် MNDAA လက်နက်ကိုင်အဖွဲ့က တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့် ယာယီအပစ်အခက်ရပ်ဆဲရန် လက်မှတ်ရေးထိုးထားသော်လည်း TNLA လက်နက်ကိုင်အဖွဲ့မှာမူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူမျိုးရေးအရ နယ်မြေချဲ့ထွင်ခြင်းကို ယခင်ထက်ပိုမို လုပ်ဆောင်နေဆဲဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“TNLA က နိုင်ငံရေးအရမဟုတ်ဘဲနဲ့ လူမျိုးရေးအရ နယ်မြေချဲ့ထွင်မှုတွေ ပိုပြီးများပြားလာတယ်။ အဲဒါကတော့ ဂရုပြရမယ့်အနေအထား တွေပေါ့နော်။ ၁၉၆၂ ခုနှစ်မှာ ကချင်-ပလောင် သဘောတူညီချက်ဆိုတာရှိခဲ့တယ်။ အဲဒီမှာ အပြန်အလှန်လေးစားသမှုနဲ့ထားရမဲ့အရာကို အခုက TNLA ဘက်ကစပြီး ဖောက်ပြန်လာတဲ့အနေအထားမျိုး တွေတွေ့ရတာပေါ့နော်။ ဒီပွတ်တိုက်မှုမှာ MNDAA က ပါဝင်ခြင်းမရှိပေမယ့်လည်း သီပေါမြို့နယ်နဲ့ပတ်သက်ပြီးတော့ MNDAA နဲ့ TNLA နဲ့က အနည်းငယ်ပွတ် တိုက်မှုတွေရှိလာနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
Zawgyi Version:
KIA ႏွင့္ TNLA တို႔၏ နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ ေဒသခံမ်ား စားနပ္ရိကၡာႏွင့္ ကုန္သြယ္ေရးအခက္အခဲမ်ားျဖစ္လာ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမၼတူၿမိဳ႕နယ္ ႏွင့္ မုံးဝီးေဒသတို႔တြင္ KIA ႏွင့္ TNLA တို႔၏ နယ္ေျမ အျငင္းပြားမႈမ်ားေၾကာင့္ ေဒသခံမ်ား စားနပ္ရိကၡာႏွင့္ကုန္သြယ္ေရးအခက္ခဲမ်ားျဖစ္လာေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
အဆိုပါနယ္ေျမအျငင္းပြားမႈမ်ားသည္ ၁၀၂၇ စစ္ဆင္ေရး ေပၚေပါက္လာၿပီးေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုႀကီးထြားလာ ၿပီး လက္ရွိတြင္ KIA လက္နက္ကိုင္အဖြဲ႕ ႏွင့္ TNLA လက္နက္ကိုင္အဖြဲ႕တို႔ၾကား ေအာက္ေျခပြတ္တိုက္မႈမ်ား အရွိန္ျမင့္ လာၿပီျဖစ္ေၾကာင္း သိရသည္။
“လက္ရွိမုံးဝီးေဒသမွာေတာ့ KIA နဲ႔ TNLA တို႔ေတြ႕မႈက ေအာက္ေျခမွာပိုၿပီးမ်ားတယ္ေပါ့။ အခုစကားမ်ားရာကေနၿပီး ေတာ့ တစ္ေန႔ကဆိုရင္ KIA ႐ုံးစခန္းကို TNLAက အင္အားနဲ႔ဝင္ၿပီးေတာ့ သိမ္းတဲ့အေနအထားေတြထိျဖစ္ၾကတယ္။ နမၼတူမွာလည္း ေ႐ႊလီတံတားမွာ ဒီဘက္က KIA က ပိတ္တယ္။ ဟိုဘက္က TNLAကပိတ္တယ္။ တံတားေတြအၿပိဳင္ အဆိုင္ပိတ္ၾကေတာ့ ေဒသခံျပည္သူေတြသြားလာရာမွာ အင္မတန္ခက္ခဲတယ္။ ဒီဘက္ကပိတ္ရင္ ဟိုဘက္ကလည္း လိုက္ပိတ္တယ္။ နယ္ေျမပိုင္ဆိုင္မႈအျငင္းပြားမႈေတြလည္း ေတြ႕ရတယ္။ ဒီနယ္ေျမအျငင္းပြားမႈေတြကလည္း ၁၀၂၇ ေနာက္ပိုင္းမွာ ပိုၿပီးျပင္းထန္လာတယ္။ သူ႔နယ္ေျမ ငါ့နယ္ေျမလုပ္ၾကရာကေနျဖစ္တာေပါ့။ ေနာက္ပိုင္းမွာ ပိုၿပီးေတာ့ အေျခအေနေတြ ဆိုးလာႏိုင္ေျခရွိတယ္” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔လာသည့္႐ုပ္သံဖိုင္အရ ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္တို႔တြင္ KIA ႏွင့္ TNLA လက္နက္ကိုင္အဖြဲ႕တိုအၾကား နယ္ေျမအျငင္းပြားမႈျဖစ္ကာ အျပန္အလွန္ထိုးႀကိတ္ေနၾကသည္ကို ေတြ႕ျမင္ရ သည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕နယ္ႏွင့္ မန္တုံၿမိဳ႕နယ္တို႔တြင္လည္း နယ္ေျမအျငင္းပြားမႈမ်ားျဖစ္ေပၚေနၿပီး အဆိုပါလက္နက္ကိုင္ (၂)ဖြဲ႕ အၾကား ထိေတြ႕ပြတ္တိုက္မႈမ်ားျဖစ္ေပၚလ်က္ရွိေနေၾကာင္း သိရသည္။
အဆိုပါ လက္နက္ကိုင္(၂)ဖြဲ႕၏ နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ လမ္းတံတားမ်ားအျပန္အလွန္ပိတ္ဆို႔ရာမွ ေဒသခံမ်ား အေနျဖင့္ စားနပ္ရိကၡာရွားပါးျခင္းႏွင့္ ကုန္သြယ္ေရးမ်ားလုပ္ေဆာင္ရာတြင္ အဆင္မေျပမႈမ်ား ျဖစ္ေပၚေစေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
“သူတို႔ရဲ႕ပြတ္တိုက္မႈေတြက ေဒသခံေတြအေပၚ စားနပ္ရိကၡာနဲ႔ ကုန္သြယ္ေရးလုပ္တဲ့အခါမွာ အၿပိဳင္အဆိုင္တံတားေတြ ပိတ္က်တဲ့အတြက္ အခက္အခဲေလးေတြရွိတာေပါ့ေလ။ ထိပ္ပိုင္းအေနအထားနဲ႔ၾကည့္ရင္ နယ္ေျမစစ္ပြဲအေနအထား ျဖစ္လာႏိုင္တယ္။ အရင္ေန႔က အေနအထားကိုၾကည့္ရရင္ KIA က ေျပာေရးဆိုခြင့္ရွိသူ ေျပာသြားတာကေတာ့ ညႇိဳႏႈိင္း မႈေတြေတာ့ ေဆာင္႐ြက္ေနတယ္ေပါ့။ ညႇိဳင္ႏႈိင္း တယ္ လို႔ေျပာတာ တစ္ပတ္ေက်ာ္ေလာက္ရွိၿပီ။ ေအာက္ေျခမွာ ကေတာ့ နပန္းလုံးက်တဲ့အေျခအေနထိျဖစ္လာၿပီ။ ေသနတ္မေဖာက္႐ုံတမယ္ပဲ ရွိေတာ့တယ္” ဟု ၎က ဆိုသည္။
လက္ရွိတြင္ MNDAA လက္နက္ကိုင္အဖြဲ႕က တ႐ုတ္၏ၾကားဝင္ေစ့စပ္မႈျဖင့္ တပ္မေတာ္ႏွင့္ ယာယီအပစ္အခက္ရပ္ဆဲရန္ လက္မွတ္ေရးထိုးထားေသာ္လည္း TNLA လက္နက္ကိုင္အဖြဲ႕မွာမူ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လူမ်ိဳးေရးအရ နယ္ေျမခ်ဲ႕ထြင္ျခင္းကို ယခင္ထက္ပိုမို လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“TNLA က ႏိုင္ငံေရးအရမဟုတ္ဘဲနဲ႔ လူမ်ိဳးေရးအရ နယ္ေျမခ်ဲ႕ထြင္မႈေတြ ပိုၿပီးမ်ားျပားလာတယ္။ အဲဒါကေတာ့ ဂ႐ုျပရမယ့္အေနအထား ေတြေပါ့ေနာ္။ ၁၉၆၂ ခုႏွစ္မွာ ကခ်င္-ပေလာင္ သေဘာတူညီခ်က္ဆိုတာရွိခဲ့တယ္။ အဲဒီမွာ အျပန္အလွန္ေလးစားသမႈနဲ႔ထားရမဲ့အရာကို အခုက TNLA ဘက္ကစၿပီး ေဖာက္ျပန္လာတဲ့အေနအထားမ်ိဳး ေတြေတြ႕ရတာေပါ့ေနာ္။ ဒီပြတ္တိုက္မႈမွာ MNDAA က ပါဝင္ျခင္းမရွိေပမယ့္လည္း သီေပါၿမိဳ႕နယ္နဲ႔ပတ္သက္ၿပီးေတာ့ MNDAA နဲ႔ TNLA နဲ႔က အနည္းငယ္ပြတ္ တိုက္မႈေတြရွိလာႏိုင္တယ္”ဟု ၎က ဆက္ေျပာသည္။