ဓါးပြတိုက်ရာပါပစ္စည်း ခွဲဝေမပေးသဖြင့် ဖော်ကောင်လုပ်ရာမှ PDF အဖွဲ့ဝင်များပါဝင်သော ဓားပြအမှု ပေါ်ပေါက်
1278
သန့်ဇင် (NP News) - ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဓါးပြတိုက်ရာပါ ပစ္စည်းခွဲဝေမပေးသဖြင့် ဖော်ကောင်လုပ်ရာမှ PDF အဖွဲ့ဝင်များပါဝင်သော ဓားပြအမှုပေါ်ပေါက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့ (ဇန်န၀ါရီ ၃၁ ရက်) နံနက် ၁၀ နာရီ ၁၅ ချိန်ခန့်တွင် မုံရွာမြို့ ၊ ပြည်တော်သာ ရပ်ကွက် ''ဟိန်း'' လက်ဖက်ရည်ဆိုင်ရှေ့တွင် ဓားပြတိုက် ရန်ရောက်ရှိ နေသူ(၂)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၂)ဦးမှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ဘုရားစုကျေးရွာတွင် နေထိုင်သည့် (၂၉)နှစ်အရွယ် အောင်စိုးပိုင်(ခ)ကရင်နှင့် အသက် (၂၃)နှစ်အရွယ် ထွန်းလင်း နိုင် (ခ) ကျော်နိုင်ဦးတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် ၂၀၂၄ ဒီဇင်ဘာလအတွင်း မုံရွာမြို့သို့ရောက်ရှိခဲ့ပြီး ချမ်းမြဝတီ ရပ်ကွက် အတွင်း အိမ်ငှားနေထိုင်ခဲ့ကြောင်း၊ အိမ်နီးချင်း ဖြစ်သူ သန္တာမြင့်(ခ)သဲသဲ နှင့် ခင်မင်ရင်းနှီးခဲ့ပြီး သဲသဲ ၏ ဦးဆောင်မှုဖြင့် ယင်းမာပင်မြို့နယ်၊ လယ်မှောက် ကျေးရွာနေ pdf ခေါင်းဆောင် သန့်ဇင်(ခ)ရန်ရှင်း ၎င်း၏ဇနီး ခင်ဝေဦး နှင့် ကိုထက်(ခ) အရှည်ကြီးတို့နှင့်ပူးပေါင်းမိပြီး မုံရွာမြို့အတွင်း ဓားပြမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့အဖွဲ့သည် ဇန်နဝါရီလ ပထမပတ်အတွင်းက ရက်တစ်ရက်က ညနေ ၅ နာရီ ၃ဝ မိနစ်ချိန်ခန့်က ပစ္စတိုသေနတ်တစ်လက် ဓားမြှောင်များ ကိုင်ဆောင်၍ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊သာစည်လမ်းဘေး အမည်မသိ အရက်ဆိုင် နေအိမ်သို့ဝင်ရောက်၍ ဓားပြတိုက် လုယက်ခဲ့ကြောင်း သိရသည်။
ထိုဓားပြတိုက်မှုမှ ငွေကျပ်(၂)သိန်းကျော်၊ ဖုန်း နှစ်လုံး၊ ဘီယာနှစ်ဖာ၊ အရက်(၂)လုံး ရရှိခဲ့ပြီး အရက် နှင့် ဘီယာများအား သောက်ကာ ဧရာဝတီသား(၂)ဦးကို ငွေကျပ် တစ်သောင်းခွဲ စီသာပေးဝေပြီး ကျန်ပစ္စည်းများအား သန့်ဇင် မှ ယူသွားကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီ လ ၁၃ ရက်) တွင် သန္တာမြင့်သည် ၎င်း၏ မိတ်ဆွေ ကျော်ထူး(ခ) ဖက်တီး နှင့် အိသန္တာ ဆိုသူတို့အား လက်လုပ်သေနတ်တစ်လက်နှင့်အတူ အဖွဲ့ဝင်အဖြစ် ထပ်မံပူးပေါင်း၍ ပါဝင် စေခဲ့ပြီး မုံရွာ မြို့ ချမ်းမြဝတီ ရပ်ကွက်၊ ၉ လမ်းရှိ စက်သုံးဆီ အရောင်းဆိုင် နေအိမ်သို့သွားရောက်၍ ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း(၅၀)၊ ရွှေ(၁၂)ကျပ်သားခန့်ရှိ လက်ဝတ်ရတနာများ လုယူနိုင်ခဲ့ကြောင်းသ်ိရသည်။
ထို့နောက် ဓားပြတိုက်၍ ရရှိသော လက်ဝတ်ရတနာများ အားမန္တလေးမြို့သွားရောက်၍ ရောင်းချခဲ့ပြီး သန့်ဇင် မှ တစ်ဦးလျှင် ငွေကျပ်(၆)သိန်းစီသာခွဲဝေပေးပြီး ကျန်ငွေများနှင့် ရတနာပစ္စည်းများ အား ယူဆောင်၍ ၎င်းနေထိုင်သောရွာသို့ ပြန်သွားကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း ဓါးပြတိုက်ရာပါပစ္စည်းကို ခွဲဝေမပေးသဖြင့် အဖွဲ့အတွင်းမှ လျှို့ဝှက်သတင်းပေးမှုကြောင့် ဖမ်းဆီးခဲ့ရာမှ လက်လုပ်သေနတ်အတိုတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Zawgyi Version:
ဓါးျပတိုက္ရာပါပစၥည္း ခြဲေဝမေပးသျဖင့္ ေဖာ္ေကာင္လုပ္ရာမွ PDF အဖြဲ႕ဝင္မ်ားပါဝင္ေသာ ဓားျပအမႈ ေပၚေပါက္
သန္႔ဇင္ (NP News) - ဇန္နဝါရီ ၃၁
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ ဓါးျပတိုက္ရာပါ ပစၥည္းခြဲေဝမေပးသျဖင့္ ေဖာ္ေကာင္လုပ္ရာမွ PDF အဖြဲ႕ဝင္မ်ားပါဝင္ေသာ ဓားျပအမႈေပၚေပါက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ယေန႔ (ဇန္န၀ါရီ ၃၁ ရက္) နံနက္ ၁၀ နာရီ ၁၅ ခ်ိန္ခန္႔တြင္ မုံ႐ြာၿမိဳ႕ ၊ ျပည္ေတာ္သာ ရပ္ကြက္ ''ဟိန္း'' လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ဓားျပတိုက္ ရန္ေရာက္ရွိ ေနသူ(၂)ဦးအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔ (၂)ဦးမွာ ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္၊ ဘုရားစုေက်း႐ြာတြင္ ေနထိုင္သည့္ (၂၉)ႏွစ္အ႐ြယ္ ေအာင္စိုးပိုင္(ခ)ကရင္ႏွင့္ အသက္ (၂၃)ႏွစ္အ႐ြယ္ ထြန္းလင္း ႏိုင္ (ခ) ေက်ာ္ႏိုင္ဦးတို႔ျဖစ္ေၾကာင္း သိရသည္။
၎တို႔ ႏွစ္ဦးသည္ ၂၀၂၄ ဒီဇင္ဘာလအတြင္း မုံ႐ြာၿမိဳ႕သို႔ေရာက္ရွိခဲ့ၿပီး ခ်မ္းျမဝတီ ရပ္ကြက္ အတြင္း အိမ္ငွားေနထိုင္ခဲ့ေၾကာင္း၊ အိမ္နီးခ်င္း ျဖစ္သူ သႏၲာျမင့္(ခ)သဲသဲ ႏွင့္ ခင္မင္ရင္းႏွီးခဲ့ၿပီး သဲသဲ ၏ ဦးေဆာင္မႈျဖင့္ ယင္းမာပင္ၿမိဳ႕နယ္၊ လယ္ေမွာက္ ေက်း႐ြာေန pdf ေခါင္းေဆာင္ သန္႔ဇင္(ခ)ရန္ရွင္း ၎၏ဇနီး ခင္ေဝဦး ႏွင့္ ကိုထက္(ခ) အရွည္ႀကီးတို႔ႏွင့္ပူးေပါင္းမိၿပီး မုံ႐ြာၿမိဳ႕အတြင္း ဓားျပမႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ ၎တို႔အဖြဲ႕သည္ ဇန္နဝါရီလ ပထမပတ္အတြင္းက ရက္တစ္ရက္က ညေန ၅ နာရီ ၃ဝ မိနစ္ခ်ိန္ခန္႔က ပစၥတိုေသနတ္တစ္လက္ ဓားေျမႇာင္မ်ား ကိုင္ေဆာင္၍ မုံ႐ြာၿမိဳ႕ ခ်မ္းျမဝတီရပ္ကြက္ ၊သာစည္လမ္းေဘး အမည္မသိ အရက္ဆိုင္ ေနအိမ္သို႔ဝင္ေရာက္၍ ဓားျပတိုက္ လုယက္ခဲ့ေၾကာင္း သိရသည္။
ထိုဓားျပတိုက္မႈမွ ေငြက်ပ္(၂)သိန္းေက်ာ္၊ ဖုန္း ႏွစ္လုံး၊ ဘီယာႏွစ္ဖာ၊ အရက္(၂)လုံး ရရွိခဲ့ၿပီး အရက္ ႏွင့္ ဘီယာမ်ားအား ေသာက္ကာ ဧရာဝတီသား(၂)ဦးကို ေငြက်ပ္ တစ္ေသာင္းခြဲ စီသာေပးေဝၿပီး က်န္ပစၥည္းမ်ားအား သန္႔ဇင္ မွ ယူသြားေၾကာင္း သိရသည္။
ယေန႔(ဇန္နဝါရီ လ ၁၃ ရက္) တြင္ သႏၲာျမင့္သည္ ၎၏ မိတ္ေဆြ ေက်ာ္ထူး(ခ) ဖက္တီး ႏွင့္ အိသႏၲာ ဆိုသူတို႔အား လက္လုပ္ေသနတ္တစ္လက္ႏွင့္အတူ အဖြဲ႕ဝင္အျဖစ္ ထပ္မံပူးေပါင္း၍ ပါဝင္ ေစခဲ့ၿပီး မုံ႐ြာ ၿမိဳ႕ ခ်မ္းျမဝတီ ရပ္ကြက္၊ ၉ လမ္းရွိ စက္သုံးဆီ အေရာင္းဆိုင္ ေနအိမ္သို႔သြားေရာက္၍ ဓားျပတိုက္ခဲ့ရာ ေငြက်ပ္သိန္း(၅၀)၊ ေ႐ႊ(၁၂)က်ပ္သားခန္႔ရွိ လက္ဝတ္ရတနာမ်ား လုယူႏိုင္ခဲ့ေၾကာင္းသ္ိရသည္။
ထို႔ေနာက္ ဓားျပတိုက္၍ ရရွိေသာ လက္ဝတ္ရတနာမ်ား အားမႏၲေလးၿမိဳ႕သြားေရာက္၍ ေရာင္းခ်ခဲ့ၿပီး သန္႔ဇင္ မွ တစ္ဦးလွ်င္ ေငြက်ပ္(၆)သိန္းစီသာခြဲေဝေပးၿပီး က်န္ေငြမ်ားႏွင့္ ရတနာပစၥည္းမ်ား အား ယူေဆာင္၍ ၎ေနထိုင္ေသာ႐ြာသို႔ ျပန္သြားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔အခ်င္းခ်င္း ဓါးျပတိုက္ရာပါပစၥည္းကို ခြဲေဝမေပးသျဖင့္ အဖြဲ႕အတြင္းမွ လွ်ိဳ႕ဝွက္သတင္းေပးမႈေၾကာင့္ ဖမ္းဆီးခဲ့ရာမွ လက္လုပ္ေသနတ္အတိုတစ္လက္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။