၃၃ ကြိမ်မြောက် ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

 399

NP News - ဖေဖော်ဝါရီ ၁

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှအားကစားနည်း (၂၄) မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မြန်မာ့ အားကစားအဖွဲ့ချုပ်က သိရသည်။
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၅၀) ထည့်သွင်းကျင်းပမှာဖြစ်သည်။
ယင်း ဆီးဂိမ်းပြိုင်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်ကနေ(၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့နှင့် ဆောင်ခလာမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆီးဂိမ်းပြိုင်ပွဲ၌ ရေကူး၊ ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လှေလှော်(ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာ၊ ရိုးရာလှေ)၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဟော်ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ ရေခဲပြင်စကိတ်၊ Modern pentathlon ၊ အလေးမ၊ ဘေ့စ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ Floorball ၊ E-Sports ၊ မွေလက်ဝှေ့ ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ Squash ၊ ဘိုးလင်း၊ Extreme Sports ၊ ကရာတေး၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ဝူရှူး၊ Kabaddi ၊ Teqball ၊ ကစ်ဘောင်ဆင်၊ Woodball နဲ့ စစ်တုရင်အားကစားနည်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် (၇) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
NP News - ဖေဖော်ဝါရီ ၁

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှအားကစားနည်း (၂၄) မျိုး ဝင်ရောက်ယှဉ်ပြိုင်မယ်ဟု မြန်မာ့ အားကစားအဖွဲ့ချုပ်က သိရသည်။
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၅၀) ထည့်သွင်းကျင်းပမှာဖြစ်သည်။

Related news

© 2021. All rights reserved.