ပြည်ထောင်စုဝန်ကြီးရာထူးအချို့ ပြောင်းလဲခန့်အပ်မှုနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်း

 657

နာမူ (NP News) - ဖေဖော်ဝါရီ ၁

ပြည်ထောင်စုဝန်ကြီးရာထူးအချို့ ပြောင်းလဲခန့်အပ်မှုနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ အမိန့်အမှတ် (၇/၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင်(၁၆)ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်အရ ပြင်ဆင်ဖွဲ့စည်းမှုတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Peng နော်တောင်အား ခန့်အပ်ခဲ့ပြီး တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နယ်စပ်ရေးရာဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးအား ခန့်အပ်ခဲ့ကြောင်း သိရသည်။
အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးနေမျိုးလှိုင်အားလည်းကောင်း၊ အလုပ်သမားဝန်ကြီး အဖြစ် ဦးချစ်ဆွေအားလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ် ဦးကျော်စိုးဝင်းအား လည်းကောင်း၊ နစက ဥက္ကဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမောင်မောင်တင့်အားလည်းကောင်း ခန့်အပ်ခဲ့ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင် ကျော်ကျော်အား တာဝန်ပေးခန့်အပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ နှင့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းတို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကာ နစကအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် တို့ကို နစက ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်များအဖြစ် ပြောင်းရွှေ့ တာဝန်ခန့်အပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္ေထာင္စုဝန္ႀကီးရာထူးအခ်ိဳ႕ ေျပာင္းလဲခန႔္အပ္မႈႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ျပင္ဆင္ ဖြဲ႕စည္း
နာမူ (NP News) - ေဖေဖာ္ဝါရီ ၁

ျပည္ေထာင္စုဝန္ႀကီးရာထူးအခ်ိဳ႕ ေျပာင္းလဲခန႔္အပ္မႈႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ျပင္ဆင္ ဖြဲ႕စည္းခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၃၁ ရက္၊ အမိန႔္အမွတ္ (၇/၂၀၂၅) ျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို အဖြဲ႕ဝင္(၁၆)ဦးတို႔ျဖင့္ ျပင္ဆင္ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
သတင္းထုတ္ျပန္ခ်က္အရ ျပင္ဆင္ဖြဲ႕စည္းမႈတြင္ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္အား နယ္စပ္ေရးရာ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္လည္းေကာင္း၊ နယ္စပ္ေရးရာ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္အား ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္လည္းေကာင္း ေျပာင္းလဲခန႔္အပ္ခဲ့သည္ကို ေတြ႕ရသည္။
ထို႔ျပင္ အားကစားႏွင့္ လူငယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး Jeng Peng ေနာ္ေတာင္အား ခန႔္အပ္ခဲ့ၿပီး တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ နယ္စပ္ေရးရာဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ခြန္သန႔္ေဇာ္ထူးအား ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။
အလားတူ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဦးေနမ်ိဳးလႈိင္အားလည္းေကာင္း၊ အလုပ္သမားဝန္ႀကီး အျဖစ္ ဦးခ်စ္ေဆြအားလည္းေကာင္း၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးအျဖစ္ ဦးေက်ာ္စိုးဝင္းအား လည္းေကာင္း၊ နစက ဥကၠဌ႐ုံး ဝန္ႀကီးဌာန (၃) ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးေမာင္ေမာင္တင့္အားလည္းေကာင္း ခန႔္အပ္ခဲ့ကာ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ တိုးရီအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္အဖြဲ႕ဝင္အျဖစ္ ေျပာင္းေ႐ႊ႕ခန႔္အပ္ခဲ့ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဗိုလ္ခ်ဳပ္ေအာင္ ေက်ာ္ေက်ာ္အား တာဝန္ေပးခန႔္အပ္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီး ေဒၚသက္သက္ခိုင္၊ အလုပ္သမားဝန္ႀကီး ဦးျမင့္ေနာင္၊ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီး ဦးမင္းသိန္းဇံ ႏွင့္ ပညာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာ မိုးေဇာ္ထြန္းတို႔ကို တာဝန္မွ အနားယူခြင့္ျပဳလိုက္ကာ နစကအဖြဲ႕ဝင္ ဦးေ႐ႊႀကိမ္းႏွင့္ ဦးရန္ေက်ာ္ တို႔ကို နစက ဗဟိုအႀကံေပးအဖြဲ႕ အဖြဲ႕ဝင္မ်ားအျဖစ္ ေျပာင္းေ႐ႊ႕ တာဝန္ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.