အမေရိကန်နိုင်ငံမှာ လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ပြီး လူအများအပြား သေဆုံး/ထိခိုက် ဒဏ်ရာရ
569
Pika (NP News) - ဖေဖော်ဝါရီ ၁
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုအနီးမှာ အနည်းဆုံးလူ(၂)ဦးလိုက်ပါလာတဲ့ လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ မြေပြင်ပေါ်မှာ သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပျက်ကျမှုဟာ ဖီလာဒဲလ်ဖီးယားမြို့ရဲ့ အရှေ့မြောက် ဘက် Roosevelt Mall အနီးမှာ ဇန်နဝါရီလ(၃၁)ရက် ညနေ(၆)နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကိုကိုးကားပြီး Philadelphia Inquirer သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း အနည်းဆုံးနေအိမ်(၁)လုံးနဲ့ ကားအများအပြား မီးလောင်ကျွမ်းသွားခဲ့တယ်လို့ Philadelphia Inquirer သတင်းစာ က ရေးသားဖော်ပြခဲ့ပါတယ်။
ပျက်ကျမှုဖြစ်ပွားတဲ့အချိန်မှာ ရာသီဥတုကအေးပြီး မိုးရွာနေတာကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းနည်းပါးနေတဲ့ အချိန်ဖြစ်တယ်လို့လည်းသိရပါတယ်။ ဝါရှင်တန်ဒီစီမြို့မှာ အမေရိကန်ဂျက်လေယာဉ် တစ်စီး နဲ့ အမေရိကန်စစ်ရဟတ်ယာဉ်တစ်စင်းတို့ လေထဲမှာတိုက်မိမှုကြောင့် လူ(၆၇)ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီး မှာ ယခုလိုဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံမှာ (၂၀၀၉)ခုနှစ် နောက်ပိုင်း လူအသေအပျောက် အများဆုံးလေယာဉ်ပျက်ကျမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီလ(၃၁)ရက် ည(၆)နာရီကဖြစ်ပွားခဲ့တဲ့ လေယာဉ်ငယ်ပျက်ကျရာနေရာမှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှု တွေနဲ့ မီးသတ်ကားအများအပြား ရောက်ရှိနေတာကို ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ၿပီး လူအမ်ားအျပား ေသဆုံး/ထိခိုက္ ဒဏ္ရာရ
Pika (NP News) - ေဖေဖာ္ဝါရီ ၁
အေမရိကန္ႏိုင္ငံ ဖီလာဒဲလ္ဖီးယားၿမိဳ႕မွာရွိတဲ့ ေဈးဝယ္စင္တာတစ္ခုအနီးမွာ အနည္းဆုံးလူ(၂)ဦးလိုက္ပါလာတဲ့ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ရာ ေျမျပင္ေပၚမွာ ေသဆုံး/ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားရွိခဲ့တယ္လို႔ အေမရိကန္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီပ်က္က်မႈဟာ ဖီလာဒဲလ္ဖီးယားၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ ဘက္ Roosevelt Mall အနီးမွာ ဇန္နဝါရီလ(၃၁)ရက္ ညေန(၆)နာရီအခ်ိန္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ေျပာၾကားခ်က္ကိုကိုးကားၿပီး Philadelphia Inquirer သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း အနည္းဆုံးေနအိမ္(၁)လုံးနဲ႔ ကားအမ်ားအျပား မီးေလာင္ကြၽမ္းသြားခဲ့တယ္လို႔ Philadelphia Inquirer သတင္းစာ က ေရးသားေဖာ္ျပခဲ့ပါတယ္။
ပ်က္က်မႈျဖစ္ပြားတဲ့အခ်ိန္မွာ ရာသီဥတုကေအးၿပီး မိုး႐ြာေနတာေၾကာင့္ ပတ္ဝန္းက်င္ကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္စြမ္းနည္းပါးေနတဲ့ အခ်ိန္ျဖစ္တယ္လို႔လည္းသိရပါတယ္။ဝါရွင္တန္ဒီစီၿမိဳ႕မွာ အေမရိကန္ဂ်က္ေလယာဥ္ တစ္စီး နဲ႔ အေမရိကန္စစ္ရဟတ္ယာဥ္တစ္စင္းတို႔ ေလထဲမွာတိုက္မိမႈေၾကာင့္ လူ(၆၇)ဦး ေသဆုံးခဲ့တဲ့ျဖစ္ရပ္အၿပီး မွာ ယခုလိုျဖစ္ရပ္ ထပ္မံျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္ဟာ အေမရိကန္ႏိုင္ငံမွာ (၂၀၀၉)ခုႏွစ္ ေနာက္ပိုင္း လူအေသအေပ်ာက္ အမ်ားဆုံးေလယာဥ္ပ်က္က်မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဇန္နဝါရီလ(၃၁)ရက္ ည(၆)နာရီကျဖစ္ပြားခဲ့တဲ့ ေလယာဥ္ငယ္ပ်က္က်ရာေနရာမွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈ ေတြနဲ႔ မီးသတ္ကားအမ်ားအျပား ေရာက္ရွိေနတာကို ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ ဓါတ္ပုံေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။