လာရောက်လည်ပတ်ကြည့်ရှုသူတွေ များတာကြောင့် မိုနာလီဆာ ပန်းချီကားရှိတဲ့၊ ပြင်သစ် Louvre ပြတိုက် တိုးချဲ့ပြုပြင်ဖို့လုပ်
35
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁
ပြင်သစ်သမ္မတ အန်မာနျူရယ်မက်ခရွန်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အကြီးဆုံးနဲ့ လာရောက်ကြည့်ရှုသူ အများဆုံး Louvre ပြတိုက်ကို တိုးချဲ့ပြုပြင္ငသွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။
Louvre ပြတိုက်ဟာ နှစ်စဉ်လာရောက်လည်ပတ်သူ ကိုးသန်းနီးပါး ရှိနေတာကြောင့် ပြတိုက်လူပြည့်နေမှုကို သက်သာစေဖို့အတွက် အရှေ့ဘက်ဆုံး မျက်နှာစာမှာ ဝင်ပေါက်အသစ်တစ်ခု ဖန်တီးမယ်လို့ မက်ခရွန်က ပြော ကြားပါတယ်။ ၂၀၂၆ ခုနှစ်ကစ ပြုပြင်မွမ်းမံမှု ကြီးကြီးမားမား လုပ်မှာဖြစ်ပြီး ဥရောပသမဂ္ဂ မဟုတ်တဲ့ နိုင်ငံတွေက ဧည့်သည်တွေအတွက် လက်မှတ်စျေးနှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ မစ္စတာ မက်ခရွန်က ဆိုပါတယ်။ ပြတိုက် ကို လာရောက်လည်ပတ်တဲ့ လူအုပ်ကြီးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မိုနာလီဆာပန်းချီကားဆီ လာရောက်ကြ တာဖြစ်တာကြောင့် မိုနာလီဆာ ပန်းချီကားကို Cour Carree၊ Louvre အရှေ့ဘက်ဆုံးရင်ပြင်၊ ပြတိုက်နဲ့ ချိတ်ဆက် ထားတဲ့ Cour Carree အောက်ရှိ နေရာသစ် များစွာထဲမှာ တစ်ခန်းမှာ ကိုယ်ပိုင်အခန်းနဲ့ပြသမှာဖြစ်တယ်လို့ မစ္စတာမက်ခရွန်က ပြောကြားပါတယ်။
ဝင်ပေါက်အသစ်ကို ပြတိုက်ရဲ့ ကိုယ်ပိုင်ရန်ပုံငွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး အလုံးစုံပြုပြင်မွမ်းမံမှုကုန်ကျစရိတ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပြင်သစ်ဘုရင်တွေ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ နန်းတော်ဟောင်း Louvre ဟာ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ဝင်ငွေ ရရှိနေတယ်လို့ သိရပါတယ်။
Zawgyi Version:
လာေရာက္လည္ပတ္ၾကည့္ရႈသူေတြ မ်ားတာေၾကာင့္ မိုနာလီဆာ ပန္းခ်ီကားရွိတဲ့၊ ျပင္သစ္ Louvre ျပတိုက္ တိုးခ်ဲ႕ျပဳျပင္ဖို႔လုပ္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁
ျပင္သစ္သမၼတ အန္မာန်ဴရယ္မက္ခ႐ြန္က ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ရွိ ကမာၻ႔အႀကီးဆုံးနဲ႔ လာေရာက္ၾကည့္ရႈသူ အမ်ားဆုံး Louvre ျပတိုက္ကို တိုးခ်ဲ႕ျပဳျပင္ငသြားမွာ ျဖစ္တယ္လို႔ ဇန္နဝါရီ ၂၈ ရက္က ေျပာၾကားခဲ့ပါတယ္။
Louvre ျပတိုက္ဟာ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ကိုးသန္းနီးပါး ရွိေနတာေၾကာင့္ ျပတိုက္လူျပည့္ေနမႈကို သက္သာေစဖို႔အတြက္ အေရွ႕ဘက္ဆုံး မ်က္ႏွာစာမွာ ဝင္ေပါက္အသစ္တစ္ခု ဖန္တီးမယ္လို႔ မက္ခ႐ြန္က ေျပာ ၾကားပါတယ္။ ၂၀၂၆ ခုႏွစ္ကစ ျပဳျပင္မြမ္းမံမႈ ႀကီးႀကီးမားမား လုပ္မွာျဖစ္ၿပီး ဥေရာပသမဂၢ မဟုတ္တဲ့ ႏိုင္ငံေတြက ဧည့္သည္ေတြအတြက္ လက္မွတ္ေစ်းႏႈန္း တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ မစၥတာ မက္ခ႐ြန္က ဆိုပါတယ္။ ျပတိုက္ ကို လာေရာက္လည္ပတ္တဲ့ လူအုပ္ႀကီးရဲ႕ ၈၀ ရာခိုင္ႏႈန္းခန႔္ဟာ မိုနာလီဆာပန္းခ်ီကားဆီ လာေရာက္ၾက တာျဖစ္တာေၾကာင့္ မိုနာလီဆာ ပန္းခ်ီကားကို Cour Carree၊ Louvre အေရွ႕ဘက္ဆုံးရင္ျပင္၊ ျပတိုက္နဲ႔ ခ်ိတ္ဆက္ ထားတဲ့ Cour Carree ေအာက္ရွိ ေနရာသစ္ မ်ားစြာထဲမွာ တစ္ခန္းမွာ ကိုယ္ပိုင္အခန္းနဲ႔ျပသမွာျဖစ္တယ္လို႔ မစၥတာမက္ခ႐ြန္က ေျပာၾကားပါတယ္။
ဝင္ေပါက္အသစ္ကို ျပတိုက္ရဲ႕ ကိုယ္ပိုင္ရန္ပုံေငြနဲ႔ လုပ္ေဆာင္မွာျဖစ္ၿပီး အလုံးစုံျပဳျပင္မြမ္းမံမႈကုန္က်စရိတ္ အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။ ျပင္သစ္ဘုရင္ေတြ လက္ထက္ကတည္းက တည္ရွိခဲ့တဲ့ နန္းေတာ္ေဟာင္း Louvre ဟာ ကမာၻလွည့္ခရီးသြား ဆြဲေဆာင္ရာေနရာျဖစ္ၿပီး ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း ၃၀၀ နီးပါး ဝင္ေငြ ရရွိေနတယ္လို႔ သိရပါတယ္။