ထိုင်းအမျိုးသား ဥယျာဉ် Kaeng Krachan မှာ ရှားပါးဘင်္ဂါလီကျားပေါက် သုံးကောင် တွေ့ရှိ

 569

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂

ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့ Kaeng Krachan မှာ ရှားပါးဘင်္ဂါလီ ကျားတစ်ကောင်ဟာ သဘာဝ ထိန်းသိမ်းရေးနယ်မြေမှာ သားပေါက်လေး ၃ ကောင်မွေးထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၊ Kaeng Krachan အမျိုးသားဥယျာဉ်မှာ ၂၀၂၄ ခုနှစ်က ကျားမိခင်နဲ့အတူ ကျားသားပေါက်ကလေး တစ်ကောင်ကို ပန်းခြံရိန်းဂျားတွေက ပထမဆုံးတွေ့ရှိခဲ့ ပါတယ်။ အဲဒီတုန်းက ရာသီဥတုဆိုးရွားနေခဲ့တာကြောင့် ကင်မရာဟာ ရေစို ပျက်စီးခဲ့ပြီး အခုမှတ်တမ်းတွေ ပြန်လည်တွေ့ရှိချိန်မှ အဲဒီတုန်းက ကျားပေါက် ၁ ကောင်တည်း မဟုတ်ပဲ ၃ ကောင် မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဒါဟာ အမျိုးသားဥယျာဉ်မှာ ကျားသားပေါက်သုံးကောင် မွေးတဲ့မှတ်တမ်းကို ကျွန်တော်တို့ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်" လို့ Kaeng Krachan အမျိုးသားဥယျာဉ်အကြီးအကဲ မွန်ကောလ်ချိုင်ပက်ခ်ဒီ က ဇန်နဝါရီလ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မရာဗီဒီယိုဖိုင်မှာ ကျားသားပေါက်လေး ၃ ကောင်ဟာ မိခင်အနီး အရွက်အမှိုက်ပုံထဲ ပြေးလွှားဆော့ ကစားနေတာ တွေ့ရပါတယ်။ "အချိန်ဇယားကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျားသားပေါက်လေးတွေဟာ အခုဆို ခြောက်လလောက် ရှိပြီလို့ ခန့်မှန်းရပါတယ်” လို့ မစ္စတာမွန်ကောလ်က ပြောပါတယ်။ အဲဒီကျားပေါက်လေးတွေ ဟာ Kaeng Krachan အမျိုးသားဥယျာဉ်မှာ နေထိုင်နေပြီး လိင်ကွဲပြားမှု မသိရသေးပါဘူး။
ဘင်္ဂလားကျားတွေဟာ အမဲလိုက်ခံရခြင်းနဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် မျိုးတုန်းဖို့ ခြိမ်းခြောက်ခံနေရတဲ့ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့ (IUCN) စာရင်းဝင် မျိုးစိတ်တွေ ဖြစ်ပါ တယ်။

Zawgyi Version:
ထိုင္းအမ်ိဳးသား ဥယ်ာဥ္ Kaeng Krachan မွာ ရွားပါးဘဂၤါလီက်ားေပါက္ သုံးေကာင္ ေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂

ထိုင္းႏိုင္ငံရွိ အမ်ိဳးသားဥယ်ာဥ္တစ္ခုျဖစ္တဲ့ Kaeng Krachan မွာ ရွားပါးဘဂၤါလီ က်ားတစ္ေကာင္ဟာ သဘာဝ ထိန္းသိမ္းေရးနယ္ေျမမွာ သားေပါက္ေလး ၃ ေကာင္ေမြးထားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။
ဘန္ေကာက္ၿမိဳ႕အေနာက္ေတာင္ဘက္ ကီလိုမီတာ ၁၃၀ အကြာ၊ Kaeng Krachan အမ်ိဳးသားဥယ်ာဥ္မွာ ၂၀၂၄ ခုႏွစ္က က်ားမိခင္နဲ႔အတူ က်ားသားေပါက္ကေလး တစ္ေကာင္ကို ပန္းၿခံရိန္းဂ်ားေတြက ပထမဆုံးေတြ႕ရွိခဲ့ ပါတယ္။ အဲဒီတုန္းက ရာသီဥတုဆိုး႐ြားေနခဲ့တာေၾကာင့္ ကင္မရာဟာ ေရစို ပ်က္စီးခဲ့ၿပီး အခုမွတ္တမ္းေတြ ျပန္လည္ေတြ႕ရွိခ်ိန္မွ အဲဒီတုန္းက က်ားေပါက္ ၁ ေကာင္တည္း မဟုတ္ပဲ ၃ ေကာင္ ေမြးဖြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
"ဒါဟာ အမ်ိဳးသားဥယ်ာဥ္မွာ က်ားသားေပါက္သုံးေကာင္ ေမြးတဲ့မွတ္တမ္းကို ကြၽန္ေတာ္တို႔ပထမဆုံးအႀကိမ္ မွတ္တမ္းတင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္" လို႔ Kaeng Krachan အမ်ိဳးသားဥယ်ာဥ္အႀကီးအကဲ မြန္ေကာလ္ခ်ိဳင္ပက္ခ္ဒီ က ဇန္နဝါရီလ ၃၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ကင္မရာဗီဒီယိုဖိုင္မွာ က်ားသားေပါက္ေလး ၃ ေကာင္ဟာ မိခင္အနီး အ႐ြက္အမႈိက္ပုံထဲ ေျပးလႊားေဆာ့ ကစားေနတာ ေတြ႕ရပါတယ္။ "အခ်ိန္ဇယားကို အေျခခံၿပီး ေျပာရမယ္ဆိုရင္ က်ားသားေပါက္ေလးေတြဟာ အခုဆို ေျခာက္လေလာက္ ရွိၿပီလို႔ ခန႔္မွန္းရပါတယ္” လို႔ မစၥတာမြန္ေကာလ္က ေျပာပါတယ္။ အဲဒီက်ားေပါက္ေလးေတြ ဟာ Kaeng Krachan အမ်ိဳးသားဥယ်ာဥ္မွာ ေနထိုင္ေနၿပီး လိင္ကြဲျပားမႈ မသိရေသးပါဘူး။
ဘဂၤလားက်ားေတြဟာ အမဲလိုက္ခံရျခင္းနဲ႔ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈေတြေၾကာင့္ မ်ိဳးတုန္းဖို႔ ၿခိမ္းေျခာက္ခံေနရတဲ့ အျပည္ျပည္ဆိုင္ရာ ထိန္းသိမ္းေရးအဖြဲ႕ (IUCN) စာရင္းဝင္ မ်ိဳးစိတ္ေတြ ျဖစ္ပါ တယ္။

Related news

© 2021. All rights reserved.