စစ်မှုထမ်းရန်စာရင်းဝင်နေသည့်အမျိုးသားများ ပြည်ပထွက်ခွာခွင့် ကန့်သတ်ထား

 844

NP News ဖေဖေါ်ဝါရီ ၁ရက်

ပြည်ပထွက်ခွာမည့်လုပ်သားများ စစ်မှူထမ်းစာရင်းဝင်နေပါက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် ကိုနစကမှ ဇန်နဝါရီ30ရက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှသိရသည်။

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် အမျိုးသားများအားလုံးအနေဖြင့် ပြည်ပသို့ PJ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်မည်ဆိုပါက ပထမဦးစွာ မိမိသည် စစ်မှုထမ်းရန် စာရင်းတွင် ပါ၊ မပါ စိစစ်ရန်လိုအပ်ပြီး စစ်မှုထမ်းရမည့်စာရင်းတွင်ပါနေမည်ဆိုပါက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံမှ စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့် စသည်ဖြင့် ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ အလုပ်သမားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံး၊ ပင်လုံခန်းမတွင် ပြည်ပသို့သွား ရောက် အလုပ်လုပ်ကြမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ အမျိုး သားများအားလုံးကို ပြည်ပအလုပ်သမားမှတ်ပုံတင်ကတ် (OWIC) ထုတ်မပေးတော့ဘဲ ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ လက်ရှိ OWIC ကတ်ရှိပြီးသူဖြစ်သည့်တိုင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကိုအလုပ်သမားရုံးက ပြည်ပအလုပ်အတွက် စာချုပ်ချုပ်ခွင့်မပေးတော့ကြောင်း၊ ယင်းအခြေ အနေ များကြောင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားအားလုံး လေဆိပ်မှထွက်ခွာရန် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။

" စစ်မှုထမ်းစာရင်းပါရင်တော့ လေဆိပ်မှာ OWIC ကတ်နဲ့ PJ စာအုပ်ကိုင်ထားရင် လည်း ထွက်လို့မရတော့ဘူး။ စစ်မှုထမ်းစာရင်း ပါထားရင် စစ်မှုထမ်းဆင့် ခေါ်ရေး အဖွဲ့ရဲ့ ထောက်ခံချက်( စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်) ပါမှ ထွက်လို့ရတော့မယ်။ မပါရင်တော့ ထွက်လို့ရမှာမဟုတ်ဘူး။ ကျနော်တို့ကတော့ စာချုပ်ချုပ်တာနဲ့ OWIC ကတ်အောင် လုပ်ပေးလည်း လေဆိပ်မှာ ထွက်လို့မရတာကတော့ အေဂျင်စီတာဝန်မဟုတ်တော့ဘူး။ ကာယကံရှင်က စစ်မှုထမ်းစာရင်းပါနေရင်တော့ ထွက်ခွင့်ရမှာမဟုတ်ဘူး" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၏ ပုဒ်မ ၅၀ နှင့် ၅၁ တွင် ဆေးစစ်အောင်မြင်ပြီးသူများ၊ စစ်မှုထမ်း အမိန့်ရရှိပြီးသူများသည် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်မရှိကြောင်း ပြဌာန်းထားသည်။

ဆက်လက်ပြီး အမျိုးသမီး အလုပ်သမားများအတွက်မူ OWIC ကတ် ရိုက်ခွင့်ပေးနေဆဲဖြစ်ပြီး ပြည်ပထွက်ခွာခွင့်လည်း ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်လိုက်ပြီဖြစ်၍ စစ်မှုထမ်းရန် အကျုံးဝင်နေသော အမျိုးသမီး၊ အမျိုးသားများနှင့်ပတ်သက်၍ ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ညွှန်ကြားချက်များ မကြာမီ ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆိုကြသည်။

၂၀၂၄ခုနှစ် ဩဂုတ်လမှစတင်၍ နစကမှ အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အကြား အမျိုးသားများကို ပြည်ပအလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် ယခုနောက်ဆုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော အမျိုးသားအလုပ်သမားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စတင်ပိတ်ပင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်ရှိ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ထုတ်ပြန်ချက်အရ ပြည်ပသို့ သွားရောက်ခွင့် အပါအဝင် စစ်မှုထမ်း လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်နှင့် ရွှေ့ဆိုင်းခွင့် ခွင့်ပြုချက်များကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့၏ ၁/၂၀၂၅ အစည်းအဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောဆိုခဲ့သည်။

စစ္မႈထမ္းရန္စာရင္းဝင္ေနသည့္အမ်ိဳးသားမ်ား ျပည္ပထြက္ခြာခြင့္ ကန႔္သတ္ထား
NP News ေဖေဖၚဝါရီ ၁ရက္

ျပည္ပထြက္ခြာမည့္လုပ္သားမ်ား စစ္မႉထမ္းစာရင္းဝင္ေနပါက အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္အတြင္း အမ်ိဳးသားမ်ား PJ အလုပ္အကိုင္ႏိုင္ငံကူးလက္မွတ္ျဖင့္ ျပည္ပထြက္ခြာခြင့္ ကိုနစကမွ ဇန္နဝါရီ30ရက္မွ စတင္ပိတ္ပင္လိုက္ေၾကာင္း ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားထံမွသိရသည္။

အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္ အမ်ိဳးသားမ်ားအားလုံးအေနျဖင့္ ျပည္ပသို႔ PJ ႏိုင္ငံကူးလက္မွတ္ျဖင့္ သြားေရာက္ အလုပ္လုပ္မည္ဆိုပါက ပထမဦးစြာ မိမိသည္ စစ္မႈထမ္းရန္ စာရင္းတြင္ ပါ၊ မပါ စိစစ္ရန္လိုအပ္ၿပီး စစ္မႈထမ္းရမည့္စာရင္းတြင္ပါေနမည္ဆိုပါက သက္ဆိုင္ရာ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ထံမွ စစ္မႈထမ္းကင္းလြတ္ခြင့္၊ ေ႐ႊ႕ဆိုင္းခြင့္ႏွင့္ ေလွ်ာ့ေပါ့ခြင့္ စသည္ျဖင့္ ခြင့္ျပဳခ်က္ရယူရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။
ဇန္နဝါရီလ ၃၀ ရက္ေန႔ အလုပ္သမားဝန္ႀကီးဌာန၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းရွိ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန႐ုံး၊ ပင္လုံခန္းမတြင္ ျပည္ပသို႔သြား ေရာက္ အလုပ္လုပ္ၾကမည့္ အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္အၾကားရွိ အမ်ိဳး သားမ်ားအားလုံးကို ျပည္ပအလုပ္သမားမွတ္ပုံတင္ကတ္ (OWIC) ထုတ္မေပးေတာ့ဘဲ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္း၊ လက္ရွိ OWIC ကတ္ရွိၿပီးသူျဖစ္သည့္တိုင္ အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္အတြင္း အမ်ိဳးသားမ်ားကိုအလုပ္သမား႐ုံးက ျပည္ပအလုပ္အတြက္ စာခ်ဳပ္ခ်ဳပ္ခြင့္မေပးေတာ့ေၾကာင္း၊ ယင္းအေျခ အေန မ်ားေၾကာင့္ ျပည္ပသို႔သြားေရာက္ အလုပ္လုပ္ၾကမည့္ အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္အတြင္း အမ်ိဳးသားအားလုံး ေလဆိပ္မွထြက္ခြာရန္ အခက္အခဲမ်ားႀကဳံေတြ႕ေနရေၾကာင္း သိရွိရသည္။

" စစ္မႈထမ္းစာရင္းပါရင္ေတာ့ ေလဆိပ္မွာ OWIC ကတ္နဲ႔ PJ စာအုပ္ကိုင္ထားရင္ လည္း ထြက္လို႔မရေတာ့ဘူး။ စစ္မႈထမ္းစာရင္း ပါထားရင္ စစ္မႈထမ္းဆင့္ ေခၚေရး အဖြဲ႕ရဲ႕ ေထာက္ခံခ်က္( စစ္မႈထမ္းကင္းလြတ္ခြင့္၊ ေ႐ႊ႕ဆိုင္းခြင့္၊ ေလွ်ာ့ေပါ့ခြင့္) ပါမွ ထြက္လို႔ရေတာ့မယ္။ မပါရင္ေတာ့ ထြက္လို႔ရမွာမဟုတ္ဘူး။ က်ေနာ္တို႔ကေတာ့ စာခ်ဳပ္ခ်ဳပ္တာနဲ႔ OWIC ကတ္ေအာင္ လုပ္ေပးလည္း ေလဆိပ္မွာ ထြက္လို႔မရတာကေတာ့ ေအဂ်င္စီတာဝန္မဟုတ္ေတာ့ဘူး။ ကာယကံရွင္က စစ္မႈထမ္းစာရင္းပါေနရင္ေတာ့ ထြက္ခြင့္ရမွာမဟုတ္ဘူး" ဟု ျပည္ပအလုပ္အကိုင္ေအဂ်င္စီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒ၏ ပုဒ္မ ၅၀ ႏွင့္ ၅၁ တြင္ ေဆးစစ္ေအာင္ျမင္ၿပီးသူမ်ား၊ စစ္မႈထမ္း အမိန႔္ရရွိၿပီးသူမ်ားသည္ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕၏ ခြင့္ျပဳခ်က္မရွိဘဲ ျပည္ပထြက္ခြာခြင့္မရွိေၾကာင္း ျပဌာန္းထားသည္။

ဆက္လက္ၿပီး အမ်ိဳးသမီး အလုပ္သမားမ်ားအတြက္မူ OWIC ကတ္ ႐ိုက္ခြင့္ေပးေနဆဲျဖစ္ၿပီး ျပည္ပထြက္ခြာခြင့္လည္း ဆက္လက္ရရွိေနဆဲျဖစ္ေၾကာင္း၊ သို႔ရာတြင္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒ ထုတ္ျပန္လိုက္ၿပီျဖစ္၍ စစ္မႈထမ္းရန္ အက်ဳံးဝင္ေနေသာ အမ်ိဳးသမီး၊ အမ်ိဳးသားမ်ားႏွင့္ပတ္သက္၍ ျပည္ပထြက္ခြာခြင့္ဆိုင္ရာ ၫႊန္ၾကားခ်က္မ်ား မၾကာမီ ထြက္ရွိႏိုင္ဖြယ္ရွိေၾကာင္း ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားက ဆိုၾကသည္။
၂၀၂၄ခုႏွစ္ ဩဂုတ္လမွစတင္၍ နစကမွက အသက္ ၂၃ ႏွစ္မွ အသက္ ၃၂ ႏွစ္အၾကား အမ်ိဳးသားမ်ားကို ျပည္ပအလုပ္လုပ္ခြင့္ ပိတ္ပင္ခဲ့ၿပီးေနာက္ ယခုေနာက္ဆုံးတြင္ အသက္ ၁၈ ႏွစ္မွ အသက္ ၃၅ ႏွစ္အတြင္း အက်ဳံးဝင္ေသာ အမ်ိဳးသားအလုပ္သမားမ်ား ျပည္ပထြက္ အလုပ္လုပ္ခြင့္ကို စတင္ပိတ္ပင္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ေနျပည္ေတာ္ရွိ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕၏ထုတ္ျပန္ခ်က္အရ ျပည္ပသို႔ သြားေရာက္ခြင့္ အပါအဝင္ စစ္မႈထမ္း ေလွ်ာ့ေပါ့ခြင့္၊ ကင္းလြတ္ခြင့္ႏွင့္ ေ႐ႊ႕ဆိုင္းခြင့္ ခြင့္ျပဳခ်က္မ်ားကို စတင္ထုတ္ေပးေနၿပီျဖစ္ေၾကာင္း ဇန္နဝါရီလ ၂၈ ရက္ေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ ျပည္သူ႔စစ္မႈထမ္းဗဟိုအဖြဲ႕၏ ၁/၂၀၂၅ အစည္းအေဝးတြင္ စစ္မႈထမ္းဆင့္ေခၚေရး ဗဟိုအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.