နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် (၅) ခုတို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ စဉ်ဆက်ပညာရေးစနစ်ဖြင့် စာသင်သားပေါင်း (၃၈၀၀၀) ကျော်ကို သင်ကြားပေးသွားမည်
627
နာမူ (NP News) - ဖေဖော်ဝါရီ ၂
နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် (၅) ခုတို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ စဉ်ဆက်ပညာရေးစနစ်ဖြင့် စာသင်သားပေါင်း (၃၈၀၀၀) ကျော်ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရသည်။
ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနမှ စာတတ်မြောက်ရေးလုပ်ငန်းကို နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ရှေ့ပြေးဆောင်ရွက်ခဲ့ပြီး နောက်ဆက်တွဲလုပ်ငန်းအဖြစ် စဉ်ဆက်ပညာရေးကို သတ်မှတ်မြို့နယ်များ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများသည် လာမည့် ဖေဖော်ဝါရီလ ၅ ရက်တွင် ပြီးမြောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ ပြီးမြောက်သွားမည်ဖြစ်သော်လည်း ကျောင်းပြင်ပနှင့်တစ်သက်တာပညာဦးစီးဌာနက စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစတင်၍ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) တို့ရှိ မြို့နယ်များတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ လုပ်ဆောင်ရာတွင် ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များမှ လျာထားစာသင်သားပေါင်း (၃၈၇၅၇) ဦးကို စာသင်ဝိုင်းပေါင်း (၂၈၀၆)ဝိုင်းတွင် စေတနာ့လုပ်အားပေး နည်းပြ/ ကြီးကြပ်ပေါင်း (၃၅၁၂)ဦးဖြင့် ဆက်လက်သင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးဆောင်ရွက်ချက်များဖြင့် သင်ယူသူပေါင်း (၈၅၀၀၀) ကျော်ကို သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလူဦးရေနှင့် သန်းခေါင်စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကျောင်းပြင်ပရောက် ကလေး ၂ ဒသမ ၇ သန်းခန့်ရှိပြီး အသက် (၁၅ ) နှစ်နှင့် အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူ ၄ ဒသမ ၁ သန်းရှိကြောင်း သိရသည်။
Zawgyi Version;
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ (၅) ခုတို႔တြင္ ေဖေဖာ္ဝါရီလဆန္းပိုင္းမွစတင္ကာ စဥ္ဆက္ပညာေရးစနစ္ျဖင့္ စာသင္သားေပါင္း (၃၈၀၀၀) ေက်ာ္ကို သင္ၾကားေပးသြားမည္
နာမူ (NP News) - ေဖေဖာ္ဝါရီ ၂
ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ (၅) ခုတို႔တြင္ ေဖေဖာ္ဝါရီလဆန္းပိုင္းမွစတင္ကာ စဥ္ဆက္ပညာေရးစနစ္ျဖင့္ စာသင္သားေပါင္း (၃၈၀၀၀) ေက်ာ္ကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ သိရသည္။
ပညာေရးဝန္ႀကီးဌာန၏ ေက်ာင္းျပင္ပႏွင့္ တစ္သက္တာပညာဦးစီးဌာနမွ စာတတ္ေျမာက္ေရးလုပ္ငန္းကို ေနျပည္ေတာ္၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တို႔တြင္ ေရွ႕ေျပးေဆာင္႐ြက္ခဲ့ၿပီး ေနာက္ဆက္တြဲလုပ္ငန္းအျဖစ္ စဥ္ဆက္ပညာေရးကို သတ္မွတ္ၿမိဳ႕နယ္မ်ား၌ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလမွ စတင္ကာ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ စဥ္ဆက္ပညာေရးလုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားသည္ လာမည့္ ေဖေဖာ္ဝါရီလ ၅ ရက္တြင္ ၿပီးေျမာက္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထိုသို႔ ၿပီးေျမာက္သြားမည္ျဖစ္ေသာ္လည္း ေက်ာင္းျပင္ပႏွင့္တစ္သက္တာပညာဦးစီးဌာနက စဥ္ဆက္ပညာေရးလုပ္ငန္းကို ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလဆန္းမွစတင္၍ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္ ( ေတာင္ပိုင္း) ႏွင့္ (အေရွ႕ပိုင္း) တို႔ရွိ ၿမိဳ႕နယ္မ်ားတြင္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔သို႔ လုပ္ေဆာင္ရာတြင္ ေဖာ္ျပပါ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၏ ၿမိဳ႕နယ္မ်ားမွ လ်ာထားစာသင္သားေပါင္း (၃၈၇၅၇) ဦးကို စာသင္ဝိုင္းေပါင္း (၂၈၀၆)ဝိုင္းတြင္ ေစတနာ့လုပ္အားေပး နည္းျပ/ ႀကီးၾကပ္ေပါင္း (၃၅၁၂)ဦးျဖင့္ ဆက္လက္သင္ၾကားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာနသည္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလအတြင္း အေျခခံစာတတ္ေျမာက္ေရးႏွင့္ စဥ္ဆက္ပညာေရးေဆာင္႐ြက္ခ်က္မ်ားျဖင့္ သင္ယူသူေပါင္း (၈၅၀၀၀) ေက်ာ္ကို သင္ၾကားေပးႏိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္၊ ျပည္ေထာင္စုလူဦးေရႏွင့္ သန္းေခါင္စာရင္းအရ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းမေနႏိုင္သည့္ ေက်ာင္းျပင္ပေရာက္ ကေလး ၂ ဒသမ ၇ သန္းခန႔္ရွိၿပီး အသက္ (၁၅ ) ႏွစ္ႏွင့္ အထက္ လူငယ္ႏွင့္ သက္ႀကီးပိုင္းအ႐ြယ္ စာမတတ္သူ ၄ ဒသမ ၁ သန္းရွိေၾကာင္း သိရသည္။