(၇၅)ရက်တိုင်တိုင် ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်လုံခြုံရေးကောင်းမွန်စွာဖြင့် ပြန်ဖွင့်ပြီ
325
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ(၂)ရက်မှ ဧပြီ(၁၇) ရက်အထိ သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅)ရက် ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်တို့က မင်းဘူးမှ ရွှေစက်တော်ဘုရားလမ်းအထိ လုံခြုံရေးဆောင်ရွက်ထားကာ မကွေးတပ်နယ်ကျောက်ပန်း တပ်နယ်တို့မှလည်း လမ်းများတစ်လျှောက်အဆင်ပြေစွာဘုရားဖူးများ လာရောက်နိုင်ရန် လမ်းကင်းလုံခြုံရေးများ ချထားပေးကြောင်း ဒေသခံ တစ်ဦးကဆိုသည်။
ထို့ပြင်ရွှေစက်တော်ဘုရားပတ်ချာလည် (၁၀)မိုင်-(၁၅)မိုင်အတွင်း၌လည်း လုံခြုံရေးအင်အား(၃)ထပ် ချထားကာ အတွင်းစည်း အပြင်စည်းအဖြစ် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အင်အားများစွာဖြင့် လုံခြုံရေး အထူးစီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။ ‘‘မကွေးတံတားကူးလိုက်ရင် မင်းဘူးကနေထွက်ရင် မြို့ထွက် သံရေဂိတ်ဆို တာရှိတယ်။ ခလရ(၈၈)မင်းဘူးကနေပြီးတော့ တောက်လျှောက်လုံခြုံရေးယူလာတာ ရှေ့မှာဆီးသီး ထွက်တဲ့ လေးပင်ရွာ ဆိုတာရှိတယ်။ ဟိုဘက်ကိုသွားရင် ပုသိမ်-မုံရွာ။ မုံရွာဘက် ငဖဲ-ပဒါန်း-အမ်းပေါ့။ လမ်းဆုံပေါ့။ အဲဒီလမ်းဆုံက နေပြီး တော့ ဘုရားဖြူ မှာတောက်လျှောက်လုံခြုံရေးယူထားတာ တွေ့တယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေ စေရန် တည်းခိုဆောင် အခန်းပေါင်း (၃၀ဝ)ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၃၅၀)ခန့် ဆောက်လုပ်ပေး ထားပြီး ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူး လာရောက်ကြမည့် ရဟန်းရှင်လူ မိဘပြည်သူများကို တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကိုဗစ်(၁၉)ကာလနှင့် နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲများ ကြောင့် ပွဲတော်ကျင်းပရန် နှစ်အတော်ကြာရပ်နား ခဲ့ရကာ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် က ပြန်လည်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်တွင် မန်းရွှေစက်တော် ဘုရားပွဲတော်သည် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သော်လည်း ယနှစ်တွင်မူ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများကြောင့် လာရောက်လည်ပတ်သူ နည်းပါးနေ သည်ကို တွေ့နေရကြောင်း အခြားသော ဒေသခံတစ်ဦးက ဆိုသည်။
‘‘(၅)ရက်နေ့ ခြေရာတော်ဖွင့်ပွဲ။ ရာသီကတော့ (၃)လပွဲတော်ပေါ့။ ဒီနှစ်ကတော့ ခါတိုင်းနှစ်တွေနဲ့တော့ မတူဘူး ပေါ့။ မတူဘူးဆိုတာက လိုင်းပေါ်မှာ အမျိုးမျိုးတွေခြိမ်းခြောက်နေကြတော့ ဈေးရောင်း လာတဲ့လူတို့ ဒီသဲချောင်းတို့ ဘာတို့ဟာ မနှစ်ကထက်ကို တစ်ဝက်လောက် လျော့တယ်လို့ ပြောလို့ရတယ်။ အမှန်ကတော့မထွက်ရဲတာပေါ့။ အဲဒီတော့ ဒီကနေပြီး ဒေသခံပြည်သူတွေက ဖွင့်ပွဲနေ့ကိုတောင်မှပဲ တချို့ကလည်း သွားမယ်နဲ့ တချို့ကလည်း မသွားရဲတဲ့ လူက များနေတာပေါ့။ တအားခြိမ်းခြောက်နေတာကိုး။ အဲဒီတော့ လုံခြုံရေးဂိတ်ကတော့ မင်းဘူးကနေပြီးတော့ လုံခြုံရေး ချပေးထားတယ်။ ချပေးထားပေမယ့် PDF တွေက လမ်းပေါ်တက်ကားတွေကို ခြိမ်းခြောက်ပြီး ထွက်ပြေး ရောလေ။ စစ်တပ်ကလာတော့မရှိပြန်ဘူး။ အဲဒီလိုတွေ ဖြစ်နေတာ”ဟု ၎င်းကပြောသည်။
ကိုဗစ်(၁၉)ကာလမတိုင်မီ နှစ်စဉ် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည့် မန်းရွှေစက်တော်ဘုရားပွဲ တော်သည် လက်ရှိနယ်မြေအခြေအနေများကြောင့် ယခင်ကဲ့သို့ပြန်လည်စည်ကားခြင်းမရှိသည့်အပေါ် များစွာဝမ်းနည်းမိကြောင်း လည်း အထက်ပါဒေသခံကဆိုသည်။ ‘‘အခုလိုသွားရလာရတာမလွတ်လပ်တော့ စိတ်မကောင်းဖြစ်မိတယ်။ သဲချောင်း လည်း သိပ်မစည်သလိုလာတဲ့လူတွေကလည်း ညမအိပ်ရဲလောက်ဘူး။ ပဒါန်းမှာတည်ခိုခန်းရှိတယ်။ မင်းဘူးမှာ တည်း ခိုခန်း၊ ဟိုတယ်ရှိတယ်။ မကွေးမှာ ဟိုတယ်ရှိတယ်။ အဲဒီတော့ လာတဲ့လူက ပဒါန်း၊ မင်းဘူး၊ မကွေး အဲဒီမှာ သွားအိပ်လောက်တယ်။ သဲချောင်းမှာတော့ မအိပ်ရဲလောက်ဘူးသေချာတယ်။ မနှစ်ကထက် တစ်ဝက်လောက်လာတဲ့ လူလျော့သွားတာတော့ သေချာတယ်”ဟု ၎င်းကပြောသည်။ သို့သော်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ အနေဖြင့် ယခင်နှစ်ထက် ပိုမိုကောင်းမွန်သော လုံခြုံရေး အစီအစဉ်များကြောင့် လုံခြုံစိတ်ချစွာ သွားလာလည်ပတ်၍ ဘုရားပွဲတော်ကို ပါဝင်ဆင်နွှဲသင့်ကြောင်း တိုက်တွန်းထားသည်။
Zawgyi Version:
(၇၅)ရက္တိုင္တိုင္ က်င္းပမည့္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္လုံၿခဳံေရးေကာင္းမြန္စြာျဖင့္ ျပန္ဖြင့္ၿပီ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂
မေကြးတိုင္းေဒသႀကီး မင္းဘူး (စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရား ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို လာမည့္ ေဖေဖာ္ဝါရီ(၂)ရက္မွ ဧၿပီ(၁၇) ရက္အထိ သၾကၤန္႐ုံးပိတ္ရက္အပါအဝင္ ရက္ေပါင္း (၇၅)ရက္ ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္အတြက္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ ဝင္တို႔က မင္းဘူးမွ ေ႐ႊစက္ေတာ္ဘုရားလမ္းအထိ လုံၿခဳံေရးေဆာင္႐ြက္ထားကာ မေကြးတပ္နယ္ေက်ာက္ပန္း တပ္နယ္တို႔မွလည္း လမ္းမ်ားတစ္ေလွ်ာက္အဆင္ေျပစြာဘုရားဖူးမ်ား လာေရာက္ႏိုင္ရန္ လမ္းကင္းလုံၿခဳံေရးမ်ား ခ်ထားေပးေၾကာင္း ေဒသခံ တစ္ဦးကဆိုသည္။
ထို႔ျပင္ေ႐ႊစက္ေတာ္ဘုရားပတ္ခ်ာလည္ (၁၀)မိုင္-(၁၅)မိုင္အတြင္း၌လည္း လုံၿခဳံေရးအင္အား(၃)ထပ္ ခ်ထားကာ အတြင္းစည္း အျပင္စည္းအျဖစ္ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ ျပည္သူ႔စစ္အင္အားမ်ားစြာျဖင့္ လုံၿခဳံေရး အထူးစီမံေဆာင္႐ြက္ထားေၾကာင္းလည္း သိရသည္။ ‘‘မေကြးတံတားကူးလိုက္ရင္ မင္းဘူးကေနထြက္ရင္ ၿမိဳ႕ထြက္ သံေရဂိတ္ဆို တာရွိတယ္။ ခလရ(၈၈)မင္းဘူးကေနၿပီးေတာ့ ေတာက္ေလွ်ာက္လုံၿခဳံေရးယူလာတာ ေရွ႕မွာဆီးသီး ထြက္တဲ့ ေလးပင္႐ြာ ဆိုတာရွိတယ္။ ဟိုဘက္ကိုသြားရင္ ပုသိမ္-မုံ႐ြာ။ မုံ႐ြာဘက္ ငဖဲ-ပဒါန္း-အမ္းေပါ့။ လမ္းဆုံေပါ့။ အဲဒီလမ္းဆုံက ေနၿပီး ေတာ့ ဘုရားျဖဴ မွာေတာက္ေလွ်ာက္လုံၿခဳံေရးယူထားတာ ေတြ႕တယ္”ဟု အထက္ပါ ေဒသခံက ေျပာသည္။
ယခုႏွစ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာေရာက္ၾကသူမ်ား အဆင္ေျပ ေစရန္ တည္းခိုေဆာင္ အခန္းေပါင္း (၃၀ဝ)ေက်ာ္ႏွင့္ ေဈးဆိုင္ခန္းေပါင္း (၃၅၀)ခန႔္ ေဆာက္လုပ္ေပး ထားၿပီး ရပ္ေဝး၊ ရပ္နီးမွ ဘုရားဖူး လာေရာက္ၾကမည့္ ရဟန္းရွင္လူ မိဘျပည္သူမ်ားကို တည္းခိုေဆာင္မ်ား၌ ညအိပ္တည္းခိုနားေန ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ကိုဗစ္(၁၉)ကာလႏွင့္ ႏိုင္ငံေရးအခင္းအက်င္းအေျပာင္းအလဲမ်ား ေၾကာင့္ ပြဲေတာ္က်င္းပရန္ ႏွစ္အေတာ္ၾကာရပ္နား ခဲ့ရကာ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ က ျပန္လည္က်င္းပလာခဲ့ျခင္း ျဖစ္သည္။ ယမန္ႏွစ္တြင္ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္သည္ စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ခဲ့ေသာ္လည္း ယႏွစ္တြင္မူ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕မ်ား၏ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လာေရာက္လည္ပတ္သူ နည္းပါးေန သည္ကို ေတြ႕ေနရေၾကာင္း အျခားေသာ ေဒသခံတစ္ဦးက ဆိုသည္။
‘‘(၅)ရက္ေန႔ ေျခရာေတာ္ဖြင့္ပြဲ။ ရာသီကေတာ့ (၃)လပြဲေတာ္ေပါ့။ ဒီႏွစ္ကေတာ့ ခါတိုင္းႏွစ္ေတြနဲ႔ေတာ့ မတူဘူး ေပါ့။ မတူဘူးဆိုတာက လိုင္းေပၚမွာ အမ်ိဳးမ်ိဳးေတြၿခိမ္းေျခာက္ေနၾကေတာ့ ေဈးေရာင္း လာတဲ့လူတို႔ ဒီသဲေခ်ာင္းတို႔ ဘာတို႔ဟာ မႏွစ္ကထက္ကို တစ္ဝက္ေလာက္ ေလ်ာ့တယ္လို႔ ေျပာလို႔ရတယ္။ အမွန္ကေတာ့မထြက္ရဲတာေပါ့။ အဲဒီေတာ့ ဒီကေနၿပီး ေဒသခံျပည္သူေတြက ဖြင့္ပြဲေန႔ကိုေတာင္မွပဲ တခ်ိဳ႕ကလည္း သြားမယ္နဲ႔ တခ်ိဳ႕ကလည္း မသြားရဲတဲ့ လူက မ်ားေနတာေပါ့။ တအားၿခိမ္းေျခာက္ေနတာကိုး။ အဲဒီေတာ့ လုံၿခဳံေရးဂိတ္ကေတာ့ မင္းဘူးကေနၿပီးေတာ့ လုံၿခဳံေရး ခ်ေပးထားတယ္။ ခ်ေပးထားေပမယ့္ PDF ေတြက လမ္းေပၚတက္ကားေတြကို ၿခိမ္းေျခာက္ၿပီး ထြက္ေျပး ေရာေလ။ စစ္တပ္ကလာေတာ့မရွိျပန္ဘူး။ အဲဒီလိုေတြ ျဖစ္ေနတာ”ဟု ၎ကေျပာသည္။
ကိုဗစ္(၁၉)ကာလမတိုင္မီ ႏွစ္စဥ္ စည္ကားသိုက္ ၿမိဳက္စြာက်င္းပခဲ့သည့္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲ ေတာ္သည္ လက္ရွိနယ္ေျမအေျခအေနမ်ားေၾကာင့္ ယခင္ကဲ့သို႔ျပန္လည္စည္ကားျခင္းမရွိသည့္အေပၚ မ်ားစြာဝမ္းနည္းမိေၾကာင္း လည္း အထက္ပါေဒသခံကဆိုသည္။ ‘‘အခုလိုသြားရလာရတာမလြတ္လပ္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္။ သဲေခ်ာင္း လည္း သိပ္မစည္သလိုလာတဲ့လူေတြကလည္း ညမအိပ္ရဲေလာက္ဘူး။ ပဒါန္းမွာတည္ခိုခန္းရွိတယ္။ မင္းဘူးမွာ တည္း ခိုခန္း၊ ဟိုတယ္ရွိတယ္။ မေကြးမွာ ဟိုတယ္ရွိတယ္။ အဲဒီေတာ့ လာတဲ့လူက ပဒါန္း၊ မင္းဘူး၊ မေကြး အဲဒီမွာ သြားအိပ္ေလာက္တယ္။ သဲေခ်ာင္းမွာေတာ့ မအိပ္ရဲေလာက္ဘူးေသခ်ာတယ္။ မႏွစ္ကထက္ တစ္ဝက္ေလာက္လာတဲ့ လူေလ်ာ့သြားတာေတာ့ ေသခ်ာတယ္”ဟု ၎ကေျပာသည္။ သို႔ေသာ္လည္း အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ား အေနျဖင့္ ယခင္ႏွစ္ထက္ ပိုမိုေကာင္းမြန္ေသာ လုံၿခဳံေရး အစီအစဥ္မ်ားေၾကာင့္ လုံၿခဳံစိတ္ခ်စြာ သြားလာလည္ပတ္၍ ဘုရားပြဲေတာ္ကို ပါဝင္ဆင္ႏႊဲသင့္ေၾကာင္း တိုက္တြန္းထားသည္။