“ (၂၀၂၄) အကယ်ဒမီ၊ CDM လှုံ့ဆော်သူတို့ရဲ့နောက်ဆုံးသွားရာလမ်း ’’
315
အိဖြူ (NP News) - ဖေဖော်ဝါရီ ၃
(၂၀၂၄) ခုနှစ် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပဖို့ (၇)ရက်(တစ်ပတ်) အလို
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပဖို့ (၇)ရက်အလိုမှာ အကယ်ဒမီဆုအတွက် အနုပညာရှင်တွေရဲ့ အကယ်ဒမီရင်ခုန်သံစကားတွေလည်း ထွက်ပေါ်လျက်ရှိပြီး အကယ်ဒမီဆုအတွက် ကြိုတင် ခန့်မှန်းစာရင်းတွေလည်း ထွက်ပေါ်လာပါပြီ။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေက (၂၀၂၄) ခုနှစ် တစ်နှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း (၄၉) ကားကို ပထမအဆင့်အဖြစ် ကြည့်ရှုရွေးချယ်ခဲ့ကြရာ အဆိုပါ ဇာတ်ကား (၄၉)ကားထဲမှ (၁၈) ကားကိုရွေးချယ်ခဲ့ကြပြီး ဒုတိယအဆင့်အဖြစ် ကြည့်ရှုအကဲဖြတ်ခဲ့ကြပါ တယ်။ နောက်ဆုံးအဆင့် ဆန်ခါတင်စာရင်းဝင်ဇာတ်ကားတွေအဖြစ် အဆိုပါ(၁၈) ကားထဲက အကယ်ဒမီထူးချန်ဆုတွေကို ရွေးချယ်ချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးဇော်မြင့်ဦးက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကာ အကဲဖြတ်အဖွဲ့တာဝန်ရှိသူတွေအနေနဲ့ အကယ်ဒမီထူး ချွန်ဆုများ ရွေးချယ်စိစစ်အကဲဖြတ်ရာမှာ ရသင့်ရထိုက်တဲ့ အနုပညာရှင်တွေ ရရှိစေဖို့၊ သမာသမတ်ကျဖို့အပါအဝင် အဂတိကင်းရှင်းဖို့ လိုအပ်လှပြီး၊ အနုပညာလောက သားအချင်းချင်း ရိုးသားမှုရှိဖို့လိုအပ်လှပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကလည်း အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို အဂတိကင်းရှင်းစွာ ဆုံးဖြတ်ရွေးချယ်ကြဖို့ အထူးတလည် မှာကြားခဲ့ဖူးပါ တယ်။
“ဘိုးတော်ကင်း၊ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောကျာ်းကောင်း အတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆန်တွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက် ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီ၊ မေတ္တာ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေက (၂၀၂၄) ခုနှစ်အတွက် အကယ်ဒမီ Nomination စာရင်းဝင်ထားတဲ့ ဇာတ်ကား (၁၈) ကားဖြစ် ပါတယ်။
(၂၀၂၄) ခုနှစ် အကယ်ဒမီဆုတွေအတွက် ပရိသတ်တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေအပါအဝင် ရုပ်ရှင်အသိုင်း အဝိုင်းကထွက်ပေါ်လာတဲ့စကားတွေအရ အမျိုးသားဇာတ်ဆောင်ဆုကို ‘နှောင်’ ဇာတ်ကားနဲ့ နေတိုး၊ ‘တိမ်ပန်းချီ ဇာတ်ကားနဲ့ အေးချမ်းမောင်၊ ‘နို့ထမင်း’ ဇာတ်ကားနဲ့ မြင့်မြတ်တို့က ထိပ်ဆုံးစာရင်းမှာရောက်ရှိနေပြီး၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် တိမ်ပန်းချီဇာတ်ကားနဲ့ ဝတ်မှုန်ရွှေရည်၊ နို့ထမင်း ဇာတ်ကားနဲ့ ခင်ဝင့်ဝါ၊ မိတင်စိန်ဇာတ်ကားနဲ့ မိုးဟေကို၊ သဘင်သည်မြနှင်းဆီဇာတ်ကားနဲ့ မေမီကိုကိုတို့ (၄) ဦးက ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။ ဒါ့ပြင် ဇာတ်ပို့ဆုတွေအတွက် တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ နော်ဖောအယ်ထား စတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက အကယ်ဒမီပြေးလမ်းပေါ်မှာ ရပ်တည်လျက်ရှိပါတယ်။ မကြာခင်မှာကျင်းပတော့မယ့် (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီထူးချွန်ဆု (၁၂) ဆု ချီးမြှင့်ဖို့လျာထားကြောင်း အစည်းအရုံးတာဝန်ရှိသူတွေဆီက ကြား သိထားရပါတယ်။ အခု (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာလည်း ဘယ်အနုပညာရှင်က အကယ်ဒမီဆုကို ထိုက်တန်စွာရရှိကြမလဲဆိုတာ တစ်ချက်စောင့်ကြည့်ကြရဦးမှာဖြစ်ပြီး၊ အကယ်ဒမီဆု စိစစ်ရွေးချယ်အကဲဖြတ်အဖွဲ့ရဲ့ သမာသမတ်ကျမှုရေချိန်ကိုတိုင်းတာဖို့ မျက်လုံးအစုံက အသင့်စောင့်ကြည့်နေကြပြီပဲဖြစ်ပါတယ်။
(၂၀၂၃)ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ‘စောင်နီလေးတစ်ထည်’ဇာတ်ကားနဲ့ ထပ်ဆင့် အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ‘‘ဘယ်တော့မှ အရှုံးမပေးဘူး” ဇာတ်ကားနဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘ရည်ရွယ်မိုး’ဇာတ်ကားနဲ့ နေဝင်း၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ‘မုန်းခွင့်’ဇာတ်ကားနဲ့ မေမြင့်မိုရ်တို့က ရရှိခဲ့ကြပြီး၊ အကယ်ဒမီ ပွဲကြည့်ရှုသူ လူအများက အကယ်ဒမီဆု ရွေးချယ်စိစစ်ဆုံးဖြတ်ရေးအဖွဲ့အပေါ် မေးခွန်းထုတ်မှုများစွာရှိခဲ့ပါတယ်။
(၂၀၂၃) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဇာတ်ကားဆု စတဲ့ အကယ်ဒမီ ထူးချွန်ဆုပေါင်း (၉)ဆုနဲ့ ရုပ်ရှင်တစ်သက်တာဆု (၃)ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အကောင်းဆုံးရုပ်ရှင်အသံဆုနဲ့ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုတွေ ပေးအပ်ခဲ့ခြင်းမရှိခဲ့တာပါ။ (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၉) ရက် ညနေ (၅) နာရီအချိန် နေပြည်တော်ရှိ MICC-I မှာ ကျင်းပကြမှာဖြစ် ပါတယ်။
သမီးနှစ်ဦးရဲ့အနာဂတ်အတွက် ရှောင်ထွက်သွားရခြင်းဖြစ်ကြောင်း ချစ်သုဝေဝန်ခံ
တပ်မတော်ကို ပုန်ကန်ဆန့်ကျင်သူ အကြမ်းဖက်အားပေး အဆိုတော် ချစ်သုဝေက သူတို့ရဲ့ရင်သွေးနှစ်ဦး အတွက် အန္တရာယ်ကင်းရှင်းတဲ့ တတိယနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့တစ်ပတ်အတွင်းက သူရဲ့ဖေ့စ် ဘွတ်ခ်ပေ့ချ်မှာ Live လွှင့်ပြောဆိုမှုရှိခဲ့ပါတယ်။ “တော်လှန်ရေးညီအစ်ကိုမောင်နှမတွေကို အသိပေးချင်တာက ထရေဇာရော၊ သမီးနှစ်ယောက်ရော စိတ်ချလုံခြုံရတဲ့နေရာကို ရောက်နေပါပြီ။ (၄) နှစ်စလုံးမှာ ကျီးလန့်စာစား ပြီးနေခဲ့ရတဲ့အခြေအနေကနေ လုံခြုံတဲ့အနေအထားတစ်ခုဖြစ်တည်ဖို့ပါ။ လုံခြုံတဲ့ တတိယတိုင်းပြည်ဆိုတာမျိုးက တော်လှန်ရေးမိသားစုရှိတဲ့ အဝေးဆုံး၊ တော်တော်ဝေးတဲ့ အဝေးဆုံးနေရာပါ။ သမီးလေးတွေအတွက် ဒီလမ်းကို ရွေးချယ်ခဲ့ရတဲ့အတွက်လည်း မြေပြင်ကသူတွေကို ထရေဇာ အားနာစွာ တောင်းပန်ချင်တာပါ။ မြေပြင်က ထရေဇာ ချစ်ရတဲ့ရဲဘော်တွေ မိသားစုတွေအတွက် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကရှိခဲ့တဲ့ ခွန်အားတွေအတိုင်း၊ အားထုတ်မှု တွေအတိုင်း တစ်ရက်မပြတ်၊ နာရီမပြတ်၊ စက္ကန့်မပြတ် ရှိနေမှာပါ။ လူကတော့ နည်းနည်း ပိုဝေးတဲ့နေရာကို ရောက်သွားပါတယ်”လို့ ဆိုထားပါတယ်။
၎င်းတို့အပေါ် အားပေးသူအသိုင်းအဝိုင်းက ဝမ်းသာကြောင်းဆိုခဲ့ကြပေမယ့် အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့ သွေးထိုးလှုံ့ဆော်တိုက်တွန်းမှုကြောင့် CDM လုပ်ကာ အလုပ်လက်မဲ့ဖြစ်၊ ဘဝပျက်၊ မိသားစု/ သားသမီး ရှေ့ရေး အနာဂတ်ပျက်စီးခဲ့ရတဲ့ မိသားစုဝင်တွေကတော့ ၎င်းတို့ရဲ့လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြပါတယ်။ လူမှု ကွန်ရက်ဆိုရှယ်ပလက်ဖောင်းမှာ အကြမ်းဖက်လက်နက်ကိုင်အားပေးသူတွေရဲ့ ကြီးစိုးခြယ်လှယ်မှုက အင်အား ကြီး ထွားလွန်းတာကြောင့် ပြည်ပြေးအနုပညာသမားတွေရဲ့လုပ်ရပ်ကို ထောက်ခံမှုများပြားကြောင်း ထင်မြင်နိုင်ပေမယ့် တခြားသော တယ်လီဂရမ်အက်ပလီကေးရှင်းနဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ် တချို့မှာတော့ ၎င်းတို့ရဲ့ လုပ်ရပ်တွေကို ထောက်ပြ ပြောဆိုမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒါ့ပြင် ချစ်သုဝေက ‘’သမီးလေးနှစ်ယောက်အတွက် မရေရာမသေချာသောအရာတွေကို အဆုံးသတ်ဖို့အတွက် ခက်ခက်ခဲခဲချခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” လို့လည်း အသိပေးခဲ့ပြီး၊ သမီးနှစ်ဦးရဲ့အနာဂတ်မှာ ၎င်းတို့ရဲ့လုပ်ရပ် တွေ မထင်ဟပ်ဖို့၊ သမီးနှစ်ဦးအပေါ် အပြစ်မမြင်ကြဖို့၊ အမြင်မရောကြဖို့လည်း ဆိုခဲ့ပြန်ပါတယ်။ ဒီလိုစကားတွေကို ၎င်းတို့ပြောလာတဲ့အခါ ၎င်းတို့ရဲ့လှုံ့ဆော်တိုက်တွန်းမှုကြောင့် CDM လုပ် ဘဝအခြေ အနေပျက်ခဲ့ရသူတွေ၊ အကြမ်း ဖက်အားပေးဖြစ်ခဲ့မှုကြောင့် နယ်စပ်ထွက်ပြေးခဲ့ရသူတွေ၊ စစ်တပ်ထောက်ခံသူ မိသားစုဝင်တွေ/သားသမီးတွေအပေါ် ‘ဒလန်’ ၊ ‘စခ’ စတဲ့ သုံးနှုန်းပြောဆိုမှုလုပ်ရပ်တွေက ကိုယ်ချင်းစာ တရားကင်းမဲ့စွာ ပြောဆိုမှုတွေအဖြစ် ထင်ဟပ်စေခဲ့ ပါတယ်။
ချစ်သုဝေရဲ့သမီးနှစ်ဦးက အသက် (၈)နှစ်အရွယ်ကို ရောက်ရှိလာပြီဖြစ်ပြီး မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့ရဲ့ အနာဂတ်အတွက် ရွေးချယ်မှုဖြစ်ကြောင်း အသိပေးခဲ့ပုံပါ။ ‘အဝေးကို တစ်ကိုယ်တော်လွတ်မြောက်ခြင်းကို ရှာဖွေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်’လို့ဆိုခဲ့ပြန်ပါတယ်။ ဒီနေရာမှာ အဆိုတော်လင်းလင်း၊ ချစ်သုဝေတို့အပါအဝင် အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ဖွေးဖွေး၊ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ကိုပေါက်စတဲ့ အကြမ်းဖက်အား ပေးအနုပညာရှင် တွေရဲ့လှုံ့ဆော်တိုက်တွန်းမှုလုပ်ရပ်တွေကြောင့် နိုင်ငံ့အစိုးရဝန်ထမ်းပေါင်း(၂၀)ရာခိုင်နှုန်းနီးပါးက CDM (Civil Disobedience Movement) ပြုလုပ်ခဲ့ကြပါတယ်။
ရုပ်ရှင်သရုပ်ဆောင်မတူးရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
ရုပ်ရှင်သရုပ်ဆောင် မတူးက လက်ရှိ ခုတင် (၅၀ဝ) ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ကျန်းမာရေး အခြေအနေဆိုးရွားလျက်ရှိကြောင်း ကြားသိရပါတယ်။
သရုပ်ဆောင်မတူးက (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၂၄) ရက် နံနက်ပိုင်းက သွေးပေါင် ရုတ်တရက်ကျဆင်းကာ အဖျားကြီး သတိလစ်မေ့မြောခဲ့ပြီး၊ အချိန် (၁၅) မိနစ်ကြာမြင့်တဲ့အထိ သတိပြန်မလည်လာခဲ့တာကြောင့် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
သူ့အနေနဲ့ လွန်ခဲ့တဲ့ (၁၂)နှစ်ခန့်က ဦးနှောက်သွေးကြောခဲ အခြေအနေနဲ့ကြုံတွေခဲ့ရပြီး၊ ဦးနှောက်ခွဲစိတ်မှုလု ပ်ဆောင်ခဲ့ဖူးကြောင်း၊ ခွဲစိတ်မှုနောက်ပိုင်း ကိုယ်တွင်း သွေးပျစ် သွေးပေါင်တွေထိုးကျခဲ့ပြီး ကျန်းမာရေးအခြေအနေ ဆိုးတစ်လှည့် ကောင်းတစ်လှည့်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ အကယ်ဒမီဝတ်မှုန်ရွှေရည်က ရုပ်ရှင်သရုပ်ဆောင် မတူးရဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေအသုံးပြုနိုင်စေဖို့ အလှူငွေကျပ် ငါးသိန်း၊ ဒါရိုက်တာ ဦးသီက သုံးသိန်း၊ သရုပ်ဆောင် ကျော်ထက်အောင်က (၃) သိန်းအပါအဝင် တခြားအနုပညာရှင် မောင်နှမတွေကလည်း လူအား၊ ငွေအားနဲ့ ကူညီဖေးမခဲ့ကြပါတယ်။ ဇန်နဝါရီလ (၁၄) ရက်က ရုပ်ရှင်သရုပ်ဆောင်မတူးရဲ့ အသက် (၇၅) နှစ်ပြည့်မွေးနေ့ကို မြန် မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှအဖွဲ့သားတွေက ကျင်းပပေးခဲ့ကြပြီး သရုပ်ဆောင်မတူးအတွက် အမှတ်တရ
နေ့ရက်အဖြစ် ဖန်တီးပေးခဲ့ကြပါတယ်။ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် မတူးလည်း အမြန်ဆုံးကျန်းမာရေး ပြန်လည်ကောင်း မွန်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်း ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နား ပါရစေ။
Zawgyi Version:
“ (၂၀၂၄) အကယ္ဒမီ၊ CDM လႈံ႕ေဆာ္သူတို႔ရဲ႕ေနာက္ဆုံးသြားရာလမ္း ’’
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၃
(၂၀၂၄) ခုႏွစ္ အကယ္ဒမီထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ က်င္းပဖို႔ (၇)ရက္(တစ္ပတ္) အလို
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပဖို႔ (၇)ရက္အလိုမွာ အကယ္ဒမီဆုအတြက္ အႏုပညာရွင္ေတြရဲ႕ အကယ္ဒမီရင္ခုန္သံစကားေတြလည္း ထြက္ေပၚလ်က္ရွိၿပီး အကယ္ဒမီဆုအတြက္ ႀကိဳတင္ ခန႔္မွန္းစာရင္းေတြလည္း ထြက္ေပၚလာပါၿပီ။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအကဲျဖတ္အဖြဲ႕ဥကၠ႒အပါအဝင္ အဖြဲ႕ဝင္ေတြက (၂၀၂၄) ခုႏွစ္ တစ္ႏွစ္တာအတြင္း ႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၄၉) ကားကို ပထမအဆင့္အျဖစ္ ၾကည့္ရႈေ႐ြးခ်ယ္ခဲ့ၾကရာ အဆိုပါ ဇာတ္ကား (၄၉)ကားထဲမွ (၁၈) ကားကိုေ႐ြးခ်ယ္ခဲ့ၾကၿပီး ဒုတိယအဆင့္အျဖစ္ ၾကည့္ရႈအကဲျဖတ္ခဲ့ၾကပါ တယ္။ ေနာက္ဆုံးအဆင့္ ဆန္ခါတင္စာရင္းဝင္ဇာတ္ကားေတြအျဖစ္ အဆိုပါ(၁၈) ကားထဲက အကယ္ဒမီထူးခ်န္ဆုေတြကို ေ႐ြးခ်ယ္ခ်ီးျမႇင့္ ေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအကဲျဖတ္အဖြဲ႕ဥကၠ႒အျဖစ္ ဦးေဇာ္ျမင့္ဦးက တာဝန္ယူေဆာင္႐ြက္ေနျခင္းျဖစ္ကာ အကဲျဖတ္အဖြဲ႕တာဝန္ရွိသူေတြအေနနဲ႔ အကယ္ဒမီထူး ခြၽန္ဆုမ်ား ေ႐ြးခ်ယ္စိစစ္အကဲျဖတ္ရာမွာ ရသင့္ရထိုက္တဲ့ အႏုပညာရွင္ေတြ ရရွိေစဖို႔၊ သမာသမတ္က်ဖို႔အပါအဝင္ အဂတိကင္းရွင္းဖို႔ လိုအပ္လွၿပီး၊ အႏုပညာေလာက သားအခ်င္းခ်င္း ႐ိုးသားမႈရွိဖို႔လိုအပ္လွပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း ကလည္း အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕ကို အဂတိကင္းရွင္းစြာ ဆုံးျဖတ္ေ႐ြးခ်ယ္ၾကဖို႔ အထူးတလည္ မွာၾကားခဲ့ဖူးပါ တယ္။
“ဘိုးေတာ္ကင္း၊ ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္၊ အစိုးမရ အနတၱ၊ ေယာက်ာ္းေကာင္း အေတာင္ႏွစ္ဆယ္၊ သံေယာဇဥ္ေတြသာ က်ည္ဆန္ေတြျဖစ္ခဲ့ရင္၊ တခုတ္တရ၊ ဖုန္းေ႐ႊ၊ မိတင္စိန္၊ ႏို႔ထမင္း၊ စိတ္ကႀကိဳး၊ မီး၊ အရက္စက္ ဆုံးအနမ္း၊ သဘင္သည္ျမႏွင္းဆီ၊ ေႏွာင္၊ မရဲ႕ေအးခဲသြားၾကသူမ်ား၊ အိပ္မက္ကာရန္၊ တိမ္ပန္းခ်ီ၊ ေမတၱာ” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြက (၂၀၂၄) ခုႏွစ္အတြက္ အကယ္ဒမီ Nomination စာရင္းဝင္ထားတဲ့ ဇာတ္ကား (၁၈) ကားျဖစ္ ပါတယ္။
(၂၀၂၄) ခုႏွစ္ အကယ္ဒမီဆုေတြအတြက္ ပရိသတ္ေတြရဲ႕ ႀကိဳတင္ခန႔္မွန္းခ်က္ေတြအပါအဝင္ ႐ုပ္ရွင္အသိုင္း အဝိုင္းကထြက္ေပၚလာတဲ့စကားေတြအရ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ‘ေႏွာင္’ ဇာတ္ကားနဲ႔ ေနတိုး၊ ‘တိမ္ပန္းခ်ီ ဇာတ္ကားနဲ႔ ေအးခ်မ္းေမာင္၊ ‘ႏို႔ထမင္း’ ဇာတ္ကားနဲ႔ ျမင့္ျမတ္တို႔က ထိပ္ဆုံးစာရင္းမွာေရာက္ရွိေနၿပီး၊ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုအတြက္ တိမ္ပန္းခ်ီဇာတ္ကားနဲ႔ ဝတ္မႈန္ေ႐ႊရည္၊ ႏို႔ထမင္း ဇာတ္ကားနဲ႔ ခင္ဝင့္ဝါ၊ မိတင္စိန္ဇာတ္ကားနဲ႔ မိုးေဟကို၊ သဘင္သည္ျမႏွင္းဆီဇာတ္ကားနဲ႔ ေမမီကိုကိုတို႔ (၄) ဦးက ထိပ္ဆုံးမွာ ရပ္တည္လ်က္ရွိပါတယ္။ ဒါ့ျပင္ ဇာတ္ပို႔ဆုေတြအတြက္ တိုင္႐ြန္၊ ေအးခ်မ္းေမာင္၊ စိုးျမတ္သူဇာ၊ ေနာ္ေဖာအယ္ထား စတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြက အကယ္ဒမီေျပးလမ္းေပၚမွာ ရပ္တည္လ်က္ရွိပါတယ္။ မၾကာခင္မွာက်င္းပေတာ့မယ့္ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲမွာ အကယ္ဒမီထူးခြၽန္ဆု (၁၂) ဆု ခ်ီးျမႇင့္ဖို႔လ်ာထားေၾကာင္း အစည္းအ႐ုံးတာဝန္ရွိသူေတြဆီက ၾကား သိထားရပါတယ္။ အခု (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲမွာလည္း ဘယ္အႏုပညာရွင္က အကယ္ဒမီဆုကို ထိုက္တန္စြာရရွိၾကမလဲဆိုတာ တစ္ခ်က္ေစာင့္ၾကည့္ၾကရဦးမွာျဖစ္ၿပီး၊ အကယ္ဒမီဆု စိစစ္ေ႐ြးခ်ယ္အကဲျဖတ္အဖြဲ႕ရဲ႕ သမာသမတ္က်မႈေရခ်ိန္ကိုတိုင္းတာဖို႔ မ်က္လုံးအစုံက အသင့္ေစာင့္ၾကည့္ေနၾကၿပီပဲျဖစ္ပါတယ္။
(၂၀၂၃)ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ‘ေစာင္နီေလးတစ္ထည္’ဇာတ္ကားနဲ႔ ထပ္ဆင့္ အကယ္ဒမီမ်ားရွင္ ရန္ေအာင္၊ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ‘‘ဘယ္ေတာ့မွ အရႈံးမေပးဘူး” ဇာတ္ကားနဲ႔ ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာ၊ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုကို ‘ရည္႐ြယ္မိုး’ဇာတ္ကားနဲ႔ ေနဝင္း၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ‘မုန္းခြင့္’ဇာတ္ကားနဲ႔ ေမျမင့္မိုရ္တို႔က ရရွိခဲ့ၾကၿပီး၊ အကယ္ဒမီ ပြဲၾကည့္ရႈသူ လူအမ်ားက အကယ္ဒမီဆု ေ႐ြးခ်ယ္စိစစ္ဆုံးျဖတ္ေရးအဖြဲ႕အေပၚ ေမးခြန္းထုတ္မႈမ်ားစြာရွိခဲ့ပါတယ္။
(၂၀၂၃) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ အမ်ိဳးသား ဇာတ္ပို႔ဆု၊ အမ်ိဳးသမီးဇာတ္ပို႔ဆု၊ ဒါ႐ိုက္တာဆု၊ ဓာတ္ပုံဆု၊ ေတးဂီတဆု၊ ဇာတ္ၫႊန္းဆု၊ ဇာတ္ကားဆု စတဲ့ အကယ္ဒမီ ထူးခြၽန္ဆုေပါင္း (၉)ဆုနဲ႔ ႐ုပ္ရွင္တစ္သက္တာဆု (၃)ဆု ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး၊ အေကာင္းဆုံး႐ုပ္ရွင္အသံဆုနဲ႔ အေကာင္းဆုံး႐ုပ္ရွင္တည္းျဖတ္ဆုေတြ ေပးအပ္ခဲ့ျခင္းမရွိခဲ့တာပါ။ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္း အနားကို (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၉) ရက္ ညေန (၅) နာရီအခ်ိန္ ေနျပည္ေတာ္ရွိ MICC-I မွာ က်င္းပၾကမွာျဖစ္ ပါတယ္။
သမီးႏွစ္ဦးရဲ႕အနာဂတ္အတြက္ ေရွာင္ထြက္သြားရျခင္းျဖစ္ေၾကာင္း ခ်စ္သုေဝဝန္ခံ
တပ္မေတာ္ကို ပုန္ကန္ဆန႔္က်င္သူ အၾကမ္းဖက္အားေပး အဆိုေတာ္ ခ်စ္သုေဝက သူတို႔ရဲ႕ရင္ေသြးႏွစ္ဦး အတြက္ အႏၲရာယ္ကင္းရွင္းတဲ့ တတိယႏိုင္ငံကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း လြန္ခဲ့တဲ့တစ္ပတ္အတြင္းက သူရဲ႕ေဖ့စ္ ဘြတ္ခ္ေပ့ခ်္မွာ Live လႊင့္ေျပာဆိုမႈရွိခဲ့ပါတယ္။ “ေတာ္လွန္ေရးညီအစ္ကိုေမာင္ႏွမေတြကို အသိေပးခ်င္တာက ထေရဇာေရာ၊ သမီးႏွစ္ေယာက္ေရာ စိတ္ခ်လုံၿခဳံရတဲ့ေနရာကို ေရာက္ေနပါၿပီ။ (၄) ႏွစ္စလုံးမွာ က်ီးလန႔္စာစား ၿပီးေနခဲ့ရတဲ့အေျခအေနကေန လုံၿခဳံတဲ့အေနအထားတစ္ခုျဖစ္တည္ဖို႔ပါ။ လုံၿခဳံတဲ့ တတိယတိုင္းျပည္ဆိုတာမ်ိဳးက ေတာ္လွန္ေရးမိသားစုရွိတဲ့ အေဝးဆုံး၊ ေတာ္ေတာ္ေဝးတဲ့ အေဝးဆုံးေနရာပါ။ သမီးေလးေတြအတြက္ ဒီလမ္းကို ေ႐ြးခ်ယ္ခဲ့ရတဲ့အတြက္လည္း ေျမျပင္ကသူေတြကို ထေရဇာ အားနာစြာ ေတာင္းပန္ခ်င္တာပါ။ ေျမျပင္က ထေရဇာ ခ်စ္ရတဲ့ရဲေဘာ္ေတြ မိသားစုေတြအတြက္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီ (၁) ရက္ကရွိခဲ့တဲ့ ခြန္အားေတြအတိုင္း၊ အားထုတ္မႈ ေတြအတိုင္း တစ္ရက္မျပတ္၊ နာရီမျပတ္၊ စကၠန႔္မျပတ္ ရွိေနမွာပါ။ လူကေတာ့ နည္းနည္း ပိုေဝးတဲ့ေနရာကို ေရာက္သြားပါတယ္”လို႔ ဆိုထားပါတယ္။
၎တို႔အေပၚ အားေပးသူအသိုင္းအဝိုင္းက ဝမ္းသာေၾကာင္းဆိုခဲ့ၾကေပမယ့္ အဆိုေတာ္လင္းလင္းနဲ႔ ခ်စ္သုေဝ တို႔ရဲ႕ ေသြးထိုးလႈံ႕ေဆာ္တိုက္တြန္းမႈေၾကာင့္ CDM လုပ္ကာ အလုပ္လက္မဲ့ျဖစ္၊ ဘဝပ်က္၊ မိသားစု/ သားသမီး ေရွ႕ေရး အနာဂတ္ပ်က္စီးခဲ့ရတဲ့ မိသားစုဝင္ေတြကေတာ့ ၎တို႔ရဲ႕လုပ္ရပ္ေတြကို ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့ၾကပါတယ္။ လူမႈ ကြန္ရက္ဆိုရွယ္ပလက္ေဖာင္းမွာ အၾကမ္းဖက္လက္နက္ကိုင္အားေပးသူေတြရဲ႕ ႀကီးစိုးျခယ္လွယ္မႈက အင္အား ႀကီး ထြားလြန္းတာေၾကာင့္ ျပည္ေျပးအႏုပညာသမားေတြရဲ႕လုပ္ရပ္ကို ေထာက္ခံမႈမ်ားျပားေၾကာင္း ထင္ျမင္ႏိုင္ေပမယ့္ တျခားေသာ တယ္လီဂရမ္အက္ပလီေကးရွင္းနဲ႔ ေဖ့စ္ဘြတ္ခ္ေပ့ခ်္ တခ်ိဳ႕မွာေတာ့ ၎တို႔ရဲ႕ လုပ္ရပ္ေတြကို ေထာက္ျပ ေျပာဆိုမႈေတြ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
ဒါ့ျပင္ ခ်စ္သုေဝက ‘’သမီးေလးႏွစ္ေယာက္အတြက္ မေရရာမေသခ်ာေသာအရာေတြကို အဆုံးသတ္ဖို႔အတြက္ ခက္ခက္ခဲခဲခ်ခဲ့တဲ့ဆုံးျဖတ္ခ်က္တစ္ခုျဖစ္တယ္” လို႔လည္း အသိေပးခဲ့ၿပီး၊ သမီးႏွစ္ဦးရဲ႕အနာဂတ္မွာ ၎တို႔ရဲ႕လုပ္ရပ္ ေတြ မထင္ဟပ္ဖို႔၊ သမီးႏွစ္ဦးအေပၚ အျပစ္မျမင္ၾကဖို႔၊ အျမင္မေရာၾကဖို႔လည္း ဆိုခဲ့ျပန္ပါတယ္။ ဒီလိုစကားေတြကို ၎တို႔ေျပာလာတဲ့အခါ ၎တို႔ရဲ႕လႈံ႕ေဆာ္တိုက္တြန္းမႈေၾကာင့္ CDM လုပ္ ဘဝအေျခ အေနပ်က္ခဲ့ရသူေတြ၊ အၾကမ္း ဖက္အားေပးျဖစ္ခဲ့မႈေၾကာင့္ နယ္စပ္ထြက္ေျပးခဲ့ရသူေတြ၊ စစ္တပ္ေထာက္ခံသူ မိသားစုဝင္ေတြ/သားသမီးေတြအေပၚ ‘ဒလန္’ ၊ ‘စခ’ စတဲ့ သုံးႏႈန္းေျပာဆိုမႈလုပ္ရပ္ေတြက ကိုယ္ခ်င္းစာ တရားကင္းမဲ့စြာ ေျပာဆိုမႈေတြအျဖစ္ ထင္ဟပ္ေစခဲ့ ပါတယ္။
ခ်စ္သုေဝရဲ႕သမီးႏွစ္ဦးက အသက္ (၈)ႏွစ္အ႐ြယ္ကို ေရာက္ရွိလာၿပီျဖစ္ၿပီး ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္ တို႔ရဲ႕ အနာဂတ္အတြက္ ေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း အသိေပးခဲ့ပုံပါ။ ‘အေဝးကို တစ္ကိုယ္ေတာ္လြတ္ေျမာက္ျခင္းကို ရွာေဖြခဲ့ရတဲ့အတြက္ ေတာင္းပန္ပါတယ္’လို႔ဆိုခဲ့ျပန္ပါတယ္။ ဒီေနရာမွာ အဆိုေတာ္လင္းလင္း၊ ခ်စ္သုေဝတို႔အပါအဝင္ အိျႏၵာေက်ာ္ဇင္၊ ေျပတီဦး၊ လူမင္း၊ ေဖြးေဖြး၊ ဇင္ဝိုင္း၊ မင္းေမာ္ကြန္း၊ ကိုေပါက္စတဲ့ အၾကမ္းဖက္အား ေပးအႏုပညာရွင္ ေတြရဲ႕လႈံ႕ေဆာ္တိုက္တြန္းမႈလုပ္ရပ္ေတြေၾကာင့္ ႏိုင္ငံ့အစိုးရဝန္ထမ္းေပါင္း(၂၀)ရာခိုင္ႏႈန္းနီးပါးက CDM (Civil Disobedience Movement) ျပဳလုပ္ခဲ့ၾကပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္မတူးရဲ႕ လက္ရွိက်န္းမာေရးအေျခအေန
႐ုပ္ရွင္သ႐ုပ္ေဆာင္ မတူးက လက္ရွိ ခုတင္ (၅၀ဝ) ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရၿပီး က်န္းမာေရး အေျခအေနဆိုး႐ြားလ်က္ရွိေၾကာင္း ၾကားသိရပါတယ္။
သ႐ုပ္ေဆာင္မတူးက (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၂၄) ရက္ နံနက္ပိုင္းက ေသြးေပါင္ ႐ုတ္တရက္က်ဆင္းကာ အဖ်ားႀကီး သတိလစ္ေမ့ေျမာခဲ့ၿပီး၊ အခ်ိန္ (၁၅) မိနစ္ၾကာျမင့္တဲ့အထိ သတိျပန္မလည္လာခဲ့တာေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရပါတယ္။
သူ႔အေနနဲ႔ လြန္ခဲ့တဲ့ (၁၂)ႏွစ္ခန႔္က ဦးေႏွာက္ေသြးေၾကာခဲ အေျခအေနနဲ႔ႀကဳံေတြခဲ့ရၿပီး၊ ဦးေႏွာက္ခြဲစိတ္မႈလု ပ္ေဆာင္ခဲ့ဖူးေၾကာင္း၊ ခြဲစိတ္မႈေနာက္ပိုင္း ကိုယ္တြင္း ေသြးပ်စ္ ေသြးေပါင္ေတြထိုးက်ခဲ့ၿပီး က်န္းမာေရးအေျခအေန ဆိုးတစ္လွည့္ ေကာင္းတစ္လွည့္နဲ႔ျဖတ္သန္းခဲ့ရပါတယ္။ အကယ္ဒမီဝတ္မႈန္ေ႐ႊရည္က ႐ုပ္ရွင္သ႐ုပ္ေဆာင္ မတူးရဲ႕ က်န္းမာေရးအတြက္ လိုအပ္တာေတြအသုံးျပဳႏိုင္ေစဖို႔ အလႉေငြက်ပ္ ငါးသိန္း၊ ဒါ႐ိုက္တာ ဦးသီက သုံးသိန္း၊ သ႐ုပ္ေဆာင္ ေက်ာ္ထက္ေအာင္က (၃) သိန္းအပါအဝင္ တျခားအႏုပညာရွင္ ေမာင္ႏွမေတြကလည္း လူအား၊ ေငြအားနဲ႔ ကူညီေဖးမခဲ့ၾကပါတယ္။ ဇန္နဝါရီလ (၁၄) ရက္က ႐ုပ္ရွင္သ႐ုပ္ေဆာင္မတူးရဲ႕ အသက္ (၇၅) ႏွစ္ျပည့္ေမြးေန႔ကို ျမန္ မာႏိုင္ငံ ႐ုပ္ရွင္ အစည္းအ႐ုံးမွအဖြဲ႕သားေတြက က်င္းပေပးခဲ့ၾကၿပီး သ႐ုပ္ေဆာင္မတူးအတြက္ အမွတ္တရ
ေန႔ရက္အျဖစ္ ဖန္တီးေပးခဲ့ၾကပါတယ္။ ဝါရင့္႐ုပ္ရွင္သ႐ုပ္ေဆာင္ မတူးလည္း အျမန္ဆုံးက်န္းမာေရး ျပန္လည္ေကာင္း မြန္ပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔ရင္း ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နား ပါရေစ။