Superman မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး Warner Bros တရားစွဲခံရ

 97

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၃

Warner Bros ရဲ့ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်မယ့် "Superman" ရုပ်ရှင်ရဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီး Superman တွဲဖက် ဖန်တီးရှင်တစ်ဦးက Warner Bros Discovery ကို အမေရိကန်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
"Superman" လို့ အမည်ပေးထားတဲ့ ရုပ်ရှင်သစ်ဟာ DC Comics ရဲ့ရုပ်ရှင်ပြန်ရိုက်ဖို့ စီစဉ်ထားတဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။ ဒါကို နာမည်ကျော် စူပါဟီးရိုးကို ဖန်တီးခဲ့တဲ့ illustrator ဂျိုးဇက် ရှူစတာနဲ့ စာရေးဆရာ ဂျီရိုမီဆီဂယ်လ်တို့ရဲ့ပိုင်ဆိုင်မှုနဲ့ ဇန်နဝါရီ ၃၁ ရက်က နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုခဲ့ ခြင်းဖြစ်ပါတယ်။
Superman ဇာတ်ကားအတွက် လုပ်ပိုင်ခွင့်ကို Shuster and Siegel က Warner ရဲ့ လက်အောက်ခံ၊ Detective Comics ကို လိုင်စင်ထုတ်ပေးခဲ့တာဖြစ်ပေမယ့် ဗြိတိန်ဥပဒေအရ Shuster အတွက် ဒီလိုလုပ်ပိုင်ခွင့်ဟာ ၂၀၁၇ ခုနှစ်တည်းက ကုန်ဆုံးသွားပြီဖြစ်တာကြောင့် အခုလိုတရားစွဲဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျနဲ့ အမေရိကန်ပြင်ပရှိ အခြားနိုင်ငံတွေမှာ Superman ကို အသုံးပြုရာမှာ အခကြေးငွေပေးဆောင်ဖို့ကိုလည်း Warner က ပျက်ကွက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဒါရိုက်တာ ဂျိန်းဂန်း နဲ့ ဒေးဗစ်ကော်ရန်ဆွက် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Superman ဇာတ်ကားသစ်ကို လာမယ့် ဇူလိုင်လမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာဖြစ်ပြီး အခုလို တရားစွဲဆိုမှုဟာ နိုင်ငံတကာကို ရုပ်ရှင်ပြသချိန်မှာ ရှုပ်ထွေး စေနိုင်ပါတယ်။ ဒီအတွက် Warner ပြောရေးဆိုခွင့်ရှိသူက "တရားစွဲဆိုမှုကို ကျွန်တော်တို့ သဘောမတူပါဘူး၊ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေအတွက် ပြင်းပြင်းထန်ထန် ကာကွယ်သွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
Superman မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္ထုတ္လုပ္ေရး Warner Bros တရားစြဲခံရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၃

Warner Bros ရဲ႕ ၂၀၂၅ ခုႏွစ္အတြင္း ႐ုံတင္မယ့္ "Superman" ႐ုပ္ရွင္ရဲ႕မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး Superman တြဲဖက္ ဖန္တီးရွင္တစ္ဦးက Warner Bros Discovery ကို အေမရိကန္တရား႐ုံးမွာ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။
"Superman" လို႔ အမည္ေပးထားတဲ့ ႐ုပ္ရွင္သစ္ဟာ DC Comics ရဲ႕႐ုပ္ရွင္ျပန္႐ိုက္ဖို႔ စီစဥ္ထားတဲ့ တစ္စိတ္ တစ္ပိုင္းျဖစ္ပါတယ္။ ဒါကို နာမည္ေက်ာ္ စူပါဟီး႐ိုးကို ဖန္တီးခဲ့တဲ့ illustrator ဂ်ိဳးဇက္ ရႉစတာနဲ႔ စာေရးဆရာ ဂ်ီ႐ိုမီဆီဂယ္လ္တို႔ရဲ႕ပိုင္ဆိုင္မႈနဲ႔ ဇန္နဝါရီ ၃၁ ရက္က နယူးေယာက္ၿမိဳ႕ ျပည္ေထာင္စုတရား႐ုံးမွာ တရားစြဲဆိုခဲ့ ျခင္းျဖစ္ပါတယ္။
Superman ဇာတ္ကားအတြက္ လုပ္ပိုင္ခြင့္ကို Shuster and Siegel က Warner ရဲ႕ လက္ေအာက္ခံ၊ Detective Comics ကို လိုင္စင္ထုတ္ေပးခဲ့တာျဖစ္ေပမယ့္ ၿဗိတိန္ဥပေဒအရ Shuster အတြက္ ဒီလိုလုပ္ပိုင္ခြင့္ဟာ ၂၀၁၇ ခုႏွစ္တည္းက ကုန္ဆုံးသြားၿပီျဖစ္တာေၾကာင့္ အခုလိုတရားစြဲဆိုျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ၿဗိတိန္၊ ကေနဒါ၊ ဩစေတးလ်နဲ႔ အေမရိကန္ျပင္ပရွိ အျခားႏိုင္ငံေတြမွာ Superman ကို အသုံးျပဳရာမွာ အခေၾကးေငြေပးေဆာင္ဖို႔ကိုလည္း Warner က ပ်က္ကြက္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။
ဒါ႐ိုက္တာ ဂ်ိန္းဂန္း နဲ႔ ေဒးဗစ္ေကာ္ရန္ဆြက္ တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Superman ဇာတ္ကားသစ္ကို လာမယ့္ ဇူလိုင္လမွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားတာျဖစ္ၿပီး အခုလို တရားစြဲဆိုမႈဟာ ႏိုင္ငံတကာကို ႐ုပ္ရွင္ျပသခ်ိန္မွာ ရႈပ္ေထြး ေစႏိုင္ပါတယ္။ ဒီအတြက္ Warner ေျပာေရးဆိုခြင့္ရွိသူက "တရားစြဲဆိုမႈကို ကြၽန္ေတာ္တို႔ သေဘာမတူပါဘူး၊ ကြၽန္ေတာ္တို႔ရဲ႕အခြင့္အေရးေတြအတြက္ ျပင္းျပင္းထန္ထန္ ကာကြယ္သြားပါမယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.