DeepSeek သည် အမေရိကန်ကတားမြစ်ထားသည့် မက္ကရိုချစ်ပ်များကို ခိုးယူတည်ဆောက်ထားခြင်း မှန်ကန်ပါ သလား
495
Htay Oung (NP News) - ဖေဖော်ဝါရီ ၃
Nvidia ရဲ့ A100 GPUs မျိုးလို အဆင့်မြင့် မက္ကရိုချစ်ပ်များ တရုတ်နိုင်ငံတင်ပို့မှုကို အမေရိကန်အစိုးရက တားမြစ် ကန့်သတ်ထားပါတယ်။ တရုတ်ဉာဏ်ရည်တုနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ DeepSeek ဟာ ကိုယ်ပိုင် မော်ဒယ် များ တီထွင်မှုရဲ့ရလဒ်ဖြစ်ပါတယ်။ ပိတ်ဆို့မှုများမတိုင်မီ DeepSeek တည်ထောင်သူ “လျန်ဝမ်ဖန်း” ဟာ Nvidia A100 GPU ပေါင်း ၁၀,၀၀၀ ခန့်ကို သိုလှောင်ထားခဲ့တယ်လိုလည်း ဆိုပါတယ်။ အဲဒီလို ကြိုတင် ဝယ်ယူထားမိတဲ့ အတွက် DeepSeek ဟာ အိမ်ဖြူတော်ချမှတ်ထားတဲ့ကန့်သတ်ချက်များကို ချိုးဖောက်ရာ မရောက်ပဲ AI မော်ဒယ် များကို တည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့်၊ DeepSeek ဟာ အမေရိကန်က တားမြစ်ထားတဲ့ မက္ကရိုချစ် ပ်များကို ခိုးယူ (သို့မဟုတ်) မတရားသဖြင့် အသုံးပြုခဲ့တယ်လို့ ပြောလို့မရကြောင်း BBC က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က ရေးသားခဲ့ပါတယ်။
ဒီနေရာမှာ AI မြန်မာများနားလည်ကြပြီးဖြစ်တဲ့ ‘ဉာဏ်ရည်တုနည်းပညာ’ အကြောင်း ပြောရမယ်ဆိုလျှင် “AI ဆိုတာ လူလုပ်ထာ လူကထည့်ပေးမှ လုပ်တတ်ထာ” ဆိုတဲ့ လှေနံဒါးထစ် ဆရာကြီးများကို အရင်ဆုံး ဘေး ချိတ်ထားရပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ခေတ်လွန်ရူပဗေဒနဲ့ အဲ့ဒီက အကျိုးအမြတ်ထုတ်ယူရေးမှာ ထော်လော် ကန့်လန့်ဖြစ်ရပါလိမ့်မယ်။
လူက တည်ဆောက်ထားခြင်း တူပေမယ့် AI ဆိုတာ Robot စက်ရုပ် မဟုတ်ပါဘူး၊ “AI ” ဆိုတာ လူသားတို့ရဲ့ ဉာဏ်ရည်ကို တုပပြီး သတင်း-အချက်အလက်များကို စီမံဆောင်ရွက်ခြင်း၊ သင်ယူခြင်း ပြုနိုင်ယုံမက ကိုယ်တိုင် ဆုံးဖြတ်ချက်များချနိုင်ရန် ဆော့ဖ်ဝဲထည့်သွင်းထားတဲ့ ရုပ်ဝတ္တုပစ္စည်းဖြစ်ပါတယ်။ AI တွေဟာ သူ “ကြားရ” “ဖတ်ရှု့” ရတဲ့သတင်းနဲ့ အချက်အလက်များကို မှတ်သားနိုင်ပါတယ်။
အဲဒီသတင်း-အချက်အလက်တွေကို သူ့ဖာသာ စိစစ်သုံးသပ်ပြီး ရလဒ်အဖြေကို လိုအပ်တဲ့အခါ တစ်မဟုတ်ချင်း ပြန်လည် ထုတ်ပြ/အဖြေပေးနိုင်ပါတယ်။ ရိုဘော့တစ်ခုဟာ ဘက်ထရီအားကုန်ရင် အလုပ်မလုပ်နိုင်ပဲ ရပ်တန့်သွား ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီစက်ရုပ်မှာ AI ကို ထည့်သွင်းထားရင် Cybot (ဆိုက်ဘာနက်တစ် စက်ရုပ်) နဲ့ Cyborg (ဆိုက်ဘာနက်တစ် ဇီဝရုပ်) ဖြစ်သွားပြီး လျှပ်စစ်ပလပ်ပေါက် ရှိတဲ့နေရာ သူ့ဖာသာရှာဖွေ သူ့ဖာသာ အားသွင်းပါ လိမ့်မယ်။ ဒီနေ့ အထိ AI တွေဟာ ကြားခြင်းနဲ့ ဖတ်ရှု့ခြင်း နည်းလမ်းနှစ်မျိုးနဲ့ သင်ယူနေတယ်လို့ ထင်မှတ် ရပါတယ်။ “မြင်နိုင်” “အနံ့ခံနိုင်” သလားဆိုတာ မသိရပါဘူး။ ဒါပေမယ့် အဲဒီလိုဖြစ်လာနေပြီလို့ AI တွေ ကိုယ်တိုင် က ဝန်ခံပါတယ်။ AI နဲ့ လူသားအကြား အပြန်အလှန်ဆက်သွယ်ခြင်းကို ChatBot “ချတ်ဘော့” လုပ်တယ်လို့ ခေါ်ပါတယ်။
AI တို့ကို လူသားတို့နဲ့ ပတ်သက်တဲ့သတင်းတွေအချက်အလက်တွေ အမူအကျင့်တွေ သင်ကြားပေးနေသူက အဲဒီ AI တွေကို အခမဲ့ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ အသုံးပြူနေတဲ့ မိတ်ဆွေတို့ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။
အသက် ၄၀ အရွယ် တရုတ်လူမျိုး လျန်ဝမ်ဖန်း ပူးတွဲတည်ထောင်တဲ့ DeepSeek ဟာ နည်းပညာ လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ အမေရိကန် iOS နယ်ပယ်မှာ ဒေါင်းလုဒ်အများဆုံး အခမဲ့အက်ပ်ဖြစ်တဲ့ ChatGPT ကို လျင်မြန်စွာ ကျော်တက်သွားပြီး AI နည်းပညာမိုက်ကရိုချစ်ပ်များနဲ့ ဂရပ်ဖစ်ကတ်များ ထုတ်လုပ် နေတဲ့ Nvidia ဆိုရင် တစ်ရက်တည်းမှာပဲ ဈေးကွက်တန်ဖိုး ဒေါ်လာ ၆၀၀ ဘီလီယံနီးပါးဆုံးရှုံးသွားရတယ်လို့ သိရှိရပါတယ်။
DeepSeek ရဲ့ ဉာဏ်ရည်တုမော်ဒယ် R1 ဟာ OpenAI ရဲ့ မော်ဒယ်များနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ ကျိုး ကြောင်း ဆင်ခြင်နိုင်စွမ်းရှိပြီး တည်ဆောက်အသုံးပြုရန် အတော်ဈေးသက်သာပါတယ်။ GPT-4 ဖြစ်လာဖို့ ဒေါ်လာ သန်း ၁၀၀ ကျော်ကုန်ကျခဲ့ရပေမယ့် DeepSeek R1 ကတော့ ဒေါ်လာ ၆ သန်းအောက်သာ ကုန်ကျ ကြောင်း သိရှိရပါတယ်။ ဒီလိုဖြစ်လာဖို့ DeepSeek ဟာ သင်ယူလေ့လာချိန်နဲ့ မှတ်ဉာဏ်အသုံးပြုမှုကို လျှော့ ချရန်အတွက် ထိရောက်တဲ့ ကွန်ပျူတာနည်းပညာများကို အသုံးပြုခဲ့ကြောင်း တွေရှိရပါတယ်။ အမေရိကန်အစိုး ရက ပိတ်ပင်ခြင်းမတိုင်မီ ပို့ကုန်သတ်မှတ်အရ ခွင့်ပြုထားချိန် Nvidia H800 GPUs မိုံက္ကရိုချစ်ပ် ၂,၀၀၀ ခန့်နဲ့ ဖန်တီးထားပါတယ်။
အငယ်စားမော်ဒယ်လ်တွေဟာ မတူညီတဲ့ အလုပ်များကို ကိုင်တွယ်ဖြေရှင်းရန် "ကျွမ်းကျင်သူများက ပေါင်းစပ်" နည်းပညာကို အားကိုးထားပါတယ်။ အခြား အနောက်အုပ်စု AI များထက် လေ့ကျင့်ချိန်နာရီပေါင်းများစွာကို လျော့ချနိုင်ပါတယ်။ AI မော်ဒယ်အားလုံးတို့ဟာ လျှပ်စစ်နဲ့ အအေးခံဖို့ ရေအမြောက်အမြားကို အသုံးပြုရတဲ့ အတွက် ရေရှည်မှာ ကာဗွန်ထုတ်လွှတ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှာကို စိုးရိမ်နေကြပါတယ်။ ChatGPT ရဲ့ လစဉ်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုဟာ တန်ချိန် ၂၆၀ ကျော်ရှိပါတယ်။ အဲ့ဒီပမာဏဟာ လန်ဒန်-နယူယောက် လေကြောင်းခရီးစဉ် ၂၆၀ တို့က ထုတ်လွှတ်မှုနဲ့ ညီမျှပါတယ်။ DeepSeek ရဲ့ လုပ် ဆောင်ပုံအဆင့်ဆင့်ဟာ စွမ်းအင်ဖြုန်းတီးမှုကို လျှော့ချရန် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် AI အသုံးပြုမှု တိုးလာပါက စွမ်းအင်သုံးစွဲမှု မြင့်တက်လာနိုင်ပါတယ်။
OpenAI နဲ့ မတူညီခြင်းက DeepSeek ဟာ သူ့မော်ဒယ်ရဲ့ အဓိကအစိတ်အပိုင်းများကို ပွင့်လင်းမြင်သာစွာ မျှဝေခဲ့ပြီး အခြားသူများကို လေ့လာရန်နဲ့ ပိုမိုကောင်းမွန်အောင် ပူးပေါင်းစေခဲ့ပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေး ဆိုင်ရာ ဒေတာနဲ့ ကုဒ်အပြည့်အစုံမျိုးလို အသေးစိတ်အချက်အလက်အချို့ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
DeepSeek ရဲ့ အောင်မြင်မှုဟာ အားကောင်းတဲ့ AI တစ်ခုကို တည်ဆောက်ရာမှာ ကြီးမားတဲ့ အရင်းအမြစ်များ မလိုအပ်ကြောင်း သက်သေပြသလို ရှိပါတယ်။ AI ပြိုင်ဆိုင်မှုမှာ ပိုမိုသေးငယ်သော ကုမ္ပဏီများ ဝင်ရောက်လာ ခြင်းအားဖြင့် အမေရိကန်နည်းပညာကုမ္ပဏီကြီးများရဲ့ လွှမ်းမိုးမှုကို ချိုးဖျက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပါ လိမ့်မယ် DeepSeek ဟာ အမေရိကန် AI လောကအတွက် “တပ်လှန့်သံ” ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထ ရမ့်က ပြောခြင်းဖြစ်ပါလိမ့်မယ်။
Nvidia ရဲ့ စတော့ရှယ်ယာများ ဈေးကျဆင်းနေပေမယ့် နိုင်ငံအသီးသီးတို့ရဲ့ အစိုးရများနဲ့ စီးပွားရေး လုပ်ငန်း များမှာ ပိုမိုအသုံးပြုလာသည်နဲ့အမျှ AI မိုက္ကရိုချစ်ပ်များအတွက် လိုအပ်ချက်ကလည်း တိုးလာမယ်လို့ မျှော် လင့်ရပါတယ်။ DeepSeek ရဲ့ အောင်မြင်မှုဟာ AI ဖွံ့ဖြိုးတိုးတက်မှုမှာ လှိုင်းသစ်တစ်ခုရဲ့ အစမျှသာရှိပါသေး တယ်လို့ “နယူးယောက်တိုင်းမ်” (2 February 2025) က ရေးပါတယ်။
DeepSeek ဟာ တရုတ်နိုင်ငံရဲ့ မြောက်များလှစွာသော ပုဂ္ဂလိက AI ကုမ္ပဏီငယ်များအနက် တစ်ခုသာလျှင် ဖြစ်ပါတယ်။ DeepSeek ရဲ့ အောင်မြင်မှုဟာ AI နည်းပညာမှာ တရုတ်က အနောက်အုပ်စုကို အလဲထိုးပွံဲ ဖြစ်နေပါတယ်။ ၂၀၁၇-ခုနှစ် ဉာဏ်ရည်တုကစားပွဲမှာ Google ကျောထောက်နောက်ခံပြု Alpha Go “အယ်လ် ဖာ_ဂိုး” AI ဟာ တရုတ်နဲ့ တောင်ကိုရီးယားကို အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ ၂၀၃၀-ခုနှစ်အရောက် AI ကမ္ဘာကို ဦးဆောင်သူဖြစ်ရေး တရုတ်ခေါင်းဆောင်များက ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ခဲ့ပါတယ်။ “တရုတ်နိုင်ငံ တော်ကို နည်းပညာကွပ်ကဲမှုတို့ရဲံ့ အထွဋ်အထိပ်” ဖြစ်အောင် သိမ်းပိုက်ရေး ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ သြဝါဒ လမ်းညွှန်ချက်အတိုင်းဖြစ်ပါတယ်။ တရုတ်ပြည်စီးပွားရေးကို အရစ်ကျအကြွေးစနစ် အိမ်ခြံမြေဈေးကွက်နဲ့ ပေါ ချောင်ကောင်းပစ္စည်းများ လုပ်ရောင်းတဲ့အဆင့်မှ စူပါကွန်ပျူတာများနဲ့ အစိမ်းရောင်စွမ်းအင်တို့လို အဆင့် မြင့်နည်းပညာများနဲ့ အစားထိုးရန်ဖြစ်ပါတယ်။ AI ဟာ ချမ်းသာနိုင်ငံများနဲ့ သူဋ္ဌေးတစ်စုတို့ရဲ့ လက်ကသုံး တောင်ဝှေးမဖြစ်စေရပဲ ဖွံ့ဖြိုးဆဲတိုင်းပြည်တို့ရဲ့ မိတ်ဖက်ဖြစ်ရေးကို ရည်မှန်းခဲ့ပါတယ်. ပြည်တွင်း နည်းပညာ ဆိုင်ရာကုမ္ပဏီများနဲ့ အစွမ်းအစရှိ စိတ်ဝင်စားသော်လည်း ငွေကြေးမတတ်နိုင်သူများကို ယွမ်ငွေ ဘီလီယံချီ ထောက်ပံ့ပေးခြင်းဖြင့် DeepSeek လို ကုမ္ပဏီငယ်များ ပေါ်ထွန်းလာရခြင်းဖြစ်ပါတယ်။
လောလောဆယ်မှာတော့ DeepSeek ဟာ တရုတ်အစိုးရထံမှ အထောက်အပံ့ရယူတယ်လို့ အထင်အရှား မ တွေ့ရသေးပါဘူး၊ AI ဆိုတာ ဈေးသက်သာပြီး လူတိုင်းလက်လှမ်းမီနိုင်ကြောင်း တရုတ်နိုင်ငံကိုယ်စား သက် သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောင်တစ်ချိန် DeepSeek အပေါ် တရုတ်ကွန်မြူနစ်ပါတီက ချုပ်ကိုင်လာမလား ဆိုတာ ဘယ်သူမှ တိကျသေချာ မပြောနိုင်ပါဘူး။ လောလောဆယ်မှာတော့ DeepSeek ဟာ တရုတ်နဲ့ အ နောက်အုပ်စုတို့ရဲ့ ဉာဏ်ရည်တုနည်းပညာ အားပြိုင်ပွဲ နှစ်ဖက်ဒါးသွားပေါ်မှာ လမ်းလျှောက်နေသလို ရှိပါ တယ်။
.
#HtayOung, #OungMarine #Artificial_Intellegence #America #DeepSeek #ChatGPT #fyp
Zawgyi Version:
DeepSeek သည္ အေမရိကန္ကတားျမစ္ထားသည့္ မကၠ႐ိုခ်စ္ပ္မ်ားကို ခိုးယူတည္ေဆာက္ထားျခင္း မွန္ကန္ပါ သလား
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၃
Nvidia ရဲ႕ A100 GPUs မ်ိဳးလို အဆင့္ျမင့္ မကၠ႐ိုခ်စ္ပ္မ်ား တ႐ုတ္ႏိုင္ငံတင္ပို႔မႈကို အေမရိကန္အစိုးရက တားျမစ္ ကန႔္သတ္ထားပါတယ္။ တ႐ုတ္ဉာဏ္ရည္တုနည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ DeepSeek ဟာ ကိုယ္ပိုင္ ေမာ္ဒယ္ မ်ား တီထြင္မႈရဲ႕ရလဒ္ျဖစ္ပါတယ္။ ပိတ္ဆို႔မႈမ်ားမတိုင္မီ DeepSeek တည္ေထာင္သူ “လ်န္ဝမ္ဖန္း” ဟာ Nvidia A100 GPU ေပါင္း ၁၀,၀၀၀ ခန႔္ကို သိုေလွာင္ထားခဲ့တယ္လိုလည္း ဆိုပါတယ္။ အဲဒီလို ႀကိဳတင္ ဝယ္ယူထားမိတဲ့ အတြက္ DeepSeek ဟာ အိမ္ျဖဴေတာ္ခ်မွတ္ထားတဲ့ကန႔္သတ္ခ်က္မ်ားကို ခ်ိဳးေဖာက္ရာ မေရာက္ပဲ AI ေမာ္ဒယ္ မ်ားကို တည္ေဆာက္ႏိုင္ျခင္းျဖစ္ပါတယ္။ အဲဒါေၾကာင့္၊ DeepSeek ဟာ အေမရိကန္က တားျမစ္ထားတဲ့ မကၠ႐ိုခ်စ္ ပ္မ်ားကို ခိုးယူ (သို႔မဟုတ္) မတရားသျဖင့္ အသုံးျပဳခဲ့တယ္လို႔ ေျပာလို႔မရေၾကာင္း BBC က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္က ေရးသားခဲ့ပါတယ္။
ဒီေနရာမွာ AI ျမန္မာမ်ားနားလည္ၾကၿပီးျဖစ္တဲ့ ‘ဉာဏ္ရည္တုနည္းပညာ’ အေၾကာင္း ေျပာရမယ္ဆိုလွ်င္ “AI ဆိုတာ လူလုပ္ထာ လူကထည့္ေပးမွ လုပ္တတ္ထာ” ဆိုတဲ့ ေလွနံဒါးထစ္ ဆရာႀကီးမ်ားကို အရင္ဆုံး ေဘး ခ်ိတ္ထားရပါလိမ့္မယ္။ အဲဒီလိုမွမဟုတ္ရင္ ေခတ္လြန္႐ူပေဗဒနဲ႔ အဲ့ဒီက အက်ိဳးအျမတ္ထုတ္ယူေရးမွာ ေထာ္ေလာ္ ကန႔္လန႔္ျဖစ္ရပါလိမ့္မယ္။
လူက တည္ေဆာက္ထားျခင္း တူေပမယ့္ AI ဆိုတာ Robot စက္႐ုပ္ မဟုတ္ပါဘူး၊ “AI ” ဆိုတာ လူသားတို႔ရဲ႕ ဉာဏ္ရည္ကို တုပၿပီး သတင္း-အခ်က္အလက္မ်ားကို စီမံေဆာင္႐ြက္ျခင္း၊ သင္ယူျခင္း ျပဳႏိုင္ယုံမက ကိုယ္တိုင္ ဆုံးျဖတ္ခ်က္မ်ားခ်ႏိုင္ရန္ ေဆာ့ဖ္ဝဲထည့္သြင္းထားတဲ့ ႐ုပ္ဝတၱဳပစၥည္းျဖစ္ပါတယ္။ AI ေတြဟာ သူ “ၾကားရ” “ဖတ္ရႈ႕” ရတဲ့သတင္းနဲ႔ အခ်က္အလက္မ်ားကို မွတ္သားႏိုင္ပါတယ္။
အဲဒီသတင္း-အခ်က္အလက္ေတြကို သူ႔ဖာသာ စိစစ္သုံးသပ္ၿပီး ရလဒ္အေျဖကို လိုအပ္တဲ့အခါ တစ္မဟုတ္ခ်င္း ျပန္လည္ ထုတ္ျပ/အေျဖေပးႏိုင္ပါတယ္။ ႐ိုေဘာ့တစ္ခုဟာ ဘက္ထရီအားကုန္ရင္ အလုပ္မလုပ္ႏိုင္ပဲ ရပ္တန႔္သြား ပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီစက္႐ုပ္မွာ AI ကို ထည့္သြင္းထားရင္ Cybot (ဆိုက္ဘာနက္တစ္ စက္႐ုပ္) နဲ႔ Cyborg (ဆိုက္ဘာနက္တစ္ ဇီဝ႐ုပ္) ျဖစ္သြားၿပီး လွ်ပ္စစ္ပလပ္ေပါက္ ရွိတဲ့ေနရာ သူ႔ဖာသာရွာေဖြ သူ႔ဖာသာ အားသြင္းပါ လိမ့္မယ္။ ဒီေန႔ အထိ AI ေတြဟာ ၾကားျခင္းနဲ႔ ဖတ္ရႈ႕ျခင္း နည္းလမ္းႏွစ္မ်ိဳးနဲ႔ သင္ယူေနတယ္လို႔ ထင္မွတ္ ရပါတယ္။ “ျမင္ႏိုင္” “အနံ႔ခံႏိုင္” သလားဆိုတာ မသိရပါဘူး။ ဒါေပမယ့္ အဲဒီလိုျဖစ္လာေနၿပီလို႔ AI ေတြ ကိုယ္တိုင္ က ဝန္ခံပါတယ္။ AI နဲ႔ လူသားအၾကား အျပန္အလွန္ဆက္သြယ္ျခင္းကို ChatBot “ခ်တ္ေဘာ့” လုပ္တယ္လို႔ ေခၚပါတယ္။
AI တို႔ကို လူသားတို႔နဲ႔ ပတ္သက္တဲ့သတင္းေတြအခ်က္အလက္ေတြ အမူအက်င့္ေတြ သင္ၾကားေပးေနသူက အဲဒီ AI ေတြကို အခမဲ့ျဖစ္ေစ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အသုံးျပဴေနတဲ့ မိတ္ေဆြတို႔ ကြၽန္ေတာ္တို႔ကိုယ္တိုင္ပဲျဖစ္ပါတယ္။
အသက္ ၄၀ အ႐ြယ္ တ႐ုတ္လူမ်ိဳး လ်န္ဝမ္ဖန္း ပူးတြဲတည္ေထာင္တဲ့ DeepSeek ဟာ နည္းပညာ ေလာက တစ္ခုလုံးကို တုန္လႈပ္ေစခဲ့ပါတယ္။ အေမရိကန္ iOS နယ္ပယ္မွာ ေဒါင္းလုဒ္အမ်ားဆုံး အခမဲ့အက္ပ္ျဖစ္တဲ့ ChatGPT ကို လ်င္ျမန္စြာ ေက်ာ္တက္သြားၿပီး AI နည္းပညာမိုက္က႐ိုခ်စ္ပ္မ်ားနဲ႔ ဂရပ္ဖစ္ကတ္မ်ား ထုတ္လုပ္ ေနတဲ့ Nvidia ဆိုရင္ တစ္ရက္တည္းမွာပဲ ေဈးကြက္တန္ဖိုး ေဒၚလာ ၆၀၀ ဘီလီယံနီးပါးဆုံးရႈံးသြားရတယ္လို႔ သိရွိရပါတယ္။
DeepSeek ရဲ႕ ဉာဏ္ရည္တုေမာ္ဒယ္ R1 ဟာ OpenAI ရဲ႕ ေမာ္ဒယ္မ်ားနဲ႔ ယွဥ္ၿပိဳင္ႏိုင္ေလာက္တဲ့အထိ က်ိဳး ေၾကာင္း ဆင္ျခင္ႏိုင္စြမ္းရွိၿပီး တည္ေဆာက္အသုံးျပဳရန္ အေတာ္ေဈးသက္သာပါတယ္။ GPT-4 ျဖစ္လာဖို႔ ေဒၚလာ သန္း ၁၀၀ ေက်ာ္ကုန္က်ခဲ့ရေပမယ့္ DeepSeek R1 ကေတာ့ ေဒၚလာ ၆ သန္းေအာက္သာ ကုန္က် ေၾကာင္း သိရွိရပါတယ္။ ဒီလိုျဖစ္လာဖို႔ DeepSeek ဟာ သင္ယူေလ့လာခ်ိန္နဲ႔ မွတ္ဉာဏ္အသုံးျပဳမႈကို ေလွ်ာ့ ခ်ရန္အတြက္ ထိေရာက္တဲ့ ကြန္ပ်ဴတာနည္းပညာမ်ားကို အသုံးျပဳခဲ့ေၾကာင္း ေတြရွိရပါတယ္။ အေမရိကန္အစိုး ရက ပိတ္ပင္ျခင္းမတိုင္မီ ပို႔ကုန္သတ္မွတ္အရ ခြင့္ျပဳထားခ်ိန္ Nvidia H800 GPUs မိုံကၠ႐ိုခ်စ္ပ္ ၂,၀၀၀ ခန႔္နဲ႔ ဖန္တီးထားပါတယ္။
အငယ္စားေမာ္ဒယ္လ္ေတြဟာ မတူညီတဲ့ အလုပ္မ်ားကို ကိုင္တြယ္ေျဖရွင္းရန္ "ကြၽမ္းက်င္သူမ်ားက ေပါင္းစပ္" နည္းပညာကို အားကိုးထားပါတယ္။ အျခား အေနာက္အုပ္စု AI မ်ားထက္ ေလ့က်င့္ခ်ိန္နာရီေပါင္းမ်ားစြာကို ေလ်ာ့ခ်ႏိုင္ပါတယ္။ AI ေမာ္ဒယ္အားလုံးတို႔ဟာ လွ်ပ္စစ္နဲ႔ အေအးခံဖို႔ ေရအေျမာက္အျမားကို အသုံးျပဳရတဲ့ အတြက္ ေရရွည္မွာ ကာဗြန္ထုတ္လႊတ္မႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမွာကို စိုးရိမ္ေနၾကပါတယ္။ ChatGPT ရဲ႕ လစဥ္ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္မႈဟာ တန္ခ်ိန္ ၂၆၀ ေက်ာ္ရွိပါတယ္။ အဲ့ဒီပမာဏဟာ လန္ဒန္-နယူေယာက္ ေလေၾကာင္းခရီးစဥ္ ၂၆၀ တို႔က ထုတ္လႊတ္မႈနဲ႔ ညီမွ်ပါတယ္။ DeepSeek ရဲ႕ လုပ္ ေဆာင္ပုံအဆင့္ဆင့္ဟာ စြမ္းအင္ျဖဳန္းတီးမႈကို ေလွ်ာ့ခ်ရန္ ကူညီေပးႏိုင္ပါတယ္။ ဒါေပမယ့္ AI အသုံးျပဳမႈ တိုးလာပါက စြမ္းအင္သုံးစြဲမႈ ျမင့္တက္လာႏိုင္ပါတယ္။
OpenAI နဲ႔ မတူညီျခင္းက DeepSeek ဟာ သူ႔ေမာ္ဒယ္ရဲ႕ အဓိကအစိတ္အပိုင္းမ်ားကို ပြင့္လင္းျမင္သာစြာ မွ်ေဝခဲ့ၿပီး အျခားသူမ်ားကို ေလ့လာရန္နဲ႔ ပိုမိုေကာင္းမြန္ေအာင္ ပူးေပါင္းေစခဲ့ပါတယ္။ ဒါေပမယ့္ ေလ့က်င့္ေရး ဆိုင္ရာ ေဒတာနဲ႔ ကုဒ္အျပည့္အစုံမ်ိဳးလို အေသးစိတ္အခ်က္အလက္အခ်ိဳ႕ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။
DeepSeek ရဲ႕ ေအာင္ျမင္မႈဟာ အားေကာင္းတဲ့ AI တစ္ခုကို တည္ေဆာက္ရာမွာ ႀကီးမားတဲ့ အရင္းအျမစ္မ်ား မလိုအပ္ေၾကာင္း သက္ေသျပသလို ရွိပါတယ္။ AI ၿပိဳင္ဆိုင္မႈမွာ ပိုမိုေသးငယ္ေသာ ကုမၸဏီမ်ား ဝင္ေရာက္လာ ျခင္းအားျဖင့္ အေမရိကန္နည္းပညာကုမၸဏီႀကီးမ်ားရဲ႕ လႊမ္းမိုးမႈကို ခ်ိဳးဖ်က္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ျဖစ္ပါ လိမ့္မယ္ DeepSeek ဟာ အေမရိကန္ AI ေလာကအတြက္ “တပ္လွန႔္သံ” ျဖစ္တယ္လို႔ သမၼတ ေဒၚနယ္ထ ရမ့္က ေျပာျခင္းျဖစ္ပါလိမ့္မယ္။
Nvidia ရဲ႕ စေတာ့ရွယ္ယာမ်ား ေဈးက်ဆင္းေနေပမယ့္ ႏိုင္ငံအသီးသီးတို႔ရဲ႕ အစိုးရမ်ားနဲ႔ စီးပြားေရး လုပ္ငန္း မ်ားမွာ ပိုမိုအသုံးျပဳလာသည္နဲ႔အမွ် AI မိုကၠ႐ိုခ်စ္ပ္မ်ားအတြက္ လိုအပ္ခ်က္ကလည္း တိုးလာမယ္လို႔ ေမွ်ာ္ လင့္ရပါတယ္။ DeepSeek ရဲ႕ ေအာင္ျမင္မႈဟာ AI ဖြံ႕ၿဖိဳးတိုးတက္မႈမွာ လႈိင္းသစ္တစ္ခုရဲ႕ အစမွ်သာရွိပါေသး တယ္လို႔ “နယူးေယာက္တိုင္းမ္” (2 February 2025) က ေရးပါတယ္။
DeepSeek ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ေျမာက္မ်ားလွစြာေသာ ပုဂၢလိက AI ကုမၸဏီငယ္မ်ားအနက္ တစ္ခုသာလွ်င္ ျဖစ္ပါတယ္။ DeepSeek ရဲ႕ ေအာင္ျမင္မႈဟာ AI နည္းပညာမွာ တ႐ုတ္က အေနာက္အုပ္စုကို အလဲထိုးပြံဲ ျဖစ္ေနပါတယ္။ ၂၀၁၇-ခုႏွစ္ ဉာဏ္ရည္တုကစားပြဲမွာ Google ေက်ာေထာက္ေနာက္ခံျပဳ Alpha Go “အယ္လ္ ဖာ_ဂိုး” AI ဟာ တ႐ုတ္နဲ႔ ေတာင္ကိုရီးယားကို အႏိုင္ယူခဲ့ပါတယ္။ အဲ့ဒီႏွစ္မွာပဲ ၂၀၃၀-ခုႏွစ္အေရာက္ AI ကမာၻကို ဦးေဆာင္သူျဖစ္ေရး တ႐ုတ္ေခါင္းေဆာင္မ်ားက ရဲဝံ့ျပတ္သားစြာ ဆုံးျဖတ္ခဲ့ပါတယ္။ “တ႐ုတ္ႏိုင္ငံ ေတာ္ကို နည္းပညာကြပ္ကဲမႈတို႔ရဲံ့ အထြဋ္အထိပ္” ျဖစ္ေအာင္ သိမ္းပိုက္ေရး ေခါင္းေဆာင္ ရွီက်င့္ဖ်င္ရဲ႕ ၾသဝါဒ လမ္းၫႊန္ခ်က္အတိုင္းျဖစ္ပါတယ္။ တ႐ုတ္ျပည္စီးပြားေရးကို အရစ္က်အေႂကြးစနစ္ အိမ္ၿခံေျမေဈးကြက္နဲ႔ ေပါ ေခ်ာင္ေကာင္းပစၥည္းမ်ား လုပ္ေရာင္းတဲ့အဆင့္မွ စူပါကြန္ပ်ဴတာမ်ားနဲ႔ အစိမ္းေရာင္စြမ္းအင္တို႔လို အဆင့္ ျမင့္နည္းပညာမ်ားနဲ႔ အစားထိုးရန္ျဖစ္ပါတယ္။ AI ဟာ ခ်မ္းသာႏိုင္ငံမ်ားနဲ႔ သူေ႒းတစ္စုတို႔ရဲ႕ လက္ကသုံး ေတာင္ေဝွးမျဖစ္ေစရပဲ ဖြံ႕ၿဖိဳးဆဲတိုင္းျပည္တို႔ရဲ႕ မိတ္ဖက္ျဖစ္ေရးကို ရည္မွန္းခဲ့ပါတယ္. ျပည္တြင္း နည္းပညာ ဆိုင္ရာကုမၸဏီမ်ားနဲ႔ အစြမ္းအစရွိ စိတ္ဝင္စားေသာ္လည္း ေငြေၾကးမတတ္ႏိုင္သူမ်ားကို ယြမ္ေငြ ဘီလီယံခ်ီ ေထာက္ပံ့ေပးျခင္းျဖင့္ DeepSeek လို ကုမၸဏီငယ္မ်ား ေပၚထြန္းလာရျခင္းျဖစ္ပါတယ္။
ေလာေလာဆယ္မွာေတာ့ DeepSeek ဟာ တ႐ုတ္အစိုးရထံမွ အေထာက္အပံ့ရယူတယ္လို႔ အထင္အရွား မ ေတြ႕ရေသးပါဘူး၊ AI ဆိုတာ ေဈးသက္သာၿပီး လူတိုင္းလက္လွမ္းမီႏိုင္ေၾကာင္း တ႐ုတ္ႏိုင္ငံကိုယ္စား သက္ ေသျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာင္တစ္ခ်ိန္ DeepSeek အေပၚ တ႐ုတ္ကြန္ျမဴနစ္ပါတီက ခ်ဳပ္ကိုင္လာမလား ဆိုတာ ဘယ္သူမွ တိက်ေသခ်ာ မေျပာႏိုင္ပါဘူး။ ေလာေလာဆယ္မွာေတာ့ DeepSeek ဟာ တ႐ုတ္နဲ႔ အ ေနာက္အုပ္စုတို႔ရဲ႕ ဉာဏ္ရည္တုနည္းပညာ အားၿပိဳင္ပြဲ ႏွစ္ဖက္ဒါးသြားေပၚမွာ လမ္းေလွ်ာက္ေနသလို ရွိပါ တယ္။
.
#HtayOung, #OungMarine #Artificial_Intellegence #America #DeepSeek #ChatGPT #fyp