ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် တောရိုင်းတိရစ္ဆာန်များ ကို ကင်မရာထောင်ချောက် ၂၄ လုံးဖြင့် မှတ်တမ်းတင်ပြုစုနေ
379
Pearl (NP News) - ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ၊ ခန္တီးမြို့နယ် နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို မှတ်တမ်းတင်စာရင်းပြုစုနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို ပြီးခဲ့သည့် ဒီဇင်ဘာလမှ လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ရက် ၉၀ ကြာ ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ မှတ်တမ်းတင်စာရင်းပြုစုမည်ဖြစ်ပြီး ကင်မရာထောင်ချောက်များ ဖြုတ်သိမ်းစစ်ဆေးသောအခါ တောရိုင်းတိရစ္တာန်မျိုးစိတ်များ၏ ထူးခြားမှုများကို သိရှိရမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်ကလည်း အဆိုပါဘေးမဲ့တောအတွင်း၌ ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ တောရိုင်းတိရစ္ဆာန်များ သွားလာကျက်စားမှုကို စောင့်ကြည့်ခဲ့ရာ ဘင်္ဂလားကျား၊ မလေးရှားနှင့် ဟိမဝန္တာဝက်ဝံမျိုးစိတ် ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်၊ ပြောင်နှင့် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ရင်ဘတ်တွင် အဖြူရောင်ဗွီပုံသဏ္ဌာန်ရှိသည့် ဟိမဝန္တာဝက်ဝံနှင့် ရင်ဘတ်တွင် အဖြူရောင်ယူပုံသဏ္ဌာန်ရှိသည့် မလေးရှားဝက်ဝံမျိုးစိတ်နှစ်မျိုး ရှင်သန်ကျက်စားလျက်ရှိသည်။
အဆိုပါထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ၈ မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး တည်ရှိနေသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာတွေ့ရှိရသည့် ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များလည်း တည်ရှိနေကြောင်း သိရသည်။
ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၁၉၇၄ ခုနှစ် မေလတွင် သတ်မှတ်ခဲ့ပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
Zawgyi Version;
ထမံသီေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာရွိ ရွားပါးစာရင္းဝင္ ေတာ႐ိုင္းတိရစာၦန္မ်ား၏ က်က္စားေနထိုင္မႈကို ကင္မရာေထာင္ေခ်ာက္ ၂၄ လုံးျဖင့္ မွတ္တမ္းတင္စာရင္းျပဳစုေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
စစ္ကိုင္းတိုင္းေဒသႀကီး ၊ ခႏၲီးၿမိဳ႕နယ္ ႏွင့္ ဟုမၼလင္းၿမိဳ႕နယ္အတြင္းတည္ရွိသည့္ ထမံသီေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာရွိ ရွားပါးစာရင္းဝင္ ဘဂၤလားက်ား၊ ဝက္ဝံမ်ိဳးစိတ္ႏွင့္ ေတာ႐ိုင္းတိရစာၦန္မ်ား၏ က်က္စားေနထိုင္မႈကို မွတ္တမ္းတင္စာရင္းျပဳစုေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ေတာ႐ိုင္းတိရစာၦန္မ်ား၏ က်က္စားေနထိုင္မႈကို ၿပီးခဲ့သည့္ ဒီဇင္ဘာလမွ လာမည့္ ေဖေဖာ္ဝါရီလ ဒုတိယပတ္အထိ ရက္ ၉၀ ၾကာ ကင္မရာေထာင္ေခ်ာက္ ၂၄ လုံးတပ္ဆင္၍ မွတ္တမ္းတင္စာရင္းျပဳစုမည္ျဖစ္ၿပီး ကင္မရာေထာင္ေခ်ာက္မ်ား ျဖဳတ္သိမ္းစစ္ေဆးေသာအခါ ေတာ႐ိုင္းတိရစၱာန္မ်ိဳးစိတ္မ်ား၏ ထူးျခားမႈမ်ားကို သိရွိရမည္ျဖစ္ေၾကာင္း သိရသည္။
ယမန္ႏွစ္ကလည္း အဆိုပါေဘးမဲ့ေတာအတြင္း၌ ကင္မရာေထာင္ေခ်ာက္ ၂၄ လုံးတပ္ဆင္၍ ေတာ႐ိုင္းတိရစာၦန္မ်ား သြားလာက်က္စားမႈကို ေစာင့္ၾကည့္ခဲ့ရာ ဘဂၤလားက်ား၊ မေလးရွားႏွင့္ ဟိမဝႏၲာဝက္ဝံမ်ိဳးစိတ္ ဆင္၊ အင္းက်ား၊ ေၾကာင္မ်ိဳးစိတ္၊ ေျပာင္ႏွင့္ ရွားပါးမ်ိဳးစိတ္ ၂၅ မ်ိဳးကို မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသည္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး ကမာၻ႔ရွားပါးစာရင္းဝင္ ဘဂၤလားက်ား၊ ရင္ဘတ္တြင္ အျဖဴေရာင္ဗြီပုံသဏၭာန္ရွိသည့္ ဟိမဝႏၲာဝက္ဝံႏွင့္ ရင္ဘတ္တြင္ အျဖဴေရာင္ယူပုံသဏၭာန္ရွိသည့္ မေလးရွားဝက္ဝံမ်ိဳးစိတ္ႏွစ္မ်ိဳး ရွင္သန္က်က္စားလ်က္ရွိသည္။
အဆိုပါထမံသီေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာတြင္ ႏို႔တိုက္သတၱဝါ ၅၇ မ်ိဳး၊ ငွက္မ်ိဳးစိတ္ ၃၃၂ မ်ိဳး၊ ငါးမ်ိဳးစိတ္ ၆၇ မ်ိဳး၊ ကုန္းေန ေရေနႏွင့္ တြားသြားသတၱဝါ ၇၇ မ်ိဳး၊ အပင္မ်ိဳးစိတ္ ၄၃၂ မ်ိဳး၊ ေဆးဖက္ဝင္အပင္ ၁၉ မ်ိဳး၊ ဝါး ၁၄ မ်ိဳး၊ ႀကိမ္ ၈ မ်ိဳး၊ ေရေနပင္ ၂၃ မ်ိဳး၊ ျမက္ ၁၈ မ်ိဳးႏွင့္ သစ္ခြမ်ိဳးစိတ္ ၁၆ မ်ိဳး တည္ရွိေနသည့္အျပင္ တိုက္လိပ္အပါအဝင္ ျမန္မာႏိုင္ငံတြင္သာေတြ႕ရွိရသည့္ ရွားပါးေတာ႐ိုင္းတိရစာၦန္မ်ိဳးစိတ္မ်ားလည္း တည္ရွိေနေၾကာင္း သိရသည္။
ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအျဖစ္ ၁၉၇၄ ခုႏွစ္ ေမလတြင္ သတ္မွတ္ခဲ့ၿပီး ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ကာ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၈ ရက္တြင္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္ႀကီးအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္း သိရသည္။