သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အိမ်အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

 465

NP News ဖေ‌ဖေါ်ဝါရီ ၃ ရက်
အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ရောင်းချခဲ့သော သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အခန်းများကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
ယခင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းရောင်းချခဲ့သည့် အခန်းများ၏ချေးငွေနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား CHID Bank မှတဆင့်ဆောင်ရွက်ပြီးဖြစ်သောကြောင့် အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည် ဖြစ်သည်။
" ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်က ရောင်းချခဲ့ပြီးတဲ့သီလဝါနဲ့ ကနောင်မင်းသားအိမ်ရာအခန်းတွေရဲ့ ချေးငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CHID Bank ကနေဆောင်ရွက်ပြီးစီးလို့ ဌာနကို အမည်စာရင်းပေးပို့လာတာဖြစ်ပါတယ်။အဲအတွက် အခန်းဝယ်ယူခွင့် ရရှိထားသူတွေကို ယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှအရာရှိတစ်ဦးကပြောသည်။
ယာယီနေထိုင်ခွင့်များကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ရုံးချိန်အတွင်း ပြုလုပ်ပေးသွားမည်ဟုသိရသည်။
ယာယီနေထိုင်ခွင့်ထုတ်ယူမည့်သူများသည် ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူလိုအပ်ပြီး၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ များပါရှိရမည်ဟုသိရသည်။
အဆိုပါယာယီနေထိုင်ခွင့်အပေါ် အသေးစိတ်စုံစမ်းမည်ဆိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
သီလဝါအိမ်ရာသည် ရန်ကုန်တိုင်း‌ဒသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပြီး ကနောင်မင်းသားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ ယင်းအိမ်ရာတိုက်ခန်းများသည် တစ်ခန်းလျှင် သိန်း ၁၀၀ မှ သိန်း ၁၄၀ ကြား ပေါက်ဈေးဖြင့် နိုင်ငံတော်မှရောင်းချပေးနေခြင်းဖြစ်သည်။

Zawgyi Version:
သီလဝါႏွင့္ ကေနာင္မင္းသားအိမ္ရာမ်ားမွ အိမ္အခန္းမ်ားအား ယာယီေနထိုင္ခြင့္ထုတ္ေပးမည္
NP News ေဖ‌ေဖၚဝါရီ ၃ ရက္
အိမ္ရာေခ်းေငြလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းအျဖစ္ ေရာင္းခ်ခဲ့ေသာ သီလဝါႏွင့္ ကေနာင္မင္းသားအိမ္ရာမ်ားမွ အခန္းမ်ားကို ယာယီေနထိုင္ခြင့္ထုတ္ေပးသြားမည္ဟု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွသိရသည္။
ယခင္ ၂၀၂၄ ခုႏွစ္ ဇြန္လအတြင္းေရာင္းခ်ခဲ့သည့္ အခန္းမ်ား၏ေခ်းေငြႏွင့္ပတ္သက္သည့္လုပ္ငန္းစဥ္မ်ားအား CHID Bank မွတဆင့္ေဆာင္႐ြက္ၿပီးျဖစ္ေသာေၾကာင့္ အခန္းမ်ားအား ယာယီေနထိုင္ခြင့္ထုတ္ေပးသြားမည္ ျဖစ္သည္။
" ၂၀၂၄ ခုႏွစ္၊ ဇြန္ ၂၁ ရက္က ေရာင္းခ်ခဲ့ၿပီးတဲ့သီလဝါနဲ႔ ကေနာင္မင္းသားအိမ္ရာအခန္းေတြရဲ႕ ေခ်းေငြနဲ႔ပတ္သက္တဲ့လုပ္ငန္းေတြကို CHID Bank ကေနေဆာင္႐ြက္ၿပီးစီးလို႔ ဌာနကို အမည္စာရင္းေပးပို႔လာတာျဖစ္ပါတယ္။အဲအတြက္ အခန္းဝယ္ယူခြင့္ ရရွိထားသူေတြကို ယာယီေနထိုင္ခြင့္ျပဳေပးသြားမွာျဖစ္ပါတယ္" ဟု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွအရာရွိတစ္ဦးကေျပာသည္။
ယာယီေနထိုင္ခြင့္မ်ားကို ေဖေဖာ္ဝါရီ ၄ ရက္ကေန ၁၄ ရက္အထိ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းရွိ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွာ ႐ုံးခ်ိန္အတြင္း ျပဳလုပ္ေပးသြားမည္ဟုသိရသည္။
ယာယီေနထိုင္ခြင့္ထုတ္ယူမည့္သူမ်ားသည္ ကိုယ္တိုင္ထုတ္ယူမည္ဆိုပါက မွတ္ပုံတင္မူရင္းႏွင့္မိတၱဴ၊သန္းေခါင္စာရင္းမိတၱဴလိုအပ္ၿပီး၊ ကိုယ္စားထုတ္ယူမည္ဆိုပါက ကိုယ္စားလွယ္လႊဲစာမူရင္း၊ ကာယကံရွင္ႏွင့္ ကိုယ္စားလွယ္၏ မွတ္ပုံတင္မူရင္းႏွင့္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ မ်ားပါရွိရမည္ဟုသိရသည္။
အဆိုပါယာယီေနထိုင္ခြင့္အေပၚ အေသးစိတ္စုံစမ္းမည္ဆိုပါက ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၌ ႐ုံးခ်ိန္အတြင္းဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
သီလဝါအိမ္ရာသည္ ရန္ကုန္တိုင္း‌ဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္တည္ရွိၿပီး ကေနာင္မင္းသားအိမ္ရာသည္ ရန္ကုန္တိုင္းေဒသႀကီး၊ဒဂုံၿမိဳ႕ဆိပ္ကမ္းၿမိဳ႕နယ္တြင္ တည္ရွိသည္။ ယင္းအိမ္ရာတိုက္ခန္းမ်ားသည္ တစ္ခန္းလွ်င္ သိန္း ၁၀၀ မွ သိန္း ၁၄၀ ၾကား ေပါက္ေဈးျဖင့္ ႏိုင္ငံေတာ္မွေရာင္းခ်ေပးေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.