ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEပြပွဲတွင် ဒီ‌ဂျစ်တယ်ဝန်ဆောင်မှုများပါဝင်လာ

 130

NP News ဖေ‌ဖေါ်ဝါရီ ၃ ရက်
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိကျင်းပသော ပြည်ထောင်စုအဆင့် MSME ပြပွဲတွင် ဒီ‌ဂျစ်တယ်ဝန်ဆောင်မှုများပါဝင်လာ ခြင်းဖြစ်သည်။
“ပြခန်းပေါင်း ၉၉ ခန်းရှိတဲ့အနက် ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းအမှတ် ၆ နဲ့ ၂၇ တို့မှာ ပြသသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြခန်း ၂၇ မှာ Digital Corner (ဒစ်ဂျစ်တယ်ကော်နာ) ဆိုပြီး MSME ဖွံ့ဖြိုးတိုးတက်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချဆောင်ရွက်မှုဆိုင်ရာပြကွက် ၁၆ ခုကို Naypyitaw State Polytechnic University အပါအဝင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်က တက္ကသိုလ်ကိုးခုက ဆရာနဲ့ကျောင်းသား ၃၆ ဦးက ပြသကြမှာဖြစ်ပါတယ်”ဟုနိုင်ငံပိုင်သတင်းစာများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကဖြေကြားသည်။
ယင်းပြကွက် ၁၆ ခုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်၊ ပို့ကုန်များဆိုင်ရာ (Smart Agriculture) ပြကွက်သုံးခု၊ ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ (e-Commerce) ပြကွက် သုံးခု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ (e-Service) ပြကွက်ငါးခုနှင့် MSME ကဏ္ဍကို ခြုံငုံသည့် ပြကွက်ငါးခု ပါဝင်ကြောင်းသိရသည်။
ဆက်လက်ပြီး နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုထားသည့် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု (Digital Innovation) များကို တစ်ပါတည်းလေ့လာကြည့်ရှုနိုင်ရန်စိစဥ်ထားကြောင်းသိရသည်။

ျပည္ေထာင္စုေန႔အထိမ္းအမွတ္ MSMEျပပြဲတြင္ ဒီ‌ဂ်စ္တယ္ဝန္ေဆာင္မႈမ်ားပါဝင္လာ
NP News ေဖ‌ေဖၚဝါရီ ၃ ရက္
ေနျပည္ေတာ္ ဥပၸါတသႏၲိေစတီေတာ္အနီးရွိ တေပါင္းကြင္း၌ ေဖေဖာ္ဝါရီ ၁၀ ရက္မွ ၁၄ ရက္အထိက်င္းပေသာ ျပည္ေထာင္စုအဆင့္ MSME ျပပြဲတြင္ ဒီ‌ဂ်စ္တယ္ဝန္ေဆာင္မႈမ်ားပါဝင္လာ ျခင္းျဖစ္သည္။
“ျပခန္းေပါင္း ၉၉ ခန္းရွိတဲ့အနက္ ကြၽန္ေတာ္တို႔ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနက ျပခန္းအမွတ္ ၆ နဲ႔ ၂၇ တို႔မွာ ျပသသြားဖို႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ျပခန္း ၂၇ မွာ Digital Corner (ဒစ္ဂ်စ္တယ္ေကာ္နာ) ဆိုၿပီး MSME ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဒစ္ဂ်စ္တယ္နည္းပညာကို အသုံးခ်ေဆာင္႐ြက္မႈဆိုင္ရာျပကြက္ ၁၆ ခုကို Naypyitaw State Polytechnic University အပါအဝင္ အဆင့္ျမင့္သိပၸံႏွင့္ နည္းပညာဦးစီးဌာနေအာက္က တကၠသိုလ္ကိုးခုက ဆရာနဲ႔ေက်ာင္းသား ၃၆ ဦးက ျပသၾကမွာျဖစ္ပါတယ္”ဟုႏိုင္ငံပိုင္သတင္းစာမ်ားသို႔ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ် ကေျဖၾကားသည္။
ယင္းျပကြက္ ၁၆ ခုတြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းမ်ားမွတဆင့္ ထုတ္ကုန္၊ ပို႔ကုန္မ်ားဆိုင္ရာ (Smart Agriculture) ျပကြက္သုံးခု၊ ဒစ္ဂ်စ္တယ္ ကူးသန္းေရာင္းဝယ္မႈဆိုင္ရာ (e-Commerce) ျပကြက္ သုံးခု၊ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈဆိုင္ရာ (e-Service) ျပကြက္ငါးခုႏွင့္ MSME က႑ကို ၿခဳံငုံသည့္ ျပကြက္ငါးခု ပါဝင္ေၾကာင္းသိရသည္။
ဆက္လက္ၿပီး ေနာက္ဆုံးေပၚ ဉာဏ္ရည္တုနည္းပညာ (AI) အပါအဝင္ ထြန္းသစ္စ ဒစ္ဂ်စ္တယ္နည္းပညာမ်ားအသုံးျပဳထားသည့္ ဒစ္ဂ်စ္တယ္ဆန္းသစ္တီထြင္မႈ (Digital Innovation) မ်ားကို တစ္ပါတည္းေလ့လာၾကည့္ရႈႏိုင္ရန္စိစဥ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.