ဆင်ဖြူဂိတ်မှတစ်ဆင့် စားသောက်ကုန်များသယ်ခွင့်ပေးထားသဖြင့် လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ရွာများ အသက်ရှူချောင်နေ

 263

ယွန်း (NP News )
ဆင်ဖြူဂိတ်မှတစ်ဆင့် စားသောက်ကုန်များကို သယ်ခွင့်ပေးထားခြင်းကြောင့် လက်နက်ကိုင်များ ထိန်းချုပ်ထား သည့် ရွာများအတွက် အသက်ရှူချောင်သည့် အနေအထား ရှိနေကြောင်း မူဆယ်မြို့ရှိဒေသခံ များထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၁)ရက်မှစ၍ မူဆယ် မြို့၊ ဆင်ဖြူဂိတ်မှယာဉ်ငယ်များဖြင့် ဒေသတွင်း ပြည်သူများအတွက် မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့်ငါးများကို ကညနမှ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့် ယာယီသယ် ဆောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့သယ်ဆောင်ခွင့်ပြုရာတွင် တုံကင်စနစ်ဖြင့် အလှည့်ကျသယ်ဆောင်ခွင့်ပေးခြင်းဖြစ်ပြီး တရုတ်နိုင်ငံနံပါတ် တပ် မော်တော်ဆိုင်ကယ်များနှင့် ခွင့်ပြုထားခြင်းမရှိသည့် ‌မော်တော်ဆိုင်ကယ်များဖြင့် ဈေးဝယ်ပစ္စည်း သယ်ဆောင်ခြင်း ကိုခွင့်မပြုခဲ့ပေ။
“ဆင်ဖြူပေါက်က ဖွင့်ထားတာတော့ကြာပြီ။ ဒါပေမဲ့ ဒီဇင်ဘာ(၁)ရက်မှာ ပစ္စည်းသယ်ခွင့်ကို ပုံစံပြောင်းလိုက် တာပေါ့။ ကိုဗစ်တတိယလှိုင်းပြီးကတည်းက ပြန်ဖွင့်တာ။ နန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း သုံးဂိတ်လုံးဖွင့်ပြီးတော့ နိုင်ငံရေး ဖြစ်စဉ်တွေပြောင်းလဲတော့ ပေါ်လစီတွေလည်းပြောင်းလဲလာတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို သူတို့ ထိန်းချုပ်တဲ့နေရာတွေကို ရိက္ခာတွေမရောက်အောင်ထိန်းချုပ် တဲ့ပုံစံမျိုးနဲ့ ဒီဇင်ဘာ(၁)ရက်ကနေ တုံကင်စနစ်နဲ့ လုပ်လိုက်တာပေါ့။ လူတစ်ဦးကိုတော့ (5 Kg) ပဲခွင့်ပြုတယ်။ လူနဲ့စစ်ဆေးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ် တွေ၊ ကားတွေကိုတော့တင်ခွင့်ပြုတယ်။ အဲဒီမှာလည်း အထူးစစ်ဆေးတဲ့အဖွဲ့တွေတော့ရှိတယ်။ အရင်လိုပဲ တုံကင်စနစ် နဲ့သယ်ခွင့် ပေးထားတာ။ အလှည့်ကျပေါ့” ဟု မူဆယ်မြို့ခံ သတင်းရင်းမြစ်တစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် စားသောက်ကုန်များကို ဆင်ဖြူဂိတ်မှဆက်လက်သယ်ယူခွင့်ပေးထားသည့်အတွက် လက်နက် ကိုင်များ ထိန်းချုပ်ထားသည့် မူဆယ်မြို့ပတ်ဝန်းကျင်ရှိ ရွာများအတွက် အသက်ရှူ ချောင်သွားသည့်အနေအထား တွင်ရှိကြောင်း သိရသည်။ “လက်ရှိမှာ‌တော့ စားသောက်ကုန်တွေကို ဆင်ဖြူဂိတ်ကနေပဲ အဓိကသယ်နေကြတာပေါ့။ အဓိကကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ပတ်ဝန်းကျင်ရွာတွေ၊ မြို့တွေအတွက် နည်းနည်း အသက်ရှူချောင်တာပေါ့။ ပစ္စည်းတွေ ဝယ်လို့ရတယ်၊ ဈေးနှုန်းတွေအဆင်ပြေသွားတာပေါ့။ စားသောက်ကုန်ပဲ အဓိကသယ်နေကြတယ်။ ဒါပေမဲ့ ကျန်တဲ့ဟာတွေကလည်း သယ်ခွင့်မပြုဘူးဆိုပေမယ့် တစ်ယောက်ကို တစ်ခုပဲသယ် လာရင် တောင် လူအယောက်(၅၀ဝ)ဆိုရင်တောင် အခု (၅၀ဝ)ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
မြောက်ပိုင်းသုံးဖွဲ့၏ (၁၀၂၇) ဟုဆိုသော စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ လုံခြုံရေးအခြေ အနေများကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းအပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်း ကြောင်းများ ပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှု များလည်း ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။

Zawgyi Version:
ဆင္ျဖဴဂိတ္မွတစ္ဆင့္ စားေသာက္ကုန္မ်ားသယ္ခြင့္ေပးထားသျဖင့္ လက္နက္ကိုင္မ်ား ထိန္းခ်ဳပ္ထားသည့္ ႐ြာမ်ား အသက္ရႉေခ်ာင္ေန

ဆင္ျဖဴဂိတ္မွတစ္ဆင့္ စားေသာက္ကုန္မ်ားကို သယ္ခြင့္ေပးထားျခင္းေၾကာင့္ လက္နက္ကိုင္မ်ား ထိန္းခ်ဳပ္ထား သည့္ ႐ြာမ်ားအတြက္ အသက္ရႉေခ်ာင္သည့္ အေနအထား ရွိေနေၾကာင္း မူဆယ္ၿမိဳ႕ရွိေဒသခံ မ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁)ရက္မွစ၍ မူဆယ္ ၿမိဳ႕၊ ဆင္ျဖဴဂိတ္မွယာဥ္ငယ္မ်ားျဖင့္ ေဒသတြင္း ျပည္သူမ်ားအတြက္ မီးဖိုေခ်ာင္သုံးအသီးအႏွံမ်ား၊ အသားႏွင့္ငါးမ်ားကို ကညနမွ မွတ္ပုံတင္ထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ဆိုင္ကယ္မ်ားျဖင့္ ယာယီသယ္ ေဆာင္ခြင့္ေပးခဲ့ျခင္းျဖစ္သည္။
ထိုသို႔သယ္ေဆာင္ခြင့္ျပဳရာတြင္ တုံကင္စနစ္ျဖင့္ အလွည့္က်သယ္ေဆာင္ခြင့္ေပးျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံနံပါတ္ တပ္ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ ခြင့္ျပဳထားျခင္းမရွိသည့္ ‌ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖင့္ ေဈးဝယ္ပစၥည္း သယ္ေဆာင္ျခင္း ကိုခြင့္မျပဳခဲ့ေပ။
“ဆင္ျဖဴေပါက္က ဖြင့္ထားတာေတာ့ၾကာၿပီ။ ဒါေပမဲ့ ဒီဇင္ဘာ(၁)ရက္မွာ ပစၥည္းသယ္ခြင့္ကို ပုံစံေျပာင္းလိုက္ တာေပါ့။ ကိုဗစ္တတိယလႈိင္းၿပီးကတည္းက ျပန္ဖြင့္တာ။ နန္းေတာ္၊ ဆင္ျဖဴ၊ မန႔္ဝိန္း သုံးဂိတ္လုံးဖြင့္ၿပီးေတာ့ ႏိုင္ငံေရး ျဖစ္စဥ္ေတြေျပာင္းလဲေတာ့ ေပၚလစီေတြလည္းေျပာင္းလဲလာတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြဆီကို သူတို႔ ထိန္းခ်ဳပ္တဲ့ေနရာေတြကို ရိကၡာေတြမေရာက္ေအာင္ထိန္းခ်ဳပ္ တဲ့ပုံစံမ်ိဳးနဲ႔ ဒီဇင္ဘာ(၁)ရက္ကေန တုံကင္စနစ္နဲ႔ လုပ္လိုက္တာေပါ့။ လူတစ္ဦးကိုေတာ့ (5 Kg) ပဲခြင့္ျပဳတယ္။ လူနဲ႔စစ္ေဆးတဲ့အဖြဲ႕တစ္ဖြဲ႕ရွိတယ္။ လိုင္စင္ရွိတဲ့ ဆိုင္ကယ္ ေတြ၊ ကားေတြကိုေတာ့တင္ခြင့္ျပဳတယ္။ အဲဒီမွာလည္း အထူးစစ္ေဆးတဲ့အဖြဲ႕ေတြေတာ့ရွိတယ္။ အရင္လိုပဲ တုံကင္စနစ္ နဲ႔သယ္ခြင့္ ေပးထားတာ။ အလွည့္က်ေပါ့” ဟု မူဆယ္ၿမိဳ႕ခံ သတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ စားေသာက္ကုန္မ်ားကို ဆင္ျဖဴဂိတ္မွဆက္လက္သယ္ယူခြင့္ေပးထားသည့္အတြက္ လက္နက္ ကိုင္မ်ား ထိန္းခ်ဳပ္ထားသည့္ မူဆယ္ၿမိဳ႕ပတ္ဝန္းက်င္ရွိ ႐ြာမ်ားအတြက္ အသက္ရႉ ေခ်ာင္သြားသည့္အေနအထား တြင္ရွိေၾကာင္း သိရသည္။ “လက္ရွိမွာ‌ေတာ့ စားေသာက္ကုန္ေတြကို ဆင္ျဖဴဂိတ္ကေနပဲ အဓိကသယ္ေနၾကတာေပါ့။ အဓိကကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ ထိန္းခ်ဳပ္တဲ့ ပတ္ဝန္းက်င္႐ြာေတြ၊ ၿမိဳ႕ေတြအတြက္ နည္းနည္း အသက္ရႉေခ်ာင္တာေပါ့။ ပစၥည္းေတြ ဝယ္လို႔ရတယ္၊ ေဈးႏႈန္းေတြအဆင္ေျပသြားတာေပါ့။ စားေသာက္ကုန္ပဲ အဓိကသယ္ေနၾကတယ္။ ဒါေပမဲ့ က်န္တဲ့ဟာေတြကလည္း သယ္ခြင့္မျပဳဘူးဆိုေပမယ့္ တစ္ေယာက္ကို တစ္ခုပဲသယ္ လာရင္ ေတာင္ လူအေယာက္(၅၀ဝ)ဆိုရင္ေတာင္ အခု (၅၀ဝ)ျဖစ္သြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ေျမာက္ပိုင္းသုံးဖြဲ႕၏ (၁၀၂၇) ဟုဆိုေသာ စစ္ဆင္ေရးေနာက္ပိုင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၏ လုံၿခဳံေရးအေျခ အေနမ်ားေၾကာင့္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ခ်င္းေ႐ႊေဟာ္ကုန္သြယ္ေရး စခန္းအပါအဝင္ အေရးပါသည့္ ကုန္သြယ္ေရးလမ္း ေၾကာင္းမ်ား ျပတ္ေတာက္ခဲ့ရၿပီး ကုန္စည္စီးဆင္းမႈ မ်ားလည္း ရပ္တန႔္ခဲ့ရျခင္းျဖစ္သည္။
ယြန္း
============

Related news

© 2021. All rights reserved.