သက်တမ်းကုန်ခါနီး မြန်မာလုပ်သား(၂)သန်းခန့်ထံမှ ဘတ် (၁၈၀ဝ) စီ ပိုကောက်မည့် ထိုင်းတို့အကြံ မြန်မာအစိုးရလက်မခံ

5980

ယွန်း ( NP News )
သက်တမ်းကုန်ခါနီး ထိုင်းရောက်မြန်မာလုပ်သား (၂)သန်းခန့်ထံမှ ဘတ်(၁၈၀ဝ)ပိုကောက်မည့် ကိစ္စကို မြန်မာအစိုးရဘက်ကလက်မခံကြောင်း ထိုင်းအခြေစိုက် မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများတွင် Passport ဖြင့် တရားဝင်သွားရောက်လုပ် ကိုင်သည့် MOU လုပ်သားများအပြင် တရားမဝင် သွားရောက်၍ CI ဖြင့် အလုပ်လုပ်ကိုင်နေသူများလည်း ရှိနေသည်။
၎င်းတို့အနက်မှ တရားဝင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများအနက် အလုပ် သမား(၂)သန်း နီးပါးသည် လာမည့်ဖေဖော်ဝါရီ (၁၃)ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း သိရသည်။
‘Work ပါမစ်နဲ့ ဗီဇာသက်တမ်းတိုးဖို့ပေါ့။ သက်တမ်းတိုးဖို့ကို အတိအကျဆို လူ(၁)သန်းနဲ့ (၇)သိန်းလောက်ရှိ တယ်။ တိုးဖို့ကို ထိုင်းဘက်နဲ့ ဗမာဘက်နဲ့ ပထမတော့ Pre MOU ဆိုပြီးတော့ MOU ပုံစံတစ်မျိုးပေါ့။ အဲဒီလိုမျိုး ပြောတဲ့အခါ ကျတော့ ထိုင်းဘက်က ပိုက်ဆံအပိုတွေ တောင်းတာ။ လာမယ့် (၂)လပိုင်း(၁၃)ရက်အကုန်ကုန်မှာ။ တစ် ယောက်မှမကျန်ဘူး။ ထိုင်းဘက်က နောက်ထပ် သက်တမ်း(၅)လထပ်တိုးပေးတယ်။ (၆)လပိုင်းအထိ ဖြစ်သွားတာ ပေါ့} ဟု ထိုင်းအခြေစိုက် မြန်မာသတင်း ရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ILO ဥပဒေနှင့်ညီစေရန်အတွက် ၎င်းတို့၏စက်ရုံ အလုပ်ရုံများ တွင်ရှိနေသည့် တရားမဝင် CI လုပ်သားများကိုလည်း တရားဝင်နှစ်နိုင်ငံအစိုးရ၏ အသိ အမှတ်ပြု MOU လုပ်သား များကဲ့သို့ ဖြစ်စေရေးကိုလည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်တမ်းပြန် တိုး မည့် တရားဝင် MOU လုပ်သားများ အပါအဝင် CI လုပ်သားများထံမှ ကုန်ကျစရိတ်အပြင် တစ်ဦး လျှင်ဘတ်(၁၈၀ဝ)ကို ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်(၁၈၀ဝ)ကို ထိုင်းအစိုးရနှင့် မြန်မာအလုပ်သမား သံအရာရှိတို့က ထိုင်းတွင်ဘတ်ငါးသန်းဖြင့် လိုင်စင်တင်ထားသည့် အေဂျင်စီများမှတစ်ဆင့် မြန်မာသံရုံးမှ ကောက်ခံ သည့် ခေါင်းစဉ်ဖြင့် ကောက်ရန် ကြိုးစားခြင်းဖြစ်သည်။ ၎င်းဘတ်(၁၈၀ဝ)ကို Namelist စစ်ရန်ပေးရသည့် သဘော မျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ရာ အဆိုပါကိစ္စကို မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိရှိသွားပြီးနောက် အဆိုပါကိစ္စသည် မြန်မာလုပ်သားများနှင့် နိုင်ငံတော်ကို ထိခိုက်နစ်နာနိုင်သည့်အတွက် မြန်မာ အစိုးရဘက်မှ လက်မခံကြောင်း သိရသည်။ အဆိုပါငွေကြေးများ သည် မြန်မာသံရုံးခေါင်းစဉ်ဖြင့် ကောက်ခံမည်ဆိုသော် လည်း မြန်မာအစိုးရ၏ဘဏ္ဍာငွေထဲသို့ ဝင်ရောက်နိုင် မည်မဟုတ်ဘဲ ထိုင်းအစိုးရ၊ အေဂျင်စီနှင့် လုပ်သံအ ရာရှိများမှ အလွဲသုံးစားမလုပ်ဟုလည်း မပြောနိုင်ပေ။ အဆိုပါကိစ္စကို မြန်မာအစိုးရဘက်မှလက်မခံကြောင်း သိရသည်။
‘သဘောမတူတာမဟုတ်ဘူး။ ထိုင်းဘက်ကလုပ် တဲ့ဟာတွေကြိုက်တာလုပ်ပါ။ သူတို့ဘာသာသူတို့ ဗီဇာနဲ့ Work Permit သက်တမ်းတိုးပေးတာသူတို့ကိစ္စ။ ဟုတ်တယ်မလား။ ငါတို့စာအုပ်သက်တမ်းတိုးတာ ငါတို့ကိစ္စ။
အဲဒီတော့ ငါတို့စာအုပ်သက်တမ်း တိုးပေးမယ်။ တိုးပေးတဲ့အထဲမှာ သူတို့ကပါလာမှာ။ MOU လုပ်မယ်ဆိုပြီး သူတို့က လာဝင်မှာ။ ဝင်လာတဲ့အခါ သူတို့က ပိုက်ဆံကောက်မှာ။ ဒီဘက်ကလည်းကောက်၊ ဟိုဘက်ကလည်းကောက်။ အဲဒီတော့ သူတို့ဘက်က ဗီဇာနဲ့ Work Permit တိုးမယ့်ကိစ္စက မင်းတို့ဘာသာ မင်းတို့ကြိုက်သလိုလုပ် ဒီထဲမှာ လာမရောနဲ့ ငါတို့က လည်း ငါတို့စာအုပ်သက်တမ်းတိုးပေးဖို့ကိစ္စ ငါတို့လုပ် မယ်ဆိုပြီး ဖြစ်နေတာ’ဟု ထိုင်းရောက် အခြား သတင်းရင်းမြစ်တစ်ဦးက ဆက်လက်ပြောသည်။
မြန်မာအစိုးရအနေဖြင့် ထိုသို့ဆောင်ရွက်လိုက်ခြင်းသည် မြန်မာလုပ်သားများအတွက် ထိခိုက်နစ်နာ ခြင်းမျိုး မရှိကြောင်း သိရသည်။ သက်တမ်းကုန်ခါနီး မြန်မာလုပ်သားတစ်ယောက်အနေဖြင့် သက်တမ်းတိုး မည်ဆိုပါက ကုန်ကျစရိတ်အမှန်မှာ ဘတ်(၄၀ဝဝ)ခန့်သာ ကုန်ကျမည်ဆိုသော်လည်း လက်ရှိတွင် ဘတ် (၁၀ဝဝဝ)အထက်တွင် ပေးဆောင်နေရကြောင်း သိရသည်။
Zawgyi Version:
သက္တမ္းကုန္ခါနီး ျမန္မာလုပ္သား(၂)သန္းခန႔္ထံမွ ဘတ္ (၁၈၀ဝ) စီ ပိုေကာက္မည့္ ထိုင္းတို႔အႀကံ ျမန္မာအစိုးရလက္မခံ
သက္တမ္းကုန္ခါနီး ထိုင္းေရာက္ျမန္မာလုပ္သား (၂)သန္းခန႔္ထံမွ ဘတ္(၁၈၀ဝ)ပိုေကာက္မည့္ ကိစၥကို ျမန္မာအစိုးရဘက္ကလက္မခံေၾကာင္း ထိုင္းအေျခစိုက္ ျမန္မာသတင္းရင္းျမစ္မ်ားထံမွ သိရသည္။
ထိုင္းႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသူမ်ားတြင္ Passport ျဖင့္ တရားဝင္သြားေရာက္လုပ္ ကိုင္သည့္ MOU လုပ္သားမ်ားအျပင္ တရားမဝင္ သြားေရာက္၍ CI ျဖင့္ အလုပ္လုပ္ကိုင္ေနသူမ်ားလည္း ရွိေနသည္။
၎တို႔အနက္မွ တရားဝင္ အလုပ္လုပ္ကိုင္ ေနၾကသည့္ ျမန္မာအလုပ္သမားမ်ားအနက္ အလုပ္ သမား(၂)သန္း နီးပါးသည္ လာမည့္ေဖေဖာ္ဝါရီ (၁၃)ရက္တြင္ အလုပ္လုပ္ကိုင္ခြင့္ (Work Permit) သက္တမ္းကုန္ဆုံး မည္ျဖစ္ေၾကာင္း သိရသည္။
‘Work ပါမစ္နဲ႔ ဗီဇာသက္တမ္းတိုးဖို႔ေပါ့။ သက္တမ္းတိုးဖို႔ကို အတိအက်ဆို လူ(၁)သန္းနဲ႔ (၇)သိန္းေလာက္ရွိ တယ္။ တိုးဖို႔ကို ထိုင္းဘက္နဲ႔ ဗမာဘက္နဲ႔ ပထမေတာ့ Pre MOU ဆိုၿပီးေတာ့ MOU ပုံစံတစ္မ်ိဳးေပါ့။ အဲဒီလိုမ်ိဳး ေျပာတဲ့အခါ က်ေတာ့ ထိုင္းဘက္က ပိုက္ဆံအပိုေတြ ေတာင္းတာ။ လာမယ့္ (၂)လပိုင္း(၁၃)ရက္အကုန္ကုန္မွာ။ တစ္ ေယာက္မွမက်န္ဘူး။ ထိုင္းဘက္က ေနာက္ထပ္ သက္တမ္း(၅)လထပ္တိုးေပးတယ္။ (၆)လပိုင္းအထိ ျဖစ္သြားတာ ေပါ့} ဟု ထိုင္းအေျခစိုက္ ျမန္မာသတင္း ရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံရွိ လုပ္ငန္းရွင္မ်ားအေနျဖင့္ ILO ဥပေဒႏွင့္ညီေစရန္အတြက္ ၎တို႔၏စက္႐ုံ အလုပ္႐ုံမ်ား တြင္ရွိေနသည့္ တရားမဝင္ CI လုပ္သားမ်ားကိုလည္း တရားဝင္ႏွစ္ႏိုင္ငံအစိုးရ၏ အသိ အမွတ္ျပဳ MOU လုပ္သား မ်ားကဲ့သို႔ ျဖစ္ေစေရးကိုလည္း ေဆာင္႐ြက္ရန္ စီစဥ္ေနေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ သက္တမ္းျပန္ တိုး မည့္ တရားဝင္ MOU လုပ္သားမ်ား အပါအဝင္ CI လုပ္သားမ်ားထံမွ ကုန္က်စရိတ္အျပင္ တစ္ဦး လွ်င္ဘတ္(၁၈၀ဝ)ကို ထပ္မံေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဘတ္(၁၈၀ဝ)ကို ထိုင္းအစိုးရႏွင့္ ျမန္မာအလုပ္သမား သံအရာရွိတို႔က ထိုင္းတြင္ဘတ္ငါးသန္းျဖင့္ လိုင္စင္တင္ထားသည့္ ေအဂ်င္စီမ်ားမွတစ္ဆင့္ ျမန္မာသံ႐ုံးမွ ေကာက္ခံ သည့္ ေခါင္းစဥ္ျဖင့္ ေကာက္ရန္ ႀကိဳးစားျခင္းျဖစ္သည္။ ၎ဘတ္(၁၈၀ဝ)ကို Namelist စစ္ရန္ေပးရသည့္ သေဘာ မ်ိဳးျဖင့္ ေကာက္ခံသြားမည္ျဖစ္ရာ အဆိုပါကိစၥကို ျမန္မာသံအမတ္ႀကီးႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား သိရွိသြားၿပီးေနာက္ အဆိုပါကိစၥသည္ ျမန္မာလုပ္သားမ်ားႏွင့္ ႏိုင္ငံေတာ္ကို ထိခိုက္နစ္နာႏိုင္သည့္အတြက္ ျမန္မာ အစိုးရဘက္မွ လက္မခံေၾကာင္း သိရသည္။ အဆိုပါေငြေၾကးမ်ား သည္ ျမန္မာသံ႐ုံးေခါင္းစဥ္ျဖင့္ ေကာက္ခံမည္ဆိုေသာ္ လည္း ျမန္မာအစိုးရ၏ဘ႑ာေငြထဲသို႔ ဝင္ေရာက္ႏိုင္ မည္မဟုတ္ဘဲ ထိုင္းအစိုးရ၊ ေအဂ်င္စီႏွင့္ လုပ္သံအ ရာရွိမ်ားမွ အလြဲသုံးစားမလုပ္ဟုလည္း မေျပာႏိုင္ေပ။ အဆိုပါကိစၥကို ျမန္မာအစိုးရဘက္မွလက္မခံေၾကာင္း သိရသည္။
‘သေဘာမတူတာမဟုတ္ဘူး။ ထိုင္းဘက္ကလုပ္ တဲ့ဟာေတြႀကိဳက္တာလုပ္ပါ။ သူတို႔ဘာသာသူတို႔ ဗီဇာနဲ႔ Work Permit သက္တမ္းတိုးေပးတာသူတို႔ကိစၥ။ ဟုတ္တယ္မလား။ ငါတို႔စာအုပ္သက္တမ္းတိုးတာ ငါတို႔ကိစၥ။
အဲဒီေတာ့ ငါတို႔စာအုပ္သက္တမ္း တိုးေပးမယ္။ တိုးေပးတဲ့အထဲမွာ သူတို႔ကပါလာမွာ။ MOU လုပ္မယ္ဆိုၿပီး သူတို႔က လာဝင္မွာ။ ဝင္လာတဲ့အခါ သူတို႔က ပိုက္ဆံေကာက္မွာ။ ဒီဘက္ကလည္းေကာက္၊ ဟိုဘက္ကလည္းေကာက္။ အဲဒီေတာ့ သူတို႔ဘက္က ဗီဇာနဲ႔ Work Permit တိုးမယ့္ကိစၥက မင္းတို႔ဘာသာ မင္းတို႔ႀကိဳက္သလိုလုပ္ ဒီထဲမွာ လာမေရာနဲ႔ ငါတို႔က လည္း ငါတို႔စာအုပ္သက္တမ္းတိုးေပးဖို႔ကိစၥ ငါတို႔လုပ္ မယ္ဆိုၿပီး ျဖစ္ေနတာ’ဟု ထိုင္းေရာက္ အျခား သတင္းရင္းျမစ္တစ္ဦးက ဆက္လက္ေျပာသည္။
ျမန္မာအစိုးရအေနျဖင့္ ထိုသို႔ေဆာင္႐ြက္လိုက္ျခင္းသည္ ျမန္မာလုပ္သားမ်ားအတြက္ ထိခိုက္နစ္နာ ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။ သက္တမ္းကုန္ခါနီး ျမန္မာလုပ္သားတစ္ေယာက္အေနျဖင့္ သက္တမ္းတိုး မည္ဆိုပါက ကုန္က်စရိတ္အမွန္မွာ ဘတ္(၄၀ဝဝ)ခန႔္သာ ကုန္က်မည္ဆိုေသာ္လည္း လက္ရွိတြင္ ဘတ္ (၁၀ဝဝဝ)အထက္တြင္ ေပးေဆာင္ေနရေၾကာင္း သိရသည္။
ယြန္း