ဖိလစ်ပိုင်နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံး

 230

Pika (NP News) - ဖေဖော်ဝါရီ ၃

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းပြည်နယ်တစ်ခုမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ အနီးမှာရှိတဲ့မြို့တစ်မြို့ကို ခရီးသည်တစ်ဦးကို ပို့ဆောင်ခဲ့ပြီးနောက် ပြန်လာတဲ့လမ်းမှာ ယခုလိုပျက်ကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းပိုင် လေးဦးလိုက်ပါလို့ရတဲ့ ရဟတ်ယာဉ်ဟာ မနီလာမြို့ကနေ Baguio မြို့ကို ထွက်ခွာ လာခဲ့တာဖြစ်ပြီး ခရီးသည်ကိုပို့ခဲ့ပြီးနောက် ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ မနီလာမြို့ကို အပြန်လမ်းခရီးမှာ ဆီဖြည့်ဖို့အတွက် Binalonan မြို့မှာရှိတဲ့ လေယာဉ်ကွင်းတစ်ခုကို ဆင်းသက်ခဲ့တယ်လို့လည်း သိရပါတယ်။
အမျိုးသမီးလေယာဉ်မှူးမောင်းနှင်လာတဲ့ရဟတ်ယာဉ်ဟာ ဆီဖြည့်အပြီးမှာ ပြန်လည်မထွက်ခွာမီ အင်ဂျင်ကို စက်နှိုးဖို့အတွက် အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့လည်း Binalonanလေဆိပ်တာဝန်ရှိသူတွေက မှတ်ချက်ပြု ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီရဟတ်ယာဉ်ဟာ Nueva Ecija ပြည်နယ် Guimba မြို့က ရွှံ့နွံဧရိယာ တစ်ခုအတွင်း ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် လေယာဉ်မှူးရဲ့ရုပ်အလောင်းကို ရွှံ့နွံထဲမှာ တစ်စိတ်တစ်ပိုင်းနစ်မြုပ်နေတဲ့ ရဟတ်ယာဉ်အပျက်အစီးတွေ ထဲကနေ ဆယ်ယူရရှိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောကြားခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်း အရင်းတွေကို လေကြောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စီးပ်က္က်ခဲ့ၿပီး ေလယာဥ္မႉး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၃

ဖိလစ္ပိုင္ႏိုင္ငံ ေျမာက္ပိုင္းျပည္နယ္တစ္ခုမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ရာ ေလယာဥ္မႉးတစ္ဦး ေသဆုံးခဲ့ တယ္လို႔ သိရပါတယ္။ အဲဒီရဟတ္ယာဥ္ဟာ အနီးမွာရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ကို ခရီးသည္တစ္ဦးကို ပို႔ေဆာင္ခဲ့ၿပီးေနာက္ ျပန္လာတဲ့လမ္းမွာ ယခုလိုပ်က္က်မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ျပည္တြင္းေလေၾကာင္းလိုင္းပိုင္ ေလးဦးလိုက္ပါလို႔ရတဲ့ ရဟတ္ယာဥ္ဟာ မနီလာၿမိဳ႕ကေန Baguio ၿမိဳ႕ကို ထြက္ခြာ လာခဲ့တာျဖစ္ၿပီး ခရီးသည္ကိုပို႔ခဲ့ၿပီးေနာက္ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီရဟတ္ယာဥ္ဟာ မနီလာၿမိဳ႕ကို အျပန္လမ္းခရီးမွာ ဆီျဖည့္ဖို႔အတြက္ Binalonan ၿမိဳ႕မွာရွိတဲ့ ေလယာဥ္ကြင္းတစ္ခုကို ဆင္းသက္ခဲ့တယ္လို႔လည္း သိရပါတယ္။
အမ်ိဳးသမီးေလယာဥ္မႉးေမာင္းႏွင္လာတဲ့ရဟတ္ယာဥ္ဟာ ဆီျဖည့္အၿပီးမွာ ျပန္လည္မထြက္ခြာမီ အင္ဂ်င္ကို စက္ႏႈိးဖို႔အတြက္ အခက္အခဲေတြနဲ႔ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း Binalonanေလဆိပ္တာဝန္ရွိသူေတြက မွတ္ခ်က္ျပဳ ေျပာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲဒီရဟတ္ယာဥ္ဟာ Nueva Ecija ျပည္နယ္ Guimba ၿမိဳ႕က ႐ႊံ႕ႏြံဧရိယာ တစ္ခုအတြင္း ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေလယာဥ္မႉးရဲ႕႐ုပ္အေလာင္းကို ႐ႊံ႕ႏြံထဲမွာ တစ္စိတ္တစ္ပိုင္းနစ္ျမဳပ္ေနတဲ့ ရဟတ္ယာဥ္အပ်က္အစီးေတြ ထဲကေန ဆယ္ယူရရွိခဲ့တယ္လို႔ ရဲအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီရဟတ္ယာဥ္ပ်က္က်ရတဲ့ အေၾကာင္း အရင္းေတြကို ေလေၾကာင္းအာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.