အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်
69
Pika (NP News) - ဖေဖော်ဝါရီ ၃
မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်ပြီး အခြားနိုင်ငံတွေအပေါ် လုံခြုံရေးခြိမ်းခြောက် မှုတွေလုပ်ဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ခေါ်ဆိုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကို မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလ(၃)ရက်မှာ ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ရန်လိုနေတဲ့ အမေရိကန်ရဲ့ရန်စမှုတွေကို ပြတ်ပြတ်သားသားလက်တုံ့ပြန်သွားမယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကားခဲ့ပါတယ်။
အဲဒီပြစ်တင်ဝေဖန်မှုဟာ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ပထမဆုံးအကြိမ် ပြစ်တင်ဝေဖန်မှုဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးဌာနဟာ အမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ရေး အစီအစဉ်အသစ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ကိုယ်ပိုင်စစ်အင်အားကို အားကောင်းလာအောင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒေါ်နယ်ထရမ့်ဟာ ပဲ့ထိန်းဒုံးကျည်၊ အသံထက်မြန်တဲ့ဒုံးကျည်၊ ခရုဇ်ဒုံးကျည်နဲ့ အခြား ဝေဟင်တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားမယ့် မျိုးဆက်သစ် အမေရိကန်ဒုံးကျည်ကာကွယ်ရေး အကာအကွယ်ဖြစ်တဲ့ 'American Iron Dome' ကို တီထွင်ဖို့ လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်ဆောင်ဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက”အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးအစီအစဉ်အသစ်က ရန်သူတွေရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ အကြောင်းပြပြီး လက်နက်ချင်း ယှဉ်ပြိုင်ဖို့ အန္တရာယ်တွေကို ဖြစ်ပေါ်လာစေပေါတယ်”လို့ပြောဆိုခဲ့ပါတယ်။