West Bank က အဆောက်အဦးဒါဇင်ပေါင်းများစွာကို အစ္စရေးတပ်ဖွဲ့ ဖောက်ခွဲ ဖျက်ဆီး
84
Pika (NP News) - ဖေဖော်ဝါရီ ၃
အစ္စရေးတပ်ဖွဲ့တွေဟာ West Bank မြောက်ဘက် ဂျီနင်မြို့က အဆောက်အဦး ဒါဇင်ပေါင်းများစွာကို ဖျက်ဆီး ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ အဆောက်အဦးဒါဇင်ပေါင်းများစွာ ဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့အတူ ဖျက်ဆီးခံခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်(၂)ပတ်နီးပါးလောက်က စတင်ခဲ့တဲ့ အစ္စရေးရဲ့အကြမ်းဖက်သမားတုံ့ပြန်ရေးစစ်ဆင်ရေးရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Jerusalem Post ရဲ့ဖော်ပြချက်အရ အဆောက်အဦးဒါဇင်ပေါင်းများစွာကို ဖျက်ဆီးဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အမိန့်ပေးခဲ့တာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေနဲ့ဆက်စပ်နေတဲ့ ဘယ်လိုအဆောက်အဦးကို မဆို ဖျက်ဆီးပစ်ဖို့ ၎င်းက တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဖြိုချခံရတဲ့အဆောက်အဦးတွေ ဟာ အထပ်ပေါင်းများစွာပါဝင်တဲ့ လူနေအဆောက်အဦးတွေဖြစ်တယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ WAFA သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
WAFA က “အစ္စရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်ကြောင့် မိသားစုပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားပါပြီ” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေကြောင့် ဒေသတွင်းဆေးရုံတစ်ရုံလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ WAFA သတင်းအေဂျင်စီက ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဖောက်ခွဲမှုတွေနဲ့အတူ စုစုပေါင်းအဆောက်အဦး(၂၃)ခုကို ဖျက်ဆီးခဲ့တယ်ဆိုတာကို အစ္စရေးတပ်ဖွဲ့က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
West Bank က အေဆာက္အဦးဒါဇင္ေပါင္းမ်ားစြာကို အစၥေရးတပ္ဖြဲ႕ ေဖာက္ခြဲ ဖ်က္ဆီး
Pika (NP News) - ေဖေဖာ္ဝါရီ ၃
အစၥေရးတပ္ဖြဲ႕ေတြဟာ West Bank ေျမာက္ဘက္ ဂ်ီနင္ၿမိဳ႕က အေဆာက္အဦး ဒါဇင္ေပါင္းမ်ားစြာကို ဖ်က္ဆီး ပစ္ခဲ့တယ္လို႔ သိရပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ အေဆာက္အဦးဒါဇင္ေပါင္းမ်ားစြာ ဟာ ျပင္းထန္တဲ့ေပါက္ကြဲမႈေတြနဲ႔အတူ ဖ်က္ဆီးခံခဲ့ရတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီလႈပ္ရွားမႈဟာ ၿပီးခဲ့တဲ့ သီတင္းပတ္(၂)ပတ္နီးပါးေလာက္က စတင္ခဲ့တဲ့ အစၥေရးရဲ႕အၾကမ္းဖက္သမားတုံ႔ျပန္ေရးစစ္ဆင္ေရးရဲ႕ တစ္စိတ္ တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
Jerusalem Post ရဲ႕ေဖာ္ျပခ်က္အရ အေဆာက္အဦးဒါဇင္ေပါင္းမ်ားစြာကို ဖ်က္ဆီးဖို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က အမိန႔္ေပးခဲ့တာျဖစ္ၿပီး အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ဆက္စပ္ေနတဲ့ ဘယ္လိုအေဆာက္အဦးကို မဆို ဖ်က္ဆီးပစ္ဖို႔ ၎က ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿဖိဳခ်ခံရတဲ့အေဆာက္အဦးေတြ ဟာ အထပ္ေပါင္းမ်ားစြာပါဝင္တဲ့ လူေနအေဆာက္အဦးေတြျဖစ္တယ္လို႔ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕နဲ႔ ဆက္ႏြယ္ေနတဲ့ WAFA သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
WAFA က “အစၥေရးတပ္ဖြဲ႕ေတြရဲ႕လုပ္ရပ္ေၾကာင့္ မိသားစုေပါင္းမ်ားစြာဟာ အိုးမဲ့အိမ္မဲ့ျဖစ္သြားပါၿပီ” လို႔ ေရးသား ေဖာ္ျပခဲ့ပါတယ္။ အဲဒီေပါက္ကြဲမႈေတြေၾကာင့္ ေဒသတြင္းေဆး႐ုံတစ္႐ုံလည္း ထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔ WAFA သတင္းေအဂ်င္စီက ထပ္မံေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီေဖာက္ခြဲမႈေတြနဲ႔အတူ စုစုေပါင္းအေဆာက္အဦး(၂၃)ခုကို ဖ်က္ဆီးခဲ့တယ္ဆိုတာကို အစၥေရးတပ္ဖြဲ႕က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။