ရုရှားရဲ့ လောင်စာဆီစက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်

 102

Pika (NP News) - ဖေဖော်ဝါရီ ၃

ရုရှားနိုင်ငံရဲ့ လောင်စာဆီနဲ့စွမ်းအင်ဆိုင်ရာ စက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့အတူ Volgogradရေနံချက်စက်ရုံမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး လေဆိပ်အများအပြားက လေကြောင်းပျံသန်းမှု တွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Volgograd Oblast ဒေသအုပ်ချုပ်ရေးမှူး အန်ဒရေးဘိုချာရော့ဗ်က “ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ ယူကရိန်းရဲ့ကြီးမားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အောင်မြင်စွာကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ကြားဖြတ်ဟန့်တားမှုကြောင့် ပျက်စီးသွားတဲ့ ဒရုန်းအပျက်အစီးတွေ ပြုတ်ကျမှုနဲ့အတူ ရေနံချက်စက်ရုံမှာ မီးလောင်ကျွမ်းမှုအများအပြား ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ Volgograd ဒေသကို ပစ်မှတ်ထားတဲ့ ဒရုန်းအစင်းရေ(၂၅)စင်း၊ Rostov ဒေသကို ပစ်မှတ်ထားတဲ့ ဒရုန်းအစင်းရေ(၂၇)စင်းနဲ့ Astrakhan ဒေသကို ပစ်မှတ်ထားတဲ့ ဒရုန်း(၇)စင်း အပါအဝင် ရုရှားရဲ့နယ်မြေတွေကို ပစ်မှတ်ထားတဲ့ ယူကရိန်းရဲ့ဒရုန်းအစင်းရေ(၇၀)ခန့်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Astrakhan ဒေသမှာ ယူကရိန်းရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး Igor Babushkin က ပြောကြားခဲ့ပါတယ်။ Igor Babushkinက “ယူကရိန်းတပ်ဖွဲ့တွေဟာ လောင်စာဆီနဲ့ စွမ်းအင်အဆောက်အဦးတွေ အပါအဝင် ဒေသတွင်းမှာရှိတဲ့အဆောက်အဦးတွေကို ဒရုန်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

https://english.alarabiya.net/News/world/2025/02/03/ukraine-drone-attacks-target-russian-fuel-facilities-disrupts-flights-

Zawgyi Version:
႐ုရွားရဲ႕ ေလာင္စာဆီစက္႐ုံေတြကို ယူကရိန္းက ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္
Pika (NP News) - ေဖေဖာ္ဝါရီ ၃

႐ုရွားႏိုင္ငံရဲ႕ ေလာင္စာဆီနဲ႔စြမ္းအင္ဆိုင္ရာ စက္႐ုံေတြကို ယူကရိန္းက ဒ႐ုန္းေတြနဲ႔ပစ္မွတ္ထားတိုက္ခိုက္မႈနဲ႔အတူ Volgogradေရနံခ်က္စက္႐ုံမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး ေလဆိပ္အမ်ားအျပားက ေလေၾကာင္းပ်ံသန္းမႈ ေတြကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ ႐ုရွားတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
Volgograd Oblast ေဒသအုပ္ခ်ဳပ္ေရးမႉး အန္ဒေရးဘိုခ်ာေရာ့ဗ္က “႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ ေတြဟာ ယူကရိန္းရဲ႕ႀကီးမားတဲ့ ဒ႐ုန္းတိုက္ခိုက္မႈေတြကို ေအာင္ျမင္စြာၾကားျဖတ္ ဟန႔္တားႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၾကားျဖတ္ဟန႔္တားမႈေၾကာင့္ ပ်က္စီးသြားတဲ့ ဒ႐ုန္းအပ်က္အစီးေတြ ျပဳတ္က်မႈနဲ႔အတူ ေရနံခ်က္စက္႐ုံမွာ မီးေလာင္ကြၽမ္းမႈအမ်ားအျပား ျဖစ္ပြားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ႐ုရွားရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ Volgograd ေဒသကို ပစ္မွတ္ထားတဲ့ ဒ႐ုန္းအစင္းေရ(၂၅)စင္း၊ Rostov ေဒသကို ပစ္မွတ္ထားတဲ့ ဒ႐ုန္းအစင္းေရ(၂၇)စင္းနဲ႔ Astrakhan ေဒသကို ပစ္မွတ္ထားတဲ့ ဒ႐ုန္း(၇)စင္း အပါအဝင္ ႐ုရွားရဲ႕နယ္ေျမေတြကို ပစ္မွတ္ထားတဲ့ ယူကရိန္းရဲ႕ဒ႐ုန္းအစင္းေရ(၇၀)ခန႔္ကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
Astrakhan ေဒသမွာ ယူကရိန္းရဲ႕ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြေၾကာင့္ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးမႉး Igor Babushkin က ေျပာၾကားခဲ့ပါတယ္။ Igor Babushkinက “ယူကရိန္းတပ္ဖြဲ႕ေတြဟာ ေလာင္စာဆီနဲ႔ စြမ္းအင္အေဆာက္အဦးေတြ အပါအဝင္ ေဒသတြင္းမွာရွိတဲ့အေဆာက္အဦးေတြကို ဒ႐ုန္းနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.