အမေရိကန်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တရားစွဲဆိုသွားမယ့် တရုတ်နိုင်ငံ သတင်းထုတ်ပြန်
289
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံကို ကမ္ဘာကုန်သွယ်ရေးအဖွဲ့မှာ တရားစွဲဆိုသွားမယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ကုန်စည် တွေကိုအခွန်ကောက်ခံ မယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး နောက်မကြာမီ တရုတ်နိုင်ငံက အမေရိကန်ကုန်ကိုတရားစွဲဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံကို လက်တုံ့ပြန်ဖို့ တရားစွဲသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်၊ ကနေဒါ၊ မက်ကဆီကိုနိုင်ငံတို့က တင်သွင်းတဲ့ကုန်စည်တွေကို အခွန်ကောက်ခံသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်၊ ကနေဒါ၊ မက်ကဆီကိုနိုင်ငံတို့ဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင်မူးယစ်ဆေးဝါးများ၊ ရွှေ့ပြောင်းသွားလာသူများနဲ့ အဆိပ်သင့်စေတဲ့ အရာတွေ တင်ပို့ခြင်းကို ဟန့်တားနိုင်ခြင်းမရှိတဲ့အတွက် ကုန်စည်တွေကိုအခွန်တိုးကောက်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံစီးပွားရေး အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီ (IEEPA), အက်ဥပဒေထဲမှာ ၎င်းတို့နိုင်ငံအတွင်းတင်သွင်းတဲ့ကုန်စည်တွေကို တစ်ဖက်သတ် စီမံခန့်ခွဲခွင့် ပေးထားကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကတင်သွင်းတဲ့ ကုန်စည်တွေကို ဖေဖော်ဝါရီ ၄ ရက်က စတင်ပြီး အခွန် ၁ဝ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး ကနေဒါ၊ မက်ကဆီကိုနိုင်ငံတို့က တင်သွင်းတဲ့ကုန်စည်တွေကိုအခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက "တရုတ်ကုန်စည်တွေကို အခွန်ကောက်ခံမယ့်အစီအစဉ်ကို လက်မခံဘူး၊ စိတ်ပျက်ရတယ်။ အမေရိကန်ရဲ့ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူမဖြစ်ရုံသာမက၊ ဒါပေမယ့် တရုတ်နဲ့အမေရိကန်ကြား ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း ပျက်ပြား စေပါတယ်။ တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အကျိုးစီးပွားနဲ့အခွင့်ရေးအတွက် တုံ့ပြန်မှာဖြစ်တယ်" လို့ ပြောပါတယ်။
အမေရိကန်ဟာ အခြားနိုင်ငံများကို အခွန်စည်းကြပ်ခြိမ်းခြောက်ခြင်း” အစား တရားမဝင် မူးယစ်ဆေးဝါး တင်သွင်းမှုကဲ့သို့သော ၎င်းတို့ရဲ့ကိုယ်ပိုင်ပြဿနာများကို ကျိုးကြောင်းဆီလျော်စွာသုံးသပ် ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ကုန်သွယ်ခွန် ကောက်ခံခြင်းဟာ အပြုသဘောဆောင်သော မဟုတ်ဘဲ ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည်ဖြစ်ပွားစေနိုင်တယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။ တရုတ်အစိုးရက “တရုတ်ရဲ့ ရပ်တည်ချက်က ခိုင်မာပြီး တသမတ်တည်းပါပဲ။ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အကောက်ခွန်စစ်ပွဲက အောင်နိုင်သူ မရှိနိုင်ဘူး။ အဲဒီလှုပ်ရှားမှုက အမေရိကန်ရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်သလို ပိုအရေးကြီးတာက တစ်ဖက်နဲ့ တစ်ဖက် အကျိုးမဖြစ်ထွန်းသလို ကမ္ဘာကြီးလည်း နည်းနေသေးတယ်” လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အမေရိကန်နိုင်ငံကြားမှာပြုလုပ်မယ့် အပြန်အလှန်အခွန်ကောက်ခံခြင်းက အနာဂတ်မှာ နှစ်နိုင်ငံကြားရှိ မူးယစ်ဆေးဝါးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။
Zawgyi Version:
အေမရိကန္ႏိုင္ငံကို ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕မွာ တရားစြဲဆိုသြားမယ့္ တ႐ုတ္ႏိုင္ငံ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
တ႐ုတ္ႏိုင္ငံအေနနဲ႔ အေမရိကန္ႏိုင္ငံကို ကမာၻကုန္သြယ္ေရးအဖြဲ႕မွာ တရားစြဲဆိုသြားမယ္လို႔ သတင္းထုတ္ျပန္ လိုက္ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ တ႐ုတ္ႏိုင္ငံက တင္သြင္းတဲ့ကုန္စည္ ေတြကိုအခြန္ေကာက္ခံ မယ္လို႔ သတင္းထုတ္ျပန္ခဲ့ၿပီး ေနာက္မၾကာမီ တ႐ုတ္ႏိုင္ငံက အေမရိကန္ကုန္ကိုတရားစြဲဖို႔ စီစဥ္လာခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက အေမရိကန္ႏိုင္ငံကို လက္တုံ႔ျပန္ဖို႔ တရားစြဲသြားမယ္လို႔ ဆိုပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ တ႐ုတ္၊ ကေနဒါ၊ မက္ကဆီကိုႏိုင္ငံတို႔က တင္သြင္းတဲ့ကုန္စည္ေတြကို အခြန္ေကာက္ခံသြားမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္၊ ကေနဒါ၊ မက္ကဆီကိုႏိုင္ငံတို႔ဟာ အေမရိကန္ႏိုင္ငံအတြင္းကို တရားမဝင္မူးယစ္ေဆးဝါးမ်ား၊ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားနဲ႔ အဆိပ္သင့္ေစတဲ့ အရာေတြ တင္ပို႔ျခင္းကို ဟန႔္တားႏိုင္ျခင္းမရွိတဲ့အတြက္ ကုန္စည္ေတြကိုအခြန္တိုးေကာက္ဖို႔ စီစဥ္တာျဖစ္တယ္လို႔ ဆိုပါတယ္။
အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ႏိုင္ငံစီးပြားေရး အေရးေပၚအေျခအေနကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့ၿပီး အဲဒီ (IEEPA), အက္ဥပေဒထဲမွာ ၎တို႔ႏိုင္ငံအတြင္းတင္သြင္းတဲ့ကုန္စည္ေတြကို တစ္ဖက္သတ္ စီမံခန႔္ခြဲခြင့္ ေပးထားေၾကာင္း သိရပါတယ္။
အေမရိကန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံကတင္သြင္းတဲ့ ကုန္စည္ေတြကို ေဖေဖာ္ဝါရီ ၄ ရက္က စတင္ၿပီး အခြန္ ၁ဝ ရာခိုင္ႏႈန္းေကာက္ခံမွာျဖစ္ၿပီး ကေနဒါ၊ မက္ကဆီကိုႏိုင္ငံတို႔က တင္သြင္းတဲ့ကုန္စည္ေတြကိုအခြန္ ၂၅ ရာခိုင္ႏႈန္း ေကာက္ခံသြားမယ္လို႔ သိရပါတယ္။
တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက "တ႐ုတ္ကုန္စည္ေတြကို အခြန္ေကာက္ခံမယ့္အစီအစဥ္ကို လက္မခံဘူး၊ စိတ္ပ်က္ရတယ္။ အေမရိကန္ရဲ႕ကိုယ္ပိုင္ျပႆနာမ်ားကို ေျဖရွင္းရာတြင္ အေထာက္အကူမျဖစ္႐ုံသာမက၊ ဒါေပမယ့္ တ႐ုတ္နဲ႔အေမရိကန္ၾကား ပုံမွန္စီးပြားေရးနဲ႔ ကုန္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈကိုလည္း ပ်က္ျပား ေစပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကိုယ္ပိုင္အက်ိဳးစီးပြားနဲ႔အခြင့္ေရးအတြက္ တုံ႔ျပန္မွာျဖစ္တယ္" လို႔ ေျပာပါတယ္။
အေမရိကန္ဟာ အျခားႏိုင္ငံမ်ားကို အခြန္စည္းၾကပ္ၿခိမ္းေျခာက္ျခင္း” အစား တရားမဝင္ မူးယစ္ေဆးဝါး တင္သြင္းမႈကဲ့သို႔ေသာ ၎တို႔ရဲ႕ကိုယ္ပိုင္ျပႆနာမ်ားကို က်ိဳးေၾကာင္းဆီေလ်ာ္စြာသုံးသပ္ ကိုင္တြယ္သင့္တယ္လို႔ ဆိုပါတယ္။
အေမရိကန္အစိုးရရဲ႕ကုန္သြယ္ခြန္ ေကာက္ခံျခင္းဟာ အျပဳသေဘာေဆာင္ေသာ မဟုတ္ဘဲ ကုန္သြယ္ေရးစစ္ပြဲကို ျပန္လည္ျဖစ္ပြားေစႏိုင္တယ္လို႔ တ႐ုတ္အစိုးရက သတိေပးထားပါတယ္။ တ႐ုတ္အစိုးရက “တ႐ုတ္ရဲ႕ ရပ္တည္ခ်က္က ခိုင္မာၿပီး တသမတ္တည္းပါပဲ။ ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး အေကာက္ခြန္စစ္ပြဲက ေအာင္ႏိုင္သူ မရွိႏိုင္ဘူး။ အဲဒီလႈပ္ရွားမႈက အေမရိကန္ရဲ႕ျပႆနာေတြကို မေျဖရွင္းႏိုင္သလို ပိုအေရးႀကီးတာက တစ္ဖက္နဲ႔ တစ္ဖက္ အက်ိဳးမျဖစ္ထြန္းသလို ကမာၻႀကီးလည္း နည္းေနေသးတယ္” လို႔ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက သတိေပးခဲ့ပါတယ္။
ဒါ့အျပင္ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကားမွာျပဳလုပ္မယ့္ အျပန္အလွန္အခြန္ေကာက္ခံျခင္းက အနာဂတ္မွာ ႏွစ္ႏိုင္ငံၾကားရွိ မူးယစ္ေဆးဝါးႏွိမ္နင္းေရး ပူးေပါင္းေဆာင္႐ြက္မႈကို ထိခိုက္ေစမယ္လို႔ တ႐ုတ္အစိုးရက သတိေပးထားပါတယ္။