ကနေဒါနိုင်ငံက အမေရိကန်ရဲ့ကုန်သွယ်ခွန်ကောက်ခံမှုကို လက်တုံ့ပြန်
81
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်တို့ဟာ လက်ရှိအချိန်မှာ ၎င်းတို့တင်ပို့တဲ့ ကုန်စည်တွေအခွန်ကောက်ခံမယ်ဆိုတဲ့ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်အစီအစဉ်တွေကို စိတ်ဆိုးဒေါသဖြစ်နေကာ အမေရိကန် ကို လက်တုံ့ပြန် မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံက တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ ကြေညာလိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက အခုလိုမျိုးတုံ့ပြန်လိုက်တာဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက "ကနေဒါနိုင်ငံကိုတင်သွင်းတဲ့ အမေရိကန်ဒေါ်လာ ၁၅၅ ဘီလျံတန်ဖိုး ရှိတဲ့ အမေရိကန် ကုန်စည်တွေကို အခွန်ကောက်ခံမယ်။ အခွန် ၂၅ ရာခိုင်နှုန်း ကောက်သွားမယ်" လို့ ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး ကနေဒါနိုင်ငံထဲကို တင်ပို့တဲ့ အမေရိကန်ဒေါ်လာ ၃ဝ ဘီလျံတန်ဖိုးရှိ အမေရိကန်ကုန်စည်တွေဟာ အခွန်ကောက်ခံမယ့် သက်ရောက်မှုကို စတင် ခံစားရမယ်လို့ သိရပါတယ်။ ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒိုးက "ဒီအခွန်စည်းကြပ်မှုက နေ့စဉ်သုံးပစ္စည်းတွေလည်း အခွန်ကောက်ခံမယ့် အစီအစဉ် ပါဝင်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဓာတ်သတ္တုများ၊ စွမ်းအင်ဝယ်ယူရေးနဲ့ အခြားကုန်သွယ်မှု မိတ်ဖက်လုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ပါဝင်ဦးမှာ မဟုတ်သေးဘူး။ ကျွန်တော်တို့ ကနေဒါ အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအိမ်နီးချင်းများအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ ခိုင်မာစွာရပ်တည်သွားမယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကနေဒါအစိုးရဟာ အမေရိကန်နိုင်ငံက အခွန်ကောက်မယ့်အစီအစဉ်ကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ် စောင့်ကြည့်ရေး နဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကိုတိုက်ဖျက်ဖို့ ဒေါ်လာ ၁.၃ ဘီလီယံ ကုန်ကျခံမယ့်နယ်စပ်ဒေသ လုံခြုံရေးအစီမံတွေကို မကြာသေးမီက ချမှတ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံက ကနေဒါနိုင်ငံက တင်သွင်းတဲ့ကုန်စည်တွေကို ဖေဖော်ဝါရီ ၂ ရက်ကစတင်ပြီး အခွန်ကောက်ခံမှု ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ စီးပွားရေးပညာရှင်တွေက ကုန်သွယ်ရေးအငြင်းပွားမှုတွေဟာ ကနေဒါနဲ့ အမေရိကန်နိုင်ငံ ကြားအပြန်အလှန်ကုန်သွယ်ရေးကို ထိခိုက်နိုင်ပြီး စားသုံးကုန်ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်လို့ သတိပေးခဲ့ပါ တယ်။
Zawgyi Version:
ကေနဒါႏိုင္ငံက အေမရိကန္ရဲ႕ကုန္သြယ္ခြန္ေကာက္ခံမႈကို လက္တုံ႔ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
မကၠဆီကို၊ ကေနဒါနဲ႔ တ႐ုတ္တို႔ဟာ လက္ရွိအခ်ိန္မွာ ၎တို႔တင္ပို႔တဲ့ ကုန္စည္ေတြအခြန္ေကာက္ခံမယ္ဆိုတဲ့ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္အစီအစဥ္ေတြကို စိတ္ဆိုးေဒါသျဖစ္ေနကာ အေမရိကန္ ကို လက္တုံ႔ျပန္ မယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကေနဒါႏိုင္ငံက တင္သြင္းတဲ့ ကုန္စည္ေတြကို အခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံမယ္လို႔ ေၾကညာလိုက္ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ ကေနဒါ ဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ ထ႐ူးဒိုးက အခုလိုမ်ိဳးတုံ႔ျပန္လိုက္တာျဖစ္ပါတယ္။
ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ ထ႐ူးဒိုးက "ကေနဒါႏိုင္ငံကိုတင္သြင္းတဲ့ အေမရိကန္ေဒၚလာ ၁၅၅ ဘီလ်ံတန္ဖိုး ရွိတဲ့ အေမရိကန္ ကုန္စည္ေတြကို အခြန္ေကာက္ခံမယ္။ အခြန္ ၂၅ ရာခိုင္ႏႈန္း ေကာက္သြားမယ္" လို႔ ေျပာပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီ ၄ ရက္ကစတင္ၿပီး ကေနဒါႏိုင္ငံထဲကို တင္ပို႔တဲ့ အေမရိကန္ေဒၚလာ ၃ဝ ဘီလ်ံတန္ဖိုးရွိ အေမရိကန္ကုန္စည္ေတြဟာ အခြန္ေကာက္ခံမယ့္ သက္ေရာက္မႈကို စတင္ ခံစားရမယ္လို႔ သိရပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ဂ်က္စတင္ ထ႐ူးဒိုးက "ဒီအခြန္စည္းၾကပ္မႈက ေန႔စဥ္သုံးပစၥည္းေတြလည္း အခြန္ေကာက္ခံမယ့္ အစီအစဥ္ ပါဝင္ပါတယ္။ ဒါေပမယ့္ အေရးႀကီးတဲ့ ဓာတ္သတၱဳမ်ား၊ စြမ္းအင္ဝယ္ယူေရးနဲ႔ အျခားကုန္သြယ္မႈ မိတ္ဖက္လုပ္ငန္းမ်ားအေပၚ ကန႔္သတ္ခ်က္မ်ား ပါဝင္ဦးမွာ မဟုတ္ေသးဘူး။ ကြၽန္ေတာ္တို႔ ကေနဒါ အတြက္ ခိုင္ခိုင္မာမာ ရပ္တည္သြားမွာပါ။ ကြၽန္ေတာ္တို႔ဟာ ကမာၻေပၚမွာ အေကာင္းဆုံးအိမ္နီးခ်င္းမ်ားအျဖစ္ ဆက္လက္ ရပ္တည္ႏိုင္ဖို႔ ခိုင္မာစြာရပ္တည္သြားမယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။
ကေနဒါအစိုးရဟာ အေမရိကန္ႏိုင္ငံက အခြန္ေကာက္မယ့္အစီအစဥ္ကို ေရွာင္ရွားႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ နယ္စပ္ ေစာင့္ၾကည့္ေရး နဲ႔ တရားမဝင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈကိုတိုက္ဖ်က္ဖို႔ ေဒၚလာ ၁.၃ ဘီလီယံ ကုန္က်ခံမယ့္နယ္စပ္ေဒသ လုံၿခဳံေရးအစီမံေတြကို မၾကာေသးမီက ခ်မွတ္ခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံက ကေနဒါႏိုင္ငံက တင္သြင္းတဲ့ကုန္စည္ေတြကို ေဖေဖာ္ဝါရီ ၂ ရက္ကစတင္ၿပီး အခြန္ေကာက္ခံမႈ ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။ စီးပြားေရးပညာရွင္ေတြက ကုန္သြယ္ေရးအျငင္းပြားမႈေတြဟာ ကေနဒါနဲ႔ အေမရိကန္ႏိုင္ငံ ၾကားအျပန္အလွန္ကုန္သြယ္ေရးကို ထိခိုက္ႏိုင္ၿပီး စားသုံးကုန္ေဈးႏႈန္းေတြျမင့္တက္လာႏိုင္တယ္လို႔ သတိေပးခဲ့ပါ တယ္။