မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုသူ ၂၇၈ ဦးရှိကြောင်း မြန်မာသံရုံး(စင်ကာပူ) ထုတ်ပြန်

 643

NP News ဖေ‌ဖေါ်ဝါရီ ၃ ရက်
မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုသူ ၂၇၈ ဦးရှိကြောင်း မြန်မာသံရုံး (စင်ကာပူ) ရဲ့ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စင်ကာပူမြို့ မြန်မာသံရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်အပ်နှံခဲ့သူများအနေဖြင့် သံရုံးထောက်ခံစာအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့မတိုင်မီ သံရုံးဖွင့်ရက်များတွင် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့ရဲ့ ဆန္ဒအလျောက် ပြောင်းလဲခံယူသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းများကို တစ်ပါတည်း ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။
စင်ကာပူသံရုံးသည် ဇန်နဝါရီလ ၃ ရက်နေ့မှစတင်ကာမြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုသူများအား စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံဖြင့် လျှောက်ထားတင်ပြရန်ကြေငြာထားပြီးဖြစ်သည်။
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် နိုင်ငံသားစွန့်လွှတ်လိုကြောင်းလျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူအစိုးရ Immigration and Checkpoints Authority မှ အထောက်အထားတောင်းခံစာ၊ မြန်မာနိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းများ တင်ပြရမည်ဟုသိရသည်။
စာရွက်စာတမ်းအပြည့်အစုံ ပြန်လည်အပ်နှင်းခြင်းမရှိသည့် လျှောက်ထားမှုအတွက် ထောက်ခံစာထုတ်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသားအျဖစ္မွ စြန႔္လႊတ္လိုသူ ၂၇၈ ဦးရွိေၾကာင္း ျမန္မာသံ႐ုံး(စင္ကာပူ) ထုတ္ျပန္
NP News ေဖ‌ေဖၚဝါရီ ၃ ရက္
ျမန္မာႏိုင္ငံသားအျဖစ္မွ စြန႔္လႊတ္ၿပီး စင္ကာပူႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူလိုသူ ၂၇၈ ဦးရွိေၾကာင္း ျမန္မာ‌ေသံ႐ုံး (စင္ကာပူ) ရဲ႕ အသိေပးေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအတြင္း စင္ကာပူၿမိဳ႕ ျမန္မာသံ႐ုံးတြင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား လာေရာက္အပ္ႏွံခဲ့သူမ်ားအေနျဖင့္ သံ႐ုံးေထာက္ခံစာအား ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔မတိုင္မီ သံ႐ုံးဖြင့္ရက္မ်ားတြင္ ကာယကံရွင္ကိုယ္တိုင္ လာေရာက္ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံသားအျဖစ္မွ စင္ကာပူႏိုင္ငံသားအျဖစ္သို႔ မိမိတို႔ရဲ႕ ဆႏၵအေလ်ာက္ ေျပာင္းလဲခံယူသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံကူးလက္မွတ္မူရင္းႏွင့္ Processing Letter မူရင္းမ်ားကို တစ္ပါတည္း ျပန္လည္အပ္ႏွံရမည္ျဖစ္ေၾကာင္းသိရသည္။
စင္ကာပူသံ႐ုံးသည္ ဇန္နဝါရီလ ၃ ရက္ေန႔မွစတင္ကာျမန္မာႏိုင္ငံသားအျဖစ္မွ စြန႔္လႊတ္လိုသူမ်ားအား စာ႐ြက္စာတမ္း အေထာက္အထားမ်ား အျပည့္အစုံျဖင့္ ေလွ်ာက္ထားတင္ျပရန္ေၾကျငာထားၿပီးျဖစ္သည္။
ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအျဖစ္ ႏိုင္ငံသားစြန႔္လႊတ္လိုေၾကာင္းေလွ်ာက္လႊာ၊ ကိုယ္ေရးအက်ဥ္းခ်ဳပ္၊ စင္ကာပူအစိုးရ Immigration and Checkpoints Authority မွ အေထာက္အထားေတာင္းခံစာ၊ ျမန္မာႏိုင္ငံကူးလက္မွတ္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုစာရင္းႏွင့္ ေမြးစာရင္းမ်ား တင္ျပရမည္ဟုသိရသည္။
စာ႐ြက္စာတမ္းအျပည့္အစုံ ျပန္လည္အပ္ႏွင္းျခင္းမရွိသည့္ ေလွ်ာက္ထားမႈအတြက္ ေထာက္ခံစာထုတ္ေပးမည္ မဟုတ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.