Emily In Paris ကြယ်ပွင့် လီလီကောလင်း အငှားကိုယ်ဝန်ဆောင်နဲ့ သားဦးမွေးဖွား

 458

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၄

နာမည်ကျော် Netflix ဇာတ်လမ်းတွဲ "Emily In Paris" ရဲ့ ကြယ်ပွင့် အသက်(၃၅)နှစ်အရွယ် လီလီကောလင်းဟာ ဖေဖော်ဝါရီ(၁)ရက်မှာ အငှားကိုယ်ဝန်နဲ့ရရှိတဲ့ သားဦးကလေးပုံကို Instagram မှဝေမျှပြီး မိခင်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကောလင်းက “ကျွန်မတို့ ကမ္ဘာမှ ကြိုဆိုပါတယ် တော့ဂျိန်းမက်ဒိုဝယ်လ်" ဆိုတဲ့ကပ်ပရှင်နဲ့အတူ သားဦးလေးရဲ့ နာမည်ကို ရည်ညွှန်းပြီး အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့ပြင် အငှားကိုယ်ဝန် ခရီးလမ်းတစ်လျှောက် ကူညီပေးခဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။ ကလေးရဲ့ မွေးသက္ကရာဇ်နဲ့ အခြားအသေးစိတ်အချက် အလက်တွေကိုတော့ မသိရသေးပါဘူး။

အင်္ဂလိပ်ဂီတပညာရှင် ဖေးလ်ကောလင်းရဲ့သမီးဖြစ်သူ လီလီကောလင်းဟာ ၂၀၁၉ ခုနှစ်က ထွက်တဲ့ "Gilded Rage" ဇာတ်ကားမှာ အသက်(၄၁)နှစ်အရွယ် ခင်ပွန်းဖြစ်သူ မက်ဒိုဝဲလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ ၂၀၂၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

zawgyi version
Emily In Paris ၾကယ္ပြင့္ လီလီေကာလင္း အငွားကိုယ္ဝန္ေဆာင္နဲ႔ သားဦးေမြးဖြား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၄

နာမည္ေက်ာ္ Netflix ဇာတ္လမ္းတြဲ "Emily In Paris" ရဲ႕ ၾကယ္ပြင့္ အသက္(၃၅)ႏွစ္အ႐ြယ္ လီလီေကာလင္းဟာ ေဖေဖာ္ဝါရီ(၁)ရက္မွာ အငွားကိုယ္ဝန္နဲ႔ရရွိတဲ့ သားဦးကေလးပုံကို Instagram မွေဝမွ်ၿပီး မိခင္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ေကာလင္းက “ကြၽန္မတို႔ ကမာၻမွ ႀကိဳဆိုပါတယ္ ေတာ့ဂ်ိန္းမက္ဒိုဝယ္လ္" ဆိုတဲ့ကပ္ပရွင္နဲ႔အတူ သားဦးေလးရဲ႕ နာမည္ကို ရည္ၫႊန္းၿပီး အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။ ဒါ့ျပင္ အငွားကိုယ္ဝန္ ခရီးလမ္းတစ္ေလွ်ာက္ ကူညီေပးခဲ့သူတိုင္းကို ေက်းဇူးတင္ေၾကာင္းလည္း သူမက ေျပာၾကားခဲ့ပါတယ္။ ကေလးရဲ႕ ေမြးသကၠရာဇ္နဲ႔ အျခားအေသးစိတ္အခ်က္ အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

အဂၤလိပ္ဂီတပညာရွင္ ေဖးလ္ေကာလင္းရဲ႕သမီးျဖစ္သူ လီလီေကာလင္းဟာ ၂၀၁၉ ခုႏွစ္က ထြက္တဲ့ "Gilded Rage" ဇာတ္ကားမွာ အသက္(၄၁)ႏွစ္အ႐ြယ္ ခင္ပြန္းျဖစ္သူ မက္ဒိုဝဲလ္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ၎တို႔စုံတြဲဟာ ၂၀၂၁ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.