နိုင်ငံတကာနှင့်ပူးပေါင်း၍ ကျားဖျန့်နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေဟု နစကဥက္ကဋ္ဌပြော

 288

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၄
နိုင်ငံတကာနှင့်ပူးပေါင်း၍ ကျားဖျန့်နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီလ ၃ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖျန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ကာ ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာမှလည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာသည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ကျားဖျန့်နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ဒေသတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းဖြင့် တင်းကြပ်ပြတ်သားစွာ ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ကျားဖျန့်အပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့၊ ရွေကုက္ကိုမြို့နှင့် KK Parkရှိ ကျားဖျန့်လုပ်ငန်းများကို မြန်မာ၊ထိုင်းနှင့်တရုတ်နိုင်ငံတို့ ပူးပေါင်းနှိမ်နင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့ပြင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် BGF အဖွဲ့ကလည်း ကျားဖျန့်လုပ်ငန်းနှင့်ကျူးလွန်သူများကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း နှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

Zawgyi Version:
ႏိုင္ငံတကာႏွင့္ပူးေပါင္း၍ က်ားဖ်န႔္ႏွိမ္နင္းေရးကို တက္ႂကြက်ယ္ျပန႔္စြာေဆာင္႐ြက္ေနဟု နစကဥကၠ႒ေျပာ

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၄
ႏိုင္ငံတကာႏွင့္ပူးေပါင္း၍ က်ားဖ်န႔္ႏွိမ္နင္းေရးကို တက္ႂကြက်ယ္ျပန႔္စြာေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ေဖေဖာ္ဝါရီလ ၃ရက္)နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕လုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

တရားမဝင္ အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈ(က်ားဖ်န႔္)ကို အေၾကာင္းျပဳ၍ ႏိုင္ငံေတာ္တြင္ အခက္အခဲမ်ားျဖစ္ေပၚခဲ့ကာ ထိထိေရာက္ေရာက္ အေရးယူမႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံတကာမွလည္း ၎ကိစၥႏွင့္ပတ္သက္၍ အာ႐ုံစိုက္မႈရွိလာသည့္အျပင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံတကာႏွင့္ပူးေပါင္း၍ က်ားဖ်န႔္ႏွိမ္နင္းေရးကို တက္ႂကြက်ယ္ျပန႔္စြာေဆာင္႐ြက္ေနေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္၊ သက္ဆိုင္ရာ နယ္ေျမမ်ားအလိုက္ တာဝန္ရွိသူအဆင့္ဆင့္အေနျဖင့္ ေဒသတြင္း တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား၊ အျခားဒုစ႐ိုက္လုပ္ငန္းမ်ား မရွိေစေရးႏွင့္ မျဖစ္ေပၚေစေရး ေဖာ္ထုတ္အေရးယူျခင္းျဖင့္ တင္းၾကပ္ျပတ္သားစြာ ကိုင္တြယ္ေဆာင္႐ြက္သြားၾကရန္ မျဖစ္မေနလိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

က်ားဖ်န႔္အျပင္ မူးယစ္ေဆးဝါးကိစၥမ်ားႏွင့္ အျခားဒုစ႐ိုက္မႈမ်ား၌ ပါဝင္ေဆာင္႐ြက္ေနသူမ်ားအျပင္ သက္ဆိုင္ရာနယ္ေျမအလိုက္ တာဝန္ရွိသူမ်ားပတ္သက္ေနမႈရွိပါက အားလုံးကို ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ အေလးထားလိုက္နာေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီၿမိဳ႕၊ ေ႐ြကုကၠိဳၿမိဳ႕ႏွင့္ KK Parkရွိ က်ားဖ်န႔္လုပ္ငန္းမ်ားကို ျမန္မာ၊ထိုင္းႏွင့္တ႐ုတ္ႏိုင္ငံတို႔ ပူးေပါင္းႏွိမ္နင္းမည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။

ထို႔ျပင္ ဗိုလ္မႉးႀကီးေစာခ်စ္သူဦးေဆာင္သည့္ BGF အဖြဲ႕ကလည္း က်ားဖ်န႔္လုပ္ငန္းႏွင့္က်ဴးလြန္သူမ်ားကို ႏိုင္ငံေတာ္အစိုးရ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္အတူ ပူးေပါင္း ႏွိမ္နင္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.